Vista

Image from Google

ဘဘသည် ထိုင်နေကြ ပုံစံအတိုင်းထိုင်လျှက် ၊ပေါ့ပါးသောအပြုံးနှင့်ရယ်မောမြဲ ။ သူမကအနားမှာထိုင်ကာလုပ်မြဲထုံးစံဘဘလက်ကိုဆွဲယူကာပေါင်ပေါ်တင်ပြီး
သူမ၏ လက်သေးသေးများနှင့် ဆုပ်ကိုင်ထားလိုက်သည်။
ရှည်လျားသော အေးစက်စက်လက်ချောင်းများ ( ဘဘလက်များက အမြဲပင်အေးစက်သည် )
ကို သူမက တစ်ခါတစ်လေ ပါးနှင့်ကပ်ထားလေ့ရှိသည့်အတိုင်း အခုလည်းကပ်ထားမိသည်။
ဘဘ အနားမှာရှိနေလျှင် စိတ်၏အေးချမ်းမှုကို ခံစားရမြဲအတိုင်း ခံစားရပါသည်။
သူမဘဘကို ချစ်တဲ့အချစ်ဟာ ၁၀၀ % အပြည့်တိတိ။
ဘဘနဲ့ မတွေ့ ရတာ အရမ်းကိုကြာခဲ့ပြီ မို့ ယခုလို ပြန်တွေ့ ရတာ အလွန်ပဲ ဝမ်းသာရပါသည်။

သူမဘဝမှာရင်းနှီးခဲ့ ဖူးသော အမျိုးသားများတွင် ဘဘကိုပဲအချစ်ဆုံး။
စိတ်တိုလိုက်တာ ၊ စိတ်ဆိုးလိုက်တာ ၊အလိုမကျ လိုက်တာရယ်လို့ တစ်ခါမှပင်
မဖြစ်စဘူးခဲ့ ။ကြောက်တယ်လန့် တယ်ရယ်လည်းမရှိ။
ဖေဖေ့ကိုဆိုလန့် သေးသည် ။ တစ်ခါမှအရိုက်ခံ ၊အဆူမခံခဲ့ရဖူးပေမယ့်ကြောက်ရသည်။

ဘဘ ကိုကျတော့ ချစ်တာ သက်သက်ပဲ ၊ မြတ်နိုးတာ လည်းပါသေးတယ်။
ဘဘက အလိုလိုက်ထားလွန်းလို့ လား ၊ မဟုတ်ပါ ။
ဘဘ နဲ့ နေရင် မနက်စာတောင်စားချင်တာမစားရ ။
ကြက်ဥ မကျက်တစ်ကျက်ပြုတ် ၊ ပေါင်မုန့် ၊ နွားနို့ ၊ ကော်ဖီ ၊ထောပတ် ၊ ယို စသဖြင့်
စိတ်ပျက်ဖွယ် ဗြိတိသျှမနက်စာများ ပဲစားရသည်။ အလွန်ဆုံး စားရရင် နံပြား ၊ ပလာတာ။

ဘဘ အဆိုအရ မနက်စောစော အူဟောင်းလောင်းအချိန်မှာ
အာဟာရဖြစ်မယ့်အစားအသောက်များကို
စားမှ ကိုယ်ခန္ဓာအတွက် အကျိုးရှိစေမယ်တဲ့လေ။
ဘဘ နဲ့ ဆိုရင် မနက်စောစော ကို အသုပ် တွေ မုန့် ဟင်းခါးတွေ လုံးဝမစားရ ။
တစ်ခါတစ်လေမှာ အစားစားရင်ဘယ်လို ၊ ဘယ်ဇွန်းက ဘာစသည်ဖြင့် Table manners တွေလည်း သင်ပြန်တဲ့အချိန်ဆို အတော်ပဲစိတ်ညစ်ရသည်။
ဒါပေမယ့်လည်း ချစ်တာပါပဲ။

သူမသိတတ်ခါစ အချိန်က ဘဘကို မြန်မာလို့ မထင်ခဲ့ဘူးတာကတော့ ရယ်စရာ ။
ဘဘက အသက် ၃၅ လောက်ကစပြီး ဆံပင်ဖြူသူမို့  သူမမှတ်မိသောအရွယ်မှာ
ဘော်ငွေရောင်ဆံပင်များ နဲ့ ပေါ့။ အရပ်မြင့်မြင့် ၊ နှာခေါင်းမြင့်မြင့် ၊မျက်ရိုးပေါ်ပေါ်နှင့်
မျက်နှာကျ ကလည်းမြန်မာမဆန် သောကြောင့် လည်းမြန်မာလို့ မထင်ခဲ့မိတာ ဖြစ်နိုင်သည်။
ဘဘက ဗြိတိသျှ ခေတ်ကအရာရှိလုပ်ဖူးသူမို့ ငယ်ငယ်က ယူနီဖောင်းနဲ ၊့
အင်္ဂလိပ်တွေနဲ့ အတူတူရိုက်ထားတဲ့ ပုံကို ကြည့်ကာ ဘဘကို အင်္ဂလိပ်လို့ ပဲထင်ခဲ့ဖူးတာလည်းဖြစ်နိုင်သည်။

ဘဘငယ်စဉ်က မိရိုးဖလာ စီးပွားရေးကိုမလုပ်လိုသူ ၊ အသစ်အဆန်းလေ့လာလိုသူမို
့ကျောင်းပီးတာနဲ့  ဗြိတိသျှ အုပ်ချုပ်ရေးစနစ်ထဲကို ဝင်လိုက်သည်။
ကိုလိုနီပေမယ့်လည်း သူတို့ တွေရဲ့ ကောင်းကွက်တွေ အတုယူရမယ် ၊ ဒါ ဘဘရဲ့ ဝါဒ။
သူတို့ ကဘာတွေသာလို့ တို့ တွေကို ထိန်းချုပ်ထားတာလည်း ၊
သူတို့ လက်အောက်ကလွတ်ဖို့ ဘာတွေလိုအပ်သလည်း လေ့လာဖို့ လို သည်တဲ့။

အင်္ဂလိပ်စကားအပြင် ၊ အိန္ဒိယစကား နှစ်မျိုး သုံးမျိုး ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်သေးသည်။
အဲဒီခေတ်က ဘယ်လိုပဲချမ်းသာသူဖြစ်ပါစေ
အင်္ဂလိပ်ဘက်က အရာရှိကို ဘုရားထူး ကြရတဲ့ခေတ်ကို ဘယ်လိုမှ မနှစ်သက်နိုင်ခဲ့သူတဲ့။
ဘဘကတော့ငွေကြေးအတွက်မဟုတ်ပဲ လေ့လာယုံ ဝင်လုပ်သူ ၊
ဗြိတိသျှ အထက်အရာရှိများကိုလည်း မှန်တန်းသာ ဆက်ဆံသူမို့  တစ်ချို့ 
အထက်အရာရှိတွေနဲ့  ပြဿနာ ခဏခဏတတ်ခဲ့ဖူးသည်တဲ့။
မြန်မာလူမျိုးထဲကအနည်းငယ်သောသူတွေသာ ရာထူးမြင့်မြင့်ရကြသောခေတ်ပေမယ့် ဘဘက တော်လှန်ရေးအတွက်သာ အားသန်သူမို့ ၊ ဗိုလ်ချုပ်တို့ တော်လှန်ဖို့ စခါနီးလေးတွင် ဘဘ က အလုပ်ထွက်လိုက်ပြီး တော်လှန်ရေးထဲပါဝင်ဖို့ အကုန်အသင့်ပြင်ပြီးပြီ။

ဖွားဖွား ကို ခွင့်တောင်း ၊ ရှိတဲ့စီးပွားတွေ အကုန်ပေးပြီး ငါသေပီမှတ်လိုက်တော့ မင်းနောက်အိမ်ထောင်ပြုလည်းရတယ်လို့ ခွင့်ပြုပြီး ထွက်သွား ခဲ့တာတဲ့။
ဖွားဖွားကလည်း မခေသူမို့ “ ရှင်မသေရင် ဘယ်နှနစ်ကြာနေပါစေ ပြန်လာခဲ့  ၊
ကျမ ဘယ်တော့မှ နောက်အိမ်ထောင်မပြုဘူး ၊ သေမှရှင့်မိန်းမအဖြစ်က ပြတ်စဲမယ်၊ ခုလည်းစိတ်ဖြောင့်ဖြောင့်သွား ၊ နောက်ဆံမတင်းနဲ့  “ လို့ ပြောပြီးစောင့်နေခဲ့တာ။
အင်္ဂလိပ်တော်လှန် ၊ဂျပန်တော်လှန်နှင့် လွတ်လပ်ရေးရတော့မှပဲ ဘဘ တစ်ယောက်အိမ်ပြန်ကပ်တော့တာတဲ့ ။

သူမ မှတ်မိသလောက် ဘဘ က ဗိုလ်ချုပ်တို့ နဲ့ တော်လှန်ရေးအကြောင်း
ကိုသိပ်ပြီး ပြန်ပြောင်း ပြောလေ့မရှိပါ။ အစိုးရက မော်ကွန်းဝင်လျှောက်ရန်ခေါ်တော့လည်း ဘဘက ငြင်းဆိုလိုက်သည်။ တိုင်းပြည်အတွက်လုပ်သင့်တာလုပ်တာမှာ ဘာတံဆိပ် မှမလိုအပ်ဘူးတဲ့။ နိုင်ငံသားတစ်ယောက်အနေနဲ့ လုပ်သင့်တာကို လုပ်နိုင်သလောက် လုပ်ခဲ့တာမို့ 
ဘာ ကွန်းဝင်မှ ဖြစ်နေစရာမလိုပါတဲ့လေ။

လွတ်လပ်ရေးရခါနီးတော့မှ ဘဘ စီးပွားရေးပြန်လုပ်တော့တာလေ ၊ တရားဘာဝနာ ကိုလည်း စတင်လေ့လာတော့တာပေါ့။
သူမမှတ်မိတဲ့ အရွယ်မှာ ဘဘက တရားဘာဝနာအားထုတ်တာ နှစ်တွေအတော့်ကိုကြာနေပြီ ။
ထိုင်နေသွားနေ စားနေ တရားမှတ်နေတာ။
ငယ်ငယ်ကတော့ ဘဘတရားမှတ်နေတာကို အိပ်ငိုက်နေတယ်ထင်တာလေ။ ပက်လက်ကုလားထိုင်ခုံလေးမှာထိုင်နေလည်းမျက်စိမှိတ်ထားတာကိုး။
လက်ချောင်းရှည်တွေ တစ်ချောင်းနဲ့ တစ်ချောင်းလက်ထိပ်ချင်းထိလို့ လေ။

