Vista
 သစ်ပင်ပန်းမာန်လေးများနဲ့ သဘာဝကိုခံစား
စားချင်တာတွေလည်း စား
 ချစ်သူခင်သူ ဘော်ဒါများနဲ့ 
အတူတကွ နေထိုင်
ပျော်ရွှင်ကြပါစေ !!
Vista
ထိုသို့ နှင့် ကျောင်းပြီး သွားသော် ကျဲကျဲက တက္ကသိုလ်ဆက်မတက်ဖြစ်တော့ ပြန်တော့မည်
ဟုဆိုလာတော့ ဂျုဂျု့ မှာ အတော်စိတ်မကောင်းဖြစ်ရလေသည်။
 သူတို့ ထုးံစံ ကလေးဘဝထဲက စပ်ဟပ်ထားသော
သတို့ သားလောင်းကလည်း ရှိပြီး သားမို့  ပြန်လျှင်လက်ထပ်ကာ ပွဲရုံလုပ်ရတော့မည်တဲ့။
နင့်ကိုတော့ ငါလည်းမကယ်နိုင်တော့ဘူးဆိုတော့ ကျဲကျဲက ရယ်နေလေသည်။ 
ငါက ဒုက္ခမရောက်ပါဘူးဟယ် နဂိုထဲက သိပြီးသားပါတဲ့ ။ အသက် ၂၀ မပြည့်သေးခင် ကြိုက်တာပေးလုပ်ထားတဲ့ သဘောပဲ အခုက ဒီပလိုမာလည်းရပြီ အသက်လည်းပြည့်ပြီဆိုတော့ ပြန်ရတော့မယ်လေတဲ့။
အသက် ၂၀ ဆိုတာ ဂျုဂျုအတွက်တော့ ဆော့ကောင်းတုန်းမို့  သက်ပြင်းကိုသာချနေမိလေသည်။
 ဒီလိုနဲ့ ကျဲကျဲပြန်သွားပြီးနောက် ပြီး ဖုန်းတခါတလေဆက်ဖြစ်သည်မှ အပမတွေ့ ဖြစ်ကြပြန်တော့။ 
တနေ့ တော့ ဖုန်းတကောဝင်လာပြန်လေသည် ။
“ မမလေး နွဲ့ ရီ ကိုခွန်စိန်တို့ ပွဲရုံကဆက်တာတဲ့ “  ဒီတခါတော့ ဂျုဂျု သိပ်မအံ့သြတော့ ။ 
“ ဟဲ့ကောင် နွဲ့ ရီ ပြော “ လို့ ဝမ်းသာအားရပြောမိတော့ 
“ မမလေး နွဲ့ ရီ ယောကျာ်းယူတော့မယ်“ တဲ့လေ။ 
“ ဟမ် နင့်အမေပေးစားပြန်ပလား“  
“ အဟီး ဟုတ်ဘူးတော့ ဒီတခါ နွဲ့ ရီကြိုက်လို့ “ တဲ့။
“ နွဲ့ ရီ ကုန်စုံဆိုင်ဖွင့်တာ အဆင်ပြေတယ်၊ သူကလည်း လယ်ကောင်းကောင်းလုပ်တတ်တယ် 
အဲဒါ ယူပြီးရင် သူ့ ရွာလိုက်သွားမယ် ၊သူက လယ်လုပ်မယ် ၊
နွဲ့ ရီက တော့ ဆိုင်ထွက် ၊ အမေက နွဲ့ ရီတို့ နဲ့ နေမယ်“ ဆိုတော့
“ အေး နင်ကြိုက်တယ်ဆို ပြီးတာပါပဲ “ ဟုပြောရသည်။ 
“ ဒါမယ့် သူ့ ရွာက ချောင်ကျတယ်တော့ ကားလမ်းမပေါက်ဘူး
 နွဲ့ ရီ ဆီလာလည်မယ်ဆို မမလေး ခက်မှာ ကြိုပြောနော် လှည်းကြိုလွှတ်လိုက်မယ် “ ဆိုလို့ ရီရသေးသည်။
 “ စပါးစိုက် ချိန်လာနော် ကောက်ပင်မမြင်ဖူးတဲ့ မမလေးကိုပြချင်လို့ တော့် “ ဆိုတော့ 
“ အေးပါ စိတ်ချ ပါ နင့်ဘာသာနင် ယူမှာယူပါ ငါတနေ့ တော့ဖြစ်အောင်လာခဲ့မယ် “
 ဟုကတိပေးမိလေသည်။
နောက်တော့ မယ်ပြာလောင်ဂျူဂျူတယောက် ဖုန်းပျောက်ရာတွင် ကတ်ဖုန်းဖြစ်လေရာ နံပါတ်တူပြန်လည်းမရ ၊ သိမ်းထားသောနံပါတ်တွေလည်းပါသွား သဖြင့်သူငယ်ချင်း တွေ နှင့် အဆက်ပြတ်သွားတော့သည်။ သူငယ်ချင်းများကို အီးမေးလ် ပို့ ပြီး ဖုန်းနံပါတ်အသစ်ပေးရသည့် ဘဝရောက်လေသည်။ ဂျူဂျူ့ အမေအိမ်ကလည်း ဖုန်းလိုင်းအသစ်သုံးလိုက်သဖြင့် အကုန်လုံးနှင့်ဝေးကွာသွားတော့သည်။
ဂျူဂျူသည် နွဲ့ ရီအား ပေးထားသော ကတိကို အကောင်အထည်ဖော်ရန်နှင့် ကျဲကျဲကို လိုက်ရှာရန် စီမံကိန်းကို ဘွဲ့ ရလို့  အလုပ်လုပ်ပြီး နောက် ၁ နှစ်နေမှ အကောင်အထည်ဖော်နိုင်လေသည်။
အသိမိတ်ဆွေမိသားစုများ စုပြီးချောင်းသာသို့  သွားကြမည်ဆိုတော့ 
ဂျူဂျူတယောက် ကျဲ့ ကျဲ့ နှင့်နွဲ့ ရီ ရှာပုံတော်ဖွင့်ရန် စီမံလေသည်။
 အိမ်က ကားများနှင့်သွားကြမည်မို့ အပြန်မှာ ပုသိမ်သို့ ဝင်မည် 
ကိုခွန်စိန်တို့ ဆန်စက်ကိုရှာမည် ။ 
ကျဲကျဲကိုတွေ့ လျှင် နွဲ့ ရီကို တွေ့ နိုင်ဖို့ ကလည်း တဝက်စိတ်ချရပြီးသားမဟုတ်ပါလား။
ဂျူဂျူမှာ ကျဲကျဲကို တွေ့ ပါ့မလား ဟူသောစိတ်ဖြင့် ချောင်းသာတွင် သိပ်ပင်မပျော်နိုင်ပဲ ပြန်တဲ့နေ့ သို့ ရောက်ဖို့ သာ စိတ်စောနေလေသည်။
တကယ်တန်း ပုသိမ်ရောက်တော့ ဘယ်သွားလို့ ဘယ်လာရမှန်းမသိဖြစ်နေလေသည်။ 
သူများတွေ ခခကြီး ထမင်းဆိုင်မှာအားပါးတရ စားနေကြသော်လည်း ဂျူဂျူ့ မှာ မြိုလို့ မကျနိုင် ၊
 ကျဲကျဲက ဒီမှာ မရှိဘူး မြောင်းမြမှာဆို ဘယ်လိုလုပ်ရပါ့ စသဖြင့်တွေးတောနေရင်းက
 မအောင့်နိုင်တော့ဘဲ ကားသမားကို ဈေးကြီး နားရှိ
 အောင်သစ္စာ ဆန်ဆိုင်ကို မေးခိုင်းကာ သွားလေတော့သည်။ 
ဟိုရောက်တော့ ထင်သည့်အတိုင်း ကျဲကျဲက မြောင်းမြမှာ ဟုသိရသည၊် အိမ်ထောင်ကျလို့ သားလေးပင်ရနေပြီတဲ့ ။ ကျဲကျဲက ဂျူဂျူ နဲ့ အဆက်အသွယ်ပြတ်သွား သဖြင့်ဝမ်းနည်းမဆုံး ဖြစ်နေသည်တဲ့။သူ့ မေးလ်ကလည်း ပတ်စဝဒ်မသိတော့ရာ ဝင်မရပြုမရ၊ လိုင်းတွေကလည်း မကောင်းနှင့်အတော်စိတ်ဆင်းရဲ့ ရကြောင်း။
 နွဲ့ ရီ နှင့်လည်း အဆက်အသွယ်ရှိသည့် အကြောင်းသိရသည်။ 
ကိုခွန်စိန်ဆိုသူကိုလည်း အခုမှ မျက်မြင်တွေ့ ရပြီး နွဲ့ ရီကို ကူညီခဲ့သည့်အတွက် ကျေးဇူးတင်စကားပြောရသေးသည်။
ထို့ နောက် ကျဲကျဲထံသို့ ဖုန်းဆက်မပြောရန်မှာထားပြီး နောက် ခရီးထွက်လာသောကားအုပ်စုက ဂျူဂျူ့ ကို မြောင်းမြရှိ ကျဲုကျဲအိမ်သို့ လိုက်ပို့ လေသည်။
 သူတို့ သူငယ်ချင်း ၂ ယောက်ပြန်လည်တွေ့ ဆုံခန်းတွင် လိုက်ပို့ သူများလည်း ပျော်ရွှင်ကြလေသည်။
တလမ်းလုံး ကျဲကျဲကို ဘယ်လိုနောက်လိုက်မည် ပြောင်လိုက်မည်တွေးလာသမျှ 
ဟိုရောက်တော့အိမ်ရှေ့ ခြံထဲတွင် ကလေးထမင်းကျွေးနေသော 
ကျဲကျဲကို မြင်သော် ဂျူဂျူတယောက် အသံပင် ထွက်မခေါ်နိုင်ပဲ ငေါင်၍ကြည့်နေမိလေသည်။
သူတို့ ချင်းအသက်မကွာလှပေမယ့် ခုလိုထမင်းဇလုံနှင့် ကလေးထမင်းကျွေးနေသော ပိတ်ဖောက်ဇာ၊ ပါတိတ်လုံချည်နှင့် သနပ်ခါးများကလည်း ဝင်းဝါသောအသားမှာ ဖွေးနေသည့် 
အမျိုးသမီးမှာ ဟိုစဉ်အခါက ဘောင်းဘီအတို တီရှပ်နှင့်ကျောပိုးအိတ်လွယ်ကာ သူနှင့်အတူ ကျောင်းတက်ခဲ့ဖူးသည့် မိန်းကလေး ဆိုတာကို ပြန်ဆက်စပ်လို့ မရနိုင်ဖြစ်နေလေသည်။ 
ကျဲကျဲကမော့ကြည့်လိုက်တော့ သူမကိုတွေ့ သွားသည် ။
 ဂျုဂျုသည်လည်း ဆံပင်အရှည်တွေ ဘာတွေ ဖြစ်နေပြီမို့  ကျဲကျဲက ရုတ်တရက်မမှတ်မိပေ။ 
သူမကို ခရီးသွား ကားအုပ်စုက ကျဲကျဲအိမ်တွင်ထားခဲ့ကြကာ ရန်ကုန်ပြန်သွားကြလေတော့သည်။
 နွဲ့ ရီက လည်း သူ့ ယောကျာ်းရွာတွင် ကုန်စုံဆိုင်လေးနှင့်အတော်အလုပ်ဖြစ်သည်တဲ့။
 မြို့ တက်လာပြီး ပစ္စည်းများဝယ်တိုင်း ကျဲကျဲတို့ အိမ်ရောက်သည်တဲ့။ ဂျူဂျူအကြောင်းပြောတိုင်းသူတို့ မှာဘယ်ဆီမှန်းလို့ လွမ်းရမှန်း မသိဘဲ စိတ်ထိခိုက်ကြရသည်တဲ့။
ကျဲကျဲ အီးမေးလ်ကလည်းဝင်မရတော့သည်မို့ဂျူဂျူပေးသော နံပါတ်အသစ်ကို မသိလိုက်ပါတဲ့။  ကျဲကျဲအိမ်တွင် ၂ ရက်နားပြီးသော် နွဲ့ ရီထံသို့ သွားဖို့ ပြင်ရလေသည်။
 နွဲ့ ရီနေသောရွာက ကားလမ်းမပေါက်သည်မို့ ၊ ကားလမ်းရောက်သောရွာအထိ ကျဲကျဲအိမ်ကကားနှင့် လိုက်ပို့ ပြီး ရွာသို့ လှည်းနှင့်သွားရမည်တဲ့။ ကျဲကျဲက လိုအပ်သည်များ အကုန်စံမံပေးရုံမက အိမ်အကူ ဒေါ်အေးနှင့်ဆန်စက်မှလုပ်သမားတယောက်ထည့်ပေးလိုက်သေးလေသည်။
 လှည်းစီးရာ တွင်နေမပူအောင် အိမ်မှ မိုးမလင်းခင်ကားနှင့်ထွက်လာပြီး ကားလမ်းဆုံးသော ရွာရောက်သည့်အခါ အသင့်စောင့်ခိုင်းထားသောလှည်းထပ်စီးကာ သွားရလေသည်။
မကြုံဘူးသောအတွေ့ အကြုံသစ်ကြောင့် ဂျုဂျုတယောက် အလွန်ပျော်ရွှင်နေလေသည်။
 အလင်းရောင်ပျို့ လာသော် လမ်းတလျှောက် လယ်ထဲသွားသော လှည်းများ လူများ နှင့်တွေ့ လေသည်။ လှည်းသမားနှင့် လည်း အော်ဟစ်နုတ်ဆက်ကြသည်။
 ဂျူဂျူမှာ သူ့ ကို ထမီချုပ်ပေးလိုက်သော ကျဲကျဲကို အလွန်ကျေးဇူးတင်မိလေသည်။
 ကျေးရွာများသွားရာတွင် တဘာသာခြားဖြစ်နေမည်စိုးသဖြင့် ရှပ်အကျီအပွလက်ရှည်နှင့်ထမီဝတ်ပြီး ခမောက်ဆောင်းလာ ခဲ့သော ဂျူဂျူ တယောက် 
မိုးစင်စင်မလင်းခင် အထိတော့ သူ့ ကိုယ်သူလုံလှပီထင်နေသေးသည်။ 
အလင်းရောင်ဝိုးတဝါးမှာတော့ သူ့ ကို ဘယ်သူမှ သတိမထားမိကြသေးပေ။ တဖြည်းဖြည်းလင်းလာသည်နှင့်အမျှ ဖြတ်သွားသော လှည်းများမှ လူများက ကြည့် လိုက် လမ်းလျှောက်သွားသော လူများကကြည့်လိုက်၊ လယ်ထဲသွားသောမိန်းကလေးများက သူ့ ကို ကြည့်ရင်း သူတို့ ချင်းတီးတိုးတီးတိုး သဖန်းပိုးလုပ်လိုက်နှင့် ဂျူဂျူတယောက် သူ့ မျက်နှာတွင် နုတ်ခမ်းမွှေးပေါက်နေလားဟု အသာလေး ခိုးကာ ဖုန်းကို ထောင်ကြည့်ရသည့်ဘဝရောက်လေသည်။ 
