ဒါကတော့ ထုံးစံအတိုင်းဈေးပုံတွေပေါ့။
ဒီတခါပုံတွေ သိပ်မကောင်းဘူး
ရာသီက သိပ်ပူတော့ မနက်အစောလည်း အိုက်တာပဲ ဈေးထဲသွားရင် မြန်မြန်ဝယ် မြန်မြန်ပြန်လာရတယ်။
သရက်သီးစိမ်းလေးတွေ တို့ စားလို့ ကောင်းတယ် ၊ ကိုင်းခရမ်းချဉ်သီးလေးတွေ သိပ်အရသာရှိတယ် ။
ပဲသွေး
ဒီတခေါက်ပြန်တာ နွေမို့ လို့ လားမသိ မန်ကျည်းရွက်နုလေးတွေ သိပ်ပေါတာပဲ
သုပ်စားလို့ လည်းကောင်း ၊ သနပ်ရွက်နဲ့ ဟင်းချိုချက်စားလည်း ကောင်းတယ်
ကန်စွန်းရွက်
အညာက နှမ်းဖတ်ချဉ် ထန်းညက် မန်ကျည်းလုံး ဘာညာ အစုံ
ကလေးက ကိုယ့်ကို ကြည့်နေတယ် ဟိ
မြင်းခွာရွက် ၊ ရှောက်ရွက် ၊ သံပုရာသီး ( ရောင်းတဲ့ လူက ဒီလို အော်ရောင်းတာနော်
” အရည်မရွမ်း ၁၀ သန်းပြန်လျှော်မယ် သံပုရာသီးတွေ ” တဲ့ ) :P
ပဲမြစ်၊ ပြောင်းဖူး ၊ ကန်စွန်းဥ
အချဉ်ဖတ်မျိုးစုံ ( မုန်လာချဉ်၊ ပဲတီချဉ်၊ ဟင်းကလာချဉ်၊ကတက်ချဉ်၊တညင်းသီးဆားစိမ်)
ဘာတွေကို မသိတော့ပါဘူးး)
အဲဒီလိုအသီးအရွက်ပါတဲ့နေရာမှာနေချင်တာ
အားလုံးထဲမှာ မန်ကျည်းရွက်နဲ့  သနပ်ရွက်ကို အလွမ်းဆုံးပဲ...
ချဉ်ပေါင်ရွက်၊ ဆလပ်ရွက်၊ ပန်းရောင်က ဘာလဲ မသိ၊ ကြက်ဟင်းခါးသီး၊ဆူးပုတ်ရွက်၊ သရက်သီး၊ ခရမ်းကျွတ်သီး၊ ညာထောင့်က ငှက်ပျောဖူး..
ဒါာတွေကိုမသိတဲ့ second last
ငှက်ပျောဖူး၊ သရက်သီးစိမ်း..အောက်ဆုံးပုံကတော့ ဒါပဲ သိတယ်..
အားလုံး စားချင်တယ်..
လွမ်းသွားဘီ :(
ပုံတွေက မကောင်းပါဘူးလို့ ဆိုပေမယ့် ဈေးကလေးရဲ့ အငွေ့အသက်ကို အပြည့်အဝ ခံစားလိုက်ရတယ်..၊ အဲဒါကိုကပဲ လွမ်းစရာ...။
အားကျစရာကောင်းလိုက်တာဗျစ်ရာ တို့ငယ်တုန်းကဆို သရက်သီးရာသီရောက်လာရင် အဖွားက သရက်သီးသနပ်လုပ်ဖို့ ယိုထိုးဖို့ သရက်သီးစိမ်းတွေ ခြင်းတောင်းလိုက်ဝယ်ပြီး မြေအိုးကြီးတွေထဲ မပုပ်မပျက်ရအောင် လေးစိပ်ခွဲပြီး ထုံးနဲ့ဆားရည်နဲ့ထည့်စိမ်ထားလေ့ရှိတာကို သွားခိုးနှိုက်စားရတာတွေ သတိရသွားတယ်။ ပဲမြစ်ပြုပ်တို့ ဒညင်းသီးပြုပ်တို့ ဆီဆားနဲ့တို့စားရတာတွေ သိပ်ကောင်း သိပ်သတိရသွားတယ်။
မကောင်းသောပုံများ လာအားပေးသူများကို ကျေးဇူးတင်ပါတယ်း)
စားချင်ဝယ်ချင်လိုက်တာဗစ်ရယ်..
အိုင်အိုရာ
ပဲသွေးလား ဘဲသွေးလား
ပဲသွေးဆိုတာ မစားဖူးဘူး
အဲလိုဈေးမျိုးလေးနဲ့ နီးနီးနားနား နေချင်တာ :D