Vista





ဒီပုံလေးတွေက ဂိုဏ်းဝင် အသစ်ကလေးဖြစ်တဲ့ မမကပို့ လိုက်တဲ့ သူ့ ရဲ့လက်ရာလေးတွေပေါ့။
သူလည်းအခု ပိုးဝင်သွားပြီ များမကြာမှီ နှစ်ကျပ်ခွဲ ဂိုဏ်းဝင်ဖြစ်တော့မယ်း) ။
(မမဆိုတာ ကိုယ့်အစ်မကိုပြောတာပါ)
Labels: 8 comments | edit post
Vista

ကျုံးရှေ့ 

မန္တလေးတောင် နဲ့ ကျုံး


မန္တလေးတောင်
(ပုံ ၃ပုံ စလုံးကို တစ်နေရာထည်းကရပ်ပြီး ရိုက်ထားတာ )


(ဒီပုံကတော့ဟိုတယ် ပေါ်ကရိုက်တာ တကယ့်မြင်ကွင်းကောင်းတဲ့နေရာ )

ကျနော်မန္တလေးကို တစ်ခါမှ မရောက်ဖူးဘူး ၊ ကပ်ကပ်ပြီးကျော်သွားတယ် ။
ဒီတစ်ခါမြန်မာပြည်ပြန်ရောက်တော့ သွားကြမယ်ဆို သွားဖြစ်လိုက်တာ။
ရထားစီးသွားတယ် ရန်ကုန်မန္တလေး ဒဂုံမန်း အမြန်ရထား ၊ အိပ်စင်နဲ့ ။ အိပ်စင် ၄ စင်လုံးဝယ်လိုက်တာ ၊သူများတွေနဲ့ ရောနေရင်အားနာနေရမှာစိုး လို့ ၊
ကိုယ့်ဘာကိုယ် လွတ်လွတ်လပ်လပ် ဓါတ်ပုံရိုက်ချင်တာကိုး။
တစ်လမ်းလုံးလည်း ရိုက်လာတာ ဓါတ်ပုံတွေ မရေနိုင်ဘူး။
ရထားမစီးရတာ အရမ်းကြာနေပြီဆိုတော့ ပျော်သလားမမေးနဲ့ ၊
တမင်ကိုစီးချင်လို့ ကားတွေ၊ လေယာဉ်တွေ မစီးတာ။
ဖုန်တွေကတော့ထူတာပေါ့ ၊လူလည်း ဖုန်တွေကပ်ပြီးမည်းတူးနေတာ၊
ပြုတင်းပေါက်နားကပ်ကပ်ပြီး ဓါတ်ပုံရိုက်နေတာကိုး။

မန္တလေးရောက်တော့လည်း အမျိုးတွေကလာကြို မယ်
ရောက်မယ့်နေ့ ကို ဖုန်းဆက်ဆိုတာမဆက်ပါဘူး။
ဒုက္ခမပေးချင်ဘူးလေ ၊ကိုယ်က အပျော်ခရီးလာတာ သူများတွေ အလုပ်ပျက် အကိုင်ပျက်လာကြိုရ ၊ အိမ်မှာတည်းရ၊ ဧည့်ခံရမယ်ဆို မကောင်းဘူး ၊
အားနာတယ်ဆိုပြီး ဟိုတယ်မှာနေမယ်ပေါ့
Check in ပြီးမှဖုန်းဆက်ရင် သူတို့ လည်း အတင်းမဆွဲနိုင်တော့ဘူးလေ
( အပြစ်တော့တင်ခံရတယ် အဆိုးလေးတွေဆိုပြီး )။
ကိုယ့်ဖာသာကို အငှားကားငှားပီးတော့ ဘယ်ဟိုတယ်ရှုခင်းကောင်းလည်းမေးတယ်။
ကျုံးရှေ့ ဆို Swan ဟိုတယ်တဲ့ ၊
မန္တလေးတောင်ခြေဆိုတော့ Novotel တဲ့၊
ကျုံးရော မန္တလေးတောင်ရော မြင်ရတာက Sedona Mandalay တဲ့ ။
ဒီလိုနဲ့  Sedona ရောက်သွားတယ်။
တစ်လမ်းလုံး ပင်ပန်းသမျှပျောက်တာပဲ ၊ တစ်ကယ့် ကို hospitality ကောင်းပါတယ်။
ညစာကို ဟိုတယ်မှာပဲစားတယ် မှီယုံလေးပဲ Restaurant မပိတ်ခင်လေး ၊
ငါးရှဥ့်ခြောက်စပ် ၊ ယိုးဒယားသင်္ဘောသီးထောင်း နဲ့ ။
ဓါတ်ပုံလား မပါဘူး ဗိုက်ဆာလို့ စားလိုက်တာ သတိတောင်မရဘူး ဟက်ဟက်။

မန္တလေးဆောင်းအေးချက်ကတော့ အရမ်းပဲ။ အခန်းထဲမှာကို စွတ်အေးနေတာ။
အဲကွန်းပိတ်ထားလည်း လေမရလို့  ၊ အအေးလျှော့လည်းမထူးဘူး ၊
အပြင်ကကိုပို အေးနေတာဆိုတော့။
ရောက်ရောက်ချင်းညက ညစာစားပြီး အပြင်ထွက်လမ်းလျှောက် တယ်။
ညကြီးကိုကျုံးဘေးမှာ လေ့ကျင့်ခန်းလာလုပ်သူတွေ တော်တော့်ကိုများတာပဲ။
ယောကျာ်းလေး၊ မိန်းကလေး ၊လူကြီး ၊ လူသေး အစုံပဲ။



