Vista



သူပြောတာက ကျုပ်တို့  ပိုက်ပြင်သွားရင် ရောက်ဖူးတဲ့ ရပ်ကွက်တစ်ခုရှိတယ် ။
အဲဒီမှာက နိုင်ငံခြားသားတွေနေတာများတယ်။ သူတို့ က တာဝန်နဲ့  ဒီနိုင်ငံကို သုံးနှစ်တန်သည် လေးနှစ်တန်သည်လာကြပြီးတော့ ပြောင်းကြတာ ။ 

အဲလို မပြောင်းခင်ဆို တအိမ်လုံးမှာ ရှိတဲ့ ပိုက်တွေကို စစ်ဆေးပြင်ဆင်ပေးသွားတတ်ကြတယ်တယောက်နဲ့တယောက်မလွှဲခင်ပေါ့ဗျာ။
အဲလို အကူးအပြောင်းမှာ လှုပ်ရှားတာ အကောင်းဆုံးပဲတဲ့ ။

 သူတို့ က ရက်ပိုင်းမှာ ဒီနိုင်ငံက ပြောင်းတော့မယ့်လူတွေဆိုတော့ ပစ္စည်းပျောက် 
ပိုက်ဆံပျောက်လည်း သိပ်တိုင်လား တောလား လုပ်မနေတတ်ကြဘူးတဲ့။
သိပ်အကြီးစားတော့ လုပ်လို့မရဘူးပေါ့တဲ့။

ခပ်သေးသေးနဲ့  အလုပ်ဖြစ်မယ့်ဟာမျိုး ဥပမာ လက်ပတ်နာရီ လိုမျိုးပါ့။
လောဘတက်လို့ လည်းမရဘူး ပိုက်ဆံအိတ်ထားတတ်တဲ့နေရာဆိုသိရင် နည်းနည်းနှိုက်ပေါ့ နောက် ရွေထည်နည်းနည်းပေါ့ များများယူလို့ တော့မရဘူး ။
သူတို့ အနေနဲ့   ထားလိုက်ပါတော့လေ ရဲတိုင်မနေတော့ပါဘူး
 ပြောင်းတော့မှာပဲဆိုတဲ့ အနေလောက်ပဲယူတဲ့။

သူတို့ အတွက်က ထားနိုင်ပေမယ့် ကျုပ်တို့ အတွက်တော့ ၁ လစာလောက်မဟုတ်လား၊ 
အနည်းဆုံး အိမ်ခန်းခရှင်းနိုင်မယ် အစားစားဝစားနိုင်မယ်နွေးနွေးထွေးထွေးနေနိုင်မယ်ပေါ့။
အခုဆို ရတာလေးနဲ့ ဘယ်လောက်အထိ လောက်ငအောင်စားရဦးမယ်မှန်း မသိလို့ 
မဝရေစာကိုချွေတာ စားနေကြရတယ်မဟုတ်လား။

သူပြောတာကို နားထောင်ရင်းနဲ့ ကျုပ်မျက်နှာတခုလုံးပူထူနေတာပဲ။
 နားထဲမှာလည်း သူခိုး ၊သူခိုး နင်ဟာ သူခိုးလို့ အော်သံတွေကြားနေသလိုပါပဲ။ 
ဒါပေမယ့်အိမ်ပြန်ရောက်တော့ အငယ်ဆုံးမလေး ရဲ့ ချမ်းအေးဆာလောင်နေတဲ့ မျက်နှာလေးတွေ့ အပြီးမှာ ဆုံးဖြတ်ချက်တွေ ခိုင်မာသွားတော့ တာပဲ။

ဘယ်အိမ်က ဘယ်နေ့ မှာ ပိုက်စစ်ဖို့ ခေါ်ထားတယ်
 ဘယ်သူ့ ကိုတာဝန်ချတယ်ဆိုတဲ့ အချိန်ဇယားတွေ မှတ်တဲ့ 
စာရေးမနဲ့ ကျုပ်မိတ်ဆွေက ဆွေမျိုးနီးစပ်တော်တာမို့  သူ့ ဆီကနေ ကြိုသိရတယ် ။