မှတ်မိသလောက် ဘဘ က သူမကိုတော်တော်ချစ်ခဲ့တာ ။
သူမကလည်း ချစ်လိုက်တာမှာတုန်လို့ ဆိုတဲ့အစားထဲက။

ဘဘက သူမမွေးစကတည်းက အနားမှာနေခဲ့တာ ၊ ဖွားဖွားက မေမေမီးဖွားပြီးတော့ နယ်ကအိမ်ကိုပြန်သွားခဲ့တယ်။ အဲဒီမှာက အဒေါ်ငယ်တွေရှိသေးလို့ လေ ။ ဘဘပဲ သူမတို့ အိမ်မှာ စောင့်ရှောက်ရင်း နေခဲ့တာလေ။ သူ့ နယ်ကအိမ်ကို တစ်ခါတစ်လေပဲပြန်တယ်။
သူမ ကလေးဘဝတစ်လျှောက်လုံး အတွက်တော့အကောင်းဆုံးအဖော်ပေါ့ ။

မနက်တိုင်း ဆောင်းတွင်းအေးမြနေသော နှင်းတွေကြားမှာ ဘဘ နဲ့  မြေးအဘိုးနှစ်ယောက် လမ်းထွက်လျှောက်ရသော အချိန်တွေ ၊ ညနေဘက်မှာ အိမ်နောက်ဘက်တောင်ကြားမှာ မှိုရှာထွက်တာတွေ ၊ သူမက အိမ်ရှေ့ မြက်ခင်းမှာ ဒေါင်းတောက်အောင်ဆော့နေချိန်
ဘဘက ပက်လက်ကုလားထိုင်တစ်လုံးနဲ့  လိုင်ချီးပင်အောက်မှာ စောင့်နေခဲ့သောအချိန်တွေက တစ်ဘဝမှာတစ်ခါပဲရခဲ့သော ကောင်းချီးမင်္ဂလာနဲ့ ပြည့်ဝနေတဲ့ အချိန်တွေပဲဖြစ်တော့သည်။
သူမ ငယ်ငယ်က မှတ်မိသလောက် ဖေဖေ့ရော မေမေရော သိပ်မအားကြ ၊
အလုပ်ကိုယ်စီနဲ့ မို့ အမြဲတမ်း ကလေးနားကပ်မနေနိုင်ကြပါ ။
ဒါပေမယ့် အငယ်ဆုံးကလေး သူမဘဝမှာ လိုအပ်တယ်လို့ မခံစားရတာ ဘဘ ရှိနေလို့ သာပဲ။

သူမက တရားမှတ်နေတတ်တဲ့ ဘဘကို အလိုက်ကမ်းဆိုးမသိ သီချင်းဆိုခိုင်းတတ်သေးတာလေ။
ဘဘ ဆိုပြနေကြသီချင်းက “ ရေချိုးဆိပ်“ ပေါ့။ ကလေးဆိုတော့ ဘာရယ်မဟုတ်သံစဉ်လေးကိုကြိုက်တာလေ ဘဘက ဒီတစ်ပိုဒ်ထဲပဲ အမြဲဆိုပြတာပါ။

“ အိပွဲ့ အိပွဲ့ ငှက်သမ္ဗာန် ခတ်သွားတယ်
ကြည့်ကွဲ့ ကြည့်ကွဲ့ ညည်းလူဟာ ကြောင်လွန်းတယ်
တစုတဝေး လုံမငယ် ကျိတ်ပုန်းစားကြတယ်
ရေချိုး နေရင်းကွယ် လှောင်ပြုံးပြုံးကြတယ်
ကုန်းပေါ်က လူပျိုလေးရယ် ဘာကိုငေးတယ် သိနိုင်ပြီဘူးကွယ်


(သီချင်းအကြောင်းအသေးစိတ်သိလိုလျှင် ရီတာ့ ထံတွင်ဖတ်လို့ ရပါသည်)။


ဒီအပိုဒ်လေးပဲ ပြန်ကျော့လိုက်ဆိုလိုက်ပါပဲ။

သားအချစ် မြေးအနှစ်ဆိုပေမယ့် မြေးတွေထဲမှာ အဦးဆုံးမြေး မမထက်ရော .. အလယ်က အကိုတွေအမတွေရော သူမ နောက်မှ မွေးတဲ့ ဝမ်းကွဲ မောင်လေးတွေ ညီမလေးတွေ ထက်ရော
သူမကို အချစ်ဆုံးဖြစ်ခဲ့တဲ့ ဘဘ ကို အရမ်းကျေးဇူးတင်ပါသည်။
တစ်ဦးမေတ္တာ တစ်ဦးမှာ ဆို သလိုပဲ သူမရဲ့ ဘဘကို ချစ်တဲ့အချစ်က ပိုလို့ 
ဘဘကလည်း မြေးတွေ အားလုံးထက် ပိုချစ်တာ များလားလို့ တွေးမိပါရဲ့ ။

ဘဘ ကလည်း သူမကို ကျေးဇူးတင်တယ်တဲ့  ၊ဘာလို့ လည်းဆိုတော့
သူမနဲ့ ခွဲခွာရတဲ့ ဒဏ်ဟာပြင်းထန်လွန်းလို့ တရားဘာဝနာကို ပို အားထုတ်ဖြစ်တာတဲ့။
သူမတို့ မိသားစုနဲ့ တူတူနေရင်းနဲ့  ဖေဖေ က နိုင်ငံရပ်ခြားမှာအလုပ်သွားလုပ်တော့တစ်မိသားစုလုံးလိုက်သွားရာက စတာပေါ့။
ဘဘ ကအသက်ကြီးပြီး ဖေဖေ့ ယောက္ခမသာ ဖြစ်တာမို့ တစ်ခါတည်းလိုက်ဖို့ အဆင်သိပ်မပြေဘူး။
နောက်မှလာလည်ရအောင်ကလည်း သူမတို့ နေတဲ့ နေရာရောက်ဖို့ လေယာဉ်တွေ
အများကြီးပြောင်းစီးရမှာ ဆိုတော့ အဒေါ်တွေက စိတ်ပူတယ်လေ။
ဒီလိုနဲ့ အဲဒီနှစ်တွေမှာ ဘဘနဲ့ သူမခွဲခွာကြရတော့တာပေါ့။ ဖုန်းဆက် စာရေး ပဲလုပ်နိုင်တော့တယ်။

ဘဘကပြန်မပြောပေမဲ့  အဒေါ်တွေ ပြောပြတာ မှာ ဘဘ ဟာအရူးတစ်ပိုင်းပဲတဲ့ ။
သူမရေးတဲ့ စာလေးတွေကိုင်ရင်း
“ အငယ်လေး သတိရလိုက်တာကွာ “လို့ မျက်ရည်တွေဝိုင်းတောင်ပြောဖူးသတဲ့။
အိမ်နီးချင်းတွေတောင် အကုန်ရိပ်မိကုန်ကြတယ် ။
အဲဒီမှာ စကား အပြောမတတ်တဲ့ အဒေါ်ကြီး တစ်ယောက်က အိမ်လာလည်ရင်း
“ အမလေးတော် ဦးကျော်တို့ ပြောတော့ တရားလေး ၊ မိုးကုတ်လေးနဲ့ 
မြေးသံယောဇဉ်ကြတော့မဖြတ်နိုင်ပါလား “ လို့  ကျယ်ကျယ်ပြောလိုက်သတဲ့  ။
အပေါ်ထပ်မှာနေတဲ့  ဘဘ ဆိုတာ ဆတ်ခနဲဖြစ်သွား ပြီး ထိုင်ရာကတောင်ထလိုက်မိ သတဲ့လေ။
သူမ အဒေါ်အကြီးဆုံးက မနည်းစိတ်ထိန်းပြီး ပြန်တဲ့အထိစကားပြောလိုက်ရပေမယ့် ဘဘ ဘာများဖြစ်နေမလည်းလို့ စိတ်ထည်းမှာ တစ်ထင့်ထင့်နဲ့ ပေါ့။
ဧည့်သည်ပြန်သွားတော့ ဘဘဆီပြေးကြည့်တာမှာ ဘဘက အိပ်ခန်းအလည်မှာတွေတွေကြီးရပ်လို့ 
ဝင်လာတဲ့ အဒေါ်ကို “ သမီးကြီး ၊ မစန်းပြောသွားတာ သိပ်မှန်တာပဲ ၊ ဖေဖေ ဟာ ဘာမှ မဟုတ်သေးဘူး ၊ တရားစာတွေဖတ်ပီး စာသိသိနေတာ ကိုယ်မှာတစ်ကယ်သိသေးတာမှ မဟုတ်ဘဲ ၊
မစန်းကို ကျေးဇူးတင်လိုက်တာ၊ ဖေဖေ သမီးတို့ မေမေဆုံးတုံးက တစ်ခါ စိတ်တွေလွတ်ပီးဘီ ၊၊ အခုတော့မဖြစ်သင့်တော့ဘူး ၊ လုပ်တော့မှ “ လို့ ပြောသတဲ့။

သူမ ငယ်ငယ်လေးထဲက ဖွားဖွား ဆုံးသွားတာလေ၊ အဲဒီတုန်းက ဘဘ က တရားစလုပ်နေပီ။ အသုဘချပီးတဲ့အထိ ဘဘမျက်နှာတစ်ချက်မပျက်ဘူး။ နောက် တစ်လလောက်နေတဲ့အထိ အေးဆေးပဲ။ သားသမီးတွေကို တရားပြလို့ ချော့လို့ ပေါ့။ ဘုန်းကြီးကျောင်းမှန်မှန်သွား လို့ တည်ငြိမ်နေတာ ။ သူများတွေကတောင် ဦးကျော် အတော်တည်ငြိမ်ပါလား ဆို ချီးမွမ်းကြရတယ်တဲ့။

