Aloise က အသေခံတပ်ဖွဲ့ အကြောင်းဘာမှဝင်မဆွေးနွေးနိုင်သူ မို့ ဆက်မပြောပေ။
To be continued.
သူမ ခင်ပွန်းကသာ ဆက်ပြောပြန်သည် ။
“ ဆိုကြပါစို့  ၊ ကိုယ့်မှာ တပ်သား နှစ်သောင်းရှိတယ်ပေါ့ ၂ပတ် သုံးပတ်အတွင်းမှာ
ရန်သူ ၄သောင်းလောက်ကို ထိန်းထားနိုင်တယ်ဆိုရင်တော့ တန်တယ်ပေါ့ “
ကိုယ်တို့ တပ်က ရန်သူ့ ရဲ့ တကယ့်အရေးပါတဲ့ ပွိုင့်ကို တိုက်တယ်ဆိုပါတော့ကွာ ၊
သူတို့  တွေမှာ ကျည်ကာ မပြည့်စုံရင် ကိုယ်ဟာသူတို့ ကို အများကြီး ဆုံးရှုံးစေတာပေါ့ ။
အဲဒီ အရေးကြီးတဲ့ ပွိုင့်ကိုလည်းရရော ကိုယ့်ဘက်မှာ လူ ၅၀၀၀ လောက် ကျဆုံးနေပြီးဖြစ်နေပြီလေ။ “
Aloise က လူသေ ၅၀၀၀ကို ကြိုးစား ၍ပုံဖော်ကြည့်သော်လည်း
ထိုမျှများပြားသောကျဆုံးမှုပမဏ ကိုသူမမတွေးကြည့်နိုင်ပါ။
“ ဒါပေမယ့် ရန်သူ့ အင်အား ၁သောင်း ဒါမှ မဟုတ် ၁ သောင်း ၂ ထောင်လောက်
ကျဆုံးတယ်ဆိုရင် တော့လည်းဒါဟာ တန်တယ်လို့ ပြောလို့ ရတယ်။
ကိုယ်တို့ မှာ လက်နက်တွေကလည်းမလုံလောက် ၊ ကျည်ဆံတွေ ခဲယမ်းမီးကျောက်တွေလည်း
ကုန် ပြီး လေကြောင်းဗုံးကြဲတိုက်ခံမှုတွေလည်း ဒလစပ်ခံနေရတဲ့ အချိန်မှာ
ရန်သူက ဝင်တိုက်မယ်ဆို အောင်မြင်နိုင်တယ် ။
ဒီလိုအခြေအနေမှာ ကိုယ်ဟာ လူ ၁သောင်းခွဲလောက်နဲ့ ခံတိုက်မယ်ဆိုရင်တောင်မှ အကုန်ကျဆုံးမှာ။ ရန်သူဘက်ကဘယ်လောက်ကျဆုံးမယ်ထင်နေလည်း ၁ ထောင်လား
၁ ထောင်တောင်ကျမှာမဟုတ်ဘူး “
“ အင်းသိပါပြီ မောင် “
ဗိုလ်ချုပ်က နာရီကြည့်လိုက်သည် “ ကဲ ခင်ရေ အချိန်တန်ပြီ ..ပြန်လှည့်ရအောင် “
သူတို့ ပြန်လှည့်လျှောက်လာအပြီးတွင် Dexter က သူ၏ပို့ ချချက်ကို ဖြည့်စွက်လိုက်သည် ။
“လျှောက်တွေးမနေပါနဲ့ ကွာ ၊ ခံတပ်တခုတိုးလာတယ်ဖြစ်စ လျှော့သွားတယ်ဖြစ်စေ ဘာမှမထူးပါဘူးကွာ ။
ကိုယ်တို့ က တခြားတပ်ဖွဲ့ တွေနဲ့  ဂျာမနီပြည်ကြီး အကြောင်းပဲတွေးရမှာမှလား “
သူတို့ တိတ်ဆိတ်စွာလျှောက်လာကြသည်။
“ ရဲဘော်တွေဟာ အရာရှိကောင်းတယောက်အမိန့် အောက်မှာ ရဲရဲဝံ့ဝံ့တိုက်ခိုက်လေ့ ရှိကြတယ် ။
ဗိုလ်ချုပ်က ဆက်ပြောပြန်သည်။
“ ဒါပေမယ့် သူတို့ ဟာ အကျိုးမဲ့ အသက်စွန့် နေရတာကို သိလာရင် သတ္တိရှိရှိမတိုက်နိုင်ကြတော့ဘူးပေါ့ကွာ ၊ အဲခါကြတော့လည်း ထိန်းမထားနိုင်တော့ဘူးပေါ့ ၊ ကိုယ်ပြောတာ သဘောပေါက်လား “
“ ဟုတ်ကဲ့ပါမောင် “ Aloise ကပြောသည်။
“ အဲလိုဆိုမှ တော့ စစ်တပ်ကလည်း စစ်တပ်နဲ့ မတူတော့ဘူးပေါ့ကွာ “
ဗိုလ်ချုပ်ကပြောရင်း နောက်သို့ အမြန်လှည့်ကြည့်သည်။
သူတို့ တိတ်တိတ်ဆိတ်ဆိတ် လျှောက်လာကြရင်း သူရှေ့ ဆက်ပြောမည့် စကားတွေအတွက်
အခက်တွေ့ နေသည်။ ဒါပေမယ့် ဇနီးသည်က သူ့ ကိုအလိုက်တသိ မေးလိုက်သည်
မို့ ဆက်ပြောလို့ လွယ်သွားသည် ။
“ ဒါဆို မောင်ကရောဟင် .. မောင်ဘာဆက်လုပ်မယ်တွေးထားလဲ “
“ ကိုယ့်မှာက အမိန့် နဲ့ လေ “ Dexter က ပြောလိုက်သည် ။
သူ့ အသံမှာ မာနေသဖြင့် Aloise က သူ့ မျက်နှာကိုကြည့်လိုက်ရာ
မျှော်လင့်ချက်ကင်းမဲ့ နေသောမျက်နှာကိုတွေ့ ရလေသည်။
လွန်ခဲ့သော ၁ နှစ်ခန့် က Kharkov တွင် ခေါင်းဆောင်ကြီးဌာနချုပ်မှစာကို
ဖတ်နေစဉ်အတွင်းမှာတောင် သူ့ မျက်နှာတွင် ဘာခံစားချက်မှ မပေါ်အောင်ထိန်းထားနိုင်ခဲ့သည် ။
ရန်သူတွေ ဝိုင်းဝန်းပိတ်ဆို့ ထားသောစက်ကွင်း အတွင်းမှ လက်ကျန်တပ်ဖွဲ့ လေးကို သူနည်းသူ့ ဟန်ဖြင့် ခေါင်းဆောင် ထိုးဖောက်တိုက်ထွက်အပြီးမှာတော့ ထိုစာရောက်ရှိလာခဲ့ခြင်းဖြစ်လေသည်။
ထိုစာက သူကို တာဝန်မှရပ်စဲသော စာဖြစ်သည်။
“နာမည်တွင် von ပါသောခပ်ညံ့ညံ့လူကြီးမင်း “ ဟုစာတွင် သူ့ ကိုညွန်းဆိုထားခဲ့လေသည်။
သူ့ ကိုဆုံးရှုံးရခြင်းအတွက် သူ့ လက်အောက်မှ
အရာရှိအရာခံအကြပ်တပ်သားအားလုံး စိတ်မကောင်းဖြစ်ကြရသည်။
ဒါပေမယ့်လည်း ထုံးစံအတိုင်းခေါင်းဆောင်ကြီးဌာနချုပ်မှ အမိန့် ဖြစ်၍
ထိုအမိန့် တွင် တခုခုမှားယွင်းနေကြောင်း သိသော်လည်း သူတို့ သဘောထားကိုမဖော်ပြနိုင်ကြပါချေ။
ဗိုလ်ချုပ်က သူ့ တပ်ကို အချိန်တိုလေးအတွင်းနုတ်ဆက်ထွက်ခွာခဲ့ရပြီး နေရပ်သို့ အရှက်ရကာပြန်လာခဲ့ရသည်။
ဇနီးသည် Aloise တယောက်သာ သူ အရှက်ခွဲခံရတာကို နားလည်ပြီး နွေးထွေးစွာကြိုဆိုခဲ့သည်။
သူမက သူ့ ကိုအရင်ကထက် ပိုတိုးလို့ ပင်ချစ်သေးတော့သည်။
အသက် ၆၀ အရွယ်အမယ်အိုနှင့် ၆၂ အရွယ် အဘိုးအိုတို့  ပျက်စီးနေသော အိမ်များဘေးမှ
လျှောက်လာရင်း လူ နှစ်သောင်းကျော် အသက်ဘေးအတွက်ဆွေးနွေးလာကြရာတွင် ..
သူတို့ နှစ်ဦး ကြားမှာ အချစ်မရှိဘူး ထင်ပါသလား ။ ရှိပါသည် .. သူတို့ ကြားတွင် အချစ်ရှိပါသေးသည်။
“ ကိုယ်အမိန့် နာခံရမယ် “ Dexterက ပြောသည်။
“ ဟုတ်ကဲ့ သိပါတယ် မောင်ရယ် “ Aloise က ပြောလိုက်ပါသည်။
ဒါဟာ တာဝန်ချည်းပဲ သက်သက်ကြောင့်မဟုတ်ဘူးဆိုတာ ကို သူမသိပါသည် ၊
ခေါင်းဆောင်ကြီး အမိန့် ကို ဖီဆန်သူမှန်သမျှ သေကြရမည် မဟုတ်ပါလား။
“ခင်ရယ် “ ဟိုးအဝေး မိုးကုတ်စက်ဝိုင်းဆီသို့ မျှော်ငေးရင်း က ပြောလိုက်သည် ။
သူက သူ့ ချစ်ဇနီးနှင့် မျက်လုံးချင်း မဆိုင်မိအောင်နေ လိုက်ပါသည်။
“ ဟုတ်ကဲ့ ပါ “
“ ခင် ဓါးစာခံဥပဒေ အကြောင်းသိတယ်နော် “
“ ဟုတ်ကဲ့“
“ နားလည်း နားလည်တယ် မဟုတ်လား ဟင်“
“ ဟုတ်ကဲ့ ခင်နားလည်ပါတယ်“
ဂျာမနီပြည်တွင် ရှိသမျှလူအားလုံး ထို ဥပဒေကို နားလည်ကြပါသည် ။
ထို ဥပဒေကို စတင်ကျင့်သုံးသည်မှာ အချိန်အတော်ကြာခဲ့လေပြီး
အခုဆိုလျှင် အတည်ပြုပုံနှိပ်ပြီးပင် ဖြစ်နေလေပြီ။
အမျိုးသားများ၏ မိသားစုများသည် သူတို့ အတွက် တာဝန်ခံရသူများဖြစ်ကြရသည်။
စစ်သားတယောက် တပ်ပြေးလျှင် သူ၏ မိဘ၊ ဇနီး ဒါမှမဟုတ်
ညီမ ( သို့ ) သူ၏ ကလေးများပင် ကွပ်မျက်ခံရမည်။
တပ်ပြေးများပင်မကဘဲ မိမိတာဝန်ကျေပွန်အောင်မထမ်းဆောင်နိုင်သော သူများ၏
ချစ်ခင်ရသော မိသားစုများ သည်လည်း သေမင်းနှင့်ရင်ဆိုင်ရပေမည်။
“ ခု ခင်တယောက်တည်းကျန်တော့ တာနော် “ Dexterက မိုးကုတ်စက်ဝိုင်းကို ငေးမျှော်ကြည့်ရင်းပြောလိုက်သည်။
“ သိပါတယ် မောင်“ Aloise က ဆိုသည်။
သားငယ် Friedrich von Dexter က El Alamein တွင် ကျဆုံးပြီး
Lothar von Dexter က Stalingrad ကျဆုံးကာ Ernst က Rostov တွင် “ပျောက်ဆုံး“
စာရင်းဝင်ပြီးနောက် သူတို့ အဘိုးကြီး အဘွားကြီး ၂ ဦးသာကျန်ခဲ့တော့ သည်။
အခုတော့ တယောက်က အသေခံတပ်တွင် တာဝန်ထမ်းဆောင်ရပြီး နောက်
တယောက်က အိမ်တွင် ဓါးစာခံအဖြစ်ကျန်ရစ်ရပေတော့မည်။
“ ခင်သတိထားမိလား . အမိန့် စာမှာလေ ကိုယ့်လက်အောက် အနီးကပ် အရာရှိကို
ဘယ်သူ့ ကိုခန့် ထားလိုက်တယ်ဆိုတာ “
“ Gruppenfuehrer ... ဆိုလား . သူ့ နာမည် ခင်မမှတ်မိဘူး
SS (ထောက်လှမ်းရေး )အရာရှိမဟုတ်လား “
“Gruppenfuehrer Frey ... တဲ့ ကိုယ်သူ့ ကို မသိဘူး ၊
ဒါပေမယ့် ဘာ့ကြောင့်သူ့ ကို ခန့် တယ်ဆိုတာ တော့ သိတယ် “
“ မောင့်ကို စောင့်ကြည့်နေဖို့လား “
“ ကိုယ် တာဝန်ကနေ မသွေဖီ နိုင်အောင်လို့ ပေါ့ ကွာ “
သူတို့ အိမ်ပြန်ရောက်လာလေပြီ ။ အချင်းချင်းပြောစရာရှိသည်များလည်း ပြောပြီး ကြလေပြီ ။
အခုတော့ နုတ်ဆက်ကြ ဖို့ အချိန်တန်လေပြီ ၊အမြန်ဆုံး နုတ်ဆက်ကြရပေတော့မည်။
ထိုသို့ နုတ်ဆက်ရမှုတွေ ဂျာမနီပြည်တွင် ထိုအချိန်က အမြောက်အများရှိခဲ့ဖူးသည်။
ဟစ်တလာက သူ ရာထူးမှ ချထားခဲ့သော ဗိုလ်ချုပ်ဟောင်းများကို တာဝန်သို့ ပြန်ခေါ်ပြီး
“ ခံတပ်“ များတွင် တာဝန်ချနေချိန်လည်းဖြစ်သည်။
ထိုတာဝန်ကို ရာထူးကြီးသော၊ တပ်သားများလေးစားလိုက်နာမည့် အရာရှိကြီးများသာ
ခန့် ထားရန်အသင့်တော်ဆုံးကြောင့်ဖြစ်လေသည်။
Dexter က သူ့ ဇနီးကို နုတ်ဆက် အနမ်းပေးပြီး နောက် လာကြိုမည့် ကားကို စောင့်နေချိန်အတွင်း
“ ဓါးစာခံဥပဒေ“ ကို ရင်တွင်း၌ နင့်နင့်သီးသီး သတိရနေလေတော့သည်။

ဖတ်ပြီး စိတ်မကောင်းဘူး
ဓါးစာခံမှန်းသိသိကြီးနဲ့ တာဝန်ထမ်းဆောင်ရတဲ့အဖြစ်က ဘယ်လောက်ရင်နာဖို့ကောင်းမလဲနော်..
ကိုယ်တိုင် ခံစားရသလိုပါဘဲ..
တူဘီ ကွန်တေးနယူးက ပါပြန်ပီးလားဗျာ ဖတ်ရတာ ကိုရီးယားကား ကြည့်နေရလိုပဲ ကောင်းပါတယ်ဆိုမှး)))))))
မဗစ်ရေ ညန်ညန်ဗျိုးးးးးး