တနေ့ တော့ အိမ်ပြောင်းကြရင်း ပစ္စည်းတွေထုတ်ကြ သိမ်းကြတော့ နွဲ့ ရီနှင့်ဂျုဂျု့ ဓါတ်ပုံကို ကျဲကျဲက
တွေ့ သွားပြီး သဘောတွေကျနေသည်မို့ သူတို့ နှစ်ယောက်အကြောင်းပြောပြမိသည်။ ဇတ်လမ်းဆုံးတော့ ကျဲကျဲုက နေပါအုံး မြောင်းမြနားက ထန်းသုံးပင်ရွာဆိုရင် ငါ့ဦးလေးအသိတွေရှိနိုင်တယ်ဟုပြောလာသည်။
သူ့ ဦးလေး ဝမ်းကွဲ တော်သည့် ကိုခွန်စိန်ဆိုသူက မြောင်းမြနဲ့ ပုသိမ်ဘက်က ဆန်စက်တွေကို တွဲဖက်လုပ်နေသူ။ ထိုသူ့ အကို ကိုကြင်စိန်က ဆန်စက်ကို ဦးစီးပြီး သူက ဆန်အဝယ်တော်သဘောနှင့် စပါးသွင်းမည့် ရွာတွေကို ဆင်းသည်တဲ့။
“
ဆန် ချိန်ကျတော့ ဆန် ပေါ့ ၊ စပါးပြီးလို့ တခြားသီး စိုက်တဲ့အချိန်ကြတော့
မြောင်းမြ ပွဲရုံအတွက် ကြက်သွန်တွေ မြေပဲတွေ ကောက်ရတာပေါ့ ၊
တစိမ်းတွေလွဲထားရင် စိတ်မချရဘူး “
ဆိုတော့
ဂျုဂျုအတွက် ဗဟုသုတဖြစ်စရာ။မိသားစု စိတ်ဓါတ် သိုင်းသိုင်းဝိုင်းဝိုင်း
လုပ်ကိုင်စားတတ်သည့် တရုတ်လူမျိုးတွေ စိတ်ဓါတ်ကို သိလိုက်ရသည်။
“ နင်က ဘွဲ့ ရတော့ မြောင်းမြ ပြန်မယ်ဆို အဲဒါလုပ်မှာလား “ ဆိုတော့ “ အေး “ တဲ့ ။
ငါကသမီးအကြီးလေ
သားကြီးမရှိတော့ လုပ်ရမှာပေါ့ ဆန်စက်တွေ ပွဲရုံတွေ ထိုင်ရမှာ ၊ စပါးတော့
ဆင်းမကောက်ဘူးလေ ဦးလေးပဲ ကောက်မှာပေါ့“ တဲ့။ “ ငါ ဒီတခေါက်အိမ်ပြန်ရင်
မြောင်းမြပြန်ဖြစ်မလား မသိဘူး နင်လိုက်လည်ပေါ့ ငါစုံစမ်းပေးမယ်“ တဲ့။
ဒီလိုနဲ
့ပဲ စာတွေ များလာပြန်တော့ ကျဲကျဲလည်း မပြန်ဖြစ် ဂျုဂျုလည်း မပြန်ဖြစ်ပဲ
ထိုအကြောင်းမေ့လျှော့ နေကြပြန်လေသည်။
တနေ့ တော့ ကျောင်းက အပြန်လမ်းမှာ ဂျုဂျု့ မိုဘိုင်းကို
နံပါတ်မပေါ်သောဖုန်းတခု ဝင်လာလေရာ
အိမ်ကထင်ပြီး ကိုင်လိုက်တော့ တဖက်မှ ဘာမှ ပြောသေးပဲ တိတ်၍သာနေသည်။
“ ဟလို “
အတော်များများပြောပြီးမှ မာကျောကျောအမျိုးသမီး အသံတခုက
“ဟဲ့ပြောလိုက်လေ ဟိုဘက်က ထူးနေတာကြာပီ“ တဲ့။
ဂျုဂျုမှာ အတော်လေး အူကြောင်ကြားဖြစ်သွားပြီး