ဒါပေမယ့် တစ်နေ့ မှာ ဘုန်းကြီးကျောင်း ကအပြန် စိတ်ထဲမှာ ဘာဖစ်သွားလည်းကို မသိဘဲ
သုသာန်ကို လမ်းလျှောက်သွားတာတဲ့  ။ ဖွားဖွား အုတ်ဂူကို ရှင်းလင်းပီး မျက်ရည်တွေ ကျတာ ဘယ်လို မှထိန်းမရသိမ်းမရနဲ၊့ စိတ်တွေလွတ်ပြီး အဲဒီမှာထိုင်နေတာတဲ့လေ။
အဲအချိန်မှာ မိုးတွေကရွာ ၊ လျှပ်စီးတွေလက်လို့  ဘဘ အိမ်ပြန်ထမင်းစားချိန်ပြန်မလာလို့  အဒေါ်တွေကလိုက်ရှာတော့ဘယ်မှမတွေ့ ကြဘူးပေါ့ ။
သုသာန်က မြို့ နဲ့ အဝေးကြီးကို ။
အဲဒီနေ ညကြီးမိုးစုန်းစုန်းချုပ်မှ ပြန်လာတဲ့ ဘဘ ဟာ တစ်လလောက် ဖျားပါရောတဲ့။

အဲဒီလို ဆိုတော့ ၊ အခုဒီတစ်ခါတော့ သိသင့်ပြီ လို့ ပြောတော့ ဘာများလုပ်တော့မလည်းဆိုပြီး
အဒေါ်တွေက စိတ်ပူတာပေါ။့
၃ ရက်လောက်ကြာတော့ ဘုန်းကြီးကျောင်းသွားတဲ့ ဘဘ ကအိမ်ပြန်မလာတော့ဘဲ စာလေးပို့ လိုက်တယ် ။
“ ဖေဖေ ဖားအောက် ဆရာတော် ထံကို တရားအားထုတ်ရန်သွားပြီ ၊ စိတ်မပူနဲ့ “ ဆိုပြီးတော့ပဲရေးထားတာတဲ့။
အဲဒီတုံးက ဆရာတော်ကြီး က တောရဆောက်တည်နေတာ ။
အဒေါ်တွေလည်း လိုက်သွားလို့ ကလည်းမရ ဘယ်တောထဲလိုက်ရမှန်းလည်း မသိနဲ့  ၊ ဆုပဲတောင်းနေရတော့တာပေါ့ ။
၃ လလောက်နေမှ ပြန်လာတယ်တဲ့ ၊ ပိန်ချုံးလို့ ပေါ့ ။
လူကတော့ အေးဆေးတည်ငြိမ် ကြည်လင်လို့ လေ ၊ ဆရာတော်က ကောင်းကောင်း သင်ကြားလိုက်တာ ပေါ့ ၊
ဘဘ ဟာအဲဒီကနောက်ပိုင်း စား စားသွားသွား တရားမှတ်နေတော့တာပဲ။
သူမနဲ့ ခွဲလိုက်တူတူနေလိုက် ဘယ်လိုဖြစ်ဖြစ်အေးဆေးဖြစ်သွားပြီ။

ဘဘ ဟာ အသက်၈၀ ကျော် အထိ ၊ ကျန်းမာရေး ဒေါင်ဒေါင်မြည်ပဲ။ ဆုံးမယ့်နှစ် ၃ လလောက်ပဲ နေမကောင်းဖြစ်ရာက ဆေးစစ်တော့ လည်ချောင်းကင်ဆာတဲ့ ၊
အသက်ကကြီးပြီ မိုလို့ ဓါတ်ကင်တာတွေလည်းမရတော့ဘူးလေ။
ဘဘက ဟင်းရည်အပူတွေအရမ်းကြိုက်တယ် ။
အရက်မသောက် ၊ဆေးလိပ်မသောက်ပေမယ့်အဲဒီ အပူတွေအမြဲစားတာကနေ ဖြစ်တာတဲ့။
ဘဘဟာ ကင်ဆာဝေဒနာကို လည်း အေးဆေးစွာရင်ဆိုင်သွားပါတယ်။

သူမမြန်မာပြည်ပြန်ရောက်နေချိန်မို့  ကောင်းကောင်းပြုစုလိုက်ရတာပေါ့။
အရမ်း နာကျင်တဲ့ ဝေဒနာကို တရားရှုရင်း ထိန်းသွားတာ အလွန် အံသြဖို့ ကောင်းပါတယ်။

ဘဘဟာ သူမလက်ပေါ်မှာပဲ ဆုံးတာပါ။
ဆယ်ကျော်သက်အရွယ်သူမ မျက်ရည်တစ်စက်မကျပါဘူး ။
ဘဘဆုံးသွားတာ ဝေဒနာတွေချုပ်သွားတာမို့ လို့ ပါ ၊
၃ လလောက်အတွင်းမှာ ခံစားရတာတွေမကြည့်နိုင်တော့လို့ လေ။
အိပ်နေသလိုထင်ရတဲ့ ဘဘ လက်တွေကို တစ်ဝ ဆုပ်ကိုင်လိုက်ပါတယ်။
ဘဘရဲ့ လက်တွေဟာ အမြဲအေးစက်တာမို့  အသက်ရှင်နေတာနဲ့ မကွာပါဘူး။
နောက်ဘယ်တော့မှ ကိုင်ခွင့်မရတော့တဲ့ သူမရဲ့  ငယ်ဘဝ အဖော်မွန် လက်တွေပေါ့။

ဒါပေမယ့် တစ်နေ့ ကပဲ ဘဘ ဘယ်တော့မှ ဆုပ်ကိုင်ခွင့်မရတော့ဘူးထင်တဲ့ လက်တွေကို
၁၀ စုနှစ် တစ်ခုကြာပြီးမှပြန်လည် ဆုပ်ကိုင်ခွင့်ရခဲ့ပါတယ် ။

အိမ်မက်ထဲမှာ ပေါ့။
၃ရက်ဆက်တိုက်ကိုပဲ ဘဘကို အိမ်မက်မက်တာ ။ ဝမ်းသာလိုက်တာ ၊ အလွမ်းပြေလိုက်တာ ။
မေမေ့ကို ဖုန်းဆက်ပြောမိတော့
“ နင့်ဘဘဟာလေ အိမ်မက်တောင် မျက်နှာလိုက်တယ်တဲ့  ၊ ငါတို့ ဆိုတစ်ခါမှ မမက်ဘူးတဲ့  “ ဟိ။ ဘာပဲဖြစ်ဖြစ်ကျေနပ်လိုက်တာ .. ။

နောက်တစ်ခါ အိမ်မက်ကို မျှော်နေတယ် နော် ဘဘ။း)



Vista
ခုတစ်လော စာကြီးပေကြီးတွေဖတ်နေရတာနဲ့ မအား နိုင်ဖြစ်နေတယ် ။
စာကြီးပေကြီးများလေ့လာလို လျှင်အောက်ပုံတွင်ရှု ။း)


ငယ်ငယ်တည်းက ကာတွန်းကြိုက်တာ။ ကာတွန်းစာအုပ်တွေလည်းဖတ်တယ် ။
သမိန်ပေါသွပ်တို့  ၊ ပိုးဇာ ၊တွတ်ပီ ၊ တာရာပွကြီး စသဖြင့်ပေါ့ ။ မဂ္ဂဇင်းဆိုရင်လည်း ကာတွန်း ကစပြီးဖတ်တာ ၊ နိုင်ငံခြားရောက်တော့ သတင်းစာဖတ်ရင် Garfield အစရှိတဲ့ကာတွန်းပေါင်းစုံရှိတဲ့ နောက်ကစဖတ်တယ် ၊ ကာတွန်းတွေပြီးမှ နောက်ပိုင်းသတင်းတို့ ဆောင်းပါးတို့ ဝတ္ထုတို့ အလှည့်ရောက်တာ။



မိန်းမ Hulk တဲ့  .. အနုမြူဓါတ်သင့်လို့  အစိမ်းရောင်လူထွားကြီး ဖြစ်သွားတဲ့  Dr.Banner ရဲ့ ဝမ်းကွဲညီမ
ရှေ့ နေ မလေး Jennifer Walters အကြောင်းပေါ့။ သူ အရေးပေါ်သွေးလို တဲ့ အချိန်မှာ အကိုဝမ်းကွဲသွေးကို ပေးလိုက်လို့ သူလည်း ဒီလို ဖြစ်တယ်ပေါ့လေ။
ဇတ်လမ်းတို တွေအများကြီးကို စုပြီး အထူးထုတ် လုပ်ထားတာ ဖတ်ကောင်းပါတယ်။

ဒါကတော့ တစ်နေ့ က ကိုကို ဝယ်လာပေးတာ Harris စာအုပ်ဆိုင်ကပဲ။
လိုချင်နေတာကြာပြီ Dan Brown ရဲ့  The Lost Symbol Paperback လေ။
စစချင်းထွက်တဲ့  hard cover နဲ့ က လေးသလားမမေးနဲ့ သွားလေရာသယ်သွားပြီးဖတ်လို့ မရဘူး ။
ဗလ ကလည်းကောင်းတယ်ဆိုတော့ တစ်အုပ်မကုန်ခင် လက်ကိုကျောက်ပတ်တီးကိုင်ရကိန်းရှိတယ်။
ခုဟာလေးနဲ့ မှ အဆင်ပြေတော့တယ် ။



မနေ့ က ဈေးသွားရင်းနဲ့ အခန်းထဲမှာ မွှေးနေအောင်လုပ်တဲ့ အဆီကုန်သွားလို့ အသစ်သွားဝယ်တာ
ဒါလေးတွေ့ လို့ စမ်းသုံးမယ်ဆို ဝယ်လာတယ်။


သူက အဲအကိုင်းလေးတွေကို ဗူးထဲမှာ စိုက်ထား အဆီစုပ်ပြီး အခန်းထဲမှာ အနံ့ ပျံ့ နေအောင်လုပ်တာပေါ့။
ဘာအကိုင်းလည်းလို့ ရေးထားတာလေးတွေ့ လို့ စဉ်းစားမိသွားတယ် ။
Sesame branches ဆိုပါလား နှမ်းပင်အကိုင်းပေါ့။ မှားပါတယ် ။
ဒီတစ်ခေါက်မြန်မာပြည် ပြန်တုံးက အညာမရောက်ဖူးလို့ သွားလည်တာ၊ လမ်းမှာ နှမ်းတွေ ရိတ်ပြီးတော့ အပုံလိုက်ပုံထားတာလေ အဲလို အကိုင်းတွေ မှ တောင်လို ပုံ ။
အဲအကိုင်းတွေ ဒီလိုလုပ်တဲ့သူ ဆီကိုရောင်းမစားဘူးလားမသိ။ ကျနော်တော့မထင်ပါဘူး ။
နှမ်းစေ့ပဲ ယူမယ်ထင်တယ်။
ဒီမှာတော့ နှမ်းပင်အကိုင်းကို သေချာ အခွံသပ်ပြီး အသုံးချနေတာ ။ အင်းး ... ဟုတ်နေတာပဲ။
Vista