 မနေနိုင်လွန်းသည့်အခါ ဘေးနားပါလာသည့် ဒေါ်အေးကို မေးမိတော့သည်။ 
“ အော်ငါ့တူမရယ် ညည်းမျက်နှာက လူစိမ်းမှန်းသိသာနေတာကိုးအေ့ 
နဖူးမယ် စာတန်းထိုးထားသလိုပါပဲ “ 
ဟုပြောလေရာ ဖုန်းနှင့်နောက်တခါ ပြန်စစ်ကြည့်မိပြန် လေသည်။
မထူးတော့ပြီမို့  ဂျူဂျူ တယောက် ကင်မရာထုတ်ကာ လမ်းတွင်တွေ့ သမျှကို ရိုက်လေတော့သည်။ နွဲ့ ရီတို့ ရွာနားရောက်ခါနီးတော့ ဖုန်တွေကလည်း ထ လမ်းကလည်းကြမ်းဖြင့် ကင်မရာပြန်သိမ်းပြီး လှည်းပေါ်ကပြုတ်မကျအောင် ကိုင်ထားရလေသည်။ 
လှည်းသမားဦးလေး ပြောသော “ ကွမ်းတရာညက်“ ကလည်း သွားမရှိတဲ့ အဘိုးကြီး ကွမ်းတရာညက်ထင်ပါတယ် ဟု လှည်းဘောင်တန်းကို ကုတ်ကတ်ကိုင် ထားရသော ဂျူဂျူကတွေးမိလေသည်။
 နွဲ့ ရီတို့ ရွာနားနီးလို့ ရွာကိုပင်လှမ်းမြင်ရတဲ့ အကွာအဝေးရောက်လာတော့ ဒေါ်အေးက သတိပေးသည်၊
“ တူမညည်းသူငယ်ချင်း ကိုညည်းလာတာမသိစေချင်သေးရင် နေပူရှောင်သလိုလိုနဲ့ 
 ခေါင်းကိုပါအကျီတထည်နဲ့ ပေါင်းထား  ဟိုနား ရွာထိပ်ညောင်ပင်မှာကလေးတွေ ဆော့နေတာတွေ့ လား သူတို့ က တစိမ်းလာတယ်ဆို မေးမြန်းပြီး တရွာလုံးသိအောင် ပြေးပြောကြလိမ့်မယ် ညည်းသူငယ်ချင်းမ အိမ်လည်းရောက်ရော ဟိုကထွက်တောင်ကြိုနေအုံးမှာ “တဲ့။ 
ထိုသို့ ဖြင့် ရှပ်တထည်ထုတ်ကာခေါင်းရောမျက်နှာပါပတ် မျက်လုံးလေးပဲဖော်ပြီး ခမောက်ဆောင်းထားလိုက်တော့ ကလေးတွေရန်ကလွတ်သွားသည်။ ဒါတောင်လှည်းနားပြေးလိုက်ရင်း
 “ ဦးညိုကြီး  ထိန်ပင်စုက ပြန်လာတာလား “ ဟု မေးမြန်းသေးသည်။ 
လှည်းသမားကြီးက ကွမ်းငုံရင်း “ အင်း အင်း “လိုလို “ဟင်း ဟင်း “ လိုလို အသံပြုကာ ဘာမှ မပြောဘဲ နွဲ့ ရီတို့ အိမ်သို့ တန်းမောင်းသွားလေသည်။
နွဲ့ ရီတို့ ခြံဝိုင်းရှေ့ ရောက်တော့ ဆိုင်လေးနှင့် သွပ်မိုး ၂ ထပ်အိမ်တလုံး နွားတင်းကုတ်တလုံး ၊ သီးပင် စားပင်လေးများ နှင့် အတော်လေး စိုပြေသောအိမ်လေးကို တွေ့ ရသည်။
 “ နွဲ့ ရီတို့ က ရွာမှာပိုက်ဆံရှိတဲ့အထဲက မိန်းကလေးရဲ့  ၊ စိတ်ထားများလည်း ကောင်းကြပါတယ်“ ဟု တချိန်လုံး ငြိမ်နေသာ လှည်းသမားကြီးက ပြောလေသည်။
ဂျူဂျူလည်း လှည်းပေါ်က ခုန်ဆင်း ပေါင်းပတ်ထားသော အင်္ကျီတွေဖြူတ် ၊ ခမောက်တွေချွတ်လုပ်နေစဉ် လှည်းသမားကြီးက “ အဘခေါ်ပေး“ မယ်ဟုဆိုကာ “ နွဲ့ ရီရေ .. အေး နွဲ့ ရီ “ ဟုအော်ခေါ်လေသည်။ 
အိမ်နောက်ဖက်မှ “ အဘရေ လိုချင်တာယူသွား နွဲ့ ရီ ထမင်းအိုးငှဲ့ နေလို့ လာခဲ့မယ်၊ 
အကြီးမရေ အိမ်ရှေ့ မှာ ဈေးရောင်းထားလိုက်အုံး “ 
ဟုအော်သံကြားရသော် ဂျူဂျူတယောက် ရင်ထဲခုန်လာလေသည်။
ထို့ ကြောင့် လှည်းသမား အဘကို ဆက်မခေါ်ရန် ပြောပြီး အိမ်ဝိုင်းထဲ ဝင်ခဲ့လေသည်။
 အိမ်ရှေ့ ရောက်သော် နောက်ဖေးမှ ကြက်တောင်စည်း ငုတ်စစ သနပ်ခါးအဖွေးသား နှင့်
 နွဲ့ ရီ အသေးစားလေးပြေးထွက်လာသည်ကိုတွေ့ ရသည်။
ကလေးက ဈေးဆိုင်ကလေးပီပီ လူစိမ်းမကြောက်ပဲ
 “ အမ ဘာလိုချင်ရို့ ပါရဲရှင် “ 
ဟုမေးသော် နွဲ့ ရီသင်ထားတာပဲနေမယ်ဟု ပြုံးမိလေသည်။ 
 ဂျူဂျူက ကလေးကိုပြုံးကြည့်ရင်း “ အမ မဟုတ်ဘူး သမီးလေးရဲ့  အန်တီ  “ ဟုပြောမိကာ 
“ နာမည်ဘယ်လိုခေါ်လည်း သမီး“ ဆိုတော့
 “ ဂျူးမ“ တဲ့။
ဂျူဂျူက ကလေးပါးလေးကိုင်နေစဉ် ရှိုက်သံကြားလို့ မော့ကြည့်မိတော့ နွဲ့ ရီ။
  နောက်ဖေးမှ ထွက်လာပြီး တံခါးပေါင်ကို ကိုင်ကာ လက်ထဲမှာလည်း လက်နှီးစုတ်နှင့် ။ 
ငယ်စဉ်က အတိုင်း ညီညာစွာ လိမ်းထားသော သနပ်ခါးပါးကွက်ကြားမှာလည်း မျက်ရည်စီးကြောင်းတွေနှင့်။ အသားအနည်းငယ်ညို  ကိုယ်လုံးအနည်းငယ်တုတ်သွား
သည်မှ အပ မပြောင်းလဲ၊ လှမြဲချောမြဲ ။ ကလေးက ဂျူဂျူနားက ပြေးသွားပြီး
 နွဲ့ ရီထံသွားကာ  “အမေ ဘာရို့ နို တာလည်း “ 
ဟုမေးနေလေသည်။ 
နောက်တော့ ထုံးစံအတိုင်း မဆုံးနိုင်အောင် ငိုနေသော နွဲ့ ရီကို မချော့တတ်သော ဂျူဂျူက ထိုင်ကြည့်နေရလေသည်။ အိမ်ရှေ့ မှာလည်း ကလေးတွေ စုရုံးလို့  မြို့ ကလာသောဧည့်သည် ကို လာကြည့်နေကြသည်မို သူ့ မှာ နေမတတ်ထိုင်မတတ်ဖြစ်နေရလေသည်။
 ငိုလို့ မောသွားသော နွဲ့ ရီက ကလေးတအုပ်ကို မောင်းထုတ်လိုက်ပြီးမှ 
“ မမလေး ဗိုက်ဆာပြီလား နွဲ့ ရီ ထမင်းပြင်လိုက်မယ် “ ဟုမေးလေသည်။ 
ထို့ နောက် နွဲ့ ရီက ဂျူဂျူ့ အကြိုက် တောဟင်းများ နှင့်ကျွေးဖို့ ပြင်ရင်း ထမင်းအိုးအသစ်ချက်ဖို့ 
လုပ်တော့မချက်ဖို့ ပြောရသည် ။ 
“ မမလေး မစားနိုင်ပါဘူး ဒီဆန်နဲ့ မှ နွဲ့ ရီတို့ ကတင်းတိမ်တာ မမလေးအတွက် အသစ်ချက်လိုက်မယ်  “ 
ဆိုတော့ ရပါတယ်ဟု ဆိုပြီး စားရာတွင် ဆန်က အတော်မာသည်ကို တွေ့ ရသည်။
 သို့ သော်လည်း အရွက်စုံ ဟင်းချို ၊ ငါးမီးဖုတ်ဖျော်သော ငါးပိရည် ၊ တို့ စရာ အရွက်စုံလင် ၊ ငါးလေးအိုးကပ် စသည်ဖြင့် ဟင်းများက ကောင်းလွန်းရာ ထမင်းမာသော်လည်း အတော်လေးစားလို့ဝင် လေသည်။
စားပြီးဗိုက်တင်း သွားသော ဂျူဂျူက
“ အကြီးမ အကြီးမ နဲ့ ခေါ်တာကြားတယ် “ 
 ဟုမေးလိုက်သော် ရှက်ပြုံးနေသော နွဲ့ ရီက
 “ အငယ်လေးက ယောက်ျားလေးတော့ တနှစ်ပဲရှိသေးတယ် သူ့ အဘွားဟိုဘက်ရွာကို 
ခဏခေါ်သွားတယ် ညနေပြန်လာမယ် “ ဟုဖြေလေရာ ပါးစပ်ဟောင်းလောင်းပွင့်ရလေတော့ သည်။ 
 “ မမလေး ပိုက်ဆံပြန်ဆပ်မယ်တော့“ ဟုဆိုသော် 
တသက်မခေါ်တော့စေချင်ဆပ်လေ ဟုဖြေရာ နောက်မပြောရဲရှာတော့ပေ ။ 
ညနေရောက်သော် နွဲ့ ရီယောက်ျားလယ်ထဲမှ ပြန်ရောက်လာသည်
။တောင့်တင်းကျစ်လစ်သော ကိုယ်ကာယရှိသည့်  လူရိုးတယောက်ဖြစ်လေသည်။  
 နွဲ့ ရီ အမေလည်း အငယ်ဆုံးမြေးလေးနှင့်  ပြန်ရောက်လာလေသည်။
သူတို့ အားလုံးက ဂျူဂျူ့ ကို ကျေးဇူးရှင်သဖွယ်ဆက်ဆံနေရာ ထိုသို့ မနေဖို့  သာမာန်သူငယ်ချင်းအဖြစ်သာ ထားဖို့ ပြောရသည်။ တအိမ်ပြီး တအိမ်ကလည်း အိမ်မှာချက်သော တောဟင်းများ မုန့် များ လာ
ပို့ ကြလေသည်။ ဂျူဂျူက တောတွင်ဧည့်သည်လာလျှင် အိမ်မှာမွေးထားသည့်အကောင်များသတ်ပြီး ချက်ကျွေး တတ်သည်ဟု စာအုပ်ထဲတွင် ဖတ်ဖူးရာ ကြက်သား ဝက်သားများ မစားဘူးဟု ပြောထားသဖြင့် ရိုးရှင်းသော တောဟင်းများ သာပေးကြလေသည်။
 ပြန်မယ်ပြောတော့ မျက်ရည်ဝိုင်းသည့်နွဲ့ ရီကြောင့်  လှည်းသမားကို ကျဲ ကျဲ့ ထံသို့  နွဲ့ ရီရွာတွင် တပတ်နေမည်ဖြစ်ကြောင်းသတင်းပို့ လွှတ်လိုက်ပြီး ပျော်ပျော်ကြီးနေလေသည်။ 
နောက်နေ့ တွင် လယ်ထဲလိုက်သွား ရာ ငါ့ကို စပါးပင်လိုက်ပြလေဆိုတော့ ခုစပါးတွေရိတ်တဲ့အချိန်လေ မမလေးရဲ့  ခုက စပါးပြီးလို့ နေကြာတောင်စိုက်နေပေါ့ ဟုဆိုသဖြင့် စပါးပင်ကို မတွေ့ ခဲ့ရပေ။ထို့ နောက် နွားစာစဉ်းခြင်း၊ ရေတွင်းမှ ရေခတ်ခြင်း ၊ ထမီရင်လျှားရေချိုးခြင်း၊ သောက်ရေကန်သို့  ရေခပ်ဆင်းသော အပျိုများဓါတ်ပုံရိုက်ခြင်း ၊ ရွာနောက်က ချောင်းထဲလှေစီးခြင်း စသောအလုပ်များကို တဝကြီးလုပ်လေသည်။ 
ထို့ နောက်စပါးပင်မြင်ဖူးအောင်တခေါက်ပြန်လာမယ်ဟု တေးထားပြန်သော
 ဂျူဂျူတယောက် နွဲ့ ရီ တို့ ကရွာပြန်လာသည်မှ အခုထက်တိုင် မရောက်ဖြစ်ပြန်တော့ပေ ။ 
စပါးပင်ကို လည်း ခုထိအပြင်မှာ မမြင်ဖူးသေးရှာပေ။
 နွဲ့ ရီစကားအတိုင်းပြောရလျှင် အတော်သနားစရာကောင်းသော မမလေးသာဖြစ်ပေတော့သည်။
  ပြီးပါပီ။
Vista
တနေ့ တော့ အိမ်ပြောင်းကြရင်း ပစ္စည်းတွေထုတ်ကြ သိမ်းကြတော့ နွဲ့ ရီနှင့်ဂျုဂျု့ ဓါတ်ပုံကို ကျဲကျဲက တွေ့ သွားပြီး သဘောတွေကျနေသည်မို့ သူတို့ နှစ်ယောက်အကြောင်းပြောပြမိသည်။ ဇတ်လမ်းဆုံးတော့ ကျဲကျဲုက နေပါအုံး မြောင်းမြနားက ထန်းသုံးပင်ရွာဆိုရင် ငါ့ဦးလေးအသိတွေရှိနိုင်တယ်ဟုပြောလာသည်။ 
သူ့ ဦးလေး ဝမ်းကွဲ တော်သည့် ကိုခွန်စိန်ဆိုသူက မြောင်းမြနဲ့ ပုသိမ်ဘက်က ဆန်စက်တွေကို တွဲဖက်လုပ်နေသူ။  ထိုသူ့ အကို ကိုကြင်စိန်က ဆန်စက်ကို ဦးစီးပြီး သူက ဆန်အဝယ်တော်သဘောနှင့် စပါးသွင်းမည့် ရွာတွေကို ဆင်းသည်တဲ့။ 
