Vista
ဒါကတော့ ထုံးစံအတိုင်းဈေးပုံတွေပေါ့။
ဒီတခါပုံတွေ သိပ်မကောင်းဘူး
ရာသီက သိပ်ပူတော့ မနက်အစောလည်း အိုက်တာပဲ ဈေးထဲသွားရင် မြန်မြန်ဝယ် မြန်မြန်ပြန်လာရတယ်။
သရက်သီးစိမ်းလေးတွေ တို့ စားလို့ ကောင်းတယ် ၊ ကိုင်းခရမ်းချဉ်သီးလေးတွေ သိပ်အရသာရှိတယ် ။
ပဲသွေး
ဒီတခေါက်ပြန်တာ နွေမို့ လို့ လားမသိ မန်ကျည်းရွက်နုလေးတွေ သိပ်ပေါတာပဲ
သုပ်စားလို့ လည်းကောင်း ၊ သနပ်ရွက်နဲ့ ဟင်းချိုချက်စားလည်း ကောင်းတယ်
အပုံအပုံလေးတွေ သဘောကျလို့  ဖြတ်သွားရင်းရိုက်တာ ပုံမကြည်ဘူး
ကန်စွန်းရွက်
အညာက နှမ်းဖတ်ချဉ် ထန်းညက် မန်ကျည်းလုံး ဘာညာ အစုံ
ကလေးက ကိုယ့်ကို ကြည့်နေတယ် ဟိ
မြင်းခွာရွက် ၊ ရှောက်ရွက် ၊ သံပုရာသီး ( ရောင်းတဲ့ လူက ဒီလို အော်ရောင်းတာနော်
” အရည်မရွမ်း ၁၀ သန်းပြန်လျှော်မယ် သံပုရာသီးတွေ ” တဲ့ ) :P
ပဲမြစ်၊ ပြောင်းဖူး ၊ ကန်စွန်းဥ
အချဉ်ဖတ်မျိုးစုံ ( မုန်လာချဉ်၊ ပဲတီချဉ်၊ ဟင်းကလာချဉ်၊ကတက်ချဉ်၊တညင်းသီးဆားစိမ်)
ဘာတွေကို မသိတော့ပါဘူးး)
Vista
ကဲဒီတခါတော့ အစားအသောက် တခန်းရပ်လို့  ပန်းတွေ အသီးတွေ တင်လိုက်အုံးမယ်
နှင်းဆီတွေ ဘုရားတင်ဖို့ ခူးထားတာ
လှတယ်နော်
နှင်းဆီအဖြူ
သိပ်လည်းမွှေးတယ် ( ဒီက နှင်းဆီတွေလို အနံ့ မရှိ အရုပ်လိုမဟုတ်ဘူး )
ဒါက စံပါယ် .. ဒါမနက်အစော မခူးခင်လေး ဘာအမျိုးလည်းတော့ မသိဘူး
နွယ်လို ရှည်ထွက်ပြီး ခြုံလိုက်ပေါက်တာ
အနီးကပ်ရိုက်တာ သိပ်လှလှ မရဘူးဖြစ်သွားတယ် လေတိုက်တော့ မငြိမ်ဘူးကိုး
နေထွက်လာပြီ ပူတော့မယ် .. မနက်အစောရေလောင်းပေးထားရတယ်
ဒါမှ တနေ့ လုံးအပူဒဏ်ကို ခံနိုင်အောင်
ပရစ်ဖူးလေး
ဒါဘာပန်းလည်း မသိဘူး .. အိမ်မှာ ပွင့်နေတာ ဘုရားလည်းမတင်ဖြစ်ဘူး
ည ၉နာရီ လောက်ဆို စံပယ်တွေက ပွင့်ပြီ
ညဘက်တွေ ခြံထဲမှာ ကြိမ်ကုလားထိုင်ကိုယ်စီနဲ့ ထိုင်ပြီး ပန်းနံ့ လေးတွေ ရှုရှိုက်လို့ ..