မသက်ဝေက ချစ်လို့  တက်ခ်ထားတော့ကျနော်ကလည်းချစ်လို့ ရေးရတော့မှာပေါ့။
ကျနော်တို့ နှစ်ယောက်အကြောင်းကတော့ သူများစုံတွဲတွေနဲ့ သိပ်တူမှာမဟုတ်ပါဘူး။

ကျနော်နဲ့ ကိုကိုက ဆုတောင်းမှားခဲ့လေသလားလို့ ပြောရမယ့် နှစ်ယောက်ပါ။
ဟုတ်တယ် ဆုတောင်းမှားခဲ့လို့ သာ လင်မယားလာဖြစ်နေရတာ ၊
ဆုတောင်းမှန်ခဲ့ ရင် မောင်နှမ ၊ဒါမှမဟုတ် ညီအစ်ကိုဖြစ်ရမှာ။
ဖူးစာတွေရေစက်တွေတော့မပြောတတ်ဘူး အရင်ဘဝကတော့ ပတ်သက်ခဲ့ဖူးတာအသေအချာ။
ဆုတောင်းတာပဲလွဲသလား ၊ ဆုပေးတဲ့လူကပဲနားကြားလွဲလေသလားမသိဘူး ။
ကျနော်တို့ မှာတစ်ယောက်ဟာတစ်ယောက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်။
နှစ်လွှာပေါင်းတစ်ရွက် ဘာညာတွေကအပိုတွေမို့  မပြောလိုပါဘူး ။
ခုဘဝမှာဖြစ်ရမှာက မောင်နှမတောင် အချင်းတူ အမွှာလောက်ကိုဖြစ်ရမှာ ။
နှစ်ယောက်စလုံးမှာ တော်တော်များများ တူတာတွေများတယ်။
မတူတာတွေလည်းရှိပါတယ် အမွှာတွေတောင်မှ အားလုံးမတူဘူးလေ။

ကျနော်တို့ ရုပ်ချင်းဆင်တယ် ( တစ်ကယ်က ဘယ်နားမှကိုမတူတာ ) ဒါပေမယ့်မသိတဲ့လူဆို မောင်နှမပဲထင်ကြအောင်ကိုဆင်တယ်။
ကျနော်တို့  အတွဲမဟုတ်ခင်ကတည်းက အတွဲထင်ခံရတယ် ( မောင်နှမ မဟုတ်မှန်းသိတဲ့ သူတွေက ) ။

ခုတူတာတွေစပြောမယ်နော်။

ကျနော်တို့ ၂ ယောက်လုံး မိသားစုမှာအငယ်ဆုံးတွေဖြစ်တယ်။အမေတွေ အသက်ကြီးမှမွေးခဲ့ကြတာခြင်းလည်းတူတယ်။
နှစ်ယောက်စလုံးမှာတစ်ယောက်ဟာတစ်ယောက်ရဲ့ ပထမဆုံးရည်းစားတွေဖြစ်တာလည်းတူတယ်။

အကြိုက်ချင်း တူတဲ့ ဘဝမှာတော့ ၊
အထက်တန်းတုံးက ကောင်မလေးတစ်ယောက်ကို နှစ်ယောက်လုံး တူတူ သဘောကျဖူးတယ် ။
ဟမ် ရှုပ်သွားပလား ၊ ကျနော်ကမိန်းကလေးပါ ဟုတ်တယ် ၊ ဒါပေမယ့်ယောကျာ်းလေးစိတ်ကတစ်ဝက်နီးပါးပဲ။
ဆုတောင်းမှားပါတယ်ဆိုမှ ၊ အမှန်က အမွှာညီအစ်ကိုဖြစ်ခဲ့ ရမှာ။
ဒါပေမယ့် ကောင်မလေးက အလွန်ခေတ်ဆန်တဲ့ မိသားစုက ပီပီ ၊ ခေတ်ဆန်တယ်။ဆိုရှယ်ကျတယ်။
ကိုကို့ အကြိုက်နဲ့ ပြဒါးတစ်လမ်းသံတစ်လမ်းမို့  ကိုကိုက မစဉ်းစားတော့ဘူး ။
လူပုံစံကိုတော့ သဘောကျတယ် ဘယ်လို မှမယုံကြည်နိုင်လို့ တဲ့ ။
ဟိုကတော့စောင့်နေရှာတယ် သနားစရာ ၊ ကျနော်ကလည်း မိန်းကလေးမိုလို့ ပေါ့ ကတောက် !။

ကျနော်တို့ နှစ်ယောက်လုံး စကားနည်းတယ် ( သူများတွေနဲ့ မပြောဖြစ်ဘူး ) ။
နှစ်ယောက်တည်းဆို ပေါက်ပေါက်ဖောက်သလို ပြောတယ် ၊ တစ်ခါတစ်လေ လုပြောရတယ် ။
တစ်နေ့ တစ်နေ့ တစ်ယောက်နဲ့ တစ်ယောက်အလုပ်အပြန်တွေ့ တာနဲ့  ၊
တစ်နေ့ ဘာဖြစ်လာတယ်ဆိုတာ ကို ပြန်ပြောကြတယ်။
ပိတ်ရက်တွေဆိုရင်တော့ အတူတူရှိနေကြတော့ အသစ်အဆန်း မရှိတာနဲ့ သိပ်မပြောဖြစ်ဘူး ။
ကိုကို က လည်း သူ့ မိသားစုမှာတောင် ဘယ်သူနဲ့ မှ အဲလိုပြောလေ့ မရှိဘူး။
သူငယ်ချင်းတွေနဲ့ လည်းခင်တာခင်တာပဲ အဲလို့ မပြောတတ်ဘူး ။ကျနော်နဲ့ပဲပြောတာ ၊ တိုင်ပင်တာ။
ကျနော်က တစ်ကယ်တော့ သူ့ ကို ဂိုဒ်လုပ်ပေးနိုင်တဲ့ဦးနှောက်လည်းမရှိပါဘူး ။သူ့ ခမျာသနားစရာ ပြောရုံပဲ။
ကျနော်ကတော့ သူ့ ကိုပြောတယ်ဆိုတာမှာ အကြံတောင်းတာကခပ်များများရယ်။
ဘယ်နေရာမဆို ကိုကို ဆုံးဖြတ်တာ တွေးတာက ကျနော့်ထက် ၁၀ ဆသာလေ့ရှိတယ်။
အလုပ်သွားနေကြရင်လည်း ထူးခြားတာ ဘာမှမဟုတ်တာတွေလှမ်းပြောလေ့ရှိပါတယ်။
ခုရေးနေရင်းတောင် အလုပ်ကနေ “ ကိုယ့် ၂ လီတာရေဘူးကွဲသွားတယ် “
လို့ ဖုန်းလှမ်းဆက်နေသေးတယ်။

အစားအသောက် ကြိုက်တာတော်တော်များများတူတယ်။
အချဉ်ကြိုက်တယ်၊ အသုပ်ကြိုက်တယ် ၊ လဖက်ကြိုက်တယ် ၊ရှမ်းစာကြိုက်တယ်၊ ငါးမုန့် ကြော် အာလူးကြော် ကြိုက်တယ်. ..တယ်.. တယ်။ကျနော် နဲ့ မတူတာဆိုလို့  ကိုကိုက ငါးဟင်းမကြိုက်ဘူး ။
အရွက်ကြော်ရင် မကျက်တစ်ကျက်တွေမကြိုက်ဘူး ကျလိ ၊ကျလိ နဲ့ တဲ့။
ကျနော်က နည်းနည်းနွမ်းသွားတာနဲ့ စားတတ်တယ်။
ဒါပေမယ့် သူကချေးမများဘူး။
ဗိုက်ဆာရင် ဘာနဲ့ ဖြစ်ဖြစ်စားတတ်တယ်ဆိုတဲ့ လူ။
ကျနော်က တော့မကြိုက်တာနဲ့ စားရမယ်ဆို ဗိုက်ပါမဆာတော့တဲ့လူ။

ကျနော်တို့ နှစ်ယောက်လုံးသူများ ကို ကူညီရတာ ဝါဿနာပါတယ်။
ကူညီလို့ လည်း သူများ တွေပတ်သွားတာလည်းထပ်နေပြီ။ ပိုက်ဆံချေးပြီးပြန်မရတာလည်း ခဏခဏ။
ဟိုနေ့ ကတောင်ပြောဖြစ်ကြသေးတယ် “ နောက်ပိုင်းမှာ တို့ တွေငွေကြေးနဲ့ ပတ်သတ်တာကို
သိပ် မကူညီကြရင်ကောင်းလိမ့်မယ်လို့ “ ။ လိုအပ်လို့ တောင်းလို့ တတ်နိုင်သလောက်ပေးလိုက်ရတာကို နှစ်ယောက်လုံးကျေနပ်တယ်။ ချေးပြီး ပြန်မပေးရင် သိပ်စိတ်ကုန်တာ။

ကျနော်တို့ နှစ်ယောက်စလုံးအေးအေးနေရတာနှစ်သက်တယ် ။
Shopping ၊ ပါတီ ၊ ဧည့်ခံပွဲတွေကို ဝေးဝေးရှောင်တယ် မဖြစ်လွန်းမှ သွားကြတယ်။
တောတောင် သဘာဝ ကိုချစ်တယ်။ ရေကန်နား ၊ ပင်လယ်နားသွားထိုင်ပီး စိတ်အေးလက်အေးနားရတာကို သဘောကျတယ် ။ ဓါတ်ပုံ ဝါဿနာပါတယ်။ တိရိစ္ဆာန်တွေ ချစ်တယ် ။ National Geographic တို့ BBC
တို့ ကလာတဲ့ အကောင်ပလောင်တွေအကြောင်းဗဟုသုတတွေကြည့်ရတာ သဘောကျတယ် ။
ကိုကို က Documentary တွေကြိုက်တယ် ၊ ကျနော်က သူကြည့်ရင်လိုက်ကြည့်တယ်။
ကျနော်ကကျတော့ စကားပြောများများပါတဲ့  Drama movies တွေကြိုက်တယ် ။ ကျနော်ကြည့်ရင်သူလိုက်ကြည့်တယ်။
စာဖတ်ဝါဿနာပါတာလည်းတူတယ်။ အင်္ဂလိပ်ဝတ္ထု ၊ မြန်မာဝတ္ထု အကုန်ဖတ်( ရွှေဥဒေါင်း အကြိုက်ဆုံး )။
သီချင်း ကျတော့ ကြိုက်တာတူလိုက်မတူလိုက်ပဲ။ ကိုကို က ဟဲဗီးတွေကြိုက်တယ် ။
Skid row , White lion, AC DC , Guns and Roses, Bon Jovi , Metallica, Scorpions ..etc။
ကျနော်လည်းကြိုက်ပါတယ် Ozzy Osbourne ကြီး ကလွဲလို့ ။
ကျနော်က Miley Cyrus, Jesse McCartney , Taylor swift , Justin biber ,Eminem စသည်ဖြင့်နှစ်သက်တယ် ၊ကိုကိုလည်း တစ်ချို့ သီချင်းတွေ ကြိုက်ပါတယ်။