ကျန်တာတွေ အကျဉ်းချုံးပြောရရင်တော့ အဲဒီလို စစ်ပေးရတဲ့အိမ်ကို ဝင်ခွင့်ရတဲ့ အချိန်မှာ အနေအထား တွေ အထားအသိုတွေ မှတ်ရတယ် ။ နောက် ကိုယ်ဝင်လို့ ရမယ့် တံခါးတခုကို ဖွင့်ရအောင် ဖြစ်ဖြစ် သော့တု ဖြစ်ဖြစ် လုပ်ခဲ့ရတယ်ပေါ့ဗျာ။
အတွင်းခန်းတံခါးက အတွင်းရောက်မှ ချိတ်တခုခုနဲ့ 
လှည့်ဖွင့်လို့ ရတယ်။ အပြင်ကနေဖွင့်နေတာလူမြင်ရင် မလွယ်ဘူးလေ။

ကျုပ်ကတော့ အောက်ဆုံးထပ် နောက်ဖေးမီးဖိုခန်းတခါးကို သော့ပုံစံယူခဲ့တယ်။
 နောက်ဖေးတံခါးသော့တွေကမီးဖိုခန်းဗီဒိုနားချိတ်တတ်ကြတာမဟုတ်လား။
ကျုပ်အလုပ်လုပ်နေတုံးလည်း ဘယ်သူမှ ကြည့်နေတာမဟုတ်တော့
 သော့ပုံစံယူတာလောက်က အသာလေးပေါ့ဗျာ။ 
ကျုပ်တို့ ကိုလိုက်ပို့ တဲ့ ကုမ္ပဏီကအယ်လဖွန်ဆိုက အင်္ဂလိပ်စကားပြောတတ်တော့
 အိမ်ရှင်မိန်းမနဲ့ သူတို့ ချင်းပြောကြဆိုကြပေါ့။
 နောက်မှ မေးကြည့်တော့ သူတို့ က နောက် ၃ ပတ်နေရင်
ပြောင်းတော့မှာသေချာတယ်ဆိုတာ သိရတယ်။ 

ကျုပ်မိတ်ဆွေ ရဲ့ အစီအစဉ်အတိုင်း ဒီအိမ်ကို လေ့လာတယ်၊ အဝင်အထွက် ပေါ့။
သူတို့ တမိသားစုလုံးက မနက်ဆို အကုန်ထွက်သွားတတ်တယ် ။ 
အဖေက ရုံးသွားရင်း ကလေးတွေကို ကျောင်းပို့ ပေါ့ ။ 
အမေကတော့ နေခင်းလောက်ဆို ဈေးသွားရင်းနဲ့  လမ်းလျှောက်ထွက်တယ် ။ 
အဲဒီ အချိန်ကို ရွေးလိုက်တယ်။သူက ညနေ ၃နာရီမကျော်မချင်းပြန်မရောက်ဘူးလေ။

ကျုပ်တို့ ပိုက်ပြင်ဝင်ပြီး ၁ ပတ်ကျော်မှ စလှုပ်ရှားတယ်။ ဒါမှ သင်္ကာမကင်းမဖြစ်မှာပေါ့။
ဒီလိုနဲ့  မီးဖိုခန်းကိုသော့တုနဲ့ ဖွင့်ဝင်တာဘာမှ အခက်အခဲမရှိဘူး။
ကျုပ်ရင်ထဲမှာတော့ ဓါတ်ရထားဝင်ခုတ်နေသလိုပဲ သော့ဖွင့်တာတောင် လက်တုန်နေတယ်။
ကျုပ်မှတ်ထားသလောက်ဆိုရင် အပေါ်ဆုံးထပ်မှာ အိပ်ခန်းတွေရှိတယ် အဲဒီမှာ တခုခုရနိုင်မယ်။
မရလည်း ရတာပေါ့ဗျာ ဝင်လာပီးမှတော့ လက်ချည်းမထွက်တော့ဘူးမဟုတ်လား။

ကျုပ်က မျက်နှာကို ခေါင်းစွပ်နဲ့ စွပ်လိုက်တယ် အဲခေါင်းစွပ်ကမျက်လုံးပဲဖော်ထားတာ။
တကယ်လို့ တယောက်ယောက်တွေ့ သွားလည်း မမှတ်မိနိုင်တော့ဘူးပေါ့။
ဒီလိုနဲ့ အပေါ်ထပ်ကို တဖြည်းဖြည်းတက်လာတာပေါ့ ။

