“ ကောက်စိုက်သမ တွေဘဝက
တကယ်ကြမ်းပါတယ် မမလေးရယ် “
နွဲ့ ရီက ထိုသို
့ဆိုတော့ ၊ ကောက်ပင်ဆိုတာကို TV ထဲ တွင်သာမြင်ဖူးသည့် ဂျူဂျုက ငေးမောနေယုံသာ။
“ မနက်ဆို အစောကြီးထ ၊
သနပ်ခါးတွေလိမ်းရတယ် ၊ ထမင်းကြမ်းစားပြီးတာနဲ့လူစုပြီး ကောက်စိုက်သွားရတာ
တနေကုန်ခါးချိအောင်စိုက်ရတာ“
နွဲ့ ရီက
ဆက်ပြောပြန်လျှင် ကျေးရွာတွေ အကြောင်းရိုက်ထားသည့် ဗီဒီယိုရုပ်ရှင်များ
ထဲကလို နေမှာဟု ဂျူဂျုက
စိတ်ကူးကြည့်တတ်လေသည်။
“ နင် တို့ ဟာက သနပ်ခါးကလည်း
လိမ်းနေရသေးတယ် “ ဟု နားမလည်ပါးမလည်ပြောမိတော
့ နွဲ့ ရီက “ အမလေး ၊
လိမ်းသမှ အထူကြီးကို လိမ်းရတာတော့် ၊မလိမ်းလို့ ကတော့ နေပူတာနဲ့ တင် နွဲ့ ရီတို
့အသားတွေ ကိုအုန်းခိုင်လို ဖြစ်ကုန်မပေါ့ “ ဟု တသိမ့်သိမ့်ရယ်ရင်းပြောလျှင် ဂျူဂျုလည်း
တဟားဟားရယ်မိသည်။ ကိုအုန်းခိုင်က ဈေးထဲက ဆန်ဆိုင် ကအလုပ်သမား
၊အသားကလည်းမည်းလိုက်တာမှ ကတ္တရာ့ ဘိုးအေ။
“နွဲ့ရီတို့တောသူမတွေထဲမှာမှ
ကောက်စိုက်သမတွေ ဘဝက တကယ့်ကိုကြမ်းတာပါ “ ဟုထပ်ပြောပြန်လျှင်တော့၊ ကောက်စိုက်သူမဆိုတာ
လူမျိုး တမျိုးလိုလို ထင်ချင်စရာဖြစ်ပြန်လေသည်။
ဂျူဂျု့ အမြင်မှာတော့ ကော့ကော့ သိပ်သိပ် မျက်တောင် ၊မျက်ဝန်းနက်နက် ၊
မျက်ခုံးထူထူ ၊ နုတ်ခမ်းဖူးဖူး သနပ်ခါးပါးကွက်ကြား၊ကျစ်ဆံမီးအတုတ်နှစ်ဖက်နဲ့ နွဲ
့ရီ က မြန်မာဆန်သောမိန်းမလှလေးသာ။
“ နင့်ဟာကလည်း တောသူမ၊
တောသူမ နဲ့ ငါ နဲ့ နင်နဲ့  တူတူပဲ ဘာကွာလို့ ခွဲပြောနေလည်း“
ဆိုမိတော့ နွဲ့ ရီက “
အမလေးတော့် မမလေးကလည်း ၊ ကွာတာပေါ့ မမလေးက မြို့ သူ၊
မြို့ မှာမွေးတာတောင်မှ ရွှေလင်ပန်းအချင်းဆေး၊
အလုပ်ကြမ်းဆိုတာ နားလည်လို့ လား ။
နွဲ့ ရီက တောမှာမွေးတာ ကောက်စိုက်သမ သေစာရှင်စာ ၅
တန်းတတ်တာ တောသူပေါ့ ကွာသမှအပုံကြီးပေါ့တော်ရဲ့  “ လို့ ဆိုပြန်တော့လည်း ဟုတ်သလိုလို။
“ နင် အဲဒီမမလေး ဆိုတာ
မခေါ်စမ်းဘာနဲ့ လို့ ဘယ် နှစ်ခါပြောရမတုံး ၊ နင့်ဟာက ဗီဒီယိုထဲက
အိမ်ဖော်ကို မင်းသမီးက
ခေါ်လို့ ထူးတာကျနေတာပဲ ၊ ဟဲ့ နွဲ့ ရီ ဆိုပြီးခေါ်တော့ .. ရှင်မမလေး လာပါပြီ ပြန်ထူး
သလိုလေ “ ဂျူဂျုက ဒီလိုပြောမိတော့ နွဲ