ဟင် ဒီနှစ်ယောက် သိပ်တူနေတယ် ထင်လား ။ လာပါတော့မယ် မတူတာတွေ ။
အသွင်မတူ၊ အကျင့်မတူတာတွေ ဒီမှာပါ။
ကိုကို ကတစ်ခုခုဆို ချက်ခြင်းလုပ်တတ်တယ် ။ စာမေးပွဲအတွက်စာဖတ်တာကလွဲလို့ ။
သူကဉာဏ်ကောင်းလို့ စာတော့ ဝီရိယမရှိဘူး။ဘယ်တော့ထဖတ်ဖတ်မှတ်မိတာကိုး။
မဖတ်ဘဲသွားဖြေလည်း အမှတ်ကောင်းတာပဲ ။
ကျနော်က ဉာဏ်မကောင်းလို့ စာကို ဝီရိယနဲ့ ဖတ်ရတယ်။ကျန်တာကတော့ အချိန်ဆွဲလုပ်တတ်တယ် ၊ နောက်ဆုံး အချိန်ရောက်ခါနီးမှ ဖုတ်ပူမီးတိုက်လုပ်ပေါင်းများလှပီ။ ကိုကို ကအဲဒါကိုအမြဲပဲ ဆူလေ့ရှိတယ် ။ ဒါလည်းမမှတ်ဘူး။
ကိုကို ကသူနဲ့ ပတ်သတ်တဲ့ စာရွက်စာတမ်းတွေ ၊ မှတ်တမ်းမှတ်ရာတွေ ၊အကုန်သပ်သပ်ရပ်ရပ်ထားတတ်တယ်။
အရေးကြီးတာတွေအကုန်လုံး စကမ်ဖတ်၊ စီဒီခုတ် စက်ထဲသိမ်းထားတယ်။
ကျောင်းတုန်းကစာတွေတောင် လိုတယ်ထင်တာတွေ စကမ်ဖတ် External Hard disk ထဲသိမ်းထား ။
လိုအပ်တာတွေဆိုအကုန် ဖိုင်တွဲထား တာ။ ဘာမဆို တိတိကျကျသေသေချာချာ။
ကျနော်ကတော့ ဘယ်နားရောက်လို့ ရောက်မှန်းမသိ ၊အမြဲပျောက် ၊ မတွေ့ တော့။ မမှတ်မိတော့တာချည်းပဲ။
အခုတော့ ကိုကို လုပ်သလို လိုက်လုပ်တာ အတော်လေးတိုးတက်နေပြီ။ စာရွက်စာတမ်းသိမ်းစရာဆို အရင်လို အချိန်မဆွဲဘဲ ထသိမ်းလိုက်တယ်။ မဟုတ်ရင်ဘယ်ရောက်မှန်းကို မသိတော့တာ။မေ့တတ်တာလည်းအလွန်ပဲ။

ကိုကို ကမှတ်ဥာဏ်ကောင်းသလောက် ကျနော်ကမေ့တတ်တာ။ ကိုကို ကသူ့ မူကြိုတုန်းက သူငယ်ချင်းကအစမှတ်မိတယ်။ ကျနော်ကတော့ လမ်းတွေ့ တဲ့ သိပ်မရင်းနှီးခဲ့တဲ့ သူငယ်ချင်း ဆိုဘယ်တုန်းကသိခဲ့တာလည်းတောင် ပြန်မဖော်နိုင်ဘူး။

ကိုကို ကသင်္ချာအလွန်တော်တယ်။ အလွန့် အလွန် တောင်ပြောလို့ ရတယ်။
ဘာမှအားထုတ်စရာမလိုဘဲကို သချာင်္တွေ၊ရုပဗေဒတွေဆို အလိုလို သဘောတွေပေါက်နေတာ ။
အင်ဂျင်နီယာဆိုတဲ့ နာမည်နဲ့ လုံးဝ ထိုက်တန်တဲ့ လူပေါ့။
ကျနော်ကလား သင်္ချာမတော်ဘူး ၊ ကျနော့်အတွက်က သင်္ချာဆိုတာ သင်လေ ချာလေ ။
ဘာ !! ၊ အင်ဂျင်နီယာ ဟုတ်လား? မပြောပါနဲ့  အဲနံမည်တပ်တပ်ပြောခံရမှာစိုးလို့ ကွန်ပြူတာနဲ့ လုပ်စားနေတာ။

ကျနော်က ဂိန်းဆော့တယ် ၊ ဘလော့ရေးတယ် ။ ကိုကို ကဒါတွေဟာအချိန်ဖြုန်းတာပဲ လို့ ပြောတယ်။
သူလည်း ဘယ်တော့မှ မလုပ်ဘူး ။ ကျနော့် လုပ်တာတော့ မတားပါဘူး ။ လာလည်းမဖတ်ဘူး ။
အဲ ဓါတ်ပုံတင်ထားတဲ့ ပိုစ့်ဆိုရင်တော့ ကြည့်တယ်။သူ့ ရှေ့ မှာ ဂိန်းဆော့တာများလာရင်တော့ ဆူတယ်။နားပါလား ၊ အပိုလုပ်နေတယ် ။ အဲအချိန်တွေ စာမေးပွဲဖြေမယ့်စာဖတ်ပါလား ။
ဒီတစ်သက်ဖြစ်အုံးမယ် CCIE ဘာညာပေါ့ ။ နည်းနည်းပါ နောက်တော့မောလို့ ထင်တယ် ပြောတော့ဘူး။

ကျနော်နဲ့ သူနဲ့ က အသက်အများကြီးမကွာပေမယ့် ၊လူကြီးနဲ့ ကလေးလိုဖြစ်နေတာ။
ကိုကို ကအုပ်ထိန်းသူ နေရာပါယူထားရတာ။ကျနော်က တော့ ချစ်ကြောက်ရိုသေမီးလိုမွှေ ဆိုတဲ့သူ။

ကောင်းရာကောင်းကြောင်းလမ်းညွှန်ပြောပြတာဆိုရင် မှန်တဲ့လူကပြောကြေး ။ ဘာမှမဖြစ်ဘူး။
ကိုကို လိုတာရှိလည်း ကျနော်ထောက်ပြလို့ ရတယ် ၊
စိတ်မဆိုးဘူး ချက်နဲ့ လက်နဲ့ ကျကျနနပြောရင် ပို သဘောကျသေးတယ်။

ကျနော်တို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက်မလိမ်မညာဘူး ။
လိမ်တာလည်းမကြိုက်ဘူး ။ ဒါအရမ်းကို serious ဖြစ်တဲ့ ကိစ္စပဲ ။လိမ်တတ်တဲ့လူကိုလည်း အထင်မကြီးတော့ဘူး။ အကုန်ပြန်ပြောလေ့ရှိတာကြောင့်တစ်ယောက်နဲ့ တစ်ယောက် အူမ ချေးခါးက အစ အကုန်သိတယ်။
ဒီနှစ်ယောက်ပေါင်း တစ်ဘဝလို ဖြစ်နေတယ်။
ဒါဟာ ကောင်းလည်းကောင်းတယ် မကောင်းလည်းမကောင်းပြန်ဘူး။
ဘာလို့ လည်းဆိုတော့ နှစ်ယောက် ကစိတ်ဆိုးစိတ်ကောက်လို့ မရဖြစ်နေတာ။
အချင်းချင်းမကျေနပ်တာဘယ်သူ့ ကိုမှမပြောဖူးဘူး ။ အချင်းချင်းပဲ မျက်နှာကြည့်ပြီး ပြောပလိုက်ကြတယ်။
စိတ်ဆိုး စိတ်ကောက်တယ်ဆိုလည်း ၅မိနစ်မပြည့်ဘူး ပြန်ခေါ်ရတယ်။
နေလို့ မှမရတာကို ၊ ပြောစရာ တစ်ခြားသူမရှိသလို ဖြစ်နေတယ်။
သူ့ ကိုစိတ်ဆိုးရင်းနဲ့ ကိုယ်ဘာကိုယ်စိတ်ညစ်ပြီး စိတ်ပြန်ဆိုးနေရတယ် ၊မကောင်းဘူး။
ကိုယ့် Life ကို share လုပ်ထားသလို့ ဖြစ်နေတာ ။

ပြီးတော့ ကျနော်တို့ နှစ်ယောက်မှာ တစ်ခုခုဖြစ်လိုက်ရင် အတူတူဖြစ်တတ်တယ်။ အဲဒါမကောင်းဘူး။
ကိုကိုနေမကောင်း တဲ့အခါ ကျနော်လည်း ဖျားလေ့ရှိတယ်။ အမြဲတော့မဟုတ်ဘူး တော်တော်များများမှာ။ အဲဒါမကောင်းဘူး တစ်ယောက်တစ်ယောက် ကောင်းကောင်းမပြုစုနိုင်ကြဘူး။
ဒါ့ကြောင့်ပြောတယ်တစ်ချင်းထဲအမွှာဖြစ်ရမှာ လွဲလာပါတယ်ဆို။

ကျနော့်စိတ်ရင်းက ကိုကို့ ကို ကျနော့်ထက်ပိုချော၊ ပိုလှ ပိုတော်တဲ့ တစ်ယောက်နဲ့ ရစေချင်တာပါ။
ဒါပေမယ့် ကိုကို ကပြောတာက သူ့ life ကို share တဲ့ နေရာမှာ ၁၀၀ % ယုံကြည်ရ သူနဲ့ ပဲလက်တွဲချင်တယ်။