ဆက်ရန်





Vista

ကိုသီဟသစ်ရဲ့ အုန်းသီးပိုစ့် ကိုသွားဖတ်မိရင်းသတိရသွားတာ။
စစ်ကိုင်းမှာတုန်းက ရိုက်လာတဲ့  အုန်းသီးနဲ့ လုပ်ထားတဲ့ မျောက် ၊ တစ်နည်း မျောက်အုန်းသီးလေး ။
အုန်းသီးတစ်လုံးကို ထွင်းထားတာ ၊တော်တော်ချစ်စရာကောင်းတယ်။



(မှတ်ချက်၊ ကိုသီဟ ကို စတာမဟုတ်ပါကြောင်း )
Vista
လွန်ခဲ့သောနှစ်တော်တော်များများက တစ်ခုသောခြံကြီးထဲရှိ
တစ်ခုသောအိမ်ကြီးအတွင်း၌
ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ဂစ်တာတီးပြနေခဲ့သည်။
ကောင်လေး ( ကောင်မလေးထက်နည်းနည်းကြီး )က ရှပ်အကျီအသားရောင် နှင့် ၊
ကောင်မလေး (ကောင်လေးထက် နည်းနည်းငယ် )က တီရှပ်ဘုတ်ဘွကြီး ဝတ်ခါ ၊ ဆံပင်တိုတိုလေးကိုကြက်တောင်စီးနှစ်ဘက် ချည်လို့ ။
ကောင်လေးက ဆိုဖာပေါ်မှာထိုင်နေပြီး ဂစ်တာကိုသူ၏ရှည်သွယ်သောလက်ချောင်းလေးများဖြင့်ကျွမ်းကျင်စွာတီးခတ်နေခဲ့သည်။
ကောင်မလေးက ကြမ်းပြင်ပေါ်မှာ ထိုင်နေပြီး ကောင်လေး၏လက်ချောင်းလေးများကို အထင်ကြီးအားကျစွာငေးမောကြည့်ရင်းနားထောင်နေခဲ့သည်။
သီချင်းက တစ်ပိုဒ်ထည်းပဲတီးခဲ့တာဖြစ်သည်။
နည်းနည်းလေးပဲလည်းဆိုညည်းခဲ့သည်။
တစ်ပိုဒ်ဆုံးတော့ကောင်လေးကကောင်မလေးကိုမေးသည် ။

“ အခုငါတီးတာဘာသီချင်းလည်းသိလား “
ကောင်မလေးမှာဖြေစရာမရှိ ။

သီချင်းကိုကြားဖူးသည် ခေါင်းစဉ်မသိ ၊
ထို့ ကြောင့်မျက်လုံးဝိုင်းလေးနှင့်ခေါင်းယမ်းပြလိုက်သည်။
ကောင်လေးက တိုးတိုးလေး ပြောသည် ။

“ -- -- ---- --- “

ထို့ နောက်ဂစ်တာကို ဆိုဖာမှာမှီထားရင်းထထွက်သွားခဲ့သည်။
ကောင်မလေးက ကောင်လေးဘာပြောသွားလည်းသေချာမကြားလိုက်ပါ ။
သီချင်းနာမည်ကိုလည်းမသိလိုက် ။ကောင်လေးကို ပြန်မေးဖို့ လည်းမဝံ့မရဲဖြစ်နေသည်။
သူတီးပြတဲ့သီချင်းကိုလည်းမသိ ၊ ပြောသွားတာကိုလည်း မကြားလို့ ထပ်မေးဆိုရင်
တော်တော်ဆိုးတော့မည် မို ၊့အသာလေးနေလိုက်ရတော့သည်။

အဲဒီနောက် အဲဒီအဖြစ်အပျက်လေးကမေ့လိုက်ပေါ်လာလိုက်နှင့် တစ်ခြားသောအကြောင်းအရာများနှင့်ရောထွေးပြီး မေ့လျှော့သွားတော့သည်။
အဲဒီအကြောင်းစဉ်းစားမိရင်လည်းသီချင်းနာမည်ကပေါ်မလာပေ။
ကောင်လေးကိုမေးဖို့ လည်းမရဲဖြစ်နေခဲ့သည် ။

....
....
....

ဒီလိုနဲ့ နှစ်တွေတော်တော်ကြာပြီး နောက် ၊ တစ်ခုသော ညနေခင်းမှာ
အမျိုးသားလေး (အရင်တုံးကကောင်လေး )က Youtube မှသူနှစ်သက်သောသီချင်းများကို နားထောင်နေခိုက် ၊ အမျိုးသမီးလေး ( အရင်တုံးက ကောင်မလေး ) ရဲ့ နားထဲမှာ ဟိုစဉ်က ကြားခဲ့ဖူးသောတီးလုံးလေးကို မှတ်မိသွားသလိုလိုရှိသည်မို့ အရဲစွန့် ပြီး ...