 “ ဆန် ချိန်ကျတော့ ဆန် ပေါ့ ၊ စပါးပြီးလို့ တခြားသီး စိုက်တဲ့အချိန်ကြတော့ မြောင်းမြ ပွဲရုံအတွက် ကြက်သွန်တွေ မြေပဲတွေ ကောက်ရတာပေါ့ ၊ တစိမ်းတွေလွဲထားရင် စိတ်မချရဘူး “ 
ဆိုတော့ ဂျုဂျုအတွက် ဗဟုသုတဖြစ်စရာ။မိသားစု စိတ်ဓါတ် သိုင်းသိုင်းဝိုင်းဝိုင်း လုပ်ကိုင်စားတတ်သည့် တရုတ်လူမျိုးတွေ စိတ်ဓါတ်ကို သိလိုက်ရသည်။
 “ နင်က ဘွဲ့ ရတော့ မြောင်းမြ ပြန်မယ်ဆို အဲဒါလုပ်မှာလား “ ဆိုတော့ “ အေး “ တဲ့ ။
 ငါကသမီးအကြီးလေ သားကြီးမရှိတော့ လုပ်ရမှာပေါ့ ဆန်စက်တွေ ပွဲရုံတွေ ထိုင်ရမှာ ၊ စပါးတော့ ဆင်းမကောက်ဘူးလေ ဦးလေးပဲ ကောက်မှာပေါ့“ တဲ့။ “ ငါ ဒီတခေါက်အိမ်ပြန်ရင် မြောင်းမြပြန်ဖြစ်မလား မသိဘူး နင်လိုက်လည်ပေါ့ ငါစုံစမ်းပေးမယ်“ တဲ့။ 
 ဒီလိုနဲ့ ပဲ စာတွေ များလာပြန်တော့ ကျဲကျဲလည်း မပြန်ဖြစ် ဂျုဂျုလည်း မပြန်ဖြစ်ပဲ ထိုအကြောင်းမေ့လျှော့ နေကြပြန်လေသည်။
 တနေ့ တော့ ကျောင်းက အပြန်လမ်းမှာ ဂျုဂျု့ မိုဘိုင်းကို နံပါတ်မပေါ်သောဖုန်းတခု ဝင်လာလေရာ အိမ်ကထင်ပြီး ကိုင်လိုက်တော့ တဖက်မှ ဘာမှ ပြောသေးပဲ တိတ်၍သာနေသည်။
 “ ဟလို “ အတော်များများပြောပြီးမှ မာကျောကျောအမျိုးသမီး အသံတခုက “ဟဲ့ပြောလိုက်လေ ဟိုဘက်က ထူးနေတာကြာပီ“ တဲ့။ ဂျုဂျုမှာ အတော်လေး အူကြောင်ကြားဖြစ်သွားပြီး
 “ ဘယ်သူပါလည်း ပြောပါ “ ဆိုတော့ မှ တုန်ခိုက်ခိုက် အသံတခုက “ မမလေး “ တဲ့။ 
ဂျုဂျု့ ဦးနှောက်သည်ဘယ်လို မှမမျှော်လင့်ထားသော အသံကြောင့် ချာချာလည်ကာအလုပ်များနေပေမယ့် လူကတော့ ကြောင်အမ်းပြီး ဖုန်းကို ကိုင်ကာ မီးပွိုင့်မှာ လမ်းကူးရပ်သားအနေအထားတွင် ရပ်နေမိသည်ကို ကျဲကျဲက လက်ကနေ အတင်းဆွဲခေါ်သွားမှ သတိထားမိတော့သည်။
 မယုံကြည်နိုင်ပေမယ့် လောကမှ ဒီလိုခေါ်မယ့်လူဒီတယောက်သာရှိသည်မို့ 
 “ နွဲ့ ရီ .. နင်လား .. ဘယ်ကဆက်နေတာလည်း “ ဟုမေးသော် “ မမလေး .. မမလေး “ နောက်ဆက်တွဲ မမလေးက ငိုသံအောက်မှာ ပျောက်ဆုံးသွားသည်။ “ကဲပြောမှာ ပြော လိုင်းကောင်းတုံးပြောရတာ ငိုမနေနဲ့ “ ဟု မာရေကျောရေ အသံရှင်က ပြောတာကြားရပြန်သည်။
 နွဲ့ ရီကြောက်လန့် နေတိုင်းမှာ ဂျုဂျုက ဟောက်ပေးလိုက်မှ အသံထွက်လာသည့်ထုံးစံအတိုင်း “ နွဲ့ ရီ သေချာပြောစမ်း ဘာဖြစ်လို့ လည်း တော်ကြာလိုင်းမကောင်း လို့ ဘာမှ မကြားလိုက်ရဘဲ ဖြစ်မယ် ကဲပြော “ ဟု အော်လိုက်တော့မှ “ မမလေး နွဲ့ ရီယောကျာ်းယူရတော့မယ်“ တဲ့။
 “ ဟင် နင်က ဘယ်အရွယ်မို့ ယောကျာ်းယူမှာတုန်း ၊ ဘာဖြစ်လို့ တုန်း“ ဆိုတေှာ့ နွဲ့ ရီက 
“ အမေ့ကြောင့် “တဲ့။
 “ နင်အခုဘယ်က ဆက်တာလည်း “ မေးပြန်တော့
 “ အမေ့အတွက် ဆက်သောက်နေရတဲ့ ဆေးတွေကို ပုသိမ်မှာ လာဝယ်တာ၊ ရွာက ဆေးမှုးနဲ့ လိုက်လာတာတော့် အဲဒါ ဆေးရုံကြီိးနား ကထွက်လာရင်း ဒီဆိုင်မှာ နိုင်ငံခြား သို့ အဖိုးသက်သာစွာ ဆက်သွယ်ပေးသည်ဆိုတဲ့ ဆိုင်းဘုတ်ထောင်ထားတာ တွေ လို့  ဝင်လိုက်တာတော့်၊ မမလေးဖုန်းနံပါတ်ကို ကြီးမေ ပေးထားတာ နွဲ့ ရီ ဗလာစာအုပ်ထဲအမြဲပါတယ်လေ ၊ 
 အဲဒါ ဆိုင်မှာ ထိုင်နေတဲ့ ဒေါ်လေးကို ပြလိုက်တာပေါ့“ 
ဆိုတော့ မာရေကျောရေအသံရှင်က ဆိုင်ကမိန်းမမှန်းသိသွားသည်။ နွဲ့ ရီကမကြည်လည်း မကြည်ချင်စရာ ဒေါ်လေးတဲ့လေ ။ ဂျုဂျုက ထို အမျိုးသမီးကို ဖုန်းပေးခိုင်းရပြီး ထိုဖုန်းနံပါတ်ကို တောင်းကာ ပြန်ဆက်ပါမည်ဟုပြောရသည်။
 နွဲ့ ရီ ဖုန်းခများ မတန်တဆကုန်ကြမည်ကို မြင်သောကြောင့်ဖြစ်လေသည်။ 
ဆိုင်ရှင်အမျိုးသမီးက နွဲ့ ရီကို မကြည်ပေမယ့် ဂျုဂျုက အမ ခေါ်သောကြောင့်လား မသိ အဆင်ပြေနေလေသည်။ ဖုန်းပြန်ဆက်လို့ ရတော့မှ နွဲ့ ရီက အဆက်မပြတ်ပြောတော့သည်မှာ ၊
 နွဲ့ ရီ အမေ နေမကောင်းအကြီး အကျယ်ဖြစ်ပြီးနှောက် ပုသိမ်ဆေးရုံသို့ ပို့ ပြီး ခွဲစိတ်ကုသရသည်။ နွဲ့ရီမှာ့ ပိုက်ဆံမရှိတော့ ရွာက ငွေတိုးချေးပေးနေကြ 
အဒေါ်ကြီးက မြောင်းမြက သူဌေးတဦးထံမှ ငွေချေးပေးသည်။
 နွဲ့ ရီ အမေ ဆေးကုနေပြီး နေကောင်းသွား သော် ထိုအဒေါ်ကြီးက ပိုက်ဆံပြန်ဆပ်မည့် အစား သူ့ သူဌေးက နွဲ့ ရီကို လက်ထပ်ချင်သည်ဟုပြောလာသည်တဲ့။ နွဲ့ ရီကို ရွာတွင် အိမ်တဆောင်မီးတပြောင်ထားပါမည် လယ်တွေ ရွှေတွေလည်း လက်ဖွဲ့ မည် ဟု အမေဖြစ်သူကို အကြောင်းကြားလာသည်တဲ့။ နွဲ့ ရီ အမေက အကြွေးတွေကလည်း များ ၊ သူကလည်း ခွဲစိတ်ထားသည်မို့ အလုပ်မလုပ်နိုင်၊ နွဲ့ ရီတယောက်တည်း ဒုက္ခများအောင်ဆပ်ရမည်ကို လည်း သနား ၊ 
အခု အစီအစဉ်ကလည်း ကောင်းရာကောင်းကြောင်းမို့ လက်ခံချင်သည်တဲ့။
 နွဲ့ ရီကလည်း “ အဲဒါ လက်ခံလိုက်ရတော့မယ် မမလေးရယ် အကြွေးက အများကြီး တဲ့
 “ သြော်နင်က ငါ့ကိုဖိတ်မလို့  တကူးတက ဖုန်းဆက်တာလာ“ ဆိုတော့ 
“ မဟုတ်ဘူး တော့ နွဲ့ ရီ ရင်ထဲမှာ ဆို့ ဆို့ ကြီးဖြစ့်နေတာ မမလေး ကို သိပ်ပြောပြချင်တာပဲ အဲဒါကြောင့်“တဲ့။ 
“ ဒါဆို သူဌေးကတော်ဖြစ်တော့မယ်ပေါ့ အဲလူကို နင်မကြိုက်ဘူးလား “ ဆို တော့ 
 “ ဟင့်အင်း မကြိုက်ပါဘူး နွဲ့ ရီ တခါပဲမြင်ဖူးတာ ဦးလေးကြီးတော်ရေ့  ၊ ဒါပေမယ့် နွဲ့ ရီယူမယ် အမေ့ကိုသနားတယ် အမေက နွဲ့ ရီကိုကြည့်စိတ်မကောင်းဖြစ်နေတာ ကြွေးတွေလည်း ကျေ၊ အိမ်ထောင်ရက်သားကောင်းကောင်းမွန်မွန် ကျသွားရင် သူစိတ်အေးမယ် “ တဲ့လေ။ 
နားထောင်နေရင်း ပါးနပ်သော ဂျုဂျု့ ခေါင်းမှာ လက်ကနဲ့ ဖြစ်သွားရသည် ၊ 
 “ ဦးလေးကြီးဟုတ်လား မိန်းမ မရှိဘူးလား“ ဆိုတော့။ 
“ ဒေါ်ထွေးကတော့မရှိဘူးပြောတာပဲ “ တဲ့လေ။ 
 “ နင့်ကို ဘာလို့ မြောင်းမြခေါ်မသွားတာလည်း “ ဆိုတော့ 
“ သူတို့ က ဟိုအိမ်မှာ စီးပွားဖက်မောင်နှမတွေ အများကြီးတဲ့ နွဲ့ ရီစိတ်ညစ်မှာစိုးလို့  ရွာမှာပဲထားမှာတဲ့ ဒေါ်ထွေးကလည်း အဲဒီ့အကြောင်းမမေးနဲ့  သူဌေးမကြိုက်ဘူးတဲ့မှာထားတယ်တော့် “ ထိုစကား အကြားမှာ ဂျု ဂျု ချက်ခြင်းသဘောပေါက်သွားသည်။
 အော မယားငယ်ထားမှာကိုး .. ဒါ့ကြောင့်ရွာမှာ အိမ်ဆောက်ပေးမယ်ပြောတာကိုး ။
 အရိုး အအ နွဲ့ ရီ တို့  က ရွာက အောင်သွယ်ကြီး ပြောတာပဲသိရှာသည်၊ ဟိုအောင်သွယ်ကရော သိလို့  လုပ်တာလား မပြောတတ်။ ဖြစ်နိုင်တာကတော့ သိလို့ လုပ်တာပဲဖြစ်နိုင်သည်။
 လှတဲ့ မိန်းကလေးများ အတော့်ကို အန္တရယ်များတာကိုး ၊ ဒီယုန်ဝင်သွားတာမြင်လို့  ဒီခြုံကိုလိုက်ထွငှ်န်းလည်းမရိပ်မိရှာပေ။ 
 “ နင်တင်တဲ့ အကြွေးက ဘယ်လောက်မို့ တုန်း “
 နွဲ့ ရီပြောသော ငွေပမဏ သည် မများလှပါ ။ အနည်းဆုံး သူဌေးတယောက်အတွက် လှလှပပ အပျိုစင်လေးကို ရဖို့ မများလှပါ။ ဂျုဂျုတို့ အတွက်လည်း မများပါ ။
 ဒါပေမယ့်ခက်တာက ဂျု ဂျု့ မှာလောလောဆယ် ပိုက်ဆံမရှိ သူက ကျောင်းသား။ 
ဒါပေမယ့် သူကယ်ရမည် နွဲ့ ရီကို ဒီလိုအဖြစ်မခံနိုင်ပါ။
 အနည်းဆုံးသူမသိလိုက်လို့ သာမတတ်နိုင်ရမည် သိသိကြီးနဲ့  တော့ အဖြစ်မခံနိုင်ပါ။
 သူ့ ခေါင်းထဲမှာ ဆုံးဖြတ်ချက်တို့ စက္ကန့် ပိုင်းအတွင်း လျှင်မြန်စွာချပြီး သွားကြသည်။
 “ ဒီမှာ နွဲ့ ရီ ၊ငါပြောတာနားထောင် ငါပြောတဲ့ အတိုင်းလုပ် ၊ ငါ့အသိ စပါးပွဲရုံက ကိုခွန်စိန်ဆိုတာရှိတယ် ၊ နင့်အကြွေးကို သူဆပ်ပေးလိမ့်မယ် ၊
 ပီးရင် နင့်ကို ကုန်စုံဆိုင်ထောင်ဖို့ အရင်းလည်း ထုတ်ပေးလိမ့်မယ် ၊နင်အဲဒီပိုက်ဆံနဲ့ ကုန်စုံဆိုင်ဖွင့်ပေါ့ ကောက်မစိုက်နဲ့ တော့ ၊
 အဲဒါ ငါ့ပိုက်ဆံပဲ သိလား ငါသူ့ ကို လွှဲပေးလိုက်မှာ “
 “ ဟင် ဘယ်က ပိုက်ဆံလည်းတော့် မမလေး ပြောတော့ ကျောင်းသားက ပိုက်ဆံမရှိဘူးဆို “
 “ နင်မသိရင် အသာနေပါ ဒီက ကျောင်းသားက အလုပ်လုပ်လို့ ရတယ် ငါ စုထားတာ ပိုက်ဆံတွေ မှ အများကြီး ဒေါ်လာနဲ့ ရတာ ၊ အဲဒီတော့ နင်ငါပြောတဲ့ အတိုင်းလုပ် မရှည်နဲ့ သိလား “ 
