Vista
တနေ့ ဂျုဂျု library သွားတော့ library card မပါလာတော့မှ ပိုက်ဆံအိတ်ပါ ပျောက်နေတာ သတိထားမိလိုက်လေသည်။ ထိုပိုက်ဆံအိတ်ထဲမှာက ဂျုဂျု့ အတွက် အရေးအကြီးဆုံး အရာတွေ အကုန်ပါသည်မို့ ဇောချွေးတွေ ပြန်လာရင်း သူမ တနေ့ လုံး သွားခဲ့သည့်နေရာတွေ ပြန်တွေးမိတော့ နွဲ့ ရီတို့ ဆိုင်မှာ ထိုင်နေတုံး စာအုပ်ဘေးနားမှာ ချထားမိတာကို နောက်ဆုံး သတိရသည်။ လိုလိုပိုပို ဆိုပြီး သွားကြည့်လိုက်တော့ ဆိုင်သိမ်းချိန်ပေမယ့် နွဲ့ ရီရော အဒေါ်ရော ဆိုင်မှာ ထိုင်နေကြတာတွေ့ ရသည်။ 
  နွဲ့ ရီမှာ မျက်နှာတခြမ်းကလည်း ညိုလို့ ။
သူမ ကိုမြင်တာနဲ့ ပြေးချလာပီး
 ”အမလေး မမလေး မျှော်နေတာတော် ပိုက်ဆံအိတ်ပျောက်လို့ မှလား လာလာ စခန်း သွားကြမယ်” 
ဆိုပြီးလက်က ဆွဲသွားတော့ ဂျူဂျု့ မှာ ယောင်ချာချာလိုက်သွားရသည်။
နောက်မှ သိရတာက ဂျူဂျု ကျန်ခဲ့တဲ့ ပိုက်ဆံအိတ်ကို ပွဲစားယောင်ယောင်လူတယောက်က
မုန့် စားအပြီးမှာ အသာလေး ခါးကြားထိုးသွားသည်။ထိုလူထရပ်လိုက်တော့ သူ့ခါးကြား မှအိတ်ကို
မုန့် ပြင်နေသည့် နွဲ့ ရီကလှမ်းတွေ့လိုက်ရာ ဂျူဂျု့  ပိုက်ဆံအိတ်ပဲ ဆိုတာ သိလိုက်ပြီးလှမ်းတားတော့ ဟိုလူက ရိုင်းပြစွာပြော သည်တဲ့။  နွဲ့ ရီကလည်း မခံပဲပြန်ပြောတော့ နင်ပဲငဆတွေဖြစ်ကြကာ
 နောက်ဆုံးဟိုလူက နွဲ့ ရီကို ရာရာစစ တောသူမက သူ့ ကို သူခိုးစွဲ သည်ဆိုပြီး ရိုက်ထဲ့လိုက်သည်တဲ့။
ထိုအချိန်မှာ မုန့် လာစားနေကြ ရဲကတွေ့ သွားပြီးရဲ စခန်းခေါ်သွားကာ စစ်ချက်ယူသည်တဲ့။ ဟိုလူက လူရည်လည်သူပီပီ ပိုက်ဆံအိတ်ထဲပါတဲ့အရေအတွက် ကိုသူခါးကြား မထိုးလိုက်ခင်ကအသာလေး လှန်ကြည့်ပြီးပြီမို့  အကြမ်းဖျင်းပြောပြနိုင်သေးသည်တဲ့။ ဒါပေမယ့် သူမသိလိုက်တာ အတွင်းကျကျအိတ်ထဲမှာ သူမ ကျောင်းသားကတ် လိုင်ဘရီကတ်တွေ ပါနေတာကိုပေါ့။
 နွဲ့ ရီကတော့ အထဲက ငွေဘယ်လောက်ရယ် မသိပေမယ့် သူမ သူငယ်ချင်းဟာပါ ကျောင်းသားကတ်ဆိုတာတွေလည်း ပါတယ်ဆိုတော့ 
