ဆောင်းဦးပေါက် ၁၉၄၄ ခုနှစ် ၊ မဟာမိတ်တပ်များက Cotentin ကျွန်းဆွယ်ကိုအောင်နိုင် ပြီးနောက် ပြင်သစ်ပြည်မှတဆင့် ဂျာမနီသိမ်းပိုက်ထားသော
နယ်စပ်များသို့ ပင် ဝင်ရောက်လာချိန်တွင် ၊
ခြေလျှင်တပ် ဗိုလ်ချုပ် Friedrich von Dexter သည်
သူ၏ထို "အမိန့် စာ"ကိုလက်ခံရရှိခဲ့ ခြင်းဖြစ်လေသည်။
ထိုအမိန့် စာ ကိုWelfenstrasse မြို့ ရှိ ဗိုလ်ချုပ်၏နေအိမ်လေး သို့ 
ဆိုင်ကယ်တပ်သားတစ်ဦးက သယ်ဆောင်လာခဲ့လေသည်။
တပ်မတော် အဆင့်မြင့် ညွန်ကြားရေးအဖွဲ့ မှ တဆင့် နယ်တပ်ရင်းသို့ ပေးပို့ လိုက်ခြင်းလည်းဖြစ်သည်။
မြို့ လေး တဝိုက် လေကြောင်းတိုက်ပွဲများ မရှိသလောက်ရှားပါးသွားပြီး ၊
ယာဉ်ရထား အသွားအလာလည်း မရှိချိန်တွင် ထို မော်တော်ဆိုင်ကယ်၏ကျယ်လောင်သောစက်သံက အနားရှိအိမ်များကိုပင် သတိပြုမိစေတော့သည်။
အိမ်နီးနားချင်းများက ပြုတင်းပေါက်များမှ တဆင့် လှမ်း၍အကဲခတ်ကြလေသည်။
သူတို့ က ဗိုလ်ချုပ်ကိုယ်တိုင် ထိုစာကို လက်မှတ်ထိုးပြီး လက်ခံရယူ လိုက်တာကို မြင်တွေ့ ကြရသည်။
ဆိုင်ကယ်စီးတပ်သား ပြန်အသွားမှာ ဗိုလ်ချုပ်လည်း အိမ်ထဲဝင်သွားတော့သည်။
ဗိုလ်ချုပ်က မျက်မှန်မတပ်ထားသည့်အတွက် ထိုစာရွက်ကို လက်တကမ်းမှာထား ဖတ်ရသည်။ သူစာဖတ်နေချိန်တွင် သူ့ ဇနီး Aloise က အနားတွင် တိတ်ဆိတ်စွာရပ်စောင့်နေသည်။
စာဖတ်အပြီးတွင်သူက စကားတခွန်းမဆိုပဲ ဇနီးသည်ထံစာရွက်ကိုလှမ်းပေးလိုက်ရာ
သူမက ထိုစာကိုဖတ်လိုက်သည်။
“ အဓိပ္ပါယ်က..? “ သူမက စပြောပြီးမှ ရပ်ပစ်လိုက်သည်။
အိမ်ထဲတွင် စက်ရုံလုပ်သားများ စခန်းချနေရာ သူမက အန္တရာယ်ကို မစွန့် စားလို ပေ။
သူမအနေဖြင့် ခေါင်းဆောင်ကြီး ထံမှ တိုက်ရိုက်ရောက်လာသော အမိန့် စာကို
ဝေဖန်ဆွေးနွေးနိုင်ခွင့်မရှိပါချေ။
အဘိုးကြီးနှင့်အဘွားကြီးသည် တယောက်မျက်နှာ တယောက်ကြည့်လိုက်ကြရာ အနှစ် ၄၀ကျော်ပေါင်းသင်းလာခဲ့သော သူတွေပီပီ စကားတစ်လုံးမှမပြောပဲ နားလည်သွားသည်။