“ ဘယ်သူပါလည်း ပြောပါ “
ဆိုတော့ မှ တုန်ခိုက်ခိုက် အသံတခုက “ မမလေး “ တဲ့။
ဂျုဂျု
့ဦးနှောက်သည်ဘယ်လို မှမမျှော်လင့်ထားသော အသံကြောင့်
ချာချာလည်ကာအလုပ်များနေပေမယ့် လူကတော့ ကြောင်အမ်းပြီး ဖုန်းကို ကိုင်ကာ
မီးပွိုင့်မှာ လမ်းကူးရပ်သားအနေအထားတွင် ရပ်နေမိသည်ကို ကျဲကျဲက လက်ကနေ
အတင်းဆွဲခေါ်သွားမှ သတိထားမိတော့သည်။
မယုံကြည်နိုင်ပေမယ့် လောကမှ ဒီလိုခေါ်မယ့်လူဒီတယောက်သာရှိသည်မို့ 
“ နွဲ့ ရီ .. နင်လား .. ဘယ်ကဆက်နေတာလည်း “ ဟုမေးသော်
“ မမလေး .. မမလေး “ နောက်ဆက်တွဲ မမလေးက ငိုသံအောက်မှာ ပျောက်ဆုံးသွားသည်။
“ကဲပြောမှာ ပြော လိုင်းကောင်းတုံးပြောရတာ ငိုမနေနဲ့ “ ဟု မာရေကျောရေ
အသံရှင်က ပြောတာကြားရပြန်သည်။
နွဲ့ ရီကြောက်လန့် နေတိုင်းမှာ ဂျုဂျုက
ဟောက်ပေးလိုက်မှ အသံထွက်လာသည့်ထုံးစံအတိုင်း “ နွဲ့ ရီ သေချာပြောစမ်း
ဘာဖြစ်လို့ လည်း တော်ကြာလိုင်းမကောင်း
လို့ ဘာမှ မကြားလိုက်ရဘဲ ဖြစ်မယ် ကဲပြော “ ဟု အော်လိုက်တော့မှ
“ မမလေး နွဲ့ ရီယောကျာ်းယူရတော့မယ်“ တဲ့။
“ ဟင် နင်က ဘယ်အရွယ်မို့ ယောကျာ်းယူမှာတုန်း ၊ ဘာဖြစ်လို့ တုန်း“ ဆိုတေှာ့
နွဲ့ ရီက
“ အမေ့ကြောင့် “တဲ့။
“ နင်အခုဘယ်က ဆက်တာလည်း “ မေးပြန်တော့
“ အမေ့အတွက် ဆက်သောက်နေရတဲ့
ဆေးတွေကို ပုသိမ်မှာ လာဝယ်တာ၊ ရွာက ဆေးမှုးနဲ့ လိုက်လာတာတော့် အဲဒါ
ဆေးရုံကြီိးနား ကထွက်လာရင်း ဒီဆိုင်မှာ နိုင်ငံခြား သို့ အဖိုးသက်သာစွာ
ဆက်သွယ်ပေးသည်ဆိုတဲ့ ဆိုင်းဘုတ်ထောင်ထားတာ တွေ လို့  ဝင်လိုက်တာတော့်၊
မမလေးဖုန်းနံပါတ်ကို ကြီးမေ ပေးထားတာ နွဲ့ ရီ ဗလာစာအုပ်ထဲအမြဲပါတယ်လေ ၊
အဲဒါ ဆိုင်မှာ ထိုင်နေတဲ့ ဒေါ်လေးကို ပြလိုက်တာပေါ့“
ဆိုတော့
မာရေကျောရေအသံရှင်က ဆိုင်ကမိန်းမမှန်းသိသွားသည်။ နွဲ့ ရီကမကြည်လည်း
မကြည်ချင်စရာ ဒေါ်လေးတဲ့လေ ။
ဂျုဂျုက ထို အမျိုးသမီးကို ဖုန်းပေးခိုင်းရပြီး ထိုဖုန်းနံပါတ်ကို တောင်းကာ