ရဲ ကဖွင့်ကြည့်ရာ အတွင်းကန့် ထဲမှ ကျောင်းသား ကတ်များတွေ့ သွားပြီး ဟိုလူ လိမ်သမျှပေါ်သွားသည်။ ကြားထဲက  နွဲ့ ရီတယောက် ပါးကိုကျပ်ထုပ်ထိုးလိုက်ရလေသည်။ 
နင်ကပြန်မရိုက်ဘူးလားဆိုတော့ နွဲ့ ရီက ခေါင်းငုံကာ ဘာမှ မပြောပေ။
 နွဲ့ ရီအဒေါ်က “ မိနွဲ့ ရီက ကောက်စိုက်သမပေမယ့် မကြမ်းဘူး သတ္တိလည်းမရှိဘူး အပျော့မ၊ ခုလိုရန်ဖြစ်တာတောင် အတော်အံ့သြနေတာ “ ဆိုတော့ ကောက်စိုက်သမဆိုသူများက 
ပုံမှန်အားဖြင့် ခပ်ကြမ်းကြမ်း ဖြစ်မည် ဟု ဂျုဂျု့ မှာ မှတ်သားမိရသည်။
ဂျူဂျု့ အမေက ကျေးဇူးတင်လွန်း၍  မုန့် ဖိုးပေးတော့ နွဲ့ ရီက လက်မခံပေ။
ဒါနဲ့ အမေက သူတို့ တူဝရီးအတွက် ပါတိတ်များဝယ်ကာ လက်ဆောင်ပေးလိုက်လေသည်။
ဂျူဂျု့ အဖေတို့အိမ်သစ်တက်ပွဲမှာ ဖေဖေက နွဲ့ ရီ အဒေါ်ကို မုန့် ဟင်းခါးအော်ဒါချက်ခိုင်းတော့
နွဲ့ ရီလည်းပါလာခဲ့သည်။ပါးစပ်ဟောင်းလောင်းနဲ့  အိမ်ကို လိုက်ကြည့်နေသော နွဲ့ ရီကို ဂျူဂျုကသဘောကျနေမိသည်။ ခရစ်စတယ် မီးဆိုင်းကို စိန်တွေလား ဆိုလို့ ရှင်းပြရသေးသည်။ သူသဘောကျနေမှန်းသိလို့  မမက မီးဆိုင်းspare parts ထဲက ခရစ်စတယ်အသီးလေးကို ကြေးကွင်းတပ်ထားတာမျိုး တလုံးပေးလိုက်တော့ နွဲ့ ရီမှာ အလွန်ပျော်နေလေသည်။ဆွဲကြိုး တောင် လုပ်ဆွဲအုံးမည်တဲ့။
 အမေ ဝယ်ပေးထားပြီးတခါမှ မဝတ်ဖြစ်သောမိန်းကလေးအကျီ င်္တွေပေးတော့
 နွဲ့ ရီက ငြင်းဆန်လေသည်။
“ နင်က ငါ့ကို မခင်လို့ လား ၊ ဒါ အသစ်စက်စက်တွေ “
“ မမလေး ဟာဆိုယူပါတယ် “ ဟုဆိုလေသည်။
“ ဟမ် ၊ ငါ့ဟာပဲလေ ဒါတွေ “ လို့ ပြောပြန်တော့လည်း
“ ဟုတ်ဘူး မမလေး ပိုက်ဆံနဲ့ဝယ်ထားတာဆိုယူမယ် ၊ ခုက ကြီးမေဝယ်ပေးထားတာလေ“ တဲ့။
“ ဟဲ့ ငါက ကျောင်းသားပဲဘယ်က ပိုက်ဆံရှိအုံးမှာလည်း “ ဆိုတော့
 “ အင်းလေ နောက်မှ ဝယ်နိုင်မှ ဝယ်ပေးနော် ၊ အဲကျမှ ယူမယ်“ လို့ ပြောလေသည်။
 အမေကိုယ်တိုင်က “ ယူလိုက်ပါသမီးရယ် အန်တီ့ မှာ ချုပ်ပေးတိုင်း ဒင်းက မဝတ်လို့ အလကားဖြစ်နေရတာတွေပါ “ ဆိုတော့မှ ယူရှာသည်။
ဂျုဂျုနိုင်ငံခြား ကျောင်းဝင်ခွင့်ရသဖြင့် အိမ်သားများသာမက အသိမိတ်ဆွေများပါ ဝမ်းမြောက်ကြသော်လည်း သတင်းကြားစတွင် ကျုကျုတက်အောင် ငိုသူက နွဲ့ ရီဖြစ်လေသည်။ ဆိုင်သိမ်းချိန်မို့ သာတော်သေးတော့။ 
