ဘောလုံးလေးတလုံးဟာ မျက်ရည်ကျတတ်ပါတယ်ဆိုရင် ရှင်တို့ယုံကြမှာလား။
တကယ်တော့သူမဟာဟိုဖက်ကပုတ်ထုတ်လိုက်ဒီဖက်ကပုတ်ထုတ်လိုက် ခံနေရရှာတဲ့ ဘော်လီဘော ဘောလုံးလေး တလုံးမျှသာပါ။
မသိရင်တော့ဟိုဖက်ဒီဖက်လူတွေဟာဘောလုံးလေးကိုဝိုင်းပြီးလုနေကြသလိုပေါ့လေ။ ဒီလိုလုတယ်ဆိုတာဟာလည်း ပုတ်ထုတ်လိုက်ဖို့ပဲ မဟုတ်လားကွယ်။
ဘယ်သူကမှ သူမကို ကြာရှည်ဖမ်းဆုပ် လက်ထဲမှာ မထားချင်ကြဘူးမလား။
မြန်မြန်ပုတ်ထုတ်လိုက်နိုင်မှသာသူတို့အတွက်အမှတ်တွေတက်နိုင်မှာ။
မတော်တဆ ဘောလုံးလေး တဖက်ဖက်ကို ပြုတ်ကျသွားခဲ့ရင်တောင် ပြုတ်ကျတဲ့ဖက်မှာ အမှတ်လျော့ပြီး အဲလိုကျဖို့ ပုတ်လိုက်နိုင်တဲ့ဖက်က အမှတ်တိုးမှာလေ။
ကဲ ဒီလိုပုတ်ထုတ်ခံနေရတဲ့ ဘောလုံးလေးဘ၀ကနေ ဘယ်တော့များမှ လွတ်မှာပါလိမ့်နော်လို့ ကိုယ့်ဘာသာကိုယ် တီးတိုးရေရွတ်မိချိန်မှာပဲ အသံတသံကို ကြားလိုက်ရတာ။
ဘယ်အချိန်လွတ်မှာလဲဆိုတော့ကြာလာတဲ့အခါမှာမင်းဟာအသစ်တုန်းကလို အဖြူရောင်လေးမဟုတ်တော့ဘူးကွဲ့၊ ဟောင်းနွမ်းလာမယ်၊ ၀ါတာတာလိုလို ချေးရောင်လိုလို ပေါက်လာမယ်၊ အသားကလည်း ပါးလာမယ်၊ မတော်တဆများ ဆူးလို အရာမျိုးနဲ့သွားထိမိရင် ပေါက်သွားနိုင်တယ်။ အဲ့လိုဆိုရင်တော့ မင်းကို လွှတ်ပစ်လိုက်တော့မှာ အသေအချာပဲ။ မပေါက်သေးခင် မင်းကိုသုံးဖို့ မသင့်တော့ဘူးလို့ ဆုံးဖြတ်လိုက်ရင်တော့ မင်းဟာ ချောင်တချောင်မှာ အနားရမှာပေါ့လေ။သိပ်ပြီးကံကောင်းလွန်းခဲ့ရင်တော့မင်းကိုအမှတ်တရထားချင်တဲ့ သူတယောက်ယောက်လက်ထဲရောက်ပြီးစင်တခုခုပေါ်မှာနေနိုင်မယ်ကွဲ့။
ဒါဟာဖြစ်နိုင်ခြေတော့ အလွန်နည်းပါတယ်။
ဘာလို့ဆိုတော့ ဘောလီဘော ဘောလုံးလေးတလုံးမှာ ဘယ်လောက်များကြီးကျယ်တဲ့ အမှတ်ရစရာတွေ ရှိနေနိုင်မှာလဲ။ မင်းလိုဘောလုံးမျိုး အသစ်ကလေးတွေကို အချိန်မရွေး ဈေးအနည်းငယ်နဲ့ လည်း ၀ယ်နိုင်သေးတယ်လေ။
သူ့ရဲ့နောက်ဆုံးစကားသံကို ကြားလိုက်ရချိန်မှာပဲ သြော် ဘောလုံးလေးရဲ့ဘ၀က ဒီလိုမျိုး အဆုံးသတ်ရမှာပေါ့နော်ဟု ၀မ်းနည်းစွာ ရေရွတ်မိရင်း ဘောလုံးလေးရဲ့ မျက်ဝန်းထောင့်က မျက်ရည်တစ လိမ့်ဆင်းကျလာတယ်ဆိုတာ ဘယ်သူမှ မသိလိုက်ကြဘူးမဟုတ်လားကွယ်။
image from internet
like like like
super like :*
မျိုးရေ...
အတွေးလေးနဲ့ အရေးလေးကို သိပ်ကြိုက်တာပဲ...
တင်ပေးတဲ့ ညီမဗစ်ကိုလည်း ကျေးဇူးတင်ပါတယ်...
စိတ်နယ်လွန် အတွေးတွေ နဲ့ ခတ်ဆင်ဆင် တူတယ်
ဘောလုံးနှင့် တူသော မိန်းမတယောက် အကြောင်းလို့ ခေါင်းစဉ်တတ်သင့်တယ်။ တို့တော့ အဲလို ခတ်ညံ့ညံ့ဘဝ ရောက်နေတဲ့ လူတကာ က အပုတ်ခံရတဲ့ မိန်းမအမျိုးအစားကို အထင် ကြီးလေ့မရှိဘူး။
အင်းးးအတွေး အရေးကောင်းသော မျိုး....
ဘလော့သာဖွင့်လိုက်ပါတော့
(ချွန်ခဲ့ပြီ-ဒုက္ခရောက်အောင် ဟိဟိ)
တိတ်တိတ်လေး ဘလော့ဖွင့်လိုက်ပါ .. မြိုး.......
အတွေးကောင်းပါတယ် ဆိုနေမှ ....
ကြိုက်တယ်....။
စိတ်ကူးကောင်းလိုက်တာ
တော်ရုံနဲ့ ဘောလုံးလေးနေရာကို ဝင်ခံစားဖို့ တွေးမိကြမှာ မဟုတ်ဘူး..
ရေးထားတာလေးလည်းကောင်းတယ်
သဘောကျတယ်
mwah :* like like
မမျိုးကိုပြောလိုက်ပါ မနာလိုသူတွေပြောစကား ခေါင်းထဲမထားပါနဲ့လို့ :P
တန်ဖိုးထားမြတ်နိုးစွာသိမ်းထားတတ်သူနဲ့ ဘောလုံးမလေးများတွေ့ဆုံနိုင်ပါစေ...း))