ကဲဒီတခါတော့ အစားအသောက် တခန်းရပ်လို့  ပန်းတွေ အသီးတွေ တင်လိုက်အုံးမယ်
နှင်းဆီတွေ ဘုရားတင်ဖို့ ခူးထားတာ
လှတယ်နော်
နှင်းဆီအဖြူ
သိပ်လည်းမွှေးတယ် ( ဒီက နှင်းဆီတွေလို အနံ့ မရှိ အရုပ်လိုမဟုတ်ဘူး )
ဒါက စံပါယ် .. ဒါမနက်အစော မခူးခင်လေး ဘာအမျိုးလည်းတော့ မသိဘူး
နွယ်လို ရှည်ထွက်ပြီး ခြုံလိုက်ပေါက်တာ
အနီးကပ်ရိုက်တာ သိပ်လှလှ မရဘူးဖြစ်သွားတယ် လေတိုက်တော့ မငြိမ်ဘူးကိုး
နေထွက်လာပြီ ပူတော့မယ် .. မနက်အစောရေလောင်းပေးထားရတယ်
ဒါမှ တနေ့ လုံးအပူဒဏ်ကို ခံနိုင်အောင်
ပရစ်ဖူးလေး
ဒါဘာပန်းလည်း မသိဘူး .. အိမ်မှာ ပွင့်နေတာ ဘုရားလည်းမတင်ဖြစ်ဘူး
ည ၉နာရီ လောက်ဆို စံပယ်တွေက ပွင့်ပြီ
ညဘက်တွေ ခြံထဲမှာ ကြိမ်ကုလားထိုင်ကိုယ်စီနဲ့ ထိုင်ပြီး ပန်းနံ့ လေးတွေ ရှုရှိုက်လို့ ..
စကားပြောရတဲ့ အရသာကို တကယ်ပဲ လွမ်းမိပါရဲ့ ။
အင်ကြင်း ( ဘုရားမှာတွေ့ လို့ ရိုက်လာတာ )
အမည်မသိသော အိမ်ကပန်း
ပြန်တဲ့ အထိပွင့်တာမတွေ့ လိုက်ရတဲ့ ပိတောက် သူများအပင်တွေတော့ ပွင့်တယ်တဲ့ ဟွင့်
သင်္ဘောသီး (မှည့်နေပြီ)
သရက်သီး ( ရင်ကွဲမျိုး သေးသေးတယ် )
မြကျောက်လို့ ထင်တာပဲ
ဒူးရင်းသီး ( မကြိုက် )
ရင်ကွဲ ( အမှည့်)
တောစံပယ်လို့ ထင်တာပ
တကယ်ကို ရင်ထဲကို အေးသွားတာပဲ
အဲလို ပို့စ်လေးတွေ များများတင်ပေးပါနော်
သရက်သီးမှာတော့ သရေတွေကျသွားတယ် :D
~~~အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်... တိတ်တဆိတ် ရောက်လာတယ်~~~
ပန်းလှလှတွေချစ်စရာ... အသီးတွေစားချင်စရာ....
မမြင်ရတာကြာနေတဲ့အသီးတွေပန်းတွေကိုတွေ့ရလို့ကျေးဇူးပါနော်
ပန်းတွေပေါ်မှာ မိုးရေစက်တွေ ဖြစ်မယ်။ စိတ်ကြည်နူးမှု တခုခုကို ရသလိုပဲ။ ကျေးဇူးပါ နှမတော်
လှလိုက်လတ်လိုက်တာဗစ်ရေ။
ကြည့်ခွင့်ရလို့ ကျေးဇူးပါ။
အိမ်မှာလည်းစိုက်ခဲ့ဘူးလို့ အမေ့ကိုသတိရသွားတယ်။
လိမ္မော်ရောင်ပန်းလေးကို ပုစွန်ထုတ်ပန်းလို့ ခေါ်တယ်။
အ၀ါရောင်ပန်းလေးကိုတော့ ခေါင်းလောင်းပန်း ဒါမှမဟုတ်ရွှေဝါပန်းလို့ လည်းခေါ်တယ်။ အခေါ်တွေတော့ကွဲကြမယ်ထင်ပါတယ်။
အိုင်အိုရာ
O_O
ပန်းတွေကတော့ လှတယ်..ကင်မရာရိုက်ချက်ကလည်း အမိုက်စားပဲ..တခုပဲ သိပ် ဘ၀င် မကျတာ.. ရင်ကွဲ (အမှည့်) လို့ရေးထားတဲ့ပုံမှာ သရက်သီးက ရင်ကွဲသီး နဲ့လည်း မတူဘူး..မနောက်နဲ့နော်..
O_O
ခုမှပဲလာဖတ်နိုင်တော့တယ်
ပန်းတွေအရမ်းလှ
မဗစ်စ်လိုပေါ့
:D