စကားပြောရတဲ့ အရသာကို တကယ်ပဲ လွမ်းမိပါရဲ့ ။
အင်ကြင်း ( ဘုရားမှာတွေ့ လို့ ရိုက်လာတာ )
အမည်မသိသော အိမ်ကပန်း
ပြန်တဲ့ အထိပွင့်တာမတွေ့ လိုက်ရတဲ့ ပိတောက် သူများအပင်တွေတော့ ပွင့်တယ်တဲ့ ဟွင့်
သင်္ဘောသီး (မှည့်နေပြီ)
သရက်သီး ( ရင်ကွဲမျိုး သေးသေးတယ် )
မြကျောက်လို့ ထင်တာပဲ
ဒူးရင်းသီး ( မကြိုက် )
ရင်ကွဲ ( အမှည့်)
Vista
ဒီတယောက်တော့ အစားအစာတွေချည့် တင်နေတယ်ဆို ဆဲကြတော့မယ် ဟီး။
ဒါတွေကတော့ စားဖြစ်ခဲ့တဲ့ မြန်မာ ထမင်းဟင်းတွေပါ။
ရေချိုပုစွန်ထုပ် ကြိုက်လှတယ်လည်းမဟုတ်ဘူး မစားဖြစ်တာကြာလို့ စားတဲ့သဘောပါ။
ဒါတွေကမှ အကြိုက် ၊အတို့ အမြှပ်တွေ
ကတက်ချဉ်၊ ဥသျှစ်ရွက် (စာလုံးပေါင်း မသိ )၊ ရှောက်ရွက်၊ သရက်သီးစိမ်း၊ ဟင်းကလာချဉ်
ဒါက ခိုင်ခိုင်ကျော်က ငါးပိ အတို့ ၊ တချို့ ပြုတ်ထားတဲ့အရွက်တွေ နာမည်မသိဘူး
သခွပ်ပွင့်တဲ့ ပြုတ်တို့ ရတာတဲ့ ၊ တခါမှမစားဖူးဘူး ပထမဆုံးပဲ ( ခါးသက်သက် အရသာရှိတယ် )
မန်ကျည်းရွက်သုပ် ( ခုတခေါက်ပြန်တော့ မန်ကျည်းရွက်နုတွေ သိပ်ပေါနေတယ် တရက်ခြားတခါသုပ်စားဖြစ်တယ် )
အဒေါ်ကြီး လက်ရာ ဖရုံသီး ပဲသီးစိမ်း ပဲရွက် ပုစွန်ပိစိကွေး ပင်စိမ်းအုပ်ဟင်း
( ဖယုံသီးမုန်းတဲ့ ကျနော်တောင် ၂ခွက်သောက်ဖြစ်တယ် )
ခြံထဲက ပိန္နဲသီး ရခိုင်ချက် ( စပ်လန်ထွက် )
ငါးမွေထိုး ဘဲဥ ကုလားဟင်း( ကောင်းမှ ကောင်း )
အတို့ အမြှုပ် again :P
ငါးနီတူသုပ် ..
ငါးရံ့ စပါးလင်ဟင်း
င ငါးပုဏား ကြော်လို့ စား .. :P
Vista
၂၀၁၂ ရန်ကုန်ပြန်
နုတ်စ်ပထမဆုံးအနေနဲ့ အစားအစာများထဲက စားဖြစ်ခဲ့တဲ့ ( ဒါ့ပုံလည်းရိုက်ဖြစ်ခဲ့တဲ့ )
မနက်စာ တွေ စတင်လိုက်ပါတယ်။
တချို့ ကိုလည်း ဟိုကနေ စားနေတုန်း ဖဘမှာ real time တင်ပြီးပါပြီ :P။
ဒါပေမယ့် ဖဘက
သူငယ်ချင်းစာရင်းထဲမရှိသးတွေ ၊ ဖဘမသုံးသူတွေ ( ကမောင်ဝေးတို့ လို ) အတွက်
ဘလော့မှာပဲတင်ပေးလိုက်ပါတယ်။
သွားရည်ကြကျကုန်။
ပဲပြုတ် ဆီဆမ်း
ကောက်ညှင်းအဖြူ+ အချိတ်ပေါင်း + နှမ်းထောင်း + ငါးရံ့ ခြောက်ဖုတ်
ပဲကောက်ညှင်းပေါင်း + ဆတ်သားခြောက် မီးကင်
မုန့် ဟင်းခါး ( ဈေးထဲက)
မုန့် ဟင်းခါး ( မြောင်းမြ ဒေါ်ချို )
မုန့် ဟင်းခါး ( ရန်ကုန် ဗစ်ဗစ် ) ကိုယ်တိုင်ချက် :P
အုန်းနို့ ခေါက်ဆွဲ + ပဲသွေး ( ရန်ကုန် ဗစ်ဗစ် ) ကိုယ်တိုင်ချက် :P