“ ကဲ ၁၀ မိနစ်လောက်အချိန်ရသေးတယ်ကွယ် ၊ လမ်းလျှောက်ရအောင်... “ ဗိုလ်ချုပ်ကပြောသည်။
သူတို့ သည် လမ်းအတိုင်း ပျက်စီးနေသော အိမ်များကြားထဲမှ လျှောက်လာကြသည်။
ဗိုလ်ချုပ်က အရပ်ဝတ်နှင့်။
ခေါင်းဆောင်ကြီးက သူ့ ကို တာဝန်မှ ရပ်စဲလိုက် ကတည်းက သူ့ တွင် စစ်ဝတ် ဝတ်ခွင့်မရှိတော့ပါချေ။
ထို့ ကြောင့်သူက သူ၏ နှစ်ပေါင်း ၂၀ ကျော် ဟောင်းနွမ်းနေသည့် တွီကုတ်ကို ဝတ်ထားသည်။
သူ့ ဘေးနားမှ လျှောက်နေသော Aloise ကလည်း သူမ၏ ကုတ်အဟောင်းလေး စကတ်အဟောင်းလေးနှင့်။
သူတို့  ၂ ဦးကမှ တကယ့်ကို သူတို့ သက်တမ်းတွင် ရှင်သန်ကျန်ရစ်နေသူများသာဖြစ်တော့သည်။
“ စာ အဓိပ္ပါယ်က ဘာများလည်း မောင်ရယ်.. “ Aloise က လမ်းထောင့်လေးသို့ အရောက်တွင်မေးလိုက်သည်။
“ ခေါင်းဆောင်ကြီး ဆီက တိုက်ရိုက် အမိန့် လေ “.. “ ကိုယ့်ကို ခံတပ်မှာ တာဝန်ချတာပေါ့ကွာ “ ။
“ ဟုတ်ကဲ့ ၊အဲဒါ ပြင်သစ်မှာလားဟင်..“
“ ဘယ်လဂျီယံ နယ်စပ်မှာလေ ၊ ကမ်းစပ်မှာပေါ့ “
“ ဘယ်လို ခံတပ်မျိုးလည်းဟင် “
အဖြေမပေးခင် ဗိုလ်ချုပ်က ပုခုံးပေါ်မှကျော်ကာ နောက်လှည့်ကြည့်သည်။
“ ကိုယ်တော့ အဲဒါခံတပ်လို့ မထင်ပါဘူးကွာ ၊ စိတ်ထဲက ကို မထင်တာ “
“ ဟင်၊ ဒါဆို ... “
ဗိုလ်ချုပ်က ပုခုံးပေါ်မှ နောက်လှည့်ကြည့်ပြန်သည်။
“ ခေါင်းဆောင်ကြီးမှာ စနစ်သစ်တခုရှိတယ် ၊ အဲဒါ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကမှ ရုရှားမှာ စလုပ်တာ ။
တချို့ နေရာတွေကို ခံတပ်အဖြစ်သတ်မှတ်ပြီးတော့ မြို့ စောင့်တပ်နဲ့  အရာရှိ တစ်ဦးကို ခန့် ထားတယ်ပေါ့ကွာ “
“ အဲဒီတော့ .. “
“ အဲဒီလို့  နေရာကို ခံတပ်လို့ သတ်မှတ်ထားတော့ ကွာ အဲဒီမြို့ စောင့်တပ်ဟာ နောက်ဆုံးတစ်ယောက်ကျန်တဲ့အထိ ခုခံရတော့တာပေါ့ “
“ သိပါပြီ မောင်ရယ် “
လမ်းထဲမှာ ထိုအကြောင်းပြောရသည်မှာ အတော့်ကို ခက်ခဲလှပါသည်။
“ ခင်နားလည်ရမှာက ခေါင်းဆောင်ကြီးက သူ့ ဆန္ဒတွေ ပြည့်ဝ မယ်လို့ ထင်နေတာလေ။
သူက ခံတပ်လို့ ခေါ်လိုက်တာနဲ့  အဲဒီ ဒေသက ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ကြံကြံခံရတော့မှာ ၊