 “ ဟုတ်ကဲ့“
 “ဈေးနားကို သွား အောင်သစ္စာဆန်ဆိုင်ဆိုတာရှိတယ် အဲဒီမှာ မေး ၊ နက်ဖြန်မှသွားနာ် ငါသူ့ ကို ဖုန်းဆက်ရအုံးမှာ ၊ ပြီးတော့ အခုငါပြောတဲ့ အကြောင်းကို ဘယ်သူမှ မပြောနဲ့ အုံး သိလား ၊ နင်အခုဘယ်မှာနေတုန်း “ ဆိုတော့
“ ဆေးမှုးအသိ ကျောင်းဆရာမအိမ်မှာ“ တဲ့။ 
ဖုန်းချလိုက်ပြီး ကျဲု့ ကျဲ့ ကိုလှည့်ကြည့်တော့ ပြုံးလျှက်ခေါင်းညိမ့်ပြသည်ကိုတွေ့ ရသည်။ 
ဂျုဂျု့ မှာ လုပ်စရာရှိသည်များကို ကျဲု့ ကျဲနှင့်တိုင်ပင်ပြီး အမြန် စီစဉ်ရသည် ။
 ကျဲ့ ကျဲ့ ဦးလေးက ထိုသဌေးနာမည်ပြောလိုက်တာနဲ့  သူကမြောင်းမြမှာ မိန်းမကြီးနဲ့ ပဲဟုဆိုလာတော့ ဂျုဂျုထင်တာ မမှားဘူးဆိုတာသေချာသွားသည်။ 
သူမိန်းမက ဈေးထဲမှာ ငံပြာရည်လက်ကားရောင်းသည်တဲ့ ၊ အလွန်အပေါက်ဆိုးသော ပုံပျက်ပန်းပျက်မိန်းမဝကြီးတဲ့။ ထိုသူက လယ်တွေကို လိုက်ဝယ်ပြီး ၂ သီးသုံးသီးစားမျိုး လုပ်ရင်းနဲ့ ရွာတွေမှာ နေကာ မိန်းမကြီးနဲ့ အဝေးမှာ နေတတ်သည်တဲ့။
 နွဲ့ ရီ အကြွေးကို ကိုခွန်စိန်တို့ ကဆပ်ပေးမည် ကုန်စုံဆိုင် အသေးတခုထောင်နိုင်အောင်လည်း အရင်းထုပ်ပေးမည်။ ထိုကုန်ကျငွေကို ကျဲ့ ကျဲ့ အမေက သူ့ မောင် ကိုခွန်စိန်ကို စိုက်ပေးလိုက်ပီး ဒေါ်လာနှင့်လဲတွက်ကာ ဂျုဂျုက ကျဲ့ ကျဲ့ ကို လတိုင်းပြန်ပေးဖို့  စီမံကြလေသည်။
ကျဲ ကျဲအတွက်  အိမ်ကပို့ ရမည့်ပိုက်ဆံထဲမှ ထိုပမာဏကို လျှော့ပို့ ခြင်းဖြင့် သုံးဦးသုံးဖက် အကုန်အဆင်ပြေစေတော့သည်။ 
တနေ့ အတွင်း ဖုန်းကော များစွာ နှင့် သူ့ နောက်ကွယ်မှာ စံမံလိုက်ရတာကို မသိရှာသော နွဲ့ ရီတယောက် နောက်နေ့ တွင် အောင်သစ္စာ ဆန်ဆိုင်ရှေ့ သို့ ရောက်လာလေသည်။
 အလုံးစုံရှင်းပြပြီး နှောက် ကိုခွန်စိန်က ဂျုဂျုထံဖုန်းခေါ်ပေး သည်။ 
ဝမ်းသာလွန်း၍ငိုနေသော နွဲ့ ရီကို “ နင်သေချာကြိုစား ဆိုင်ဖွင့် ၊
 ငါလာလည်တော့ ဆိုင်ကြီး မြင်ချင်တယ်“ ဟုပြောရသည်။
 “ မမလေး ပြန်လာရင် အတိုးရော အရင်းပါပြန်ဆပ်နိုင်အောင်ကြိုးစား မယ်တော့် စိတ်ချ “ ဆိုတော့ 
သူ တွန်း အားရှိအောင် “ အေးအေး “ ဟုသာပြောလိုက်ရလေသည်။ 
 လတိုင်းပြန်ဆပ်ရမည့်ပိုက်ဆံအတွက် ဂျုဂျုမှာ ကျောင်းပိတ်ရက်တိုင်း အချိန်ပိုင်းလုပ်ရလေသည် ။
 ၃ ပတ်ကျောင်းပိတ်သော် ရန်ကုန်ပြန်မည့်အစီအစဉ်ကိုလည်း ဖျက်ကာ ရသမျှသော အချိန်ပိုင်းအလုပ်များကို လုပ်ရင်း ပိုက်ဆံစုလေသည်။ ကျဲကျဲကတော့ စိတ်မကောငှ်းာပေ။ 
ဂျုဂျုကတော့ အလွန်ကျေနပ်ပါသည်။ သူမရဲ့ ချစ်လှစွာသော သူငယ်ချင်းမလေးကို သူများမယားငယ်ဖြစ်မည့် ဘဝက ကယ်တင်လိုက်ရသည်မဟုတ်လား ။
 ဆက်ရန်
Vista
တနေ့ ဂျုဂျု library သွားတော့ library card မပါလာတော့မှ ပိုက်ဆံအိတ်ပါ ပျောက်နေတာ သတိထားမိလိုက်လေသည်။ ထိုပိုက်ဆံအိတ်ထဲမှာက ဂျုဂျု့ အတွက် အရေးအကြီးဆုံး အရာတွေ အကုန်ပါသည်မို့ ဇောချွေးတွေ ပြန်လာရင်း သူမ တနေ့ လုံး သွားခဲ့သည့်နေရာတွေ ပြန်တွေးမိတော့ နွဲ့ ရီတို့ ဆိုင်မှာ ထိုင်နေတုံး စာအုပ်ဘေးနားမှာ ချထားမိတာကို နောက်ဆုံး သတိရသည်။ လိုလိုပိုပို ဆိုပြီး သွားကြည့်လိုက်တော့ ဆိုင်သိမ်းချိန်ပေမယ့် နွဲ့ ရီရော အဒေါ်ရော ဆိုင်မှာ ထိုင်နေကြတာတွေ့ ရသည်။ 
  နွဲ့ ရီမှာ မျက်နှာတခြမ်းကလည်း ညိုလို့ ။
သူမ ကိုမြင်တာနဲ့ ပြေးချလာပီး
 ”အမလေး မမလေး မျှော်နေတာတော် ပိုက်ဆံအိတ်ပျောက်လို့ မှလား လာလာ စခန်း သွားကြမယ်” 
ဆိုပြီးလက်က ဆွဲသွားတော့ ဂျူဂျု့ မှာ ယောင်ချာချာလိုက်သွားရသည်။
နောက်မှ သိရတာက ဂျူဂျု ကျန်ခဲ့တဲ့ ပိုက်ဆံအိတ်ကို ပွဲစားယောင်ယောင်လူတယောက်က
မုန့် စားအပြီးမှာ အသာလေး ခါးကြားထိုးသွားသည်။ထိုလူထရပ်လိုက်တော့ သူ့ခါးကြား မှအိတ်ကို
မုန့် ပြင်နေသည့် နွဲ့ ရီကလှမ်းတွေ့လိုက်ရာ ဂျူဂျု့  ပိုက်ဆံအိတ်ပဲ ဆိုတာ သိလိုက်ပြီးလှမ်းတားတော့ ဟိုလူက ရိုင်းပြစွာပြော သည်တဲ့။  နွဲ့ ရီကလည်း မခံပဲပြန်ပြောတော့ နင်ပဲငဆတွေဖြစ်ကြကာ
 နောက်ဆုံးဟိုလူက နွဲ့ ရီကို ရာရာစစ တောသူမက သူ့ ကို သူခိုးစွဲ သည်ဆိုပြီး ရိုက်ထဲ့လိုက်သည်တဲ့။
ထိုအချိန်မှာ မုန့် လာစားနေကြ ရဲကတွေ့ သွားပြီးရဲ စခန်းခေါ်သွားကာ စစ်ချက်ယူသည်တဲ့။ ဟိုလူက လူရည်လည်သူပီပီ ပိုက်ဆံအိတ်ထဲပါတဲ့အရေအတွက် ကိုသူခါးကြား မထိုးလိုက်ခင်ကအသာလေး လှန်ကြည့်ပြီးပြီမို့  အကြမ်းဖျင်းပြောပြနိုင်သေးသည်တဲ့။ ဒါပေမယ့် သူမသိလိုက်တာ အတွင်းကျကျအိတ်ထဲမှာ သူမ ကျောင်းသားကတ် လိုင်ဘရီကတ်တွေ ပါနေတာကိုပေါ့။
 နွဲ့ ရီကတော့ အထဲက ငွေဘယ်လောက်ရယ် မသိပေမယ့် သူမ သူငယ်ချင်းဟာပါ ကျောင်းသားကတ်ဆိုတာတွေလည်း ပါတယ်ဆိုတော့ 
ရဲ ကဖွင့်ကြည့်ရာ အတွင်းကန့် ထဲမှ ကျောင်းသား ကတ်များတွေ့ သွားပြီး ဟိုလူ လိမ်သမျှပေါ်သွားသည်။ ကြားထဲက  နွဲ့ ရီတယောက် ပါးကိုကျပ်ထုပ်ထိုးလိုက်ရလေသည်။ 
နင်ကပြန်မရိုက်ဘူးလားဆိုတော့ နွဲ့ ရီက ခေါင်းငုံကာ ဘာမှ မပြောပေ။
 နွဲ့ ရီအဒေါ်က “ မိနွဲ့ ရီက ကောက်စိုက်သမပေမယ့် မကြမ်းဘူး သတ္တိလည်းမရှိဘူး အပျော့မ၊ ခုလိုရန်ဖြစ်တာတောင် အတော်အံ့သြနေတာ “ ဆိုတော့ ကောက်စိုက်သမဆိုသူများက 
ပုံမှန်အားဖြင့် ခပ်ကြမ်းကြမ်း ဖြစ်မည် ဟု ဂျုဂျု့ မှာ မှတ်သားမိရသည်။
ဂျူဂျု့ အမေက ကျေးဇူးတင်လွန်း၍  မုန့် ဖိုးပေးတော့ နွဲ့ ရီက လက်မခံပေ။
ဒါနဲ့ အမေက သူတို့ တူဝရီးအတွက် ပါတိတ်များဝယ်ကာ လက်ဆောင်ပေးလိုက်လေသည်။
ဂျူဂျု့ အဖေတို့အိမ်သစ်တက်ပွဲမှာ ဖေဖေက နွဲ့ ရီ အဒေါ်ကို မုန့် ဟင်းခါးအော်ဒါချက်ခိုင်းတော့
နွဲ့ ရီလည်းပါလာခဲ့သည်။ပါးစပ်ဟောင်းလောင်းနဲ့  အိမ်ကို လိုက်ကြည့်နေသော နွဲ့ ရီကို ဂျူဂျုကသဘောကျနေမိသည်။ ခရစ်စတယ် မီးဆိုင်းကို စိန်တွေလား ဆိုလို့ ရှင်းပြရသေးသည်။ သူသဘောကျနေမှန်းသိလို့  မမက မီးဆိုင်းspare parts ထဲက ခရစ်စတယ်အသီးလေးကို ကြေးကွင်းတပ်ထားတာမျိုး တလုံးပေးလိုက်တော့ နွဲ့ ရီမှာ အလွန်ပျော်နေလေသည်။ဆွဲကြိုး တောင် လုပ်ဆွဲအုံးမည်တဲ့။
 အမေ ဝယ်ပေးထားပြီးတခါမှ မဝတ်ဖြစ်သောမိန်းကလေးအကျီ င်္တွေပေးတော့
 နွဲ့ ရီက ငြင်းဆန်လေသည်။
“ နင်က ငါ့ကို မခင်လို့ လား ၊ ဒါ အသစ်စက်စက်တွေ “
“ မမလေး ဟာဆိုယူပါတယ် “ ဟုဆိုလေသည်။
“ ဟမ် ၊ ငါ့ဟာပဲလေ ဒါတွေ “ လို့ ပြောပြန်တော့လည်း
“ ဟုတ်ဘူး မမလေး ပိုက်ဆံနဲ့ဝယ်ထားတာဆိုယူမယ် ၊ ခုက ကြီးမေဝယ်ပေးထားတာလေ“ တဲ့။
“ ဟဲ့ ငါက ကျောင်းသားပဲဘယ်က ပိုက်ဆံရှိအုံးမှာလည်း “ ဆိုတော့
 “ အင်းလေ နောက်မှ ဝယ်နိုင်မှ ဝယ်ပေးနော် ၊ အဲကျမှ ယူမယ်“ လို့ ပြောလေသည်။
 အမေကိုယ်တိုင်က “ ယူလိုက်ပါသမီးရယ် အန်တီ့ မှာ ချုပ်ပေးတိုင်း ဒင်းက မဝတ်လို့ အလကားဖြစ်နေရတာတွေပါ “ ဆိုတော့မှ ယူရှာသည်။
ဂျုဂျုနိုင်ငံခြား ကျောင်းဝင်ခွင့်ရသဖြင့် အိမ်သားများသာမက အသိမိတ်ဆွေများပါ ဝမ်းမြောက်ကြသော်လည်း သတင်းကြားစတွင် ကျုကျုတက်အောင် ငိုသူက နွဲ့ ရီဖြစ်လေသည်။ ဆိုင်သိမ်းချိန်မို့ သာတော်သေးတော့။ 
မငိုပါနဲ့ လည်း တားမရသည်မို့ ဂျုဂျုတယောက် နွဲ့ ရီငိုသမျှ ငုတ်တုတ်ထိုင်ကြည့်နေရသည်။
ငိုလို့ အတော်မောလောက်မှ
 ” တော်ပါတော့ နွဲ့ ရီရယ် ငါနိုင်ငံခြားသွားမှာ ရေဝေးသွားမှာ မဟုတ်ဘူးဟ အဲလောက်ငိုမနေနဲ “့ ဟုပြောရသည်။
“ မမလေးက အဝေးကြီး သွားတော့မှာ နောက်မတွေ့ ရတော့ဘူး“ တဲ့။ သြော် နိုင်ငံခြားဆိုတာ နွဲ့ ရီ အတွက် အဝေးကြီးကိုး .. တသက်လုံးခွဲကြရတော့မယ် ထင်နေတာကိုး သနားဖို့ ကောင်းတဲ့နွဲ့ ရီ။
 နင်ငါ့ကို လေဆိပ်လိုက်ပို့ ဦးမလားဆိုတော့ မပို့ တော့ဘူးတဲ့ နွဲ့ ရီငိုမှာပဲတဲ့ ။
တကယ်တမ်းကျတော့ အဖေကနွဲ့ ရီကိုသူတို့ အိမ်က ကားနဲ့ ခေါ်လာပေးလို့ လိုက်ပို့ ဖြစ်ခဲ့လေသည်။ 