မိန်းမ၊ယောက်ျားဆိုခွဲခြားမထားခြင်ဘူး။ ကျနော်တို့ နှစ်ယောက်ကကျတော့သွေးသားလို့ ဖြစ်နေတာ။ ဘဏ်အကောင့်ဆိုလည်း အတူတူတွဲထားတယ်။ သူ့ ပိုက်ဆံဟာကိုယ့်ပိုက်ဆံပဲ။
သူ့ မိသားစုဟာကိုယ့်မိသားစုဖြစ်တယ်။ နှစ်ဘက် ဆွေမျိုးသားချင်းအတွင်းရေးအပြင်ရေး အကုန်သိတယ်။
အဲလို သဘောထားလို့ ရတဲ့လူမျိုးဟာတစ်သက်မှာ သိပ်များများမရှိနိုင်ဘူးထင်ပါတယ်။
အချင်းချင်းကလွဲလို့ ဘယ်သူ့ ကိုမှ မယုံနိုင်ကြတဲ့အတွက် ဘယ်သူနဲ့ မှယူလို့ မဖြစ် တော့တာ။
ကိုကို့ မှာများ ၀ဋ်ကြွေးပါလာလေသလား ဟားဟား။

လက်တွဲဖော်တွေ အသွင်တူတာမတူတာနဲ့ ပတ်သက်လို့ ကျနော့်ယုံကြည်တာကတော့
အဓိက အချက်အခြာကျတဲ့ နေရာတွေမှာ အသွင်တူမှ ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်။
အေးဆေးနေတတ်သူနဲ့  သွားသွားလာလာနေမှပျော်တဲ့လူဆို နှစ်ယောက်လုံး လိုက်လျှောနိုင်လွန်းမှ အိုကေလိမ့်မယ်။အလှုအတန်းရက်ရောသူနဲ့ ကုတ်ကတ်သူနဲ့ ဆိုရင်ရောဘယ်လို လုပ်ပါ့မလည်း။
ကျန်တဲ့အသေးအဖွဲတွေကတော့ ညှိယူလို့ ရပါတယ်လေ။
အချစ်နဲ့ အရာရာကို အကောင်းအတိုင်းဖြစ်စေမည် ဆိုတာကိုတော့ ကျနော့်အနေနဲ့ အကြွင်းမဲ့ မယုံတာအမှန်ပါပဲ။



Vista


Many people don’t understand how deep the pain of losing a pet is.
The pain can be quite unbearable.

Do you know someone who lost a pet?
For me yes!

My friend Steve recently lost his beloved cat and he felt totally lost .

This post is dedicated to him and all the animal lovers who consider their pets as their family members and not just as a pet.

If you have lost a pet and people around you cannot understand how you feel and that is more difficult for you.
The people who cant understand will keep asking you like , ‘ Why don’t you go and get another ? or
“ Oh , its been a month already!
(Just another saying that, c’mon you ‘v got to stop mourning, its enough “.)

For those people, please pity to them cause they never had the kind of strong bond that you had with your pet.
They have no idea what kind of losers are they as they never felt the beautiful love?

But believe me, there are others who can understand you.

But for the people who are trying to help your friend who lost his or her pets, I have some suggestions.

Never ever ask them to get another one.
If someone lost their family members, did you ever ask them to find another one?
I believed nobody suggest to like that. Just like human being, our pets are individuals to us. They may be the same for the other people, but actually they have totally different personalities of their own. They are not like another cats or dogs.
We cannot substitute them in our life. So never ever suggest them to get another one.

Let them talk about their pets.
Just listen to their sweet memories even if you didn’t know their pets.
Share the join and pain with them if they what to share with you.
Don’t tell them its enough.

For us, losing a pet is just like losing the family members.
We keep on walking, living but we cannot stop missing them.
Inside our home we can still feel their figures, voices and all.

What person is always happy to see you always, no matter what?
Our pets don’t care how we look or how you dressed.
They don’t care we are poor or rich .
They always want nothing but our happiness.
They always tried to cheer us up .
Every time you come home you can feel the great joy when you see their greetings.
Their love is unconditional.

Our furry companions never leave us.
They always depend on us for the care and give back their love to us.
They repay our cares to them with their precious love.
Of course you can get another pet but can’t replace the other.
Never ashamed to grief the lost of your beloved pet .
No matter how long it will take. Go ahead and grief.
Give yourself enough time to grief.
It may take you a year to overcome but who to care?
It’s because you love your pet.

Because losing a love one is never been easy, it can be a human or canine or feline or whatever. It will always be so difficult.

You need to stay around with the people who can understand you and try to cure your emotional pain which can be worse than physical pain. You will get over it, but don’t set the time for it.
Try to go on and eventually you will get over it.


(Image from Google )
Vista
Cappuccino


Lasagna ( lasagne)



Pizza capricciosa


French fries


Japanese set Meals


Yaki Udon (Japanese Stir-Fried Udon )
Vista


နောက်တစ်နေ့ မှာHans ရောက်လာသည်။ သူက Anette ကိုပြုံးပြရင်းပြောသည် ။

“ ထွက်မပြေးတာကျေးဇူးပဲကွာ “

“ ကျမ မိဘတွေက ရှင့်ကိုလာခိုင်းပြီးတော့ သူတို့ ရွာထဲထွက်သွားကြတယ်၊
ကျမရှင်နဲ့  စကားသေချာပြောစရာရှိတယ် ၊ ထိုင်ပါအုံး “

Hans က အပေါ်ဝတ် ကုတ်နှင့် သံခမောက်ကိုချွတ်လိုက်ပြီး ၊ထိုင်ခုံတစ်လုံးဆွဲကာ ထိုင်ချလိုက်သည်။

“ ကျမ မိဘများက ရှင့်ကို လက်ထပ်စေချင်ကြတယ် ၊
ရှင်က ရှင့်မိဘတွေ ကိုလည်းပြောပြီး ကတိတွေလည်းပေးတာကိုး “
“ ကျမပြောချင်တာကတော့ ကျမဘယ်တော့မှ ရှင့်ကိုလက်မထပ်ဘူးဆိုတာပဲ ၊
ကျမတစ်သက်မှာဘယ်သူ့ ကိုမှ ရှင့်ကို မုန်းသလို မမုန်းခဲ့ဘူးဖူး “

“ ဒါပေမယ့် Anette ရယ် ၊ မင်းကလေးအတွက် အဖေမလိုချင်ဘူးလား“

“ ရှင်ဟာ ဂျာမန်တစ်ယောက်လိုပဲ မတုံးဘူးဆိုရင် သဘောပေါက်သင့်တယ် ၊
ဒီကလေးဟာကျမအသက်ရှင်နေသ၍ အရှက်ရစေမယ့်အရာပဲ ။
ဂျာမန်စစ်သားနဲ့ ရတဲ့ကလေးကိုပိုက်ပြီးတော့ ကျမမိတ်ဆွေတွေမျက်နှာကို ဘယ်လို ကြည့်ရပါ့မလည်း ။ “
“ တစ်ခုပဲတောင်းဆိုပါရစေရှင် ၊ ကျမ ဘဝနဲ့ ကျမရှိပါစေတော့ ၊
ရှင်ကျမဆီကိုနောက်ဘယ်တော့မှမလာပါနဲ့ တော့ “

“ ဒါပေမယ့် ၊ ဒီကလေးက ကိုယ့်ကလေးလေ ၊ သူ့ ကို ကိုယ်လိုချင်တယ် ၊ ယောက်ျားလေးဆိုတာကိုယ်သိနေတယ်
ဒီကောင်လေးအရွယ်ရောက်လာရင် ကိုယ်တတ်သမျှအားလုံးသင်ပေးချင်တာ ၊
ဘယ်လိုဆိုင်ကယ်စီးရတယ် ၊ သေနတ်ဘယ်လိုပစ်ရတယ်သင်ပေးမှာ ၊
မင်းတို့ နားကစမ်းချောင်းလေးမှာ ငါးတွေရှိတယ်မှလား၊
ငါးဖမ်းတာလည်းသင်ပေးမယ် ၊
ကိုယ်ဟာကမ္ဘာပေါ်မှာ အပျော်ဆုံး ဂုဏ်အယူဆုံးအဖေလုပ်မှာကွ “

သူမက သူ့ ကို အေးစက်တင်းမာ မျက်လုံးလေးများဖြင့်စိုက်ကြည့်နေသည်။
အလွန်ဆိုးဝါးသော ၊ ကြောက်စရာကောင်းသော အကြံအစည်တစ်ခုက
သူမခေါင်းထဲမှာဖြစ်တည်လာနေပြီ။
သူမ၏အကြည့်တွင်အောင်ပွဲခံအရိပ်အယောင်တွေပါလာသည်။

“ ကိုယ့် အတွက်ကြင်ကြင်နာနာ စကား လေးတစ်ခွန်းတောင်မပြောနိုင်ဘူးလားကွာ “ သူကမေးလိုက်သည်။

“ ရှင် ဟာကျမရန်သူပဲ ၊အမြဲတမ်းရန်သူပဲ ၊ ကျမအသက်ဆက်ရှင်နေတာဟာလည်း
ကျမတို့ နိုင်ငံလွတ်လပ်ရေးရတာကို မြင်သွားချင်သေးလို့ ရှင့် ၊
ကျမတို့ လွတ်လပ်မှာပါ ၊ နောင်နှစ် ဒါမှမဟုတ် နောက်နောက်နှစ်တွေမှာ၊
နောက်အနှစ် ၃၀ လည်းဖြစ်ချင်ဖြစ်လိမ့်မယ် ၊
ဒါပေမယ့် သေချာပေါက်လွတ်လပ်မှာရှင့် ၊
အဲဒီကျရင် ကျမနိုင်ငံကို ကျုးကျော်သူတွေနဲ့ ဘာမှ ပတ်သက်နေစရာမလို တော့ဘူး။“

“ ကျမရှင့်ကိုမုန်းတယ် ၊ ရှင့်ကလေးကိုလည်း မုန်းတယ် ။
ကျမတို့ ဟာ စစ်ရှုံးခဲ့တယ် မှန်ပါတယ် ၊
ဒါပေမယ့်ဘယ်တော့မှ အရှုံးမပေးဘူးရှင့် ၊ အရှုံးမပေးသူများဟာ ဘယ်တော့မှ မရှုံးနိမ့်ဘူး ၊ ဒါကိုရှင်နောက်တော့သိလာရမယ် ၊ကဲပြန်ပါတော့“