့ရီက တဟိဟိရယ်ပြန်သည်။
နွဲ့ ရီက ဂျုဂျုလို
့ခေါ်ရတာထက် မကြိုက်ပါဘူးဆိုသည့် မမလေးကိုခေါ်ရတာ ပိုအာတွေ့ နေသည်။
အမှန်တော့ နွဲ့ ရီက ဂျုဂျု
ထက် ၁ နှစ်ကြီးသေးသည်။ နွဲ့ ရီက ၁၇ ၊ ဂျုဂျု က ၁၆နှစ်။
သူတို့ ချင့်း သိတာ ၁
နှစ်ကျော်လာပြီ။
အခြားသော ဆယ်ကျော်သက်တွေ
အချင်းချင်း သိကြတွေ့ ကြသလို ကျောင်းတက်ဖော်၊ ကစားဖော်၊ သင်တန်းဖော် မဟုတ်ကြဘဲ
မည်သို့ မျှ မအက်စပ်သောဘဝတွေပိုင်ဆိုင်သည့်
ကလေး ၂ ယောက်တွေ့ ဆုံမှုဖြင့် ခင်မင်ခဲ့ကြသည်။
သူတို့ တွေ့ ဆုံမှုကို
စဦးဆုံး ပံပိုးပေးသူက ဂျုဂျု့ ဖေဖေ။
မြစ်ဝကျွန်းပေါ်ဒေသမှ
အတော်ကြာနေခဲ့ဖူးသည့် ဖေဖေ က ဟင်္သာတမုန့် ဟင်းခါး ကို အသည်းစွဲ။
နွဲ့ ရီ ဝမ်းကွဲအဒေါ်ကလည်း ဈေးထဲမှာ မုန်
့ဟင်းခါးဆိုင်ဖွင့်ထားပြီး သူ့ လက်ရာက ဖေဖေ့ အဆိုအရ ဆိုင်းပုတ် တပ်မထားပေမယ့်
တကယ့်ဟင်္သာတမုန့် ဟင်းခါးအရသာတဲ့။
ဟင်္သာတမှာချက်သည့်မုန်
့ဟင်းခါးလည်း မစားဖူးတဲ့ ဂျုဂျု့ အတွက်တော့ ဘာမှ မထူးပါ ၊
ဒါပေမယ့် အမေကတော့
ဈေးအပြန်တိုင်း ဖေဖေ့အတွက် ထိုဆိုင်မှ မုန့် ဟင်းခါးဝယ်မြဲ။
နွဲ့ ရီက ရွာမှာ
ကောက်စိုက်ရတာပင်ပန်းသည့်အပြင် မြို့ မှာပိုက်ဆံပိုရသဖြင့် ရန်ကုန်တက်လာပြီး
အဒေါ့်မုန့် ဟင်းးခါးဆိုင်မှာလာကူလုပ်ပေးသည်။
မနက်ဆို မုန့် ဟင်းခါး ကူချက် ၊ဆိုင်ကူထိုင် ပွဲပြင်ပေး ပန်းကန်ဆေး ၊ ညနေဆို သူတို
့နေတဲ့ ရပ်ကွက်က ကုန်စုံဆိုင်သိမ်းတာကူပေး ၊နောက်နေ့ အတွက် အထုပ်တွေပြင်ကူထုတ် ပေး
၊ ညကျတော့စက်ချုပ်ဆိုင်က လက်ချုပ်လိုက်ကူ သည်တဲ့။
နင့်ဟာကကောက်စိုက်တာလောက်ပိုက်ဆံရရဲ့လားဆိုတော့၊အမလေး
အဲလောက်ကတော့အသာလေးရတာပေါ့တဲ့။မြို့မှာပင်ပန်းတယ်ဆိုတာတောသမတွေ
အိပ်နေသလောက်ရှိတာတဲ့။
“ အမှန်တော့ အမေက
သိပ်နေကောင်းတာမဟုတ်ဖူး ၊ နွဲ့ ရီက ပိုက်ဆံအရနည်းလို့ကောက်မစိုက်ချင်လို့ ၊
ဒီမှာပိုက်ဆံစုပြီးရင် ရွာပြန်ပြီးတော့ ကုန်စုံဆိုင်လေးဖွင့်မှာတော့် ၊ နွဲ့ ရီ
အမနန်း ဆီက ဆိုင်ဖွင့်တာတွေ သင်ထားတယ်“ ဟုပြောလေသည်။
အမနန်းက နွဲ့ ရီတို့ ရန်ကုန်မှာနေတဲ့
ရပ်ကွက်ထိပ်က ကုန်စုံဆိုင်ပိုင်ရှင်ဖြစ်သည်။