“ ကိုကို xxxxx တုံးက အငယ်လေးကို ဆိုပြတာ ဘာသီချင်းလည်း အင် ..“

“ Mr.Big ရဲ့ To be with you လေ ....အခုဆိုပြမယ် “

ဟုဆိုကာ အစအဆုံးဆိုပြလေတော့သတည်း။

(စာသားနှင့်သီချင်းကိုအောက်တွင်နားဆင်ပါ၊ ၁း၅၃ မိနစ်တွင်စ၍ ၂း၁၅ အထိတီးသော တီးလုံးလေးကို တီးပြခဲ့ခြင်းဖြစ်ပါသည် )





Mr. Big - To Be With You


Hold on little girl
Show me what he's done to you
Stand up little girl
A broken heart can't be that bad
When it's through, it's through
Fate will twist the both of you
So come on baby come on over
Let me be the one to show you

I'm the one who wants to be with you
Deep inside I hope you feel it too
Waited on a line of greens and blues
Just to be the next to be with you

Build up your confidence
So you can be on top for once
wake up who cares about
Little boys that talk too much
I've seen it all go down
Your game of love was all rained out
So come on baby, come on over
Let me be the one to hold you

Chorus

Why be alone when we can be together baby
You can make my life worthwhile
And I can make you start to smile

When it's through, it's through
Fate will twist the both of you
So come on baby come on over
Let me be the one to show you


Vista
ပန်းစကား သရုပ်ဖော်သည်

ပန်းစကားဆိုတာဘယ်သူလည်းဆိုတော့ သူကိုယ်တိုင်မိတ်ဆက်ထားတာကဒီလိုပါ။

“ ပန်းစကား: let me introduce myself

ပန်းစကား: my name is char char

ပန်းစကား: my father 's name is tar tar

ပန်းစကား: my mother's name is kar kar

ပန်းစကား: i got degree from Saudi

ပန်းစကား: master from pawpi

ပန်းစကား: now i study PhD course at lobby ”

ဒါကတော့သူသရုပ်ဖော်ထားတဲ့ သူငယ်ချင်းများရဲ့ ပုံစံတွေပါ။


ပန်းစကား: ပျော်မြူးနေတဲ့ ပန်းစကားလေး ( သူ့ ကိုယ်သူကျတော့ ဂလို )

ပန်းစကား: ချယ် အလုပ်မလုပ်ခင်ပုံ
ချယ် အလုပ်လုပ်နေစဉ်ပုံ
ချယ် စီသို့ရောက်ရှိနေပုံ

ချယ် ဂျီတွင်ချက်တက်နေပုံ

ချယ် ကောင်ကောင်ကြီးနဲ့ရင်ဆိုင်နေရပုံ

ချယ် အလုပ်ပြန်ပုံ

ချယ် အိမ်ရောက်သော်ညီမများအပေါ်ချိုသာစွာဆက်ဆံပုံ ( အရမ်းကြိုက် ဒီပုံကို )



ပန်းစကား: ဂျာများက ညညအားမွှေ့နေပုံ


ပန်းစကား: ချက်မတက်ရ ထောဘ၀ အိပ်နေသည်သာအကောင်းဆုံးပါ ( ဟိဟိ )

ပန်းစကား: မျိုးရဲ့ တိုနည်းလျှိုနည်းအချို့စာအုပ်ထွက်ပါတော့မယ်ရှင်


myo: လိမ်နည်း ပတ်နည်းလုပ်စမ်းဘာာာာာာာာာာာာာ ( ကိုယ်ဘာကိုယ်ဝန်ခံရှာတယ်)


Vista: myo: လိမ်နည်း ပတ်နည်းလုပ်စမ်းဘာာာာာာာာာာာာာ
မျိုးစာရင်းလိမ်နေပုံ ( သူပြောလို့ နော် )


ပန်းစကား: ချယ့်ဘ၀ရဲ့ကောက်ကြောင်း


ပန်းစကား: ဗစ်က အိုင်တီကို
အိုင်အရင်လာလား တီအရင်လာလား စဉ်းစားနေပုံ ပြူးကျ ယ် ( အစစ်ပဲ )




ရယ်ရလွန်းလို့ မှတ်တမ်းတင်ထားတာပါ ။

Labels: 9 comments | edit post
Vista

ညီမလေး နန်းညီက တက်ခ်လို့ ရေးရပါတော့မယ်..

နဂိုတည်းကစာရေးကောင်းသူမဟုတ်လို့ ဖတ်မကောင်းသော်ခွေးလွှတ်ကြကုန်...

မွေးကာစ ကိုယ်မမှတ်မိခင်အချိန်တွေကတော့လူကြီးတွေပြန်ပြောပြတာပဲရေးရတာနော်။

ကိုယ်ဟာ မေမေ အသက် ၄၀ နားနီး မှမွေးတဲ့ အငယ်ဆုံးကလေးပေါ့ ။

ကိုယ့်အထက်မှာ ယောကျာ်းလေးတစ်ယောက် ဆုံးပါးသွားတာမို့ မေမေက
ယောကျာ်းလေးရထပ်လိုစိတ်နဲ့ ကိုယ့်ကိုမွေးခဲ့တာပေါ့။
ကိုယ်ဝန်ဆောင်နေတဲ့တစ်လျှောက်လုံးလည်းယောကျာ်းလေးလို့ ပဲထင်ခဲ့တယ်တဲ့။
ဒါ့ကြောင့်ဒီလို ယောကျာ်းလေးဆန်နေတာ အံ့သြစရာမရှိပါဘူးလေ။