စားလို့ ကောင်းလွန်း လို့  စားရင်းနဲ့ အမေတို့ တွေ သွေးချဆေးသောက်ယူရတယ် ဟီး။
Vista

ဘောလုံးလေးတလုံးဟာ မျက်ရည်ကျတတ်ပါတယ်ဆိုရင် ရှင်တို့ယုံကြမှာလား။
တကယ်တော့သူမဟာဟိုဖက်ကပုတ်ထုတ်လိုက်ဒီဖက်ကပုတ်ထုတ်လိုက် ခံနေရရှာတဲ့ ဘော်လီဘော ဘောလုံးလေး တလုံးမျှသာပါ။
မသိရင်တော့ဟိုဖက်ဒီဖက်လူတွေဟာဘောလုံးလေးကိုဝိုင်းပြီးလုနေကြသလိုပေါ့လေ။ ဒီလိုလုတယ်ဆိုတာဟာလည်း ပုတ်ထုတ်လိုက်ဖို့ပဲ မဟုတ်လားကွယ်။
ဘယ်သူကမှ သူမကို ကြာရှည်ဖမ်းဆုပ် လက်ထဲမှာ မထားချင်ကြဘူးမလား။
မြန်မြန်ပုတ်ထုတ်လိုက်နိုင်မှသာသူတို့အတွက်အမှတ်တွေတက်နိုင်မှာ။
မတော်တဆ ဘောလုံးလေး တဖက်ဖက်ကို ပြုတ်ကျသွားခဲ့ရင်တောင် ပြုတ်ကျတဲ့ဖက်မှာ အမှတ်လျော့ပြီး အဲလိုကျဖို့ ပုတ်လိုက်နိုင်တဲ့ဖက်က အမှတ်တိုးမှာလေ။
ကဲ ဒီလိုပုတ်ထုတ်ခံနေရတဲ့ ဘောလုံးလေးဘ၀ကနေ ဘယ်တော့များမှ လွတ်မှာပါလိမ့်နော်လို့ ကိုယ့်ဘာသာကိုယ် တီးတိုးရေရွတ်မိချိန်မှာပဲ အသံတသံကို ကြားလိုက်ရတာ။
ဘယ်အချိန်လွတ်မှာလဲဆိုတော့ကြာလာတဲ့အခါမှာမင်းဟာအသစ်တုန်းကလို အဖြူရောင်လေးမဟုတ်တော့ဘူးကွဲ့၊ ဟောင်းနွမ်းလာမယ်၊ ၀ါတာတာလိုလို ချေးရောင်လိုလို ပေါက်လာမယ်၊ အသားကလည်း ပါးလာမယ်၊ မတော်တဆများ ဆူးလို အရာမျိုးနဲ့သွားထိမိရင် ပေါက်သွားနိုင်တယ်။ အဲ့လိုဆိုရင်တော့ မင်းကို လွှတ်ပစ်လိုက်တော့မှာ အသေအချာပဲ။ မပေါက်သေးခင် မင်းကိုသုံးဖို့ မသင့်တော့ဘူးလို့ ဆုံးဖြတ်လိုက်ရင်တော့ မင်းဟာ ချောင်တချောင်မှာ အနားရမှာပေါ့လေ။သိပ်ပြီးကံကောင်းလွန်းခဲ့ရင်တော့မင်းကိုအမှတ်တရထားချင်တဲ့ သူတယောက်ယောက်လက်ထဲရောက်ပြီးစင်တခုခုပေါ်မှာနေနိုင်မယ်ကွဲ့။
ဒါဟာဖြစ်နိုင်ခြေတော့ အလွန်နည်းပါတယ်။
ဘာလို့ဆိုတော့ ဘောလီဘော ဘောလုံးလေးတလုံးမှာ ဘယ်လောက်များကြီးကျယ်တဲ့ အမှတ်ရစရာတွေ ရှိနေနိုင်မှာလဲ။ မင်းလိုဘောလုံးမျိုး အသစ်ကလေးတွေကို အချိန်မရွေး ဈေးအနည်းငယ်နဲ့ လည်း ၀ယ်နိုင်သေးတယ်လေ။
သူ့ရဲ့နောက်ဆုံးစကားသံကို ကြားလိုက်ရချိန်မှာပဲ သြော် ဘောလုံးလေးရဲ့ဘ၀က ဒီလိုမျိုး အဆုံးသတ်ရမှာပေါ့နော်ဟု ၀မ်းနည်းစွာ ရေရွတ်မိရင်း ဘောလုံးလေးရဲ့ မျက်ဝန်းထောင့်က မျက်ရည်တစ လိမ့်ဆင်းကျလာတယ်ဆိုတာ ဘယ်သူမှ မသိလိုက်ကြဘူးမဟုတ်လားကွယ်။
( Written By Myo : re-posted with her permission)
image from internet