နွဲ့ ရီနေမကောင်းသဖြင့်
ကားနဲ့ အိမ်လိုက်ပို့ ပေးစဉ်က သူတို့ လမ်းထိပ်က ဆိုင်မှာ မြင်ခဲ့ဖူးသည်။
ဂျူဂျုကတော့ ၁၅ နှစ်ထဲက
ကားမောင်းသူ။ ဒရိုင်ဘာ ဆိုတာက ဖေဖေ၊ မေမေနဲ့  မမအတွက်သာ ။
သူမအတွက်တော့
ကိုယ့်ကားကိုယ်မောင်းရတာပဲ စိတ်သွားတိုင်းကိုယ်ပါသည်။
ပုံမှန်မဟုတ်သော
ကျုရှင်ချိန်တွေ အတွက် ကားသမားအလာကို စောင့်ရတာလောက်စိတ်ဆင်းရဲရတာမရှိ။
အစပိုင်းတော့ အိမ်က ကန်
့ကွက်ကြသေးသည်။ ငယ်လွန်းသည် လိုင်စင်မရှိသေး ဘာညာနှင့်။
နောက်တော့ ဒဂုံမြို
့သစ်မှ လာရသော ကားဒရိုင်ဘာနှင့် သူမ၏နောက်ဆုံးအချိန်မှ ပြောင်းပြောင်းသွားတတ်သော
ကျုရှင်ချိန်များနှင့် ညှိ မရတော့သည့်အခါ ၊ ဖေဖေက ကားမောင်းခွင့်ပေးလိုက်တော့သည်။ ထိုအခွင့်မရခင်
ဖေဖေ့ ကားမောင်းလိုင်စင် စာမေးပွဲကို ၄ ရက်တိတိဖြေရသည်။ပထမရက်က မြို့ ထဲတွေ
ဖေဖေနှင့်လိုက်မောင်းပြရသည်။ နောက်ရက်တွေကတော့ ပါကင်ထိုးပြရခြင်းဖြစ်သည်။ အားလုံးစိတ်တိုင်းကျပြီ
ဆိုမှ ဖေဖေ့လိုင်စင် ကိုရသွားတော့သည်။
ဒါပေမယ့် ငယ်လွန်းသည်မို
့တယောက်တည်း လွှတ်ခဲလှပါ သည်။ မေမေက အမြဲပါတတ်သည်။
ငယ်နှောင်းလွန်းတာသိသာလှသောဂျုဂျူ
တယောက်တည်း ကားမောင်းသွားတိုင်းမှာ ရဲကတားကာ
လိုင်စင်စစ် တတ်သောကြောင့်လည်းဖြစ်သည်။
နောက်တော့ မေမေလည်း
ဈေးသွားတိုင်း ဒရိုင်ဘာ ဂျုဂျုနဲ့ ပဲသွားတော့သည်။
ဈေးခြင်းဆွဲလိုက်ရတိုင်းမှာ
မေမေကလည်း အမြန်ဝယ်ပါဗျာ ပျင်းစရာ ဘာညာနှင့် ဂျီကျတတ်သော ဂျုဂျုကို နောက်တော့
မေမေက ဈေးဝက နွဲ့ ရီတို့ မုန့် ဟင်းခါးဆိုင်မှာ ထားခဲ့တတ် သည်။
ကားကို လမ်းတဖက်က
ညောင်ကြတ်ပင် အောက်ရပ်ခဲ့ပြီး နွဲ့ ရီတို့ ဆိုင်မှာခုံတလုံးနှင့် ထိုင်နေတတ်သောဂျုဂျုကို
အနည်းဆုံး တပတ်မှာ ၃ ရက်လောက် တွေ့ ရပေမည်။
ထိုနည်းနှင့်
ဂျုဂျုနှင့်နွဲ့ ရီ တွေ့ ဆုံခင်မင်ခဲ့ကြသည်။
“ ငါက ကောက်ပင်ဆိုတာ
အပြင်မှာ တွေ့ တောင် မတွေ့ ဖူးဘူး“ ဟု ပြောမိတော့
နွဲ့ ရီက သနားစရာ
သတ္တဝါကို ကြည့်နည်းဖြင့် ဂျုဂျု့ အားကြည့်လေသည်။
-----------
နွဲ့ ရီပြောသော ကောင်ပင်၊
စိုက်ထုံး ၊ ကောက်လှိုင်း ဆိုတာတွေ ကိုတခုမှ မမြင်ဖူးပေမယ့်