ကိုယ့် မမ ဟာ နေ့ နဲ့ ညနဲ့ မှားတဲ့ကလေးဖြစ်ခဲ့တယ်တဲ့ ၊ဆိုးလည်းဆိုး ဆိုပဲ၊အလိုမကျတိုင်း ငို စိတ်ကောက့် ၊လက်ကအချမခံဘူးတဲ့ ချတာနဲ့ ငိုဆိုပဲ။လူကြီးတွေအရမ်းပင်ပန်းခဲ့တယ်ပေါ့လေ ။( သူလာမဖတ်နိုင်သေးလို့ ရေးတာပါ ၊သိလို့ ကတော့စိတ်ကောက်တာ နဲ့ မနည်းချော့ ရမယ် ၊ဒါပေမယ်ကိစ္စမရှိဘူးသူလိုချင်တဲ့ ဟာဝယ်ထားတာရှိတယ် ဟက်ဟက်.. )။
ကိုယ်မွေးတော့ ဒီလိုများဖြစ်နေ အုံးမလားလို့ စိုးရိမ်ပေမယ့် ကိုယ်ဟာလုံးဝ အသံတိတ်တဲ့ ကလေးတစ်ယောက်တဲ့။
ငိုတယ်ဆိုတာ မကြားဖူးသလောက် ပဲတဲ့ ။ ရယ်တော့ရယ်တယ်တဲ့ ၊အင်း ဇာတိပြတာနေမယ်။
( အခုတောင်ရုံးမှာ နင့်ကိုမြင်လိုက်ရင် ever smiling တဲ့၊ ဘာတွေဖြစ်ဖြစ်ပြုံးနေတာတဲ့၊
စိတ်ချမ်းသာတယ်တဲ့ ။တကယ်က မချိသွားဖြဲနေတာကိုများ)

သိတတ်တဲ့ အရွယ်ရောက်တော့ ရတဲ့ နာမည်က ဉာဏ်ကျယ်လေးတဲ့ ။
ကိုယ် ငယ်ငယ်က အချိုအရမ်းစားတယ် ။ဆွမ်းတော်တင်စွန့် တဲ့ မုန့် ကိုလည်း အမြဲတောင်းစားတယ်။ ကိုယ်ကစားတဲ့ နေရာကဘုရားခန်းဘေးနားကအခန်းလေး ၊အဲဒီနေရာမှာကစားနေရင်ဆွမ်းတော်လာစွန့် တဲ့ လူကြီးတစ်ယောက်ယောက်ခြေသံကိုကြားရတယ်။လမ်းကဖြတ်ပြီးမုန့် ကိုတောင်းလိုက်ရုံပဲ။
တစ်နေ့ ချောင်းတွေဆိုးနေလို့ တီတီက ဆွမ်းတော်တင်တဲ့ ကိတ်မုန့် ကို မကျွေးခြင်တာနဲ့  အသာလေးသိမ်းထားလိုက်တယ်။ ကိုယ်ကတောင်းတော့
“ မရှိတော့ဘူး အငယ်လေးရဲ့ အိမ်မြောင်စားသွားပြီ“ တဲ့ ။
ကိုယ်ကဘာပြန်ပြောလည်းဆိုတော့ .“ မဟုတ်ဘူး အဲဒါ တီတီ ညာတာ အိမ်မြောင်ဘတ် (ပါးစပ်) ကတေးတေးရေး ကိတ်မုန့် ကအကြီးကြီး ဘယ်လို မှမကုန်ဘူး။ ထုတ်ပေးထုတ်ပေး“ ..ဆိုအော်တာတဲ့ .. အဲဒီကစပြီးနောက်ပိုင်းရလာတဲ့ နာမည်ပေါ့ . ကိုယ့်ကို ပတ်လို့ မရလို့ တဲ့။
ငယ်ငယ်က ဆော့နေလို့ ခေါ်မရရင် မေမေက “ အငယ်လေးလာခဲ့ တုတ်ကောက်ခဲ့ “
ဆိုခေါ်တာနဲ့ ကောက်သွားလိုက်တာ ကုက္ကိုအရွက်တွေမပါတဲ့ကိုင်းသေးသေးလေးတဲ့ ။
ခတ်တည်တည်နဲ့ ကောက်လာပြီ ဆိုပြီးတော့ပေါ့။

စာမဖတ်တတ်ခင်ကတည်းက ရုပ်စုံကာတွန်းလေးတွေကို အိုက်တင်နဲ့ ဖတ်ြပနေပြီ။
အမှန်ကလူကြီးတွေဖတ်ပြရင် မှတ်ထားတာ ၊ နောက် အဲဒီ အတိုင်းပြန်ပြောပြတာ ၊ တစ်လုံးမှ မလွဲဘူးတဲ့ ၊
ယုန်လေးကဘာပြောတယ် ၊ ဇီးကွက်ကြီးက ဘယ်လို စသဖြင့်ကို အကွက်ကျကျ ကိုယ်ပဲဖတ်နေသလိုလို ပြောပြတတ်တယ်တဲ့ ။ ကိုယ်လည်းမှတ်မိတယ် ၊စိတ်ထည်းမှာတော့ကိုယ်သိလို့ ဖတ်တယ်ထင်ခဲ့သလိုပဲ။
ဖတ်ပြီးသားစာအုပ်ကို ဘေးဖယ်မဖတ်ရသေးတာကို ဖွင့်ပြီး လူကြီးတွေ အားတဲ့ အချိန်ကိုစောင့်နေခဲ့တာပေါ့။