အမေပေးသော ပါတိတ် အနီဝမ်းဆက်နဲ့ လှချင်တိုင်းလှနေသော နွဲ့ ရီကို အဖေကသူမနှင့်ဓါတ်ပုံတွဲရိုက်ခိုင်းသေးသည်။
အတော်ကို အူကြောင်ကြားနိုင်မည့် ဓါတ်ပုံမှန်း မျှော်လင့်ထားပြီးမို့  ပုံကိုမြင်ရတော့လည်း 
ထူးပြီး မအံ့သြမိပါ။ ရှပ်အကျီ အကွက်အပြာရင့် ဂျင်းဘောင်းဘီအနက်နဲ့ 
အောစတားဖိနပ်စီးထားသော ဆံပင်တိုတို ကောင်မလေး က 
ပါတိတ်ဝမ်းဆက်အနီ ကျစ်ဆံမြီး နှစ်ဖက်ချ သနပ်ခါးအဖွေးသား ကောင်မလေးကို ပုခုံးဖက်ထားသောပုံကို အဖေက ကူးပေးအုံးမယ်ဆိုတော့ နွဲ့ ရီကတော့ ဆွေ့ ဆွေ့ ခုန်မတတ်သဘောကျနေရှာသည်။
 ပတ်ဝန်းကျင် အသစ်နေရာအသစ်ရောက်စမှာ ဂျုဂျုတယောက်ဘယ်သူ့ မှ သတိမရနေနိုင်ပါ ၊ အမေကတော့ ဈေးသွားတိုင်း နွဲ့ ရီကမေးရှာသည်တဲ့။ “ သတိရတယ် ပြောလိုက်ပါ အမေ“
လို့ စကားကြုံပါးယုံသာပါးနိုင်ပြီး ကျောင်းစာနှင့် အိမ်အလုပ်နှင့်လုံးချာလည်နေသည်။ 
ထိုအချိန်အတွင်းမှာ သူငယ်ချင်း အသစ်တယောက်လည်း တိုးလာသည်။ ကျဲကျဲ့ ဟုပဲခေါ်ကြသည် ။
သူက စီးပွားရေးဆိုင်ရာဘာသာကို ယူသူမို့  ဂျုဂျုနဲ့  မတူပေမယ့် အခန်းငှားတော့ တခန်းထဲနေဖြစ်သွားကြသည်။ ကျဲ့ ကျဲ့ က အမကြီးဆန်သည် ပြုစု စောင့်ရှောက်တတ်သည်။ 
အိမ်မှာလည်း သမီးအကြီးမို့ ကျဲ့ ကျဲ့ ခေါ်ရင်းက အိမ်နာမည်လို ဖြစ်သွားပြီး လူတိုင်းထိုသို့ ပင်ခေါ်ကြလေသည်။
ပထမနှစ်ဝက်တန်းပြီးတော့ ဂျုဂျုတို့ အသားကျလာပြီ အရင်ကလို အရုးမီးဝိုင်းမဖြစ်တော့၊ 
ကျဲ့ ကျဲ့ နှင့်လည်း ပိုရင်းနှီးလာကြသည်။ တယောက်အကြောင်း တယောက်သိလာသည်။ ကျဲ့ ကျဲ့ က ချမ်းသာသော တရုတ်စပ် မိသားစုက အကြီးဆုံးသမီးမို့ မိဘ လုပ်ငန်းဦးစီးရမည်။ နိုင်ငံခြားကျောင်းပို့ တယ်ဆိုတာလည်း ငယ်တုန်းလေး အတွေ့ အကြုံရအောင်တဲ့ ။
 ပြီးရင် ပြန်ပြီး ဆန်စက်တွေ ပွဲရုံတွေလုပ်ရမှာပဲဆိုတော့ ဂျုဂျုက တက်မနေပါနဲ့ ကျဲု့ ရယ် ပြန်လိုက်တော့ဟုပြောမိသည်။ 
အမယ် မဖြစ်ဘူး ဒါငယ်တုံးပေးလုပ်တာ ငါပိုင် အခွင့်အရေးတဲ့ ။
တနေ့ အိမ်ကို ဖုန်းဆက်တော့ အမေက စိတ်မကောင်းစရာ သတင်းပေးလေသည်။
 နွဲ့ ရီ ရွာပြန်သွားပီတဲ့ ။ အမေနဲ့ ဈေးမှာတွေ့ တော့ နွဲ့ ရီ့ အမေနေမကောင်းကြောင်းရွာမှာ တယောက်တည်းဖြစ်နေလို့ နွဲ့ ရီက ပြုစုဖို့ ပြန်ရမည်ဖြစ်ကြောင်းပြောပြသတဲ့ ။ အမေ့ကို ကန်တော့နုတ်ဆက်တော့ အမေက ဆေးဖိုးပေးတာလည်း မယူဘဲ မမလေးကိုသာ ပြောပြလိုက်ပါဟု မျက်ရည်လည်ရွဲနှင့်မှာသတဲ့ ။
အမေက ဂျုဂျု့ ဖုန်းနံပါတ်ပေးလိုက်သည်ဟုဆိုတော့ အမေရယ် ဘယ်လို လုပ်ဆက်တတ်မှာတုန်း အမေ့အိမ်ဖုန်းပေးလိုက်သလားဆိုတော့ ဟယ်မပေးလိုက်မိဘူးတဲ့လေ။ နွဲ့ ရီက ဘယ်ရွာပြန်မှာတုန်း ဆိုတော့ မြောင်းမြနားက ထန်းသုံးပင်ရွာဆိုလားတဲ့ တိကျသောလိပ်စာလည်းမရှိ။
သူ့ အ့မေနာမည်ဘယ်သူလည်းဆိုတော့အမေက စိတ်တိုလာပုံနှင့် ဟဲ့ဘယ်သိမလည်းတဲ့။
 ဂျုဂျုလည်း ဆက်မမေးချင်တော့ ပြန်တော့မှပဲ နွဲ့ ရီအဒေါ်ကို မေးပြီးသွား လည်တန်လည်ရမည်ဟုပဲတွေးလိုက်မိတော့သည်။ သေချာတာတော့ သူတို့ နှစ်ယောက် လွယ်လွယ်နဲ့  ပြန်မဆုံနိုင်ကြတော့ပြီ။
နောက်တလနေတော့ ပိုစိတ်ညစ်ဖွယ်သတင်းကြားရပြန်သည် ။ နွဲ့ ရီအဒေါ်ဆိုင်လည်း မရှိတော့ဘူးတဲ့ မြို့ သစ်တခုထဲ ပြောင်းသွားပြီး ထိုနေရာမှာပဲ ဖွင့်တော့တယ်လို့ အရင်ဈေးက ဆိုင်တွေကပြောသတဲ့ ၊ ဒီဘက်မှာ ဆိုင်ခတွေများလို့ မဖွင့်တော့ပါတဲ့။
 ဒီလိုနဲ့  ဂျုဂျုနဲ့ နွဲ့ ရီ ဇတ်လမ်း အစ ပြတ်သွားတော့သည်။
 နွဲ့ ရီမှာ ဂျုဂျု့ ဖုန်း နံပါတ်ရှိသည် ဆိုတာလေး ကလွဲလို့ သူတို့  အဆက်အစပ်မရှိတော့ပြီ။ တောက ကောက်စိုက်သမလေး တယောက် နိုင်ငံခြားရှိသူငယ်ချင်းကို ဖုန်းဆက်လာဖို့ ဆိုတဲ့ မျှော်လင့်ချက်က အတော့ကို ဝေးသည့်အရာသာဖြစ်လေတော့ ဂျုဂျုလည်း သက်ပြင်းချယုံမှ တပါး ဘာမှ မလုပ်တတ်ရှာတော့ပေ။
ဆက်ရန်
Vista
“ ကောက်စိုက်သမ တွေဘဝက တကယ်ကြမ်းပါတယ် မမလေးရယ် “
နွဲ့ ရီက ထိုသို့ ဆိုတော့ ၊ ကောက်ပင်ဆိုတာကို TV ထဲ တွင်သာမြင်ဖူးသည့် ဂျူဂျုက ငေးမောနေယုံသာ။
“ မနက်ဆို အစောကြီးထ ၊ သနပ်ခါးတွေလိမ်းရတယ် ၊ ထမင်းကြမ်းစားပြီးတာနဲ့လူစုပြီး ကောက်စိုက်သွားရတာ တနေကုန်ခါးချိအောင်စိုက်ရတာ“
နွဲ့ ရီက ဆက်ပြောပြန်လျှင် ကျေးရွာတွေ အကြောင်းရိုက်ထားသည့် ဗီဒီယိုရုပ်ရှင်များ
ထဲကလို နေမှာဟု ဂျူဂျုက စိတ်ကူးကြည့်တတ်လေသည်။
“ နင် တို့ ဟာက သနပ်ခါးကလည်း လိမ်းနေရသေးတယ် “ ဟု နားမလည်ပါးမလည်ပြောမိတော
့ နွဲ့ ရီက “ အမလေး ၊ လိမ်းသမှ အထူကြီးကို လိမ်းရတာတော့် ၊မလိမ်းလို့ ကတော့ နေပူတာနဲ့ တင် နွဲ့ ရီတို့ အသားတွေ ကိုအုန်းခိုင်လို ဖြစ်ကုန်မပေါ့ “ ဟု တသိမ့်သိမ့်ရယ်ရင်းပြောလျှင် ဂျူဂျုလည်း တဟားဟားရယ်မိသည်။ ကိုအုန်းခိုင်က ဈေးထဲက ဆန်ဆိုင် ကအလုပ်သမား ၊အသားကလည်းမည်းလိုက်တာမှ ကတ္တရာ့ ဘိုးအေ။
“နွဲ့ရီတို့တောသူမတွေထဲမှာမှ ကောက်စိုက်သမတွေ ဘဝက တကယ့်ကိုကြမ်းတာပါ “ ဟုထပ်ပြောပြန်လျှင်တော့၊ ကောက်စိုက်သူမဆိုတာ လူမျိုး တမျိုးလိုလို ထင်ချင်စရာဖြစ်ပြန်လေသည်။
ဂျူဂျု့ အမြင်မှာတော့  ကော့ကော့ သိပ်သိပ် မျက်တောင် ၊မျက်ဝန်းနက်နက် ၊ မျက်ခုံးထူထူ ၊ နုတ်ခမ်းဖူးဖူး သနပ်ခါးပါးကွက်ကြား၊ကျစ်ဆံမီးအတုတ်နှစ်ဖက်နဲ့ နွဲ့ ရီ က မြန်မာဆန်သောမိန်းမလှလေးသာ။
“ နင့်ဟာကလည်း တောသူမ၊ တောသူမ နဲ့ ငါ နဲ့ နင်နဲ့  တူတူပဲ ဘာကွာလို့ ခွဲပြောနေလည်း“
ဆိုမိတော့ နွဲ့ ရီက “ အမလေးတော့် မမလေးကလည်း ၊ ကွာတာပေါ့ မမလေးက မြို့ သူ၊
 မြို့ မှာမွေးတာတောင်မှ ရွှေလင်ပန်းအချင်းဆေး၊ အလုပ်ကြမ်းဆိုတာ နားလည်လို့ လား ။
 နွဲ့ ရီက တောမှာမွေးတာ ကောက်စိုက်သမ သေစာရှင်စာ ၅ တန်းတတ်တာ တောသူပေါ့ ကွာသမှအပုံကြီးပေါ့တော်ရဲ့  “  လို့ ဆိုပြန်တော့လည်း ဟုတ်သလိုလို။
“ နင် အဲဒီမမလေး ဆိုတာ မခေါ်စမ်းဘာနဲ့ လို့ ဘယ် နှစ်ခါပြောရမတုံး ၊ နင့်ဟာက ဗီဒီယိုထဲက
အိမ်ဖော်ကို မင်းသမီးက ခေါ်လို့ ထူးတာကျနေတာပဲ ၊ ဟဲ့ နွဲ့ ရီ ဆိုပြီးခေါ်တော့ .. ရှင်မမလေး လာပါပြီ ပြန်ထူး သလိုလေ “  ဂျူဂျုက ဒီလိုပြောမိတော့ နွဲ့ ရီက တဟိဟိရယ်ပြန်သည်။
နွဲ့ ရီက ဂျုဂျုလို့ ခေါ်ရတာထက် မကြိုက်ပါဘူးဆိုသည့် မမလေးကိုခေါ်ရတာ ပိုအာတွေ့ နေသည်။
အမှန်တော့ နွဲ့ ရီက ဂျုဂျု ထက် ၁ နှစ်ကြီးသေးသည်။ နွဲ့ ရီက ၁၇ ၊ ဂျုဂျု က ၁၆နှစ်။
သူတို့ ချင့်း သိတာ ၁ နှစ်ကျော်လာပြီ။
အခြားသော ဆယ်ကျော်သက်တွေ အချင်းချင်း သိကြတွေ့ ကြသလို ကျောင်းတက်ဖော်၊ ကစားဖော်၊ သင်တန်းဖော် မဟုတ်ကြဘဲ မည်သို့ မျှ မအက်စပ်သောဘဝတွေပိုင်ဆိုင်သည့်
 ကလေး ၂ ယောက်တွေ့ ဆုံမှုဖြင့် ခင်မင်ခဲ့ကြသည်။
သူတို့ တွေ့ ဆုံမှုကို စဦးဆုံး ပံပိုးပေးသူက ဂျုဂျု့ ဖေဖေ။
မြစ်ဝကျွန်းပေါ်ဒေသမှ အတော်ကြာနေခဲ့ဖူးသည့် ဖေဖေ က ဟင်္သာတမုန့် ဟင်းခါး ကို အသည်းစွဲ။
 နွဲ့ ရီ ဝမ်းကွဲအဒေါ်ကလည်း ဈေးထဲမှာ မုန့် ဟင်းခါးဆိုင်ဖွင့်ထားပြီး သူ့ လက်ရာက ဖေဖေ့ အဆိုအရ ဆိုင်းပုတ် တပ်မထားပေမယ့် တကယ့်ဟင်္သာတမုန့် ဟင်းခါးအရသာတဲ့။
ဟင်္သာတမှာချက်သည့်မုန့် ဟင်းခါးလည်း မစားဖူးတဲ့ ဂျုဂျု့ အတွက်တော့ ဘာမှ မထူးပါ ၊
ဒါပေမယ့် အမေကတော့ ဈေးအပြန်တိုင်း ဖေဖေ့အတွက် ထိုဆိုင်မှ မုန့် ဟင်းခါးဝယ်မြဲ။
နွဲ့ ရီက ရွာမှာ ကောက်စိုက်ရတာပင်ပန်းသည့်အပြင် မြို့ မှာပိုက်ဆံပိုရသဖြင့် ရန်ကုန်တက်လာပြီး
အဒေါ့်မုန့် ဟင်းးခါးဆိုင်မှာလာကူလုပ်ပေးသည်။ မနက်ဆို မုန့် ဟင်းခါး ကူချက် ၊ဆိုင်ကူထိုင် ပွဲပြင်ပေး ပန်းကန်ဆေး ၊ ညနေဆို သူတို့ နေတဲ့ ရပ်ကွက်က ကုန်စုံဆိုင်သိမ်းတာကူပေး ၊နောက်နေ့ အတွက် အထုပ်တွေပြင်ကူထုတ် ပေး ၊ ညကျတော့စက်ချုပ်ဆိုင်က လက်ချုပ်လိုက်ကူ သည်တဲ့။
နင့်ဟာကကောက်စိုက်တာလောက်ပိုက်ဆံရရဲ့လားဆိုတော့၊အမလေး အဲလောက်ကတော့အသာလေးရတာပေါ့တဲ့။မြို့မှာပင်ပန်းတယ်ဆိုတာတောသမတွေ အိပ်နေသလောက်ရှိတာတဲ့။