မငိုပါနဲ့ လည်း တားမရသည်မို့ ဂျုဂျုတယောက် နွဲ့ ရီငိုသမျှ ငုတ်တုတ်ထိုင်ကြည့်နေရသည်။
ငိုလို့ အတော်မောလောက်မှ
 ” တော်ပါတော့ နွဲ့ ရီရယ် ငါနိုင်ငံခြားသွားမှာ ရေဝေးသွားမှာ မဟုတ်ဘူးဟ အဲလောက်ငိုမနေနဲ “့ ဟုပြောရသည်။
“ မမလေးက အဝေးကြီး သွားတော့မှာ နောက်မတွေ့ ရတော့ဘူး“ တဲ့။ သြော် နိုင်ငံခြားဆိုတာ နွဲ့ ရီ အတွက် အဝေးကြီးကိုး .. တသက်လုံးခွဲကြရတော့မယ် ထင်နေတာကိုး သနားဖို့ ကောင်းတဲ့နွဲ့ ရီ။
 နင်ငါ့ကို လေဆိပ်လိုက်ပို့ ဦးမလားဆိုတော့ မပို့ တော့ဘူးတဲ့ နွဲ့ ရီငိုမှာပဲတဲ့ ။
တကယ်တမ်းကျတော့ အဖေကနွဲ့ ရီကိုသူတို့ အိမ်က ကားနဲ့ ခေါ်လာပေးလို့ လိုက်ပို့ ဖြစ်ခဲ့လေသည်။ 
အမေပေးသော ပါတိတ် အနီဝမ်းဆက်နဲ့ လှချင်တိုင်းလှနေသော နွဲ့ ရီကို အဖေကသူမနှင့်ဓါတ်ပုံတွဲရိုက်ခိုင်းသေးသည်။
အတော်ကို အူကြောင်ကြားနိုင်မည့် ဓါတ်ပုံမှန်း မျှော်လင့်ထားပြီးမို့  ပုံကိုမြင်ရတော့လည်း 
ထူးပြီး မအံ့သြမိပါ။ ရှပ်အကျီ အကွက်အပြာရင့် ဂျင်းဘောင်းဘီအနက်နဲ့ 
အောစတားဖိနပ်စီးထားသော ဆံပင်တိုတို ကောင်မလေး က 
ပါတိတ်ဝမ်းဆက်အနီ ကျစ်ဆံမြီး နှစ်ဖက်ချ သနပ်ခါးအဖွေးသား ကောင်မလေးကို ပုခုံးဖက်ထားသောပုံကို အဖေက ကူးပေးအုံးမယ်ဆိုတော့ နွဲ့ ရီကတော့ ဆွေ့ ဆွေ့ ခုန်မတတ်သဘောကျနေရှာသည်။
 ပတ်ဝန်းကျင် အသစ်နေရာအသစ်ရောက်စမှာ ဂျုဂျုတယောက်ဘယ်သူ့ မှ သတိမရနေနိုင်ပါ ၊ အမေကတော့ ဈေးသွားတိုင်း နွဲ့ ရီကမေးရှာသည်တဲ့။ “ သတိရတယ် ပြောလိုက်ပါ အမေ“
လို့ စကားကြုံပါးယုံသာပါးနိုင်ပြီး ကျောင်းစာနှင့် အိမ်အလုပ်နှင့်လုံးချာလည်နေသည်။ 
ထိုအချိန်အတွင်းမှာ သူငယ်ချင်း အသစ်တယောက်လည်း တိုးလာသည်။ ကျဲကျဲ့ ဟုပဲခေါ်ကြသည် ။
သူက စီးပွားရေးဆိုင်ရာဘာသာကို ယူသူမို့  ဂျုဂျုနဲ့  မတူပေမယ့် အခန်းငှားတော့ တခန်းထဲနေဖြစ်သွားကြသည်။ ကျဲ့ ကျဲ့ က အမကြီးဆန်သည် ပြုစု စောင့်ရှောက်တတ်သည်။ 