ဂျူဂျုက
စိတ်ကူးပုံဖော်ကြည့်သကဲ့ သို့ သူမပြောသည့် GCE O , A level , IELTS
ဆိုတာတွေလည်း နွဲ့ ရီက
မသိပေမယ့် နားထောင်ရှာသည်။
ဆိုင်မှာ လူတွေကျနေ၍
စကားလာမပြောနိုင်လျှင် ဂျုဂျူက နွဲ့ ရီနားသွား ထိုင်ကာ
သူမလုပ်တာတွေငေး ရင်ငေး
၊မဟုတ်ရင် စာဖတ်နေတတ်သည်။
မုန့် လာစားသော လူများက ကော်ကိုင်းမျက်မှန်အမည်း
ယောကျာ်းလေး ဆန်ဆန် ဆံပင်တိုတိုနှင့်တီရှပ် ဘောင်းဘီ အမြဲဝတ်တတ်သော ဂျုဂျု့အား နွဲ
့ရီကို လာပိုးနေသည့် ကောင်လေးဟုထင်ကြသေးသည်။
တခါကလည်း မုန်
့လာဝယ်သောအဖွားကြီးတယောက်က နွဲ့ ရီနားကပ် ၍ တိုးတိုးလေး ဘာစပ်စုတယ်မသိ ၊
နွဲ့ ရီက ဂျူဂျုပါ
ကြားအောင် “ အဲဒါ ကောင်လေးမဟုတ်ဘူး အဖွားရဲ့  ကောင်မလေးတော့် “
ဟု ခပ်ကျယ်ကျယ်ပြောလိုက်တော့
အဖွားကြီးက “ခေတ်ကာလသားသမီးတွေများ လိုက်မမှီပေါင်တော်
မိန်းမမှန်းမသိယောက်ျားမှန်းမသိ“ ဟု
ရှက်ရမ်းရမ်းပြီး အငေါ်တူးသွားတာ ခံရဖူးသည်။
ဂျူဂျုက တော့
နဖူးပေါ်အုပ်ကျလာသည့်ဆံပင်တိုလေးများကို မျက်မှန်ကိုင်းလွတ်အောင်ခါထုတ်လိုက်ရင်း
နွဲ့ ရီကို
မျက်စိတဖက်မှိတ်ပြမိသည်။ နွဲ့ ရီ နှင့်သူမ
က ခင်မင်၍နေပေမယ့် အကျင့်စရိုက် အသွင် အကုန်တခြားစီ၊ ဂျူဂျုက ယောက်ျားလေးဆန်ရဲတင်း
ပွင့်လင်းသလောက် နွဲ့ ရီက ရှက်တတ်သည်။ နေမကောင်းရင် လည်း
အမျိုးသားဆရာဝန်ထိုင်သည့်ဆေးခန်းဆိုမပြရဲ။ မတတ်သာလို့ ပြရလျှင်လည်း
မေးမြန်းသမျှကို ပွင့်လင်းစွာမပြောရဲ၊ အမျိုးသမီးဆရာဝန်ထိုင်သည့်ဆေးခန်းမှာပြမှ သူ
့မှာအဆင်ပြေသည်။
တခါကလည်း အမျိုးသမီး
ကိစ္စဖြစ်၍ သေလုမျောပါး ဗိုက်အောင့်နေပြီး တက်ချက်မတတ်ဖြစ်နေတာကို ဈေးနားက ဆေးခန်းက
ယောကျာ်းဆရာဝန်မို့ မပြဘဲအောင့်ခံနေလေသည်။
ဂျုဂျုလာတော့ မှ နွဲ့ ရီ
အဒေါ်က ပြောပြ၍သိရသည်။ နွဲ့ ရီမှာ ဖြူဖပ်ဖြူရော်ပင်ဖြစ်နေလေပြီမို့  ၊သူမက ကားနဲ
့တင်ပြီး တလမ်းကျော်က ဆေးခန်းသွားပို့ ရသည် ၊ ကံဆိုးချင်တော့
ထိုအချိန်ထိုင်တာကလည်း ယောကျာ်းဆရာဝန်ဖြစ်လို့ နေပြန်သည်။ နွဲ့ ရီကို ဘယ်လိုမှ
ကားပေါ်က ဆွဲချမရသည်မို့ သူမပဲ ဆေးခန်းထဲဝင်သွားသည်။ အကြောင်းစုံပြော အပြီး ဆရာဝန်က