ပြန်ဆက်ပါမည်ဟုပြောရသည်။
နွဲ့ ရီ ဖုန်းခများ မတန်တဆကုန်ကြမည်ကို မြင်သောကြောင့်ဖြစ်လေသည်။
ဆိုင်ရှင်အမျိုးသမီးက နွဲ့ ရီကို မကြည်ပေမယ့် ဂျုဂျုက အမ ခေါ်သောကြောင့်လား
မသိ အဆင်ပြေနေလေသည်။ ဖုန်းပြန်ဆက်လို့ ရတော့မှ နွဲ့ ရီက အဆက်မပြတ်ပြောတော့သည်မှာ ၊
နွဲ့ ရီ
အမေ နေမကောင်းအကြီး အကျယ်ဖြစ်ပြီးနှောက် ပုသိမ်ဆေးရုံသို့ ပို့ ပြီး
ခွဲစိတ်ကုသရသည်။ နွဲ့ရီမှာ့ ပိုက်ဆံမရှိတော့ ရွာက ငွေတိုးချေးပေးနေကြ
အဒေါ်ကြီးက မြောင်းမြက သူဌေးတဦးထံမှ ငွေချေးပေးသည်။
နွဲ့ ရီ အမေ
ဆေးကုနေပြီး နေကောင်းသွား သော် ထိုအဒေါ်ကြီးက ပိုက်ဆံပြန်ဆပ်မည့် အစား သူ
့သူဌေးက နွဲ့ ရီကို လက်ထပ်ချင်သည်ဟုပြောလာသည်တဲ့။
နွဲ့ ရီကို ရွာတွင် အိမ်တဆောင်မီးတပြောင်ထားပါမည် လယ်တွေ ရွှေတွေလည်း
လက်ဖွဲ့ မည် ဟု အမေဖြစ်သူကို အကြောင်းကြားလာသည်တဲ့။ နွဲ့ ရီ အမေက
အကြွေးတွေကလည်း များ ၊ သူကလည်း ခွဲစိတ်ထားသည်မို့ အလုပ်မလုပ်နိုင်၊ နွဲ
့ရီတယောက်တည်း ဒုက္ခများအောင်ဆပ်ရမည်ကို လည်း သနား ၊
အခု အစီအစဉ်ကလည်း
ကောင်းရာကောင်းကြောင်းမို့ လက်ခံချင်သည်တဲ့။
နွဲ့ ရီကလည်း “ အဲဒါ လက်ခံလိုက်ရတော့မယ် မမလေးရယ် အကြွေးက အများကြီး “ တဲ့
“ သြော်နင်က ငါ့ကိုဖိတ်မလို့  တကူးတက ဖုန်းဆက်တာလား“ ဆိုတော့
“ မဟုတ်ဘူး တော့ နွဲ့ ရီ ရင်ထဲမှာ ဆို့ ဆို့ ကြီးဖြစ့်နေတာ မမလေး ကို
သိပ်ပြောပြချင်တာပဲ အဲဒါကြောင့်“တဲ့။
“ ဒါဆို သူဌေးကတော်ဖြစ်တော့မယ်ပေါ့ အဲလူကို နင်မကြိုက်ဘူးလား “ ဆို တော့
“ ဟင့်အင်း မကြိုက်ပါဘူး နွဲ့ ရီ တခါပဲမြင်ဖူးတာ ဦးလေးကြီးတော်ရေ့  ၊
ဒါပေမယ့် နွဲ့ ရီယူမယ် အမေ့ကိုသနားတယ် အမေက နွဲ
့ရီကိုကြည့်စိတ်မကောင်းဖြစ်နေတာ ကြွေးတွေလည်း ကျေ၊
အိမ်ထောင်ရက်သားကောင်းကောင်းမွန်မွန် ကျသွားရင် သူစိတ်အေးမယ် “ တဲ့လေ။
နားထောင်နေရင်း ပါးနပ်သော ဂျုဂျု့ ခေါင်းမှာ လက်ကနဲ့ ဖြစ်သွားရသည် ၊