သူ အတော်ကြာတိတ်ဆိတ်နေပြီးနောက် ထရပ်လိုက်သည်။

သူလမ်းဖက်လျှောက် ထွက်သွားသည်ကို သူမက ပြူတင်းပေါက်မှရပ်ကြည့်နေသည်။
သူလမ်းလျှောက်သွားစဉ် သူမတို့ အိမ်မှာမွေးထားတာကြာနေပြီဖြစ်သောခွေးအိုတစ်ကောင်က ၊ အတင်းလိုက်လာပြီး ထိုးဟောင်တော့သည်။
Hans က ဒီခွေးနဲ့ မိတ်ဆွေဖြစ်ရန်ကြိုးစားခဲ့သည်မှာ လပေါင်းများစွာကြာနေပြီဖြစ်သော်လည်း မအောင်မြင်ပေ။ ဘယ်လို လုပ်လုပ် သူ့ ကို မရင်းနှီးလာခဲ့ ။
အခုလည်း သူ့ ထံပြေးလာရင် ထိုးဟောင်ပြန်တော့၊
ဒေါသထွက်လာပြီး ရက်ရက်စက်စက် ကန်ထည့်ပစ်လိုက်သည်။

သူမက ဒါကိုတွေ့ နေရသည်။ “ တိရိစ္ဆာန် “ “အလိမ်တွေ ၊ အညာတွေ “ သူမကငိုကြွေးလိုက်သည်။


----------------------------------------------------


မတ်လပင်ရောက်ခဲ့ လေပြီ။ Soissons ရှိ သူတို့ တပ်မမှာ အပြောင်းအလဲတွေ ဖြစ်လာသည်။
စစ်ဆေးမှုတွေ စစ်သင်တန်းတွေ တက်ကြရသည်။
ဘယ်နေရာလို့ မသိသေးသော်လည်း ၊ တစ်နေရာရွှေ့ ကြရမည်မှာ သေချာနေပြီ။
တစ်ချို့ ကသူတို့ အင်္ဂလန်ကို တက်သိမ်းမည့် တပ်ဖွဲ့ တွင်ပါဝင်ရန်ပြင်ဆင်နေကြသည်ဟုထင်သည်။
တစ်ချို့ ကလည်း Balkans သို့ ပြောင်းရတော့မည်လိုလို Ukraine သို့ လိုလိုပြောနေကြသည်။
Hans မှာအလွန် အလုပ်များနေရာ ၂ ပတ်ကြာမှ လယ်တဲသို့ တစ်ခေါက်သွားနိုင်သည်။


“ အမလေး မင်းလာတာ အတော်ပဲ “ မဒမ် Périer က အော်လိုက်သည် ။

“ ဒီမနက်ပဲကလေးလေးမွေးတယ် ၊ ယောက်ျားလေး တော်ရေ့ “

“ ဟာ ၊ ယောက်ျားလေးဟုတ်လား ၊ ရှန်ပိန်ဖောက်ရအောင်ဗျို့ ၊ Anette ရော ဘယ်လိုနေလည်း “

“ သူ အလွယ်လေးမွေးတာတော့ ၊ ကလေးက ဆံပင်တွေအများကြီးပဲ ရွှေရောင်ဆံပင် မျက်လုံးပြာနဲ့  “

“ ကျနော် Anette ကိုတွေ့ ချင်တယ် “

“ နေအုံး ၊ သူမင်းကို တွေ့ ချင်လား မတွေ့ ချင်လားမသိဘူး ၊ ကလေးကို မင်းကို ပြမယ် ခဏစောင့် “

မဒမ် Périer က အပေါ်ထပ်သို့ တက်သွားသည် ၊ ထို့ နောက် ချက်ခြင်းပြန်ဆင်းလာကာ

“ဘယ်ရောက် သွားကြပြီလည်း ၊ မရှိတော့ဘူး “ ဟု အော်သည်။

သူတို့ ၃ ဦး သူမနာမည်ကို ခေါ်ကာ တစ်ခန်းဝင်တစ်ခန်းထွက်ရှာကြသည်။
အဘိုးကြီးက အရှေ့ တံခါးမှကြည့်ကာ

“ အရှေ့ ဘက်လမ်းကနေ အပြင်သွားတာ “ ဟုဆိုသည်။

“ အမလေး ၊ ဘုရားဘုရား သေတော့မှာပဲ လုပ်ကြပါအုံး “ မဒမ် Périer ကအော်တော့သည်။

“ကျနော်တို့ လိုက်ရှာမှ ဖြစ်မယ် ဘယ်ကိုလိုက်ရမှာလည်း “ Hans ပြောသည်။

“ စမ်းချောင်းလေးဘက် “ အဘွားကြီးကအော်သည် ။

“ ကျုပ်ကြောက်လာပြီ ၊ ကြောက်လာပြီ “

Hans က တံခါးကို ဆွဲဖွင့် လိုက်တော့ Anette က တံခါးဝ ကနေပြန်ဝင်လာသည်။
သူမ တစ်ကိုယ်လုံး အသေကောင်လို ဖြူဖျော့နေသည်။
မဒမ် Périer က ပြေးသွားပြီး ဖက်ထားလိုက်သည်။
ဒါပေမယ့် Anette က သူမကို တွန်းပစ်လိုက်ကာ Hans ကိုကြည့်သည်။

“ ရှင်ရောက်လာတာ အချိန်ကောင်းပဲ “

“ ကလေးရော ၊ ကလေးလေးရော “ မဒမ် Périer က အော်ငိုရင်းမေးနေသည်။

“ ကျမ ချက်ချင်းလုပ်မှ ဖြစ်မှာမို့ လုပ်လိုက်တယ် ၊ စောင့်နေရင် လုပ်ရက်မှာ မဟုတ်တော့လို့ “

“ Anette ကလေးကို နင်ဘာလုပ်လိုက်ပြီလည်း ?? !! “

“ ကျမလုပ်သင့်သလိုလုပ်လိုက်တယ် ၊
အဲဒါလေးကို စမ်းချောင်းထဲမှာ သေတဲ့ အထိ နှစ်ထားပြီး သတ်ပလိုက်တယ်လေ “

Hans သည် သေကွင်းသေကွက်ကို ထိမှန်ခံရသော တိရိစ္ဆာန်တစ်ကောင်၏ သေငယ်ဇောဖြင့်နာကျင်စွာအော်လိုက်သကဲ့သို့  အသံနက်ကြီးဖြင့်တစ်ချက်အော်လိုက်ပြီးနောက်
သူ့ မျက်နှာကို လက်များဖြင့်အုပ်ကာ အိမ်ထဲ မှ ပြေးထွက်သွားလေတော့သည်။



------------------------------------------------------------------------------------------------
ပြီးပါပြီ။

W. Somerset Maugham ၏ The Unconquered ကိုကျနော် နားလည်သလို ဘာသာပြန်ထားခြင်းဖြစ်ပါသည်။
(Image from Google )

၁၂ နှစ်သမီးမှာ ပထမဆုံး English လိုဖတ်ဖူးတဲ့  Somerset Maugham၏ ဝတ္ထုတိုမို့ အမှတ်တရ ဘာသာပြန်ထားခြင်းဖြစ်ပါသည်။ တစ်နေ့ တစ်ပိုင်းတင်ဖြစ်အောင် တုတ်ထမ်းစောင့်ပြီး အားပေးသော သူငယ်ချင်း ရွှေငါး၊ မအားတဲ့ကြားလာလာဖတ်ပြီး သတ်ပုံအမှား၊ စာအမှား တွေပြင်ပေးသော ငါးပြေမ နှင့် ကိုဘ ၊ သည်းခံဖတ်ပေးသော သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါတယ် ။း)

Vista



အချိန်တွေတစ်ဖြေးဖြေးရွှေ့ လျှားကုန်ဆုံးသွားသည်။
ဂျာမန်သတင်းစာများက နာဇီလေတပ် Luftwaffe ကြောင့် အင်္ဂလန်ကျွန်း ပျက်စီးရပုံ ၊
လူတွေထိန့် လန့် ကြောက်ရွံ့ ကြပုံ များကို ဝေဝေဆာဆာဖော်ပြကြသည်။
ရေငုတ်သင်္ဘောများကလည်း အင်္ဂလိပ်ရေတပ်ကို ဖျက်ဆီးပုံ ၊
အင်္ဂလန်မှာ ငတ်နေပြီ စသည်ဖြင့် သတင်းများဖတ်ရသည်။
နွေဦးပေါက်မတိုင်ခင်မှာပင် ဂျာမန်တပ်မတော်က အောင်ပွဲခံပြီး
ကမ္ဘာကိုအုပ်စိုးတော့မည်မှာသေချာနေလေပြီ။
သူက ပြင်သစ်မလေးနှင့်လက်ထပ်မည် ၊ သူမ ၏လယ်ကိုလုပ်ကိုင်မည်ဖြစ်ကြောင်း
သူ့ အိမ်သို့ စာရေးထည့်လိုက်သည်။
သူတစ်ကယ်လည်း သူမတို့ လယ်မြေကို သဘောကျပြီး Anette မိဘများနှင့်ပင်
သူဂျာမနီက မှာယူမည့် နောက်ဆုံးပေါ်ထွန်စက်အကြောင်း၊
တစ်ခြားအထောက်အကူပြုပစ္စည်းများ အကြောင်းမကြာခဏပြောဖြစ်ကြသည်။
သူက လယ်ထဲတွင် Anette မကူညီနိုင်သည်များကို ပင်ကူလုပ်ပေးသေးသည်။
ဒီလိုနည်းနဲ့ သူမကို အနားရစေသည်။

Anette ကတော့ ဒီပုံစံသာ။ အရင်လိုရန်လို မြဲ ။
စကားလည်းဘယ်တော့မှ မပြော။ တတ်နိုင်သလောက် သူမအခန်းထဲမှာပဲသူမနေသည်။

တစ်နေ့  သူလယ်တဲသို့ အသွား မဒမ် Périer ကို လမ်းတွင်တွေ့ ရာ ဆိုင်ကယ်ရပ်လိုက်သည်။

“ မင်း ပြန်အုံး ၊မလာနဲ့ အုံး Pierre သေပြီ “

“ ဘယ်သူတုံး Pierre ဆိုတာ “

” Anette လက်ထပ်မယ့် ကျောင်းဆရာဆိုတာလေကွယ် “

“ ဟယ် ငါတယ် ကံကောင်း “ Hans တွေးလိုက်သည်။

“ ဒါဆို ကျနော့်အတွက် အခွင့်အလမ်း ပွင့်တာပေါ့“ သူကပြောလိုက်သည်။

“ သူလုံးဝမငိုဘူးကွဲ့ “ မဒမ် Périer ကပြောသည် ။
“ ဒါပေမယ့် ဒီနေ့ သာမင်းကိုတွေ့ လို့ ကတော့ ဓါးနဲ့ ထိုးသတ်လိမ့်မယ် “