“ အမှန်တော့ အမေက သိပ်နေကောင်းတာမဟုတ်ဖူး ၊ နွဲ့ ရီက ပိုက်ဆံအရနည်းလို့ကောက်မစိုက်ချင်လို့ ၊ ဒီမှာပိုက်ဆံစုပြီးရင် ရွာပြန်ပြီးတော့ ကုန်စုံဆိုင်လေးဖွင့်မှာတော့် ၊ နွဲ့ ရီ အမနန်း ဆီက ဆိုင်ဖွင့်တာတွေ သင်ထားတယ်“ ဟုပြောလေသည်။
 အမနန်းက နွဲ့ ရီတို့ ရန်ကုန်မှာနေတဲ့ ရပ်ကွက်ထိပ်က ကုန်စုံဆိုင်ပိုင်ရှင်ဖြစ်သည်။
နွဲ့ ရီနေမကောင်းသဖြင့် ကားနဲ့ အိမ်လိုက်ပို့ ပေးစဉ်က သူတို့ လမ်းထိပ်က ဆိုင်မှာ မြင်ခဲ့ဖူးသည်။
ဂျူဂျုကတော့ ၁၅ နှစ်ထဲက ကားမောင်းသူ။ ဒရိုင်ဘာ ဆိုတာက ဖေဖေ၊ မေမေနဲ့  မမအတွက်သာ ။
သူမအတွက်တော့ ကိုယ့်ကားကိုယ်မောင်းရတာပဲ စိတ်သွားတိုင်းကိုယ်ပါသည်။
ပုံမှန်မဟုတ်သော ကျုရှင်ချိန်တွေ အတွက် ကားသမားအလာကို စောင့်ရတာလောက်စိတ်ဆင်းရဲရတာမရှိ။
အစပိုင်းတော့ အိမ်က ကန့် ကွက်ကြသေးသည်။ ငယ်လွန်းသည် လိုင်စင်မရှိသေး ဘာညာနှင့်။
နောက်တော့ ဒဂုံမြို့ သစ်မှ လာရသော ကားဒရိုင်ဘာနှင့် သူမ၏နောက်ဆုံးအချိန်မှ ပြောင်းပြောင်းသွားတတ်သော ကျုရှင်ချိန်များနှင့် ညှိ မရတော့သည့်အခါ ၊ ဖေဖေက ကားမောင်းခွင့်ပေးလိုက်တော့သည်။ ထိုအခွင့်မရခင် ဖေဖေ့ ကားမောင်းလိုင်စင် စာမေးပွဲကို ၄ ရက်တိတိဖြေရသည်။ပထမရက်က မြို့ ထဲတွေ ဖေဖေနှင့်လိုက်မောင်းပြရသည်။ နောက်ရက်တွေကတော့ ပါကင်ထိုးပြရခြင်းဖြစ်သည်။ အားလုံးစိတ်တိုင်းကျပြီ ဆိုမှ ဖေဖေ့လိုင်စင် ကိုရသွားတော့သည်။
ဒါပေမယ့် ငယ်လွန်းသည်မို့ တယောက်တည်း လွှတ်ခဲလှပါ သည်။ မေမေက အမြဲပါတတ်သည်။
ငယ်နှောင်းလွန်းတာသိသာလှသောဂျုဂျူ  တယောက်တည်း ကားမောင်းသွားတိုင်းမှာ ရဲကတားကာ လိုင်စင်စစ် တတ်သောကြောင့်လည်းဖြစ်သည်။
နောက်တော့ မေမေလည်း ဈေးသွားတိုင်း ဒရိုင်ဘာ ဂျုဂျုနဲ့ ပဲသွားတော့သည်။
ဈေးခြင်းဆွဲလိုက်ရတိုင်းမှာ မေမေကလည်း အမြန်ဝယ်ပါဗျာ ပျင်းစရာ ဘာညာနှင့် ဂျီကျတတ်သော ဂျုဂျုကို နောက်တော့ မေမေက ဈေးဝက နွဲ့ ရီတို့ မုန့် ဟင်းခါးဆိုင်မှာ ထားခဲ့တတ် သည်။
ကားကို လမ်းတဖက်က ညောင်ကြတ်ပင် အောက်ရပ်ခဲ့ပြီး နွဲ့ ရီတို့ ဆိုင်မှာခုံတလုံးနှင့် ထိုင်နေတတ်သောဂျုဂျုကို အနည်းဆုံး တပတ်မှာ ၃ ရက်လောက် တွေ့ ရပေမည်။
ထိုနည်းနှင့် ဂျုဂျုနှင့်နွဲ့ ရီ တွေ့ ဆုံခင်မင်ခဲ့ကြသည်။
“ ငါက ကောက်ပင်ဆိုတာ အပြင်မှာ တွေ့ တောင် မတွေ့ ဖူးဘူး“ ဟု ပြောမိတော့
နွဲ့ ရီက သနားစရာ သတ္တဝါကို ကြည့်နည်းဖြင့် ဂျုဂျု့ အားကြည့်လေသည်။
-----------
နွဲ့ ရီပြောသော ကောင်ပင်၊ စိုက်ထုံး ၊ ကောက်လှိုင်း ဆိုတာတွေ ကိုတခုမှ မမြင်ဖူးပေမယ့်
ဂျူဂျုက စိတ်ကူးပုံဖော်ကြည့်သကဲ့ သို့ သူမပြောသည့် GCE O , A level , IELTS
ဆိုတာတွေလည်း နွဲ့ ရီက မသိပေမယ့် နားထောင်ရှာသည်။
ဆိုင်မှာ လူတွေကျနေ၍ စကားလာမပြောနိုင်လျှင် ဂျုဂျူက နွဲ့ ရီနားသွား ထိုင်ကာ
သူမလုပ်တာတွေငေး ရင်ငေး ၊မဟုတ်ရင် စာဖတ်နေတတ်သည်။
မုန့် လာစားသော လူများက ကော်ကိုင်းမျက်မှန်အမည်း ယောကျာ်းလေး ဆန်ဆန် ဆံပင်တိုတိုနှင့်တီရှပ် ဘောင်းဘီ အမြဲဝတ်တတ်သော ဂျုဂျု့အား နွဲ့ ရီကို လာပိုးနေသည့် ကောင်လေးဟုထင်ကြသေးသည်။
တခါကလည်း မုန့် လာဝယ်သောအဖွားကြီးတယောက်က နွဲ့ ရီနားကပ် ၍ တိုးတိုးလေး ဘာစပ်စုတယ်မသိ ၊
နွဲ့ ရီက ဂျူဂျုပါ ကြားအောင် “ အဲဒါ ကောင်လေးမဟုတ်ဘူး အဖွားရဲ့  ကောင်မလေးတော့် “
ဟု ခပ်ကျယ်ကျယ်ပြောလိုက်တော့ အဖွားကြီးက “ခေတ်ကာလသားသမီးတွေများ လိုက်မမှီပေါင်တော် မိန်းမမှန်းမသိယောက်ျားမှန်းမသိ“  ဟု ရှက်ရမ်းရမ်းပြီး အငေါ်တူးသွားတာ ခံရဖူးသည်။
ဂျူဂျုက တော့ နဖူးပေါ်အုပ်ကျလာသည့်ဆံပင်တိုလေးများကို မျက်မှန်ကိုင်းလွတ်အောင်ခါထုတ်လိုက်ရင်း
နွဲ့ ရီကို မျက်စိတဖက်မှိတ်ပြမိသည်။  နွဲ့ ရီ နှင့်သူမ က ခင်မင်၍နေပေမယ့် အကျင့်စရိုက် အသွင် အကုန်တခြားစီ၊ ဂျူဂျုက ယောက်ျားလေးဆန်ရဲတင်း ပွင့်လင်းသလောက် နွဲ့ ရီက ရှက်တတ်သည်။ နေမကောင်းရင် လည်း အမျိုးသားဆရာဝန်ထိုင်သည့်ဆေးခန်းဆိုမပြရဲ။ မတတ်သာလို့ ပြရလျှင်လည်း မေးမြန်းသမျှကို ပွင့်လင်းစွာမပြောရဲ၊ အမျိုးသမီးဆရာဝန်ထိုင်သည့်ဆေးခန်းမှာပြမှ သူ့ မှာအဆင်ပြေသည်။ 
တခါကလည်း အမျိုးသမီး ကိစ္စဖြစ်၍ သေလုမျောပါး ဗိုက်အောင့်နေပြီး တက်ချက်မတတ်ဖြစ်နေတာကို ဈေးနားက ဆေးခန်းက ယောကျာ်းဆရာဝန်မို့ မပြဘဲအောင့်ခံနေလေသည်။
ဂျုဂျုလာတော့ မှ နွဲ့ ရီ အဒေါ်က ပြောပြ၍သိရသည်။ နွဲ့ ရီမှာ ဖြူဖပ်ဖြူရော်ပင်ဖြစ်နေလေပြီမို့  ၊သူမက ကားနဲ့ တင်ပြီး တလမ်းကျော်က ဆေးခန်းသွားပို့ ရသည် ၊ ကံဆိုးချင်တော့ ထိုအချိန်ထိုင်တာကလည်း ယောကျာ်းဆရာဝန်ဖြစ်လို့ နေပြန်သည်။ နွဲ့ ရီကို ဘယ်လိုမှ ကားပေါ်က ဆွဲချမရသည်မို့ သူမပဲ ဆေးခန်းထဲဝင်သွားသည်။ အကြောင်းစုံပြော အပြီး ဆရာဝန်က ဘယ်လိုနာသလည်းမေးမြန်းတော့မှ ဂျူဂျုက “ အမှန်တော့ ကျနော်ဖြစ်နေတာမဟုတ်ဘူး ဟိုကားပေါ်မှာ ကောင်မလေး ပါလာတယ် သူဖြစ်နေတာ ၊သူက ရှက်လို့မပြရဲဘူးဆိုလုပ်နေလို့ ကျနော်က တဆင့်ပြောပြတာ အဲဒါ ဆေးလေးဘာလေးပေးလိုက်ပါဆရာ “ ဆိုတော့ ဆရာဝန်လေးခမျာမှာ ရယ်ရမလိုငိုရမလိုဖြစ်ရသေးသည်။
နောက်တော့ ဆေးပေးလိုက်ပြီး သူ့ ဆေးခန်းမှာ ကုန်နေသော ဆေးတမျိုးကိုတော့ ဆေးဆိုင်မှာဝယ်သောက်ရန်ရေးပေးလိုက်ရာ ၊ ဂျူဂျု ဝယ်နေကြဆေးဆိုင်မှာပဲ သွားဝယ်ဖြစ်သည်။
ထိုဆေးဆိုင်က သူမဘော်ဒါ အကိုကြီးတွေက ဆိုင်ရှေ့ ခပ်လှမ်းလှမ်းက ရပ်ခဲ့သော ကားပေါ်လှမ်းကြည့်ရင်း “ အမယ် ဘယ်က စိုးစန္ဒာထွန်းလေး တင်လာသတုံးကွ “ ဆိုတော့
“ အဟဲ၊ ကျနော် ဘော်ဒါပါ ချောတယ်မဟုတ်လား “ ဟုပြောပြီး  ရယ်ရယ်မောမောနှင့်ဆိုင်က ထွက်လာ ကားပေါ်ရောက်တော့ “ ရော့ နင့်ဆေးတွေ ခုသောက်လိုက် နောက်မှာရေဘူး “ ဆိုတာကိုတောင် မသောက်နိုင်သေးဘဲ  “ ဟဲ့ ဟိုလူတွေ နဲ့ ဘာပြောနေတာလည်း ငါ့ကို ကြည့်ပြီးတော့ “
 လို့ မေးနေသေးတော့ ဂျူဂျုက  စချင်တာနဲ့  “ သြော် ဒီ ဟိုဒင်းအကိုက်ပျောက်ဆေးက
ဘယ်သူ့ တွက်လဲဆိုလို့ နင့်တွက်လို့ ပြောနေတာ “ ဟု စလိုက်တော့ နွဲ့ ရီမှာ ရှက်မဆုံးနိုင်တော့ပေ။
အတော်လေးကြာမှ အလကားစတာ ဆိုတော့ ဂျူဂျု့ ကို စိတ်တိုနေလေသည်။
ဒီလောက်အရှက်ကြီး သော နွဲ့ ရီက ဂျုဂျု့ အတွက် လူတယောက်နဲ့ နင်ပဲငဆ ရန်ဖြစ်ယုံမက ကိုယ်ထိလက်ရောက် ရိုက်နှက်တာပါခံသည်ဆိုသည်မှာ မယုံနိုင်စရာ ကောင်းပေမယ့် တကယ့်ကို ဖြစ်ခဲ့လေသည်။
ဆက်ရန်
Vista
သူတံခါးဘက်ရောက်အောင်ပြေးပေမယ့် မမှီတော့ဘူးကျုပ်က သူ့ နားရောက်နေပြီ
 သူ့ ကို နောက်ကနေဆွဲဖမ်းလိုက်တယ် ။သူလေးကလည်း အတင်းရုန်းသေးတယ်။ ကလေးအားနဲ့ လူကြီးအား ဆိုတော့ဘယ်ရုန်းလို့ ရမလဲ ။
 ကျုပ်က နောက်က သိုင်းချုပ်ထားလိုက်မှ ရပ်သွားတယ်။ 
ကျုပ်ရဲ့  မီးကျိုးမောင်းပျက် အင်္ဂလိပ်စကားနဲ့သူ့ ကိုပြောရတယ်။
မင်းကို ဘာမှ မလုပ်ဘူး မကြောက်နဲ့ ငြိမ်ငြိမ်နေပေါ့ ။ 
ကျုပ်ပြောချင်တာက တခြား ပြောမိတာက တခြားလားတော့မသိပါဘူး ၊
ကျုပ်မှ သေချာမပြောတတ်ဘဲ။ သူလေး ငြိမ်သွားတော့မှ 
ကျုပ်က ချုပ်ထားတာ လွှတ်ပေးလိုက်တယ်။
 အနောက်ကနေ လက်တဖက်ကိုတော့ ကိုင်ထားသေးတာပေါ့ ။
 အဲဒီအချိန်မှာပဲ သူလေးက မထင်မှတ်ထားတာကို လုပ်ချတော့တာလေ။
ကျုပ်သတိမထားမိလိုက်တာက အနားမှာရှိတဲ့ ပန်းကန်ဆေးကန်ဘေးနားမှာ chef knife
လို့ ကျုပ်တို့ စားသောက်ဆိုင်မှာခေါ်တဲ့ ဓါးကြီး တခုတင်လျှက်သား ရှိနေတာပဲ။ 
သူကလေးက အဲဒီ ဓါးကိုဖြတ်ကနဲ ဆုတ်လိုက်ပြီး ကျုပ်ကို နောက်ပြန်လှည့်ထိုးလိုက်တယ်။
ဒီဓါးမျိုးက အလေးချိန်လည်းရှိ၊ ထိပ်လည်းချွန်၊ ထူလည်းထူတော့
 ဘောင်းဘီအထူကိုတောင်ဖောက်ဝင်ပြီး ပေါင်ရင်းအောက်ဖက်ကိုစူးဝင်သွားတယ်။