ကိုယ်တိရိစ္ဆာန်တွေကိုလည်း ချစ်တတ်တာငယ်ငယ်တည်းက ။ကြောင်တွေခွေးတွေအိမ်မှာမွေးပြီးခဲ့တယ်။ ဟိုပြောင်းဒီပြောင်းတစ်ချိန်လုံးလုပ်နေရတာတောင်မှ ရအောင်မွေးသေးတာ ။မှတ်မှတ်ရရ အိမ်ပြောင်းတော့ ကြောင်ကိုတောင်လေယာဉ်နဲ့ တင်ခေါ်ခဲ့ဖူးတယ် ။ ဒါကလည်းကိုယ်တာဝန်ယူရတာ၊ဖေဖေက ကိုယ်တာဝန်ယူနိုင်မှလုပ်တဲ့ ။လေယာဉ်မှုးကိုလည်းပြောမပေးနိုင်ဘူးတဲ့ ၊
လူကြီးကကြောင်ကိစ္စကိုလိုက်ပြောလို့ မကောင်းဘူးတဲ့ ။
ကိုယ့်ဘာကိုယ်သွားပြောလေဆိုပြီး လေယာဉ်ရုံးထဲ လွှတ်လိုက်တယ်။
ကိုယ်သွားပြောတယ် အဲဒီနေ့ ဖလိုက်မောင်းမယ့်လေယာဉ်မှူးကို ၊အသေးစိတ်မှတ်မိတယ်
အဲဒီ Pilot ဦးဦးက“ သမီးလေးကြောင်ကမအော်မှာသေချာလား ၊ ထွက်မပြေးမှာသေချာရဲ့လား၊ ကောင်းကောင်းတာဝန်ယူရမှာနော်“ ဆိုပြီး မေးခဲ့တာမှတ်မိတယ် ။အခုမှပြန်စဉ်းစားမိတယ် အာဂပဲလို့ ။
တိရိစ္ဆာန်တွေအပေါ်ထားတဲ့ မေတ္တာတော်တော်ကြီးခဲ့တာပဲ။ သေချာအာမခံနိုင်ခဲ့လို တင်ခွင့်ရခဲ့တယ်။
ခြင်းလေးနဲ့ ပေါင်ပေါ်တင်လို့ လေ၊ အပေါ်ကနေ အဝတ်လေးနဲ့ အုပ်ထားတယ် ။ မေမေကသေချာလုပ်ပေးထားတာပေါ့။ လေယာဉ်လည်းတက်ရောကြောင်လေးမျက်လုံးကပြူးပြီးဝိုင်းစက်နေတာ၊ လုံးဝတော့မအော်ဘူး၊ တော်သေးရဲ့။ လေထဲရောက်တော့မှမျက်လုံးပုံမှန်ဖြစ်သွားတယ် ။အဆင်းကြတော့အေးဆေးပဲ ။
ကိုယ်က လက်ထဲမှာသူ့ ခြင်းရယ် ပုစွန်ခြောက်ဘူးလေးရယ်ကိုင်လို့ ။

မုန့် တောင်းရင်လည်းအမြဲ၂ ခုတောင်းတယ် ၊တစ်ခုက ကိုယ်စားဖို့ နောက်တစ်ခုက ကိုယ့်ခွေးကျွေးဖို့ ။
လူကြီးတွေက ခွေးကို အဲလိုကျွေးတာမကြိုက်လို့ ၁ ခုပဲပေးတယ်ဆိုရင် ကိုယ့်မုန့် ကိုတစ်ဝက်ခွဲကျွေးခဲ့တယ်။

ကိုယ်ယောကျာ်းလေးဆန်တဲ့ကိစ္စဟာလည်း ကိုယ့်ဖေဖေကျေးဇူးကြောင့်
ယောကျာ်းလျှာလေးဖြစ်မလာခဲ့တာတဲ့။
မေမေကယောကျာ်းလေးလိုချင်သူမို့  ကိုယ်မွေးတော့ ယောကျာ်းလေး လိုပဲ ဆက်ဆံခဲ့တာ။
ကိုယ်ကလည်း သိတတ်တည်းက ဂါဝန်ကိုဆင်မရသူမို့ မေမေနဲ့ အကိုက်ပေါ့လေ။
နောက်တော့ ဖေဖေက မေမေ့ကို သတိပေးတယ်တဲ့ မိန်းကလေးဟာမိန်းကလေးပဲမို့ စိတ်အလိုမလိုက်ဖို့ ၊ ဟိုမရောက်ဒီမရောက်လေးဆိုရင် ကြီးရင်ဒုက္ခရောက်မှာ မို့ တော်တော့လို့ ပြောတယ်လေ။
အဲဒီတော့မှ မေမေကဘရိတ်အုပ်ပြီး ၊ မိန်းကလေးလိုဆက်ဆံလာတော့တယ် ၊
ဒါပေမယ့် ကိုယ်ကဝတ်တာစားတာတော့မရတော့ဘူး။
ဘောင်းဘီ ၊တီရှပ် ၊ ရှပ်အကျီတွေပဲကြိုက်တော့တယ်။ စိတ်ထားကလည်းမိန်းကလေးမဆန်ဘူး ။
စိတ်ကောက်တယ်မရှိဘူး ။ခတ်ဆန့် ဆန့် ပဲ။ မကျေနပ်ရင် မကျေနပ်ဘူးပြောပလိုက်တယ်။