အိမ်မှာလည်း သမီးအကြီးမို့ ကျဲ့ ကျဲ့ ခေါ်ရင်းက အိမ်နာမည်လို ဖြစ်သွားပြီး လူတိုင်းထိုသို့ ပင်ခေါ်ကြလေသည်။
ပထမနှစ်ဝက်တန်းပြီးတော့ ဂျုဂျုတို့ အသားကျလာပြီ အရင်ကလို အရုးမီးဝိုင်းမဖြစ်တော့၊ 
ကျဲ့ ကျဲ့ နှင့်လည်း ပိုရင်းနှီးလာကြသည်။ တယောက်အကြောင်း တယောက်သိလာသည်။ ကျဲ့ ကျဲ့ က ချမ်းသာသော တရုတ်စပ် မိသားစုက အကြီးဆုံးသမီးမို့ မိဘ လုပ်ငန်းဦးစီးရမည်။ နိုင်ငံခြားကျောင်းပို့ တယ်ဆိုတာလည်း ငယ်တုန်းလေး အတွေ့ အကြုံရအောင်တဲ့ ။
 ပြီးရင် ပြန်ပြီး ဆန်စက်တွေ ပွဲရုံတွေလုပ်ရမှာပဲဆိုတော့ ဂျုဂျုက တက်မနေပါနဲ့ ကျဲု့ ရယ် ပြန်လိုက်တော့ဟုပြောမိသည်။ 
အမယ် မဖြစ်ဘူး ဒါငယ်တုံးပေးလုပ်တာ ငါပိုင် အခွင့်အရေးတဲ့ ။
တနေ့ အိမ်ကို ဖုန်းဆက်တော့ အမေက စိတ်မကောင်းစရာ သတင်းပေးလေသည်။
 နွဲ့ ရီ ရွာပြန်သွားပီတဲ့ ။ အမေနဲ့ ဈေးမှာတွေ့ တော့ နွဲ့ ရီ့ အမေနေမကောင်းကြောင်းရွာမှာ တယောက်တည်းဖြစ်နေလို့ နွဲ့ ရီက ပြုစုဖို့ ပြန်ရမည်ဖြစ်ကြောင်းပြောပြသတဲ့ ။ အမေ့ကို ကန်တော့နုတ်ဆက်တော့ အမေက ဆေးဖိုးပေးတာလည်း မယူဘဲ မမလေးကိုသာ ပြောပြလိုက်ပါဟု မျက်ရည်လည်ရွဲနှင့်မှာသတဲ့ ။
အမေက ဂျုဂျု့ ဖုန်းနံပါတ်ပေးလိုက်သည်ဟုဆိုတော့ အမေရယ် ဘယ်လို လုပ်ဆက်တတ်မှာတုန်း အမေ့အိမ်ဖုန်းပေးလိုက်သလားဆိုတော့ ဟယ်မပေးလိုက်မိဘူးတဲ့လေ။ နွဲ့ ရီက ဘယ်ရွာပြန်မှာတုန်း ဆိုတော့ မြောင်းမြနားက ထန်းသုံးပင်ရွာဆိုလားတဲ့ တိကျသောလိပ်စာလည်းမရှိ။
သူ့ အ့မေနာမည်ဘယ်သူလည်းဆိုတော့အမေက စိတ်တိုလာပုံနှင့် ဟဲ့ဘယ်သိမလည်းတဲ့။
 ဂျုဂျုလည်း ဆက်မမေးချင်တော့ ပြန်တော့မှပဲ နွဲ့ ရီအဒေါ်ကို မေးပြီးသွား လည်တန်လည်ရမည်ဟုပဲတွေးလိုက်မိတော့သည်။ သေချာတာတော့ သူတို့ နှစ်ယောက် လွယ်လွယ်နဲ့  ပြန်မဆုံနိုင်ကြတော့ပြီ။
နောက်တလနေတော့ ပိုစိတ်ညစ်ဖွယ်သတင်းကြားရပြန်သည် ။ နွဲ့ ရီအဒေါ်ဆိုင်လည်း မရှိတော့ဘူးတဲ့ မြို့ သစ်တခုထဲ ပြောင်းသွားပြီး ထိုနေရာမှာပဲ ဖွင့်တော့တယ်လို့ အရင်ဈေးက ဆိုင်တွေကပြောသတဲ့ ၊ ဒီဘက်မှာ ဆိုင်ခတွေများလို့ မဖွင့်တော့ပါတဲ့။