ဘယ်လိုနာသလည်းမေးမြန်းတော့မှ ဂျူဂျုက “ အမှန်တော့ ကျနော်ဖြစ်နေတာမဟုတ်ဘူး
ဟိုကားပေါ်မှာ ကောင်မလေး ပါလာတယ် သူဖြစ်နေတာ ၊သူက ရှက်လို့မပြရဲဘူးဆိုလုပ်နေလို
့ကျနော်က တဆင့်ပြောပြတာ အဲဒါ ဆေးလေးဘာလေးပေးလိုက်ပါဆရာ “ ဆိုတော့ ဆရာဝန်လေးခမျာမှာ
ရယ်ရမလိုငိုရမလိုဖြစ်ရသေးသည်။
နောက်တော့
ဆေးပေးလိုက်ပြီး သူ့ ဆေးခန်းမှာ ကုန်နေသော ဆေးတမျိုးကိုတော့ ဆေးဆိုင်မှာဝယ်သောက်ရန်ရေးပေးလိုက်ရာ
၊ ဂျူဂျု ဝယ်နေကြဆေးဆိုင်မှာပဲ သွားဝယ်ဖြစ်သည်။
ထိုဆေးဆိုင်က သူမဘော်ဒါ အကိုကြီးတွေက
ဆိုင်ရှေ့ ခပ်လှမ်းလှမ်းက ရပ်ခဲ့သော ကားပေါ်လှမ်းကြည့်ရင်း “ အမယ် ဘယ်က
စိုးစန္ဒာထွန်းလေး တင်လာသတုံးကွ “ ဆိုတော့
“ အဟဲ၊ ကျနော် ဘော်ဒါပါ ချောတယ်မဟုတ်လား
“ ဟုပြောပြီး ရယ်ရယ်မောမောနှင့်ဆိုင်က
ထွက်လာ ကားပေါ်ရောက်တော့ “ ရော့ နင့်ဆေးတွေ ခုသောက်လိုက် နောက်မှာရေဘူး “ ဆိုတာကိုတောင်
မသောက်နိုင်သေးဘဲ “ ဟဲ့ ဟိုလူတွေ နဲ
့ဘာပြောနေတာလည်း ငါ့ကို ကြည့်ပြီးတော့ “
လို့ မေးနေသေးတော့ ဂျူဂျုက စချင်တာနဲ့  “ သြော် ဒီ ဟိုဒင်းအကိုက်ပျောက်ဆေးက
ဘယ်သူ့ တွက်လဲဆိုလို
့နင့်တွက်လို့ ပြောနေတာ “ ဟု စလိုက်တော့ နွဲ့ ရီမှာ ရှက်မဆုံးနိုင်တော့ပေ။
အတော်လေးကြာမှ အလကားစတာ
ဆိုတော့ ဂျူဂျု့ ကို စိတ်တိုနေလေသည်။
ဒီလောက်အရှက်ကြီး သော
နွဲ့ ရီက ဂျုဂျု့ အတွက် လူတယောက်နဲ့ နင်ပဲငဆ ရန်ဖြစ်ယုံမက ကိုယ်ထိလက်ရောက်
ရိုက်နှက်တာပါခံသည်ဆိုသည်မှာ မယုံနိုင်စရာ ကောင်းပေမယ့် တကယ့်ကို ဖြစ်ခဲ့လေသည်။
ဆက်ရန်
Nwe ye..season 1.episodes 2 ,pls.
Keep it up, Vista.
Ant
မတူတဲ့ စရိုက်၊ ဘဝနှစ်ခုကြားက သံယောဇဉ် ကြိုးလေး တစ်ချောင်းကိုတော့ စ,မြင်နေရပြီ၊ ဆက်ရန်ကို စိတ်ဝင်တစား စောင့်နေပါတယ် ညီမရေ...။
prison brake မဟုတ်ဘူးနော် ဟိဟိ။
ကိုညီလင်း ရေဆက်ပါမယ်ဗျို့ ။
ဖတ်လို့  အလွန်ကောင်းသည်...
မြန်မြန် ဆက်ရေးစေချင်သည်... :-)
ဗျစ်..ဆက်ရန်က ကြာလှချည်လား..ဟွန်း
ရီဒါက ဖတ်ပြီး ကောမန့် မရေးပဲ ထားတာကို ခူထိ မဆက်သေးလို့ လာပြောတာအေ့ ..
pifpif
ဘစ်ဘစ်ကစာရေးကောင်းတယ်၊
အတည်ဆက်လုပ်တော့... :)