ကိုယ်ဟာ ၄နှစ်နဲ့ ကျောင်းထားခဲ့ရတဲ့ကလေးလည်းဖြစ်တယ် ။
လူကြီးတွေကျောင်းပို့ လို့ သွားရတာမဟုတ်ဘူး။အိမ်နားမှာကကျောင်းရှိတယ်။ကိုယ်ကသူများကလေးတွေကျောင်းတက်တာကို အရမ်းသဘောကျတာ၊အသက်မပြည့်လို့ ကျောင်းမထားသေးတာကိုမရဘူး“ ကျောင်းသွားမယ် ကျောင်းသွားမယ်“ တစ်ချိန်လုံးအော်နေခဲ့လို့  ၊ မေမေကလည်းကျောင်းဆရာမဆိုတော့ ကျောင်းပို့ လိုက်တာ ။
ကျောင်းရောက်မှ ငြိမ်သွားတယ်တဲ့ ။ဒါ့ကြောင့်အတန်းတူတွေထက် ကိုယ်က ၁နှစ်ငယ်တယ် ၊ ရူးတိုးတိုး ။

ကိုယ်ငယ်ငယ်က မဆိုးဘူး ၊ ဒါပေမယ့်ကဲတယ် ..ရုပ်ရှင်ကြည့်ရင်လည်း ကိုယ့်ကိုမခေါ်လိုကြဘူး။
ရုပ်ရှင်ထဲမှာ ကော်ဖီသောက်ရင် ကော်ဖီသောက်မယ် ပြော၊ မုန့် စားရင်စားမယ်ပြောလို့ ။
ဒီလောက်ကတော်သေးတယ် ။ ထမင်းစားမယ် ဆိုတော့ ခက်ရော ... ။

စာဖတ်တတ်တဲ့ အရွယ်ရောက်တော့မှ ငြိမ်သွားတာ ..စာအုပ်ပုံထဲရောက်သွားပြီလေ ..ဖေဖေ့စာကြည့်ခန်းထဲရောက်သွားပြီ၊ ၃တန်းလောက် တည်းက စာတွေမွေနှောက်ဖတ်နေပြီ။
၎ တန်းမှာ ကိုယ်မှတ်မိသလောက် အရှည်ဆုံး ဖတ်ခဲ့တဲ့ ဘာသာပြန်ဝတ္တုက ဆရာကြီးမြသန်းတင့်ရဲ့ ရွှေပြည်တော်မျှော်တိုင်းဝေး (The Far Pavilions ) ပေါ့
၈ အုပ်တွဲထင်ရဲ့ ..ဖေဖေ့စာကြည့်ခန်းထောင့်မှာထိုင်ပြီး ဖတ်ခဲ့တာမှတ်မိတယ် ။
ကိုယ်ဟာ အငယ်ဆုံးမို့  ကစားဖော်မရှိတာလည်းပါတယ် ၊
၁၀တန်းဖြေပြီးနေတဲ့ အပျိုပေါက် ကိုယ့်မမဟာ
ကိုယ်နဲ့ ဘယ်ဆော့တော့မလည်း ၊ တစ်နေရာပြီးတစ်နေရာ ပြောင်းနေရသူမို့ သူငယ်ချင်းမရှိတာလည်းပါတယ်။
ကလေးတွေဆိုတော့စာထည့်တာလည်းမလုပ်ဖြစ်တော့ငယ်ငယ်ကသူငယ်ချင်းဆိုရင် အဆက်ပြတ်သွားတာပါပဲ။

နောက်နိုင်ငံခြားလည်းရောက်သွားရော ပိုဆိုးသွားတယ် ၊စာဖတ်ခြင်း ၊ ပန်းချီဆွဲခြင်းသာလျှင်ကိုယ့်အဖော်ပေါ့။
ဖေဖေ့နောက်လိုက်တယ်ပေါ့ ။ဖေဖေခရီးသွားရင်လိုက်တယ် ၊ဂေါဖ့်ရိုက်ရင်လိုက်တယ် ၊ မနက်ပြေးလည်းလိုက်တယ် ၊ ပြတိုက်တွေသွားကြည့်လည်းလိုက်တယ် ၊ ရုပ်ထုတွေကို ကိုယ်ကပုံတူဆွဲလို့ ပေါ့။
ချယ်ရီသီးတစ်ထုပ်နဲ့ ပန်းခြံထဲထိုင်လို့  ရွက်ကြွေသစ်ပင်တွေ ပုံတူဆွဲခဲ့တာပေါ့။ ကိုယ့်အတွက်ပန်းချီမှာလက်ဦးဆရာက ဖေဖေပါ ၊ ဖေဖေကဆီဆေးပါဆွဲတာ၊
ဒါပေမယ့်လည်း ပန်းချီဆရာမမဖြစ်လာခဲ့ပါဘူး သူ့ ပါရမီနဲ့ သူထင်ရဲ့ ။ဖေဖေလည်းပန်းချီဆရာမဟုတ်ဘူးလေ ။
အင်ဂျင်နီယာဖြစ်မယ့်လူဟာ ဒါပဲဖြစ်တာပါပဲ။ ပြောရရင်ကိုကိုလည်းငယ်ငယ်က ပန်းချီဆွဲတာပဲ၊ဂစ်တာတီးတာပဲ အသံနဲ့ ပတ်သက်လို့ တော်တော့်ကိုလုပ်ခဲ့တာ (Sound engineer ) တောင်စီးပွားဖြစ်လုပ်ခဲ့တယ်။
ဒါပေမယ့်လည်း အင်ဂျင်နီယာပဲဖြစ်တာပဲ ။ တစ်ချို့ မိဘတွေ စာမလုပ်မှာစိုးလို့ အပြင်စာပေးမဖတ်တာ၊ ပန်းချီပေးမဆွဲတာတွေ့ တော့ကိုယ့်မိဘတွေကျေးဇူးတင်မိပါတယ် ။