ကျုပ်လည်း လန့် ပြီး အော်ရင်း ဒူးခွေကျသွားတော့ သူ့ ကိုလွတ်လိုက်မိရက်သားဖြစ်တာပေါ့။
အဲဒီအချိန်မှာပဲ ဒေါင်ကနဲ ကြားလိုက်ရပြီး ကျုပ်မျက်လုံးတွေ ပြာထွက်သွားတာပဲ။
လူလည်း မီးဖို ကြမ်းပြင်ပေါ် ပက်လက်လန်လဲသွားတယ် ၊ မလဲခင်မှာဘဲ သိလိုက်ပါတယ် ဒီကောင်မလေးက ကျုပ်ကို ဖင်ထူတဲ့ စွပ်ပြုတ်အိုးနဲ့ ဆော်ထည့်လိုက်ပီဆိုတာကိုပဲ ။
ကျုပ်က မူးမေ့တော့ မသွားပါဘူး ဒါပေမယ့်အတော်လေးဝေတေတေဖြစ်သွားတယ် ၊ 
တခါထဲလည်း သင်ခန်းစာရသွားပါတယ်လေ။ ချောင်ပိတ်မိနေတဲ့ ကလေးတယောက်ဟာလည်း ကောင်းကောင်းဒုက္ခပေးတတ်တယ်ဆိုတာကိုပေါ့။ 
ကျုပ်က ဘာလုပ်ရဘာကိုင်ရမှန်းမသိခင်မှာ ချာတိတ်မက အကွက်စေ့စေ့ဆော်သွားလိုက်တာ။ 
နောက် ပိုလှစ်တာတခု ရှိသေးတယ် ကျုပ်လဲနေတုံး ခေါင်းစွပ်ကို ဇတ်ကနဲ ဆွဲချွတ်လိုက်ပြီးမှတံခါးဝကိုပြေးတာပဲ။
သွားပါပြီလို့ ကျုပ်တွေးလိုက်တယ် သူကျုပ်မျက်နှာကို မြင်သွားပြီလေ။ 
အဲဒီအချိန်မှာပဲ ကောင်မလေးက တအံ့တသြနဲ့ 
“ဟယ် Emmanuel “တဲ့။ အပြေးလည်းရပ်သွားတယ်။
အဲဒီတုံးက ကျုပ်လန့် သွားတာများ မူးတာတောင် ပျောက်တယ်။
ကျုပ်နာမည်ကို သူက သိနေရတယ်လို့ ။
“ ဘာဖြစ်လို့ အဲလို လုပ်ရတာလဲ “ တဲ့ မျက်မှောင်လေးကြူတ်လို့ ။
ကျုပ်တို့ စကားလည်း ကောင်းကောင်း ပြောတတ်သားပဲ။ 
“ မင်းငါ့နာမည် ဘယ်လိုသိလည်း “ ကျုပ်က လဲနေရာက ထမယ်ကြံရင်းမေးတော့
“ ဒါခဏထားလိုက် ခုဆေးခန်းအရင်သွားရမယ် တဲ့ ။
အဲဒီတော့မှာ ကျုပ်သတိထားမိတယ် ပေါင်က ဒါဏ်ရာက
 သွေးတွေစီးကျနေတာကြမ်းမှာတောင် အိုင်နေပီ။ နာတာလည်းအတော့်ကို ပဲ။
ကောင်မလေးက လက်ထဲက အိုးကို ချလိုက်တယ်။
ဘေးတန်းမှာ တင်ထားတဲ့ လက်သုတ်ဝတ်အကြီးကို လှမ်းပေးပီး
“ ခင်ဗျားပေါင်ကို စည်းလိုက် ၊ ပြီိးရင် အဲဒီနားကနေထပြီး ဟိုခုံမှာ သွားထိုင်နေ ဒီမီးဖိုထဲက သွေးတွေသုတ်ခဲ့ရမယ် . မေမေပြန်လာရင်လန့် နေမယ် “ စသဖြင့် စီမှံတယ် ။
 ကျုပ် က အံ့သြ မပြေ ပဲ မူးတဝက် ကြောင်တဝက်မှာ သူက သွေးတွေကို
 ကြမ်းသုတ်တဲ့  တုတ်နဲ့ သုတ်ပြီးဆေးလိုက်တယ် နောက် အပေါ်ထပ်ကိုတက် ကျောပိုးအိတ်လေးလွယ်ပြန်ဆင်းလာ 
အနွေးအကျီလေးထပ်ဝတ်လို့  မီးဖိုထဲခေါင်းပြူပြီး  
“ လာလေ ဆေးခန်းသွားမယ် “ 
တဲ့ .. လူကြီးလေးလို ပြောသေးတယ်။
ကျုပ်လည်း ဖြစ်သမျှ အကြောင်းအကောင်းပဲ ဆိုပြီးလိုက်သွားလိုက်တယ် ။
 ခုထိသူ အရေးပေါ်အလန်းကို မနှိပ်သေးတာရယ် ကျုပ်နာမည်ကို 
ရင်းရင်းနှီးနှီးခေါ်လိုက်တာရယ်ကို ကြည့်ပြီး 
 စိတ်တော့ နည်းနည်းအေးသွားတယ်ပေါ့။
သူက ရှေ့ က ကျုပ်ကနောက်ကပေါ့ တက်စီတစီးတွေ့ လို့ 
လှမ်းတားပြီးဆေးခန်းသွားကြတယ်။ ဆရာဝန်က ကျုပ်တို့ လူမျိုးပါပဲ
 ကောင်မလေးက ပိုက်ပြင်ရင်းနဲ့  ထိသွားတယ်ပေါ့ ဆိုပြီးပြောတယ်။
 သူလေး လည်ပတ်ပုံကတော့ ချီးမွမ်းစရာပါပဲ ကျုပ်ကတော့ ပါးစပ်ဟောင်းလောင်းနဲ့ ပေါ့။ ဆရာဝန်မေးတော့ ကျုပ်က လည်း ယုတ္တိရှိအောင်ပြောရတာပေါ့ ။ 
ဆေးခန်းက ထွက်လာတော့ ကောင်မလေးက ရေခဲမုန့် စားကြမယ်တဲ့ ။ ကျုပ်ကလည်း ထော့ကျိုးထော့ကျိုးနဲ့ လိုက်သွားတာပေါ့ ။
ရဲစခန်းသွားကြမယ် မဟုတ်ရင် ပြီးတာပဲဟာ။
ရေခဲမုန့် တယောက်တခွက်နဲ့  အနားက ပန်းခြံမှာ ထိုင်စားရင်း 
ခွက်တဝက်ကျိုးတော့မှ ကောင်မလေးက  
 ဒီလိုလုပ်တာ ခင်ဗျား မကြောက်ဘူးလားတဲ့ ။
ကျုပ်က ပြန်မေးရတာပေါ့ 
” မင်းကမှ မကြောက်ဘူးလား ၊ သတ္တိရှိလိုက်တာ ငါ့ကိုဆော်ထဲ့သွားတာတွေ ” 
ဆိုတော့ ” သိပ်ကြောက်တာပေါ့ ကြောက်လွန်းလို  မူးတောင်မူးလဲချင်တာ
အဲဒါ့ကြောင့်ခု ရေခဲမုန့် စားနေရတာ ” တဲ့။ 
သူက လုပ်စရာရှိတာ အရင်လုပ်နောက်မှ ကြောက်ဆိုတဲ့ အစားထဲကထင်ပါရဲ့ ။
မင်းငါ့ကို ဘယ်လို သိသလဲ ဆိုတော့ မှ သူက
 “ ဟိုနေ့ က ခင်ဗျားတို့ ကုမ္ပဏီက လူပါလာတယ်မှလား  
 အမေနဲ့ စကားပြောကြတယ် အဲဒါအပေါ်ထပ်က ကြားနေရတယ်တဲ့။
သူတို့  စိးပွားရေးကြပ်လို့ လူလျှော့မယ့် အကြောင်း တွေပြောရင်း 
ခင်ဗျားတို့ ပါပါတယ်တဲ့ ပြောပြ တယ် ခင်ဗျားမိန်းမက လည်း နေမကောင်း ၊
ကလေးတွေပိစိတွေနဲ့ တဲ့ သူ က သိပ်စိတ်မကောင်းဘူးပေါ့။ 
ဒါပေမယ့် သူမှမတတ်နိုင်တော့ ခုလို နောက်ဆုံးလ မှာ 
အလုပ်ရှိတာလေးတွေ ကို ထည့်ထည့်ပေးရတာတဲ့ ။ တတ်နိုင်သလောက် ကူညီတယ်ပေါ့ ။ 
ဒါ့ကြောင့် ခင်ဗျားမှန်းသိတော့ အခက်တွေ့ လို့ လုပ်မှန်းသိတာပေါ့ “ တဲ့။
ကျုပ်မှာ မယ်မင်းကြီးမလေးကို ထိုင်ပဲရှိခိုးရမလိုပဲ ။ 
သူက ကျုပ်အကြောင်းပြောပြပါ ဆိုတော့ ကျုပ် ပြောပြလိုက်တယ် ။
စကားဆုံးတယ် ဆိုရင်ပဲ သူက ခင်ဗျား နယ်ပြန်သွားပါလားတဲ့။
ဒီမှာ ဒီလောက်ကြပ်နေတာ မြို့ ဆိုတာ အလုပ်ရှိမှ စားရတာမဟုတ်လားတဲ့။
ကျုပ်က အတင်းငြင်းတာပေါ့  ကျုပ်အဖေအကြောင်းကျုပ်သိတယ် ၊
 သူ့ ကို အောက်ကျို့ မယ့်အစားအသေခံမယ် စသဖြင့်ပေါ့ ။ 
သူလေးက ကျုပ်ကို စိုက်ကြည့်ပြီး ကလေးတွေ အတွက် 
ဒုစရိုက်တောင်လုပ်မယ်ကြံသေးတာ မိဘကို အောက်ကျို့ ရတာက
 သိပ်မဆိုးဘူးမဟုတ်လားတဲ့။ ဒီနေ့ သာ တခြားအိမ်ဖြစ်လို့  ရဲစခန်းရောက်ရရင် 
အခုလောက်ဆို ဘဝတွေ ဆိုးနေပြီ မဟုတ်လားတဲ့။ 
ကျုပ်လည်း ပြောစရာ စကားရှာမရဘူး။ ရေခဲမုန့် ခွက်ကိုပဲ စိုက်ကြည့်နေမိတယ် ။
လူကြီးကို ကလေးက ချက်နဲ့ လက်နဲ့ ပြောလို့ ကျုပ်မှာကြက်နာကြီးငိုင်သလိုငိုင်နေရတယ်။ 
သူလေးက ကျုပ်အိမ်ကို ဖုန်းအတင်းဆက်ခိုင်းတယ်။
 ပေကပ်နေလို့ မရတဲ့ အဆုံးမှာကျုပ်ဆက်ရတယ် ။
ကျုပ်တို့ လယ်ထဲက အိမ်မှာ ဖုန်းမရှိဘူး ရွာထဲက ဘုန်းကြီးကျောင်းကိုပဲ ဆက်ရတာ။
 အနည်းလေးတော့ အကျိုး အကြောင်း သိရအောင် ဆက်တဲ့ ကလေးမက ပြောတယ်။ 
ကျုပ်ဘဝ ဆိုးချက်များ ဖုန်းဆက်စရာ အကြွေစေ့တောင် မရှိဘူး ။ သူလေးက ပေးရတယ်။ ဘုန်းကြီးကျောင်းက ဖုန်းကဟိုတုန်းကတော့ တလမှာ
 ရက် ၂၀ လောက်က ပျက်နေတတ်တာဆိုတော့ ကျုပ်က ဖုန်းပျက်နေပါစေ
 မကိုင်ပါစေနဲ့ ဆုတောင်းတယ၊် မပြည့်ပါဘူး ၊ 
ဘုန်းကြီး အဲလက်ဇီ ရဲ့  “ဟလို “ အသံကြားလိုက်တော့ ကျုပ်အတော်စိတ်ညစ်သွားတယ်။ 
ဘုန်းဘုရား Emmanuelပါ “ ဆိုတာ
နဲ့  အလန့် တကြား အော်လိုက်တာများ လန့် များတောင်သေလောက်ရဲ့ ။
ဘုန်းကြီးက ပြောနေတာတွေက ပလုံးပထွေးနဲ့ များလွန်းလို့
ကျုပ်မှာ နားလည်အောင် မနည်းလိုက်ဆက်စပ်ယူရတယ် ။
 နောက်ဆုံးမှရှင်းသွားတာက လွန့် ခဲ့တဲ့ တနှစ်က ကျုပ်အဖေ
ဆုံးသွားပြီး အမေက တယောက်တည်း ခြံတွေကို မနိုင်ဘူးတဲ့။ 
ကျုပ်ကို တတ ပြီး ငိုနေသတဲ့ ။ နောက် ကျုပ်တို့ အိမ်မှာ ဖုန်းရှိပီတဲ့။
 ဘုန်းကြီးက ဖုန်းနံပါတ်ပေးတယ်ခုချက်ခြင်း ဆက်ပါတဲ့ ။ 
ကျုပ်ဖုန်းချ ပြီး ငိုင်နေတော့ ကလေးမက အကြွေစေ့ တွေ လက်ထဲ ထပ်ထည့်ပေးတယ် ဆက်လေတဲ့ ။ ဘုန်းကြီး အသံဘယ်လောက်ကျယ်တယ်မသိဘူး ဘေးကလူတောင် ကြားရတယ့်အဖြစ်။
ကျုပ်က ဖုန်းကိုင်ရင်း ရင်ခုန်နေမိတယ် အမေ့အသံမကြားရတာ ၁၀ စုနှစ်တခုမကရှိခဲ့ပြီကိုး ။
အားကိုးရမလား နောက်လှည့်ကြည့်တော့ ချာတိတ်မမရှိတော့ဘူး။
 ကျုပ်ဟိုဒီ လှည့်ရှာတော့ သူက လမ်းဘေးက တွန်းလှည်းနဲ့ ရောင်းတဲ့ သစ်အယ်စေ့လှော်ဆိုင်ရောက်နေတယ်လေ ။
 အမေ့က ဖုန်းကိုင်ပြီး “ဟလို “ဆိုတာနဲ့  ကျုပ် ရင်ထဲ ဆို့ လာတယ် “ အမေ“ ဆိုတော့ အသံတိတ်သွားတယ် အကြာကြီး ပဲ အမေငိုနေတာ ကျုပ်ကြားနေရတယ် ။
 နောက်တော့ “ အမေ Emmanuel လေ “ ဆိုပြန်တော့ “ ခုချက်ခြင်းပြန်လာခဲ့တဲ့ ။
ကျုပ်က “ အမေကျုပ် မိန်းမရနေပြီ ကလေး တွေလည်း ရနေပြီ ကျုပ်.“ 
စကားမဆုံးသေးဘူး “ ခုချက်ခြင်း ပြန်လာခဲ့တဲ့ “ ဒါပဲ ထပ်ပြောတယ် ။ 
“ နင်ပြန်မလာရင် ငါတို့ ဘိုးဘွားစဉ်ဆက် လုပ်လာတဲ့ လယ်တွေ ဆုံးတော့မှာ၊ 
သူရင်းငှားတွေက ငါ့ကိုလိမ်ကြတယ် အမယ်အိုကြီး လင်မရှိ သားပစ် 
ဆိုတော့ ဘယ်လေးစားတော့မလဲတဲ့ “
 ကျုပ်ရင်ထဲ ဆို့ သွားတယ် ။