“ ဦးလေးကြီးဟုတ်လား မိန်းမ မရှိဘူးလား“ ဆိုတော့။
“
ဒေါ်ထွေးကတော့မရှိဘူးပြောတာပဲ “ တဲ့လေ။
“ နင့်ကို ဘာလို့ မြောင်းမြခေါ်မသွားတာလည်း “ ဆိုတော့
“ သူတို့ က ဟိုအိမ်မှာ
စီးပွားဖက်မောင်နှမတွေ အများကြီးတဲ့ နွဲ့ ရီစိတ်ညစ်မှာစိုးလို့ 
ရွာမှာပဲထားမှာတဲ့ ဒေါ်ထွေးကလည်း အဲဒီ့အကြောင်းမမေးနဲ့ 
သူဌေးမကြိုက်ဘူးတဲ့မှာထားတယ်တော့် “
ထိုစကား အကြားမှာ ဂျု ဂျု ချက်ခြင်းသဘောပေါက်သွားသည်။
အော
မယားငယ်ထားမှာကိုး .. ဒါ့ကြောင့်ရွာမှာ အိမ်ဆောက်ပေးမယ်ပြောတာကိုး ။
အရိုး
အအ နွဲ့ ရီ တို့  က ရွာက အောင်သွယ်ကြီး ပြောတာပဲသိရှာသည်၊ ဟိုအောင်သွယ်ကရော
သိလို့  လုပ်တာလား မပြောတတ်။
ဖြစ်နိုင်တာကတော့ သိလို့ လုပ်တာပဲဖြစ်နိုင်သည်။
လှတဲ့ မိန်းကလေးများ
အတော့်ကို
အန္တရယ်များတာကိုး ၊ ဒီယုန်ဝင်သွားတာမြင်လို့  ဒီခြုံကိုလိုက်ထွင်မှန်းလည်းမရိပ်မိရှာပေ။
“ နင်တင်တဲ့ အကြွေးက ဘယ်လောက်မို့ တုန်း “
နွဲ့ ရီပြောသော ငွေပမဏ သည်
မများလှပါ ။ အနည်းဆုံး သူဌေးတယောက်အတွက် လှလှပပ အပျိုစင်လေးကို ရဖို
့မများလှပါ။ ဂျုဂျုတို့ အတွက်လည်း မများပါ ။
ဒါပေမယ့်ခက်တာက ဂျု ဂျု
့မှာလောလောဆယ် ပိုက်ဆံမရှိ သူက ကျောင်းသား။
ဒါပေမယ့် သူကယ်ရမည် နွဲ
့ရီကို ဒီလိုအဖြစ်မခံနိုင်ပါ။
အနည်းဆုံးသူမသိလိုက်လို့ သာမတတ်နိုင်ရမည်
သိသိကြီးနဲ့  တော့ အဖြစ်မခံနိုင်ပါ။
သူ့ ခေါင်းထဲမှာ ဆုံးဖြတ်ချက်တို
့စက္ကန့် ပိုင်းအတွင်း လျှင်မြန်စွာချပြီး သွားကြသည်။
“ ဒီမှာ နွဲ့ ရီ ၊ငါပြောတာနားထောင် ငါပြောတဲ့ အတိုင်းလုပ် ၊ ငါ့အသိ
စပါးပွဲရုံက ကိုခွန်စိန်ဆိုတာရှိတယ် ၊ နင့်အကြွေးကို သူဆပ်ပေးလိမ့်မယ် ၊
ပီးရင် နင့်ကို ကုန်စုံဆိုင်ထောင်ဖို့ အရင်းလည်း ထုတ်ပေးလိမ့်မယ်
၊နင်အဲဒီပိုက်ဆံနဲ့ ကုန်စုံဆိုင်ဖွင့်ပေါ့ ကောက်မစိုက်နဲ့ တော့ ၊
အဲဒါ