ကိုယ်ငယ်ငယ်ထည်းက ဘာလုပ်ရမယ် ဘာဖြစ်ရမယ်လို့ အချုပ် မခံခဲ့ရဘူး ။
ကိုယ်ကိုတိုင်လုပ်ခြင်လို့ လုပ်ခဲ့တာချည်းပဲ။ ကိုယ်ငယ်ငယ် ၃တန်းလောက်အထိ စာတော်တဲ့ အထဲမှာမပါဘူး။ စာမှမလုပ်ပဲ။ ဆော့နေတာကိုး ။
ကိုယ့်ဆရာမက မေမေ့ကိုပြောတယ် “မမရဲ့ကလေးဟာ ဉာဏ်ကောင်းသားနဲ့ စာကိုအာရုံမစိုက်တာ“ တဲ့ ။
မေမေ့က ၃တန်းကလေး ကိုယ့်ကို “ အငယ်လေးရယ် “ “ မေမေက အထက်တန်းပြဆရာမလေ“ “အငယ်လေးအတန်းပိုင်က အဲလို ပြောတော့မေမေ့မှာဘယ်ကောင်းမလည်း“တဲ့
“ဆရာမသမီးလေး ကစာမတော်ဘူးဆိုတော့လေ“ “မေမေ့တပည့်တွေကဘယ်လေးစားတော့မလည်း “တဲ့။ “သမီးလေးမလုပ်နိုင်တာလည်းမဟုတ်ဘဲ ဘာဖြစ်လို့ လည်း“ တဲ့ ၊ချိုချိုလေးပြောတယ် ၊
ကိုယ်က အဲဒီတော့မှ “ အင်းဒါဆိုလည်းလုပ်မှာပေါ့လေ“ ဆိုပြီးပြောတယ်တဲ့ ၊
ပုံကြီးနဲ့ တဲ့ မေမေကပြောပြတာ။ကိုယ်ကတော့ အေးဆေးပဲပြောတာပါ။
အဲဒီကစ နောက်ပိုင်း မေမေ အမြဲ စိတ်အေးရတော့တာပဲ။
စာမကျက်လို့ ပြောရတယ်မရှိတော့ဘူး။စာတော်တဲ့ကလေးမိဘ နေရာလည်းရသွားတယ်ပေါ့လေ။
မေမေ့ကို ကိုယ်ဟာသားယောကျာ်းလေးက အမေကိုစောင့်ရှောင့်သလို စိတ်ချမ်းသာစေခြင်ခဲ့တာ။
မေမေ မလုပ်နိုင်တာတွေ ကိုယ်လုပ်နိုင်တဲ့အတွက် မေမေ ဟာအားနွဲ့ သူပေါ့ ၊ ကိုယ်ကစောင့်ရှောက်ရမယ်
အဲလို တွေးခဲ့တယ်။ငယ်ငယ်ထဲက ဈေးဝယ်ရင် တွန်းလှည်းတွန်းပေးတယ် ။ နှင်းတောထည်းမှာမေမေချော်မလဲအောင်ထိန်းပေးတယ် ၊ ဒေသဆိုင်ရာဘာသာစကားကိုကိုယ်ကပိုတတ်တဲ့အတွက် ဘာသာပြန်ပေးတယ် ။လူကြီးပုံပေါ့လေ ။

ကိုယ်ကလေးလေးဘဝမှာ အားကိုးတာကတော့ ဘိုးဘိုးနဲ့ ဖေဖေပေါ့ ..ကိုယ့်ဟီးရိုးတွေပေါ့ ။
ဆယ်ကျော်သက်အရွယ်ကျတော့ ကိုကိုပေါ့ ။ သူတို့ လုပ်သမျှအားကျနေယုံပဲ။
တစ်ချို့ နေရာတွေကိုယ်သူတို့ ကိုမကျောနိုင်သေးဘူး။ ဘိုးဘိုးလောက် English စကား
မပြောနိုင်သေးဘူး၊ ဘာသာစကား ၃မျိုးမပြောတတ်သေးဘူး။တရားအားမထုတ်နိုင်သေးဘူး ။
ဖေဖေ့လို ဆီဆေးနိုင်အောင်မဆွဲတတ်ဘူး ။ တင်းနစ်မရိုက်နိုင်ဘူး ။
ကိုကို ့လို သခ်ာၤမေတာ္ဘူး ။ သူ့ လောက်IQ မမြင့်ဘူး ။ (ကိုယ်ကအမည်ခံအင်ဂျင်နီယာပေါ့ )။
ကိုကို့ လို Physical intelligence လည်းမရှိဘူး ။

ကိုယ်လုပ်နိုင်တာ ကွန်ပြူတာနဲ့ ဆိုင်တာလေးပဲရှိတယ် ။ ဒါတော့စိတ်ဝင်စားလို့ ထင်ရဲ့ ။ အင်းလောကမှာအသုံးကျတာလေးတစ်ခုတော့ရှိအုံးမှ။

ငယ်ငယ်ကအကြောင်းဆို ....ဒီလောက်ပဲလေ ..များနေပြီတောင်ထင်ပါတယ် ၊။


(စာကြွင်း ။ပုံကို ဂါဝန်လေးနဲ့ ဆွဲထားတယ် တကယ်ကတော့ငယ်ငယ်က တစ်ခါမှမဝတ်ခဲ့ဘူး )