ထိန်းထားနိုင်တဲ့ အင်အားရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ၊တပ်တွေဘယ်လို ပျက်ပြားနေနေ၊ လက်နက်အင်အားမရှိတာပဲဖြစ်ပစေပေါ့ ၊ ဒါတွေပြောနေရတာကိုကပဲ သစ္စာဖောက်ရာကျနေပါပြီကွာ “
“ ဒါဆို မျှော်လင့်ချက်မရှိဘူးပေါ့ ဟုတ်လား “
“ ခင်ရယ် ...“ ဗိုလ်ချုပ်က စကားစပြီးမှ စစ်သားဆန်သောစကားလုံးတွေ စဉ်းစားရင်းရပ်သွားသည်။
“ ဒါဟာ ကိုယ့်တာဝန်ပဲလေ ၊
ကိုယ်ဟာ စစ်သားဖြစ်တဲ့ အတွက် ဘာအတွက်ဖြစ်နေနေ အမိန့် နဲ့  တာဝန်ကို
ဦးလည်မသုန် ထမ်းဆောင်ရမှာပေါ့ “
“ ဟုတ်ပါတယ် မောင်ရယ် ..“
“ ဒါပေမယ့်လည်း ..“ ဗိုလ်ချုပ်က ပြောရင်းရပ်သွားပြန်သည်။
“ဒါပေမယ့်ဘာဖြစ်လည်း ဟင် “
“ အမြဲတမ်းတော့ မဟုတ်ဘူးပေါ့လေ ၊ ပိတ်ဆို့ တိုက်ခိုက်ခံရတဲ့အခါမှာဆိုရင် ..“
အိမ်ထောင်သက် အနှစ် ၄၀ အတွင်း ဗိုလ်ချုပ်သည် သူ့ ဇနီးအား
တိုက်ပွဲနှင့်ပတ်သက်သော ကိစ္စများကို တိုင်ပင်လေ့ရှိခဲ့သော်လည်း
ပိတ်ဆို့ စီးနင်း တိုက်ခိုက်ခံရသောတိုက်ပွဲဆိုတာကို တိုတိုနှင့်လိုရင်းရှင်းပြရန်ခက်နေတော့သည်။
“ ပိတ်ဆို့ ခံရရင် ဘာဖြစ်လည်း ..“
“ အဲဒီကျရင် ဆက်လက်မခုခံနိုင်တော့တဲ့ အခြေအနေတခုဆို တာကို ရောက်လာတော့တယ်လေ “
“ တဖက်ရန်သူတွေက ချက်ကောင်းကို စီးမိသွားရင် ၊
သူတို့ အမြှောက်တပ်တွေနဲ့  တို့ တွေ ခံတပ်ကို ခြေမှုန်းတဲ့အခါမျိုးပေါ့ကွာ “
သူသည် ယခုပြောနေသည့် စကားမျိုးတွေကို စစ်တက္ကသိုလ်တွင်
အရာရှိငယ်များနဲ့ လည်း ကြိမ်ဖန်များစွာ ဆွေးနွေးခဲ့ဖူးပါပြီ။
ဆိုင်တဆိုင်ရှေ့ တွင် တန်းစီနေသော လူအုပ်နားရောက်တော့ သူစကားပြောရပ်လိုက်သည်။
လူအုပ်ကို ဖြတ်ကျော်လာတော့ ဇနီးဖြစ်သူက ဆက်မေးသည်။
“ ပိတ်ဆို့ တဲ့အကြောင်း ဆက်ပြောလေ မောင် .. “
“ အင်း အဲလိုပိတ်ဆို့ ခံရတဲ့နေရာမှာ အဝိုင်းခံထားရတဲ့ သူတွေဟာ
အကျအဆုံးအရမ်းများလာတဲ့အခါ ၊ ရန်သူ့ အင်အား နဲ့ ကိုယ့်အင်အား မမျှတော့တဲ့အခါ ၊
