Hans မီးဖိုဆောင်ထဲပြန်ဝင်လာတော့ အဖိုးကြီးမှာ သူလက်သီးနဲ့ ထိုးချခဲ့ သောနေရာတွင်လဲနေဆဲ။
မျက်နှာမှာလည်းသွေးစက်တွေနဲ့ ။ အဘွားကြီးက တော့ နံရံကို ကျောမှီကပ်ပြီး
ထိပ်လန့် ခြောက်ခြားသောမျက်လုံးများနှင့် သူ့ သူငယ်ချင်း Willi ကိုကြည့်နေသည်။
Willi ကစားပွဲတွင်ထိုင်ကာ ဘေးနားမှာဝိုင်တစ်ခွက် ၊ လက်ထည်းမှာခြောက်လုံပြူးနဲ့ ။
Hans က စားပွဲသို့ လျှောက်သွားလိုက်ပြီးသူ့ ဖန်ခွက်ကို ဖြည့်ကာ သောက်ချလိုက်သည်။
သူက Willi ကို သွားဖြည်းပြရင်းပြောလိုက်သည်။
“ ကြည့်ရာတာစိတ်ညစ်နေပုံပဲ ချာတိတ် “
Hans မျက်နှာမှာလည်း သွေးစတွေရှိနေသည်။ ချွန်ထက်သောလက်သည်း ၅ချောင်းနှင့်ကုတ်ဆွဲထားမှန်းသိသာစေသော အစင်းငါးခုက ထင်ထင်ရှားရှား။
သူက မျက်နှာကို အသာလေး တို့ ထိကိုင်လိုက်သည်။
“ ဒီကောင်မက ငါ့မျက်လုံးတောင် ဖြစ်နိုင်ရင်ကုတ်ထုတ်အုံးမလို့  ၊ အိုင်အိုဒင်းထည့်အုံးမှပါပဲ။
ဒါပေမယ့်သူ အခုတော့ ငြိမ်သွားပါပီ ၊ မင်းသွားလေ Willi “ ။
“ အင်း .. ဟို .... အခုနောက်ကျနေပြီ Hans “
“ အရူးမထစမ်းပါနဲ့  ၊မင်းယောကျာ်းမဟုတ်ဘူးလားကွ ၊ နောက်ကျတော့ ဘာဖြစ်သေးလည်း ၊
ငါတို့ လမ်းပျောက်နေတယ်ပြောလိုက်ရင် ရတာပဲ “
ပတ်ဝန်းကျင်ကတစ်ကယ်တော့မမှောင်သေးပေ ။ အလင်းရောင်ပင်ရှိသေးသည်၊
လယ်တဲထည်းက မီးဖိုချောင်မှာ နေရောင်တွေပင်လင်းနေသေးသည်။
Willi မှာ ဘာလုပ်ရမလည်းမသိပါချေ။ သူကလူကောင်သေးသေး ညိုညိုသွယ်သွယ်မျက်နှာနှင့်။အရပ်သားဘဝက အဝတ်အစားဒီဇိုင်းနာတစ်ဦးဖြစ်သည်။
သူကို Hans က သရဲဘောနည်းသူလို့ ထင်သွားမှာလည်းစိုးလှသည်။
သူကထိုင်ရာမှ ထကာHans ထွက်လာခဲ့ သော အခန်းသို့ ဝင်သွားဖို့ လုပ်သည်။
သူဘယ်သွားမည်ကို ရိပ်မိသောအဘွားကြီးက ရှေ့ သိုခုန်ထွက်ကာ
“ ဟင့်အင်း ၊ ဟင့်အင်း “ ဆိုအတင်းအော်တော့သည်။
Hans က သူ့ ရှေ့ မှာ တစ်လှမ်းပိတ်ရပ်ကာ အဘွားကြီး ကို ပုခုံးမှဆွဲကိုင်၍ပစ်ပလိုက်သည်။
Willi ထံမှခြောက်လုံးပြုံးကို လှမ်းယူကာ သူ၏ဂျာမန်သံအတော်ဝဲသော ပြင်သစ်စကားဖြင့်
“ နှစ်ယောက်စလုံး ငြိမ်ငြိမ်နေစမ်း “ ။
ထို့ နောက်တံခါးကို ညွန်ပြရင်း “ သွား Willi ငါကြည့်ထားလိုက်မယ် ။
Willi ထွက်သွားသည် ၊ သို့ သော် ချက်ခြင်းပင်ပြန်ဝင်လာသည်။
“ သူသတိမေ့ နေတယ် “
“ ဘာဖြစ်လည်း မေ့တော့ “
“ မဖြစ်ဘူးလေကွာ၊ သူကသတိလစ်နေတာကို “
“ဒါပဲ ၊ မင်းကတော့ အရူးပဲ ၊ မိန်းမကျနေတာပဲ ”
Willi မျက်နှာ နီရဲ သွားပြီးနောက် ၊ “ သွားရအောင်ပါ Hans “
“ ဒီ ဝိုင်ပုလင်းကုန်အောင်သောက်အုံးမယ် ၊ ပြီးမှသွားမယ် “
သူက နေလို့ ထိုင်လို့ ကောင်းနေရာအရင်စလို မသွားချင်ပေ။
မနက်ထည်းက ဆိုင်ကယ် မောင်းလာရ သဖြင့် မောလည်းမောနေသည် ။
သူတို့ က ၁၀ ( သို့ ) ၁၅ ကီလိုမီတာ အကွာမှာရှိသည့် Soissons
သို့ သွားကြရန်ဖြစ်သည်။
သေချာတာ ကတော့ ဒီနေ့ ကိစ္စတွေ အကုန်လုံးသည် ထိုကောင်မလေး မမိုက်မဲ ခဲ့ ပါက ဖြစ်လာခဲ့မည်မဟုတ်ပါချေ။
-------------------------------------------------------------------------------------------
W. Somerset Maugham ၏ The Unconquered ကို ကျနော်နားလည်သလိုဘာသာပြန်ထားခြင်းဖြစ်ပါတယ်။
( image from google )
( image from google )
ညန်ညန် ဆက်ရေးပါ...
ငါးရံ့: ဘယ်လောက်ရှည်မှာလဲ ဒီဇတ်လမ်းက ဘယ်နှစ်ပိုင်းလဲပြောတာ ( နည်းနည်းရှည်တယ် မြန်မြန်တင်ပေးပါ့မယ်။ )
ငါးရံ့: ထောင့် နေသလိုပဲ ဗျစ် ဘာသာပြန်က ( ကိုယ်နားလည်သလိုဘာသာပြန်တာဆိုမှ ...ဟင့်။
ကိုယ် English စာ ဖတ်ရင်မြန်မာလိုအဲလိုပဲနားလည်လိုက်တယ်။..
ဒါ့ကြောင်တစ်ခါတစ်
လေ နင်တို့ နဲ့ ပြောရင်တောင်ပြောင်းပြန်ဖြစ်တယ်လေ ဟိဟိ။
လက်တန်း နားလည်လိုက်သလိုပြန်တာမို့ ခွေးလွှတ်ကြကုန်။
ဆက်ဖတ်မယ်နော် ညီမလေး။
အားပေးလျက်။