Vista

ရှင်စောပုဘုရား က ခံစားမှုတွေ ၊ ဆုတောင်းတွေ ... တစ်ချို့ ပေါက်ကွဲသံစဉ်တွေတောင်ပါသေး



ဆုတောင်းတွေ များမှများနော်.. သြော်လူတွေလူတွေ


ဒါကတော့ ဆွမ်းဦးပုညရှင် ဘုရားဇောင်းတန်းက သူကတော့ ကဗျာဆန်ဆန်
Vista
သနပ်ခါးအကြောင်းပြောသာပြောရတာ ကျနော်က သနပ်ခါးမလိမ်းတာများပါတယ်။
မျက်နှာပြောင်တိုက်တယ်ပဲဆိုဆို ငယ်ငယ်တည်းကဘာမှကိုမလိမ်းခြင်တာ။
ကျနော့်မေမေကတော့ သနပ်ခါးအရမ်းကြိုက်တယ် ဘာမိတ်ကပ်မှမကြိုက်ဘူး။
နိုင်ငံခြားမှာဆိုရင်တော့မဖြစ်လို့ မိတ်ကပ်လိမ်းရတာ သူ့ မှာ၊
မြန်မာပြည်မှာဆိုလို့ ကတော့ တစ်ကိုယ်လုံးသနပ်ခါးအပြည့်ပဲ ။
ငယ်ငယ်ကဆို ကျန်ာရေချိုးပြီးတာနဲ့ အတင်းခေါ်ပြီးလိမ်းပေးတာ ၊ လုံးဝမကြိုက်ဘူး ။
မျက်နှာမှာတင်းနေတာကို အရမ်းစိတ်ညစ်တယ် ။
နိုင်ငံခြားရောက်တော့ ဒီဒုက္ခကလွတ်သွားရော ၊သူလည်းမလိမ်းရတော့ဘူး ကောင်းလိုက်တာ ဟိဟိ။
ကျနော်ကမြန်မာပြည်မှာဆိုရင်တစ်ခါတစ်လေတော့သနပ်ခါးပွတ်လေ့ရှိပါတယ်၊
လိမ်းတာမဟုတ်ဘူးနော် ။ပွတ်တာ ၊အရိုးလေးကိုသွေးပြီးရေကျဲလေးပွတ်တာ ..
ကျနော်ကြိုက်တဲ့ သနပ်ခါးတုံးမျိုးကို ကျောက်ပွေးလို့ ခေါ်တယ်တဲ့ ..
အန်တီလေး(ဦးလေးငယ်မိန်းမ )ပြောပြတာပါ။
သူသနပ်ခါးလိမ်းထားတာများတွေ့ လိုက်ရင် ဖွေးနေတာ ..မေမေတို့ လိမ်းသလို ဝါဝါမဟုတ်ဘူး
ကျနော်ကလည်း အဲလို ဖြူဖွေးနေတာလေးကိုပဲကြိုက်တယ် ..ဝါဝါကြီးမကြိုက်ဘူး။
ဒါနဲ့ ပဲသူလာတော့မေးကြည့်တော့ အဲဒါကျောက်ပွေးခေါ်တယ်တဲ့ သွေးလိုက်ရင်အဖြူရောင်ထွက်တယ်ပေါ့လေ အရမ်းကြီးမမွှေးပဲသင်းတယ်တဲ့ ။
ဒါနဲ့ ပဲနောက်ဆို သနပ်ခါးဝယ်ရင်ကျောက်ပွေး လားကြည့်ဝယ်ဖြစ်တယ်။
ဒီတစ်ခေါက်စစ်ကိုင်းရောက်တော့ ကောင်းမှုတော်ဘုရားဝင်းထည်းမှာ သနပ်ခါးတွေရောင်းလို့ ဝယ်လာခဲ့တယ်
ကိုယ့်အတွက်တော့မထင်နဲ့  မေမေနဲ့ အန်တီတွေ အတွက်ပေါ့ ....
မွှေးတာမှသင်းနေတာပဲ ...မဝယ်ခင်စမ်းသွေးပြပြီးမှ ရောင်းတာလေ ..
လက်တွေမှာလည်း ဖြူနေတာ သူတို့ စမ်းလိုက်သုတ်ပေးလိုက်နဲ့ 
မွှေးကြည့်ရင်းနဲ့ နှာခေါင်းမှာလည်း ဖြူလို့ ပေါ့။


သနပ်ခါးကြိုက်သူများအတွက် စစ်ကိုင်း ကောင်းမှုတော်ဘုရားဈေးဆိုင်တန်းတွေကရှယ်သနပ်ခါးတွေ

အရှေ .ဆုံးတန်းက အရှည်တွေ အကုန်လုံးကျောက်ပွေးတွေပေါ့ ..မွှေးမှမွှေးပဲ ။

သနပ်ခါးတွေ အပုံလိုက် အစည်းလိုက် ဝယ်ခြင်စရာ

ကျောက်ပျဉ်နဲ့ သနပ်ခါးတုံးကိုလည်းကြည့်ပါအုံး နည်းနည်းနောနောမဟုတ်ဘူး ..သနပ်ခါးတုံးစမ်းနေတယ်မထင်လိုက်နဲ့ သူလိမ်းမလို့ သွေးနေတာဗျ သိလား ..
သွေးလည်းပြီးရောလိမ်းလိုက်တာ မိန်းကလေးတောင်ရှုံးမယ် ဟိဟိ..
မကောင်းတတ်လို့ လိမ်းနေတာမရိုက်လာခဲ့တော့ဘူး ။
Labels: 7 comments | edit post