ခံစစ်ဟာ သတ်ကွင်းထဲမှာ အသတ်ခံ သက်သက်လောက်သာ ရှိပြီး
ကိုယ့်ဘက်က ဘယ်လို မှ ပြန်မတိုက်နိုင်တဲ့ အခါမျိုးရှိလာတတ်တယ်ကွ “
“ ဒါပေမယ့် အဲလိုတွေဖြစ်အုံးတော့ နောက်ဆုံးထွက်သက်အထိ ခံတိုက်နေရတတ်တယ် “
“ဘာဖြစ်လို့ လည်းမောင်ရယ် ၊ခင်တော့နားမလည်ဘူး “
Aloise က professional ဆန်အောင်သာပြောလိုက်ရသော်လည်းနားမလည်နိုင်ပါချေ။
သူမစိတ်ထဲတွင် လူသေအလောင်းများ ၊ ဖခင်မဲ့ကလေးများ နှင့်
သားမဲ့ မိခင်များကိုသာမြင်ယောင်နေလေသည်။
သူမကိုယ်တိုင် သူမသားများ သတင်းကြားရစဉ်က ခံစားခဲ့ရသည်လေ။
သူမ အနေဖြင့် ဗိုလ်ချုပ် ကတော်တစ်ဦး ဇနီးပီပီ ယခုလို ဆွေးနွေးချိန်တွင်
ဒါတွေမတွေးသင့်မှန်းတော့ သိပါသည်။
“ တခါတလေ ကျတော့လည်း ၊ မြို့ စောင့်တပ်ဟာ ကြံ့ကြံ့ခံပြီးတော့
ရန်သူတွေ ရဲ့ အရေးပါတဲ့ လမ်းကြောင်းကို ပိတ်ဆိုထားနိုင်တာမျိုးလည်းရှိတယ်ကွ ။
အဲလိုအချိန်ဆိုရင်တော့ နာရီနည်းနည်းလောက်လေး ဆက်ပိတ်ထားနိုင်ဖို့ 
အတွက်ကို အသေခံရတာ တန်တာပေါ့ကွာ “
“ ဖြစ်နိုင်တာပေါ့လေ “
“ မဟုတ်ဘူးကွ ၊ တကယ်က အဲလို အခြေအနေက အတော်ရှားတာ ကလား ၊
ဗိုလ်ချုပ် Dexter က ပြောသည် ။
“ ခင်ထင် တာထက်တောင် နည်းသေးတယ် “
Aloise က လူထောင်ပေါင်းများစွာ အသက်ကို စတေးရန် ထိုက်တန်သည့် အခြေအနေ
ရှိသည် ဆိုတာကိုပင် မယုံကြည်နိုင်သည့်အတွက် ၊
ဘာမှ ဆက်မပြောဘဲ ခင်ပွန်းသည် အပြောကို စောင့်နေသည်။
“ တကယ်တမ်းကျတော့ လည်း ၊ အသေခံမြို့ စောင့်တပ်တခုရဲ့ 
နောက်ဆုံးအချိန်အထိ တိုက်ပွဲဟာ အရေးပါတဲ့ နေရာမှာ မရှိတတ်ပါဘူးလေ “
-------------------------------------------------------------------------------------

To Be Continued
The Hostage by C.S. Forester
The Hostage by C.S. Forester
မိုက်တယ်တီဗစ်။များများနဲ့မြန်မြန်ရေးပါ။
စိတ်ဝင်စားစရာဘဲ
ခေါင်းဆောင်ကြီးက ဘာလို့ ရှေ့တန်းကို ပြန်ပို့ပါလိမ့်..
ကိုယ်တို့ ဘဘကြီးလို လူတွေ များများ ...................... ပို့တာလား