 ဒီလိုနဲ့  ဂျုဂျုနဲ့ နွဲ့ ရီ ဇတ်လမ်း အစ ပြတ်သွားတော့သည်။
 နွဲ့ ရီမှာ ဂျုဂျု့ ဖုန်း နံပါတ်ရှိသည် ဆိုတာလေး ကလွဲလို့ သူတို့  အဆက်အစပ်မရှိတော့ပြီ။ တောက ကောက်စိုက်သမလေး တယောက် နိုင်ငံခြားရှိသူငယ်ချင်းကို ဖုန်းဆက်လာဖို့ ဆိုတဲ့ မျှော်လင့်ချက်က အတော့ကို ဝေးသည့်အရာသာဖြစ်လေတော့ ဂျုဂျုလည်း သက်ပြင်းချယုံမှ တပါး ဘာမှ မလုပ်တတ်ရှာတော့ပေ။
ဆက်ရန်
Labels: , edit post
12 Responses
  1. မုန့်ဟင်းခါးဆိုင်မှာ ပိုက်ဆံအိတ်ပျောက်တော့ အိတ်ယူသွားသူရဲ့ သွင်ပြင်ကို ဖွဲ့ထားတာ သဘောတကျနဲ့ ပြုံးမိတယ်၊ ‘ပွဲစား’ ဆိုတာကိုမှ ‘ယောင်ယောင်’ က ထပ်ထည့်ထားလို့ အချောင်သမားဆိုတာ နှစ်ထပ်ကွမ်းကို ပေါ်သွားတာပဲ၊း)
    ရှည်လျားတဲ့ အဖြစ်အပျက်တွေကို ဒိုင်ယာလော့ဂ်တွေ သုံးပြီး ကျစ်ကျစ်လစ်လစ် သရုပ်ဖော်ထားလို့ ဇတ်က ရုန်းကြွနေခဲ့တယ်၊ အပိုင်း ၃ ကိုလည်း လိုက်ခဲ့အုံးမယ် ညီမရေ...။း)
  2. Anonymous Says:
    Like!
    Ant
  3. Vista Says:
    ကိုညီလင်းကသူများ ဆက်ရေးချင်အောင် အားပေးတတ်တယ် ကျေးဇူးပါဗျာ။ ကို Ant Thanks
  4. Anonymous Says:
    ဆက်ရန်ပါတော့ ပြန်ဆုံမယ်လို့ မျှော့နေမယ်နော်
    pifpif
  5. Anonymous Says:
    မြန်မြန်ဆက်ပါ။း)
    အိုင်အိုရာ
  6. ရိုးရှင်းတဲ့ ချစ်စရာ အရေးအဖွဲ့လေး က နွဲ့ရီနဲ့ ဂျူဂျူးရဲ့ သံယောဇဉ်ကို ထင်ထင်ရှားရှား ပေါ်လွင်လာစေတယ်... ဆက်ရန် မျှော်နေမယ်...း)
  7. Anonymous Says:
    ဘိုင် သ ဝေး
    ဂျူဂျု လား ဂျုဂျု လား။ မကွဲလို့ ။
    အိုင်အိုရာ
  8. N Nay Says:
    ဖတ်လို့ကောင်းတယ်အားပေးတယ်ဘစ်စောင့်နေမယ်..
    .. :)
  9. Vista Says:
    ဆက်ပါမည် မမစင် ၊ ဂျူဂျူပါ အိုင်အိုရာ စာလုံးပေါင်းသီးခံနော် ဟိဟိ ။ မသက်ဝေရေကြိုးစားနေပါသည် အမြန်ဆက်ဖို့ ။ အစန်း သင့်ခယူ ။
  10. Zin yee Says:
    I like it
  11. Yuya Mon Says:
    Good:)
  12. Anonymous Says:
    waiting for part 3 ... so long