ငါ့ပိုက်ဆံပဲ သိလား ငါသူ့ ကို လွှဲပေးလိုက်မှာ “
“ ဟင် ဘယ်က ပိုက်ဆံလည်းတော့် မမလေး ပြောတော့ ကျောင်းသားက
ပိုက်ဆံမရှိဘူးဆို “
“ နင်မသိရင် အသာနေပါ ဒီက ကျောင်းသားက အလုပ်လုပ်လို့ ရတယ် ငါ စုထားတာ
ပိုက်ဆံတွေ မှ အများကြီး ဒေါ်လာနဲ့ ရတာ ၊ အဲဒီတော့ နင်ငါပြောတဲ့ အတိုင်းလုပ်
မရှည်နဲ့ သိလား “
“ ဟုတ်ကဲ့“
“ဈေးနားကို သွား အောင်သစ္စာဆန်ဆိုင်ဆိုတာရှိတယ် အဲဒီမှာ မေး ၊ နက်ဖြန်မှသွားနော် ငါသူ့ ကို ဖုန်းဆက်ရအုံးမှာ ၊ ပြီးတော့ အခုငါပြောတဲ့ အကြောင်းကို
ဘယ်သူမှ မပြောနဲ့ အုံး သိလား ၊ နင်အခုဘယ်မှာနေတုန်း “ ဆိုတော့
“ ဆေးမှုးအသိ
ကျောင်းဆရာမအိမ်မှာ“ တဲ့။
ဖုန်းချလိုက်ပြီး ကျဲု့ ကျဲ့ ကိုလှည့်ကြည့်တော့
ပြုံးလျှက်ခေါင်းညိမ့်ပြသည်ကိုတွေ့ ရသည်။
ဂျုဂျု့ မှာ လုပ်စရာရှိသည်များကို ကျဲု့ ကျဲနှင့်တိုင်ပင်ပြီး အမြန်
စီစဉ်ရသည် ။
ကျဲ့ ကျဲ့ ဦးလေးက ထိုသဌေးနာမည်ပြောလိုက်တာနဲ့  သူကမြောင်းမြမှာ
မိန်းမကြီးနဲ့ ပဲဟုဆိုလာတော့ ဂျုဂျုထင်တာ မမှားဘူးဆိုတာသေချာသွားသည်။
သူမိန်းမက ဈေးထဲမှာ ငံပြာရည်လက်ကားရောင်းသည်တဲ့ ၊ အလွန်အပေါက်ဆိုးသော
ပုံပျက်ပန်းပျက်မိန်းမဝကြီးတဲ့။ ထိုသူက လယ်တွေကို လိုက်ဝယ်ပြီး ၂
သီးသုံးသီးစားမျိုး လုပ်ရင်းနဲ့ ရွာတွေမှာ နေကာ မိန်းမကြီးနဲ့ အဝေးမှာ
နေတတ်သည်တဲ့။
နွဲ့ ရီ အကြွေးကို ကိုခွန်စိန်တို့ ကဆပ်ပေးမည် ကုန်စုံဆိုင်
အသေးတခုထောင်နိုင်အောင်လည်း အရင်းထုပ်ပေးမည်။ ထိုကုန်ကျငွေကို ကျဲ့ ကျဲ
့အမေက သူ့ မောင် ကိုခွန်စိန်ကို စိုက်ပေးလိုက်ပီး ဒေါ်လာနှင့်လဲတွက်ကာ
ဂျုဂျုက ကျဲ့ ကျဲ့ ကို လတိုင်းပြန်ပေးဖို့  စီမံကြလေသည်။
ကျဲ ကျဲအတွက် အိမ်ကပို့ ရမည့်ပိုက်ဆံထဲမှ ထိုပမာဏကို လျှော့ပို့ ခြင်းဖြင့်
သုံးဦးသုံးဖက် အကုန်အဆင်ပြေစေတော့သည်။
တနေ့ အတွင်း ဖုန်းကော များစွာ နှင့် သူ့ နောက်ကွယ်မှာ စံမံလိုက်ရတာကို