ဒုတိယထပ်မှာ အခန်း၂ခန်းရှိတယ် နောက်မှကြည့်မယ်ဆိုပြီး
အပေါ်ဆုံးထပ်ကို အရင်တက်တယ်။အပေါ်ဆုံးထပ်က ပင်မအိပ်ခန်းရှိတာကိုး ၊
ဟိုနေ့ က အဲဒီက ပိုက်ဆို့ နေလို့ ကျုပ်ပြင်ပေးရသေးတယ်။
ဒီလိုနဲ့ ပင်မအိပ်ခန်းတခါးဘုကို လှည့်ဖွင့်လိုက်တော့
အဆင်သင့်လိုက်တာ သော့မခတ်ထားဘူး ။

ဒါပေမယ့်ကျုပ်မဝင်ရဲဘူး တံခါးလက်ကိုင်ဘုကို ဆုပ်ထားပြီး တွန်းမဖွင့်ဘဲကြောင်နေသေးတယ် ၊
 လုပ်နေကြမှ မဟုတ်တာ ပြီးတော့ ရင်ထဲမှာ ဗလောင်ဆူနေတယ်။
ကျုပ်အရဲကိုးပြီး တွန်းဝင်လိုက်တယ် ။မှန်တင်ခုံက အံဆွဲတွေ ဖွင့်ကြည့်တယ်။
 ကံအားလျှော်စွာနာရီတွေတွေ့ တယ် ရိုးလက်စ် တလုံး၊စီတီဇင်တလုံး ။
ရိုးလက်စ်တလုံးဆို အတော်အဆင်ပြေပြီ တခြားဟာတောင်ယူစရာမလိုတော့ဘူး ။
၂ လုံးစလုံးတော့ယူလို့ မဖြစ်ဘူး အထားမှားလို့ ပျောက်သလိုလိုလည်း လုပ်ရမှာကိုး ။
အဲအချိန်မှာပဲ ကျုပ်ကို တယောက်ယောက်က နောက်ကနေကြည့်နေသလို ခံစားမိလိုက်တယ်။ 
 
ကျုပ်အမြန်လှည့်ကြည့်လိုက်တယ်ဆိုရင်ဘဲ ပြူးကျယ်နေတဲ့ 
မျက်လုံးလေး ၂လုံးနဲ့ စိုက်ကြည့်နေတဲ့ ကလေးမတယောက်ကိုတွေ့ ရတယ် ။ 
အိမ်ရှင့်ကလေး အငယ်ဆုံးလေးထင်တယ် ။ ၁၂ နှစ်လားမသိ ဒီ့ထက်ကြီးချင်လည်း ကြီးမှာပေါ့။
သူတို့အရှေ့ တိုင်းသားတွေက ကျုပ်တို့ လိုလူကောင်သိပ်မထွားဘူး မဟုတ်လား။ 

ကလေးမက နဖူးပေါ်မှာဆံပင်နက်ကလေးအတိဖြတ်လို့ အနောက်ကဆံပင်တွေကလည်း
 ကျောလယ်တောင်ကျော်မလားဘဲ ။ သူလေးက ခဏကြောင်နေတယ် နောက်မှ တခါတည်း ဆင်းပြေးတော့တာပဲ ။ ကျုပ်လည်း အဲဒီတော့မှ သတိဝင်လာတယ် သူ့ ကိုတားရမယ် ။ 
ရဲကိုဖုန်းဆက်တာနဲ ဧည့်ခန်းကလုံခြုံရေးအလန်း ကို နှိပ်တာနဲ့ ကျုပ်ဘဝ ဆုံးပြီ။  
ကျုပ်ဘဝဆုံးရင် ကျုပ်နောက်က တမိသားစုလုံး၊ ဥမမယ် စာမမြောက် ကလေး၃ ယောက် ၊ နာတာရှည်ကျုပ်ဇနီး အကုန်ဘဝဆုံးမှာ။ သူ့ ကို တားရမယ် ။ ကျုပ်ပြေးလိုက်တယ် ။
ကျုပ်ကိုယ်လုံးက ကြီးကြီး လှေကားက သေးသေးနဲ့ မနည်း ဆင်းလိုက်ရတယ်။