 နောက် တော့ကျုပ်အားတက်လာတယ် အမေ့ ကို ဒုက္ခပေးရအောင်ပြန်မှာ မဟုတ်ဘူး ။ 
အမေ့ ကို ကူညီဖို့ ပြန်ရမှာ ကျုပ်အဆင်ပြေနေတယ်ဆိုရင်တောင်မှ အခုလိုအမေဒုက္ခရောက်ချိန်မှာပြန်ကိုပြန်ရမှာ ၊
ကျုပ်ကမလုပ်ချင်လို့ သာ ခြံကို ကောင်းကောင်းလုပ်တတ်တယ်။
ကျုပ်လုပ်တတ်တာ နဲ့ အမေ့ကို ကူရမှာ ။
 နောက်ဆုံးတော့ ကျုပ်ပြန်လာမယ်လို့ ပြောလိုက်တယ် ။
 ဒီည ရထားနဲ့ ပဲ ပြန်လာမယ်လို့  .. ကျုပ်တို့ ဆီကို နောက်နေ့ နေ့ လယ်ရောက်မယ် ။ 
ကျုပ်တို့ ဆီဆိုတာ ကျုပ်တို့ ရွာနဲ့ အနီးဆုံး ဘူတာကိုပြောတာ၊ 
အမေက သစ်သီးတင်ကားနဲ့ လာခေါ်မယ်တဲ့ ။ အမေ့အသံရွှင်ပြနေပုံများ ပြောမပြတတ်အောင်ပဲ။
“ သိရစေ့မပေါ့ အလိမ်ကောင်တွေရယ် ငါသားပြန်လာတော့မယ်ဟဲ့ ”
လို့ကျိန်းဝါးသံကြားတော့ ကျုပ်မျက်ရည်တောင်ကျ မိတယ် ။ 
အမေက တော့ ထုံးစံအတိုင်း ဘုရားသခင်က သူ့ ဆုတောင်းကို 
လစ်လျှူမပြုဘူးဆိုပြီး တဖွဖွ ပြောပြန်တာပေါ့ ။ 
 ဖုန်းချ လိုက်တော့ ကျုပ်မျက်နှာမှာ မျက်ရည်တွေ နဲ့  ။ ဖုန်းရုံအနားမှာလည်း သစ်အယ်သီးမီးလှော်နဲ့ တထောင်းထောင်းနဲ့ ကလေးမက စားလို့ ကျုပ်ကို ပြုံးကြည့်နေသေးတယ်။
ကျုပ်ကတောပြန်မယ်ဆိုတော့ သူလေးက ဝမ်းသာလို့ ထတောင် ခုန်သေးတာ ။ 
သစ်အယ်စေ့တွေတောင် စက္ကူအိတ်ထဲက ထွက်ကျကုန်တယ်။ 
နောက်တော့ ရထားခရှိသလားတဲ့  မေးတယ်။ ကျုပ်လိမ်လိုက်တယ် ရှိတယ်လို့  ။
သူလေး က ဒီကနေ တောအရောက် တမိသားစုလုံးစာဆိုဘယ်လောက်ကျလည်းတဲ့။
ကျုပ်က သိပ်တုံးတဲ့ ငတုံး လေ ရထားခကို ပြောလိုက်မိတယ် ။
 သူက အော်ရယ်တယ် အဲလောက်ရှိရင် ဘယ်အိမ်ဝင် ခိုးတော့မလဲတဲ့ ။ 
ကျုပ်ဘာမှ မပြောနိုင်ဘူး နောက်တော့ ကလေးမက ခပ်တည်တည်နဲ့  
သစ်အယ်စေ့ထုပ်ကို အနားက ခုံတန်းမှာ တင်တယ် ။
 ကျောပိုးအိတ်ထဲက ပိုက်ဆံအိတ်ကို ထုတ်တယ် ။ 
ရှိသမျှ အကုန်ကျုပ်ကို လှမ်းပေးတယ် ။
ကျုပ်ကလက်မကမ်းတော့ “ ယူထားတဲ့ “ မာရေကျောရေနဲ့ ပြောတယ်။
နောက် သူ့ လည်ပင်းမှာ ဆွဲထားတဲ့ ဆွဲကြိုးလေးကို ဖြူတ်တယ် ။ 
ကျုပ်လန့် သွားတယ် သူ့ ကို အတင်းညင်းမယ်ကြံတော့ မျက်လုံးကြီး ပြုးကြည့်တယ် 
“ ဒါကို ပေါင်ရင် လောက် မယ်တဲ့ “ ။ နောက်မှ ပြန်ရွေးထားပေါ့၊ 
ခင်ဗျား သမီးလေးကြီးလာတော့ ပေးလိုက် ကျနော့် လက်ဆောင် နော် “တဲ့ ။ ကျုပ်ခေါင်းတွေ ခြာခြာလည်နေတယ် ။ 
အမေပြောတဲ့ ဘုရားသခင်စောင့်ရှောက်တယ် ဆိုတာ ဒါမျိုးပဲ ဆိုတာတော့ သေချာတယ် ။
 နောက်တော့ ချာတိတ်မက နာရီကြည့်တယ် ၊ ပြန်တော့မယ် အမေပြန်ရောက်ခါနီးပြီ ၊ 
ဒီညပဲ ရထားလက်မှတ်ဝယ်ပြီး သွားပေတော့ Emmanuel ရေ၊
ဒီနေ့ တော့ ပန်းချီသင်တန်း လွတ်သွားပြီ“ တဲ့ ။
 သူက ကျုပ်ကို နုတ်ဆက်ဖို့ လက်၂ဖက်ဆန့် ပေးတယ် ။
ကျုပ်ခါးကုန်းပြီး ပွေ့ ဖက်နုတ်ဆက်လိုက်တယ်။ 
သူ့ မျက်နှာ သေးနုနုလေး နဲ့ ကျုပ် ပါးမြိုင်းမွေး ကြမ်းကြမ်းတွေနဲ့ မျက်နှာကိုထိပြီးနုတ်ဆက်တယ်။  နောက်တော့ သစ်အယ်သီးထုတ်ကိုင် ပြီး သီချင်းတအေးအေးနဲ့  
ဓါတ်ရထားပေါ်တက်သွားတော့တာပဲ။  
ကျုပ်အဲဒီနားမှာ လက်ထဲမှာ ပိုက်ဆံတထပ် ၊ ဆွဲကြိုးတကုံးနဲ့ 
နာရီဝက်လောက်ရပ်နေမိတယ် ထင်တယ် ။
နောက်တော့ ကျုပ်လည်းလုပ်စရာရှိတာ လုပ်တော့တာပဲ ။ 
အိမ်နားက အပေါင်ဆိုင်မှာ ဆွဲကြိုးကို ပေါင်တယ် ဘယ်သူ ဝယ်ဝယ် မရောင်းဖို့ဆက်ဆက်လာရွေးမယ့်အကြောင်း မှာရတယ် ။ 
 ရထားလက်မှတ်ဝင်ဝယ်တယ် ။ နောက် စားစရာ တွေဝယ်ြပီ်း အိမ်ကို ပြန်တယ်။
 မိန်းမက ကျုပ်ခိုးလာတယ် ထင်နေသေးတယ် ။ကျုပ်ကလေးတွေ စားစရာတွေ့  လို့ ပျော်ကြတယ် ၊ ကျုပ်တို့ ပေးရမယ့် အိမ်ကြွေးတွေ အိမ်ရှင်ကို ရှင်းပေးလိုက်ပြီး
 ညတွင်းချင်း အမေ့ရွာကို ပြန်ခဲ့ကြတာပါပဲ။
နောက်ပိုင်းကတော့ သူများလက်ရောက်လုလုခြံကို ကျုပ်ကြီးကြပ်တော့အမြတ်တွေ ပြန်ရတယ်။ ကျုပ်မိန်းလည်း ခြံထဲမှာ လုပ်ကိုင်ရင်း ပြန်ကျန်းမာလာတယ် ။ ကလေးတွေလည်း ဝဖြိုးလို့ အမေ လည်း ပျော်လို့ .. ကျူပ် ခြံတွေ အောင်မြင်တော့ထပ်တိုးချဲ့ တယ်။
 နောက်ပိုင်း ကျုပ်သား ကြီးကခြံထဲမှာ ဦးစီးနိုင်ပြီဆိုတော့ ကျုပ်တသက်လုံးလုပ်ချင်လာခဲ့တဲ့ 
စားသောက်ဆိုင်ကို ရွာထဲမှာ ဖွင့်လိုက်တယ်။
 မြို့ ဟင်းတွေ မဟုတ်ဘူး တောထမင်းတောဟင်းပေါ့ ။
 ရွာထဲမှာ အဲလို ဆိုင်မှ ကောင်းကောင်းမရှိဘဲ အားပေးလိုက်ကြတာ ၊ ဝက်ဝက်ကိုကွဲရောပဲ။ ဒီလိုနည်းနဲ့ ခင်ဗျားသိတဲ့ ဒီဆိုင်ပိုင်ရှင်ကျုပ်ဖြစ်လာတာပေါ့ဗျာ။
 အဲဒီကောင်မလေးနဲ့ အဆက်အသွယ်ရသေးလား ဟုတ်လား။ 
အဲဒါကျုပ် စိတ်မကောင်းဆုံးပဲဗျာ။ ဒီဇတ်လမ်းမှာ မပြောပြချင်ဆုံးပေါ့။ 
ကျုပ်က အမေ့လယ်ထဲ ပြန်ရောက်တော့ အမေ့လယ်ကအသိမ်းခံရတော့မယ် ဆဲဆဲကိုးဗျ။ 
အဲဒါနဲ့  ကျုပ်လည်း ကြီးကြပ်လုပ်ကိုင်ရတာပေါ့ ။
 ပြီးတော့ ကျုပ်တုံးပုံများ သူလေး နာမည်တောင် မမေးခဲ့မိဘူးလေ။ 
သူတို့ ဖုန်းနံပါတ်လည်း မသိဘူး ။ ဖြစ်ရတဲ့ အဖြစ်များပြောပါတယ်။ 
အဲဒီတော့ ဆက်သွယ်လို့ လည်း မရဘူးပေါ့ဗျာ ။ နောက် အသီးအနှံတွေပေါ်ချိန် ကြတော့ ကြွေးတချို့ တဝက် ဆပ်တန်ဆပ် ပြိး ကျုပ်လည်း မြို့တော် တက်သွားလိုက်တယ်။  
သူလေး ရဲ့ ဆွဲကြိုးကို ကျုပ်ရွေးလို့ ရခဲ့တယ်လေ ၊
 နောက် သူလေး အရင်နေခဲ့ တဲ့ အိမ်ကို ပြန်သွားတယ် ။ 
ဘုရားသိကြားမပါစေ ကျုပ်တို့ စကားနားလည်တဲ့လူနဲ့ တွေ့ ပါစေ 
ဆုတောင်းပေမယ့် မပြည့်ဘူးဗျာ။ 
ဘဲလ်တီးလိုက်တော့ တံခါးလာဖွင့်တဲ့ လူက တစိမ်းတယောက်ဗျ ။
 ကျုပ်တို့ စကားလည်း သိပ်နားလည်ပုံမရဘူး ။ 
ရောက်ခါစလူသစ်ထင်ပါတယ် ။ကျုပ်ကလည်း အင်္ဂလိပ်လို သိပ်တတ်တာမဟုတ်ဘူး ။
နောက်တော့ ကျုပ်က မတောက်တခေါက်နဲ့  ကလေးမလေး အရွယ်
ပုံစံပြပြီးမေးတော့ ပြောင်းသွားပီတဲ့ ။ ဆွစ်ဇလန်တဲ့ ဒါပဲနားလည်လိုက်တယ် ။
 ကျုပ်စိတ်မကောင်းဘူး ၊ ဇာတ်စုံရှင်းပြနေလည်း ဘာမှ မထူးတော့ 
သူပေးတဲ့ စာရွက်မှာပဲ ကျုပ်စာချရေးလိုက်တယ် ။ဆွဲကြိုးရွေးပြီးကြောင်း ၊ အဆင်ပြေကြောင်း ၊ကျုပ်သမီးကြီးလာရင်ပေးလိုက်မည်ဖြစ်ကြောင်း ၊ကျေးဇူးတင်ကြောင်းရယ်ပေါ့။ 
ကျုပ်တောကလိပ်စာထည့်ပေးပြီး အဲဒီ အတိုင်းပြန်စာထည့်ပါပေါ့။
မှ Emmanuel ဆိုပြီး စာအိတ်ပေါ်က တပ်လိုက်တယ်။
 ထိုလူက ပို့ ပေးမယ်လို့ ပြောတယ် ။ 
ဒါပါပဲဗျာ ..ခုထိတော့ မပို့ ရသေးတာလား ဘာမှန်းကို မသိဘူး ။
 ကျုပ်လိပ်စာထည့်ပေးလိုက်တာပဲ ချာတိတ်မဆီရောက်ရင်သူစာရေးမှာပါ။ အင်း မျှော်လင့်ရတာပါပဲလေ။ 
---------------
( Emmanuel  ထံမှာ စာယူထားလိုက်သော လူသည် အလွန်မေ့တတ်သူဖြစ်ရာ
စာကိုယူထားပြီး ကောင်မလေး အဖေထံပို့ ပေးရန်ကိုမေ့သွားလေသည်။
သတိရသော အခါ သူ ကိုယ်တိုင်ပြောင်းရွေ့ ခါနီး ဖြစ်နေသဖြင့်
နောက်မှ ပေးပါတော့မယ်ဟု ဆိုပြီး သိမ်းထားပြန်ရာ
 နောက်တခါထပ်မေ့သွားပြန်လေသည်။ သူသတိရပြန်သော် ကောင်မလေး 
တို့ဘယ်မှာ နေကြမှန်းမသိဘဲ အဆက်ပြတ်သော အချိန်ဖြစ်နေတော့သည်။ 
သူက သူ၏မေ့တတ်မှုအတွက် သင်ခန်းစာပေးသည့်အနေဖြင့်
 ထိုစာအိတ်ကို ခရီးဆောင်အိတ်ထဲထည့်ုကာ သွားလေရာသယ်သွားလေသည်။
 နောင်နှစ်များကြာပြီးနှောက်တွင် ထိုကလေးမထံသို့  သူမ၏မိခင်မှ နိုင်ငံခြင်းတူသူတယောက်နှင့်  လူကြုံပါးလိုက်ရာတွင် ထိုလူကြီး ၏ သမီးဖြစ်နေလေသည်။ 
လူကြုံပစ္စည်းကို အိမ်သို့ သွားယူရာတွင် ထိုဦးလေးကြီးလည်းရှိနေသည်။ 
သူမကို တွေ့ သော် ဘယ်သူ့ သမီးမှန်း မေးမြန်းပြီးနောက် အလန့် တကြားထအော်ပြီးညဉ်းကိုပေးစရာရှိတယ် ပေးမယ်နဲ
စာအိတ်နှင့်ထည့်ထားသော Emmanuel စာကို ပေးလေတော့ သည်။  
တတ်ထားသော ရက်စွဲအရ ထိုစာသည် ၁၀နှစ်ကျော် ကြာခဲ့လေပြီ။ 
ထိုမိန်းကလေးသည် ဖြစ်ရလေတယ်ဟုရေရွတ်ကာ စာပါလိပ်စာအတိုင်း
 သူမ ဖုန်းနံပါတ်ကို ထည့်သွင်း၍
Emmanuel ထံသို့ ပြန်စာထည့်လိုက်လေတော့ သတည်း။)