မသိရှာသော နွဲ့ ရီတယောက် နောက်နေ့ တွင် အောင်သစ္စာ ဆန်ဆိုင်ရှေ့ သို
့ရောက်လာလေသည်။
အလုံးစုံရှင်းပြပြီး နှောက်
ကိုခွန်စိန်က ဂျုဂျုထံဖုန်းခေါ်ပေး သည်။
ဝမ်းသာလွန်း၍ငိုနေသော နွဲ့ ရီကို “ နင်သေချာကြိုစား ဆိုင်ဖွင့် ၊
ငါလာလည်တော့ ဆိုင်ကြီး မြင်ချင်တယ်“ ဟုပြောရသည်။
“ မမလေး ပြန်လာရင်
အတိုးရော အရင်းပါပြန်ဆပ်နိုင်အောင်ကြိုးစား မယ်တော့် စိတ်ချ “ ဆိုတော့
သူ တွန်း
အားရှိအောင် “ အေးအေး “ ဟုသာပြောလိုက်ရလေသည်။
လတိုင်းပြန်ဆပ်ရမည့်ပိုက်ဆံအတွက် ဂျုဂျုမှာ ကျောင်းပိတ်ရက်တိုင်း
အချိန်ပိုင်းလုပ်ရလေသည် ။
၃ ပတ်ကျောင်းပိတ်သော် ရန်ကုန်ပြန်မည့်အစီအစဉ်ကိုလည်း ဖျက်ကာ ရသမျှသော
အချိန်ပိုင်းအလုပ်များကို လုပ်ရင်း ပိုက်ဆံစုလေသည်။ ကျဲကျဲကတော့
စိတ်မကောင်းရှာပေ။
ဂျုဂျုကတော့ အလွန်ကျေနပ်ပါသည်။ သူမရဲ့ ချစ်လှစွာသော
သူငယ်ချင်းမလေးကို သူများမယားငယ်ဖြစ်မည့် ဘဝက ကယ်တင်လိုက်ရသည်မဟုတ်လား ။
ဆက်ရန်
မပြီးသေးဘူးလားအေ နွဲ့ရီအဖြစ်ကလည်း ...အဟင့်
ဈေးရောင်းမဲ့နွဲ့ရီအကြောင်းကို မျှော်လိုက်ပါအုံးမည်
Fighting Nwe Yes..
Fighting partner Ju Ju ...:P
pifpif
I wrote
Part timer .. Sorry
I thought the Nwe ye (2) is the end of story. Ha ha..
Cool.. U did a good job...It makes u feel happy whenever u think about it.
Ant.
ပြီးပါတော့မယ် အရမ်းများလို့ ဖြတ်လိုက်တာ .. ဟီး မမစင် ၊ တီမာ ရေ ကျေးဇူး ။ Ant ဆက်ရန်ရေးထားတာကို ညက်စိမှုန်နေပီ ထင်တယ် ။
အဝေးကြီးမှာ ရောက်နေပေမယ့် လိုအပ်လာတဲ့အခါ ‘စိတ်မကောင်းပါဘူး’ ဆိုတာလေး လောက်နဲ့တင် မပြီးဘဲ သူငယ်ချင်းအတွက် အပင်ပန်းခံပြီး ကြိုးစားပေးတဲ့ ဂျုဂျုရဲ့ စိတ်ဓါတ်လေးကို နှစ်သက်စွာနဲ့ လေးစားမိတယ်...၊ ဆက်ရန်ကိုလည်း စိတ်ရှည်စွာနဲ့ စောင့်နေမယ် ညီမရေ...။
A kind-hearted person!
ဘစ်ဘစ်ရဲ့ဝတ္တုကသိပ်ကောင်းနေပြီ၊ဆက်မျော်နေပါသည်.. :)