“ အာ ၊ ကျနော်နဲ့ ဘာဆိုင်လို့ လည်း အဲဒီလူသေတာ ၊ ဒါနဲ့ သူသေတာ ဘယ်လိုသိတုံး“
“ ဆွစ်ဇာလန်ဖက်ကနေလွတ်ပြေးလာတဲ့  သုံပန်းတစ်ယောက်က Anette ကို စာရေးလိုက်တာ “
ဒီမနက်ပဲစာ ရောက်လာတယ်လေ“
“ အကျဉ်းစခန်းမှာ အစားအစာမဝလို့ သပိတ်မှောက်မှုဖြစ်တယ်တဲ့ ၊ သပိတ်ခေါင်းဆောင်တွေ ပစ်သတ်ခံရတယ်တဲ့၊ အဲဒီထဲမှာ Pierre ပါသွားတယ်တဲ့လေ “

Hans ငြိမ်သွားသည်။ ဒီကောင်ကသေသင့်တာပေါ့လို့ သူကတွေးမိသည်။
သူတို့ က ဆန္ဒပြရအောင် အကျဉ်းစခန်းများဘာမှတ်နေလို့ တုံး ၊
Ritz ဟိုတယ်များမှတ်နေလား။
“သူ့ ကိုခဏလောက်လွှတ်ထားလိုက်အုံး“ မဒမ် Périer ကဆိုသည်။

“စိတ်ငြိမ်သွားတဲ့အခါ ကျုပ်ဖြောင်းဖြပေးမယ် “
“လာလို့ ရပြီဆိုရင် မင်းကို စာထည့်လိုက်မယ်လေ“

“ အင်း၊ ကောင်းပြီလေ ၊ ကျနော့်ကို ကူညီမယ်မဟုတ်လား “

“ အိုး စိတ်ချစမ်းပါတော် ၊ ကျုပ်ယောက်ျားနဲ့ လည်းတိုင်ပင်ပြီးပြီ၊
အကောင်းဆုံးကတော့ဖြစ်လာတာကို
လက်ခံဖို့ ဆိုတာ နားလည်ပါတယ်။
ကျုပ်ယောက်ျားကလည်း အရူးမဟုတ်ပါဘူး၊
အခုအချိန်မှာ ပြင်သစ်တွေအတွက် အကောင်းဆုံးက ပူးပေါင်းဖို့ ဆိုတာ သဘောပေါက်ပြီးသားပါ။
ပြီးတော့ ကျုပ်ကလည်း Anette အတွက် တော့
ကျောင်းဆရာထက် ၊ မင်းဟာခင်ပွန်းကောင်းတစ်ယောက် ပိုဖြစ်မယ်ထင်တယ်လေ၊ ပြီးတော့ကလေးကလည်းရှိသေးတယ်မှလား “

“ ကျနော်တော့ ယောက်ျားလေးဖြစ်စေချင်တယ်ဗျာ “ Hans ကဆိုသည်။

“ ယောက်ျားလေးပါ သေချာတယ် “ ငါဗေဒင်ချပ်တွေကြည့်တိုင်းယောက်ျားလေးပဲကျတယ်“

“ သြော် မေ့တော့မလို့ ၊ဒီမှာ ခင်ဗျားတို့ အတွက် သတင်းစာတွေ “
Hans က ဆိုင်ကယ် အဖုံးကို လှန်လိုက်သည်။
သူက အဘွားကြီးကို Paris-Soir သတင်းစာ ၃ စောင်ပေးလိုက်ရာ သူမကသေချာဖတ်နေသည်။
သူက ပြင်သစ်တွေ သည် ဟစ်တလာ၏ ဥရောပအတွက်ချမှတ်မည့် “ အမိန့် သစ်“ ကိုလက်ခံရမည်ဆိုသည့်အကြောင်း၊
ပင်လယ်ပြင်ကိုစိုးမိုးထားသော ဂျာမန် ရေငုတ်သင်္ဘောများ၏ အကြောင်း ၊
အင်္ဂလန်ကို ဒူးထောက်အောင်ဆောင်ရွက်နေသောတိုက်ခိုက်မှုများအကြောင်း နှင့်
အကူအညီပေးမည်ဆိုသော အမေရိကန်များမှာလည်း အသင့်မဖြစ်သေးကြောင်း များကို ခြုံငုံဖတ်ပြလိုက်သည်။ပြင်သစ်သည် အဖဂျာမနီနိုင်ငံတော်နှင့်ပူးပေါင်းပါက
အပြန်အလှန်အနေဖြင့် ဥရောပနိုင်ငံများအနက်
ဂုဏ်ပြုဖွယ်အဆင့်အတန်းတစ်ခုပေးမည်ဖြစ်ကြောင်း ရေးသားထားတာတွေလည်းဖတ်ပြသည်။
ထိုဆောင်းပါးသည် ဂျာမန်ကရေးခြင်းမဟုတ်ပဲ ပြင်သစ်တစ်ဦးကရေးထားခြင်းဖြစ်သည် ။

--------------------------------------------


Pierre နာရေးသတင်းကြားအပြီး ၁၀ ရက် ခန့် ကြာပြီးနောက် ညစာစားအပြီးမှာ
မဒမ် Périer က Anette ကို
“ အမေ Hans ဆီကို စာရေးလိုက်တယ် မနက်ဖြန်လာခဲ့ ဖို့ “

“ ပြောပြတာ ကျေးဇူးပဲ အမေ ၊ ကျမ အခန်းထဲမှာနေလို့ ရတာပေါ့“

“ ကဲ ၊ သမီးလေးရယ် ၊ Pierre လည်းဆုံးပြီပဲကွယ် ၊
Hans က သမီးကိုလည်းချစ်တယ် ၊လက်ထပ်ချင်နေတဲ့ဟာကို ၊
သူမရှိပဲ အမေတို့ လယ်ကိုလည်းဘယ်လိုဆက်ထိန်းသိမ်းမလည်း။
သူက ထွန်စက်တောင် သူ့ ပိုက်ဆံနဲ့ ဝယ်တော့မလို လုပ်နေပြီ ၊ ပြီးခဲ့တာတွေပြီးပါစေတော့သမီးရယ် “

“ အမေ သမီးကို သဘောမပေါက်သေးပဲကိုး ၊ ကျမသူ့ ကိုအရမ်း မုန်းတယ်အမေ ၊
သူ့ ရဲ့ ဘဝင်လေဟပ်နေတဲ့ ပုံစံ ၊ ဆရာကြီး ပုံစံကိုလည်း ရွံတယ် ။
သူ့ ကို ကျမသတ်လိုက်လို့ ရတယ် ၊ ဒါပေမယ့် သူသေတာနဲ့ တင်မကျေနပ်နိုင်သေးလို့ ။
ကျမ ရင်ထဲမှာ တစ်နုံ့ နုံ့ ခံစားနေရသလို သူ့ ကိုခံစားစေချင်တာ၊
အဲဒီလိုသာသူ့ ကိုပြန်ခံစားရအောင်လုပ်နိုင်မယ်ဆို ကျမသေပျော်ပြီအမေ “

“ မိုက်လှချေလား သမီးလေးရယ် “

“ နင့်အမေပြောတာမှန်တယ်သမီး “ အဘိုးကြီးက ဝင်ပြောသည်။

“ တို့ တွေဟာ စစ်ရှုံးကြပြီ ၊ အောင်နိုင်သူတွေနဲ့  အဆင်ပြေအောင်ပေါင်းရတော့မှာ “
အလိမ္မာသုံးပြီး ပေါင်းထားရင်းနဲ့ မှအနိုင်ပြန်ယူရမယ်လေ။
ဂျုးတွေနဲ့ ဗြူရိုကရက်တွေ တိုင်းပြည်ကို ဘယ်လိုဖျက်ဆီးခဲ့လည်း ကြည့်ပါလား သတင်းစာမှာ “

“ ဒီသတင်းစာထဲက ဟာတွေကျမ ယုံမယ်ထင်နေလား အဖေ ၊ ဒါတွေက အလိုတော်ရိတွေရေးတာ ၊ သစ္စာဖောက်တွေရေးထားတာအဖေရဲ့ ။ သူတို့ ကို ဂျာမန်တွေက ငွေနဲ့ ပေါက်ထားတာ “

“ ဘာလို့ ဒီကလေးကို ဒီလောက်တောင်မုန်းနေရတာလည်း သမီးရယ် ၊
သူက သမီးကို အတင်းသိမ်းပိုက်တာ ဟုတ်ပါတယ် ။
ဒါပေမယ့်အဲဒီတုန်းက မူးနေလို့ ပါ၊ ပြီးတော့လည်း
ဒါကို ပြန်ဆယ်နိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားနေတဲ့ ဟာပဲကွယ် “

မဒမ် Périer ကပြောရင်းနဲ့  စိတ်မရှည်ဖြစ်လာသည်။

“ သူက ညည်း အဖေကို ဆေးတံသောက်ဆေးဆိုလည်းယူလာပေးတယ် ၊ အစားအစာတွေလည်းယူလာပေးတယ်။
ညည်းက ချိစ်တွေ ၊ထောပတ်တွေ မစားတာတော့ဟုတ်ပါပြီ ၊
ဒီနေ့ ညည်းစားတဲ့ စွပ်ပြုတ်က အသားက သူယူလာတာ ၊ အသုပ်လုပ်တဲ့အထဲကဆီကလည်းသူ့ ဟာပဲ “

Anette က သူမမျက်နှာကို လက်များဖြင့်အုပ်ထားလိုက်သည်။

“ကျမသိတယ် ၊ မစားဘဲနေတာပဲ မတတ်နိုင်လို့ ဆာလွန်းလို့ စားမိတာ “

“ အေး ၊ စားပြီးဘီလေ “

“ ဟုတ်ပါတယ် ၊ စားမိပါတယ် ၊ ရှက်ရှက်နဲ့ ပဲစားမိတာပါ။
သူတို့ တွေက တင့်ကားတွေ ၊ လေယာဉ်တွေနဲ့ ကျမတို့ လူအင်အားကို ဖြိုခွင်းပြီး ၊
အခု စိတ်ဓါတ်ကို ပါ အငတ်ထားလို့ ရိုက်ချိုးနေပြီပေါ့ “

-----------------------------------------------------------------------------

(Image from Google )
နောက်တစ်ပိုင်းသာကျန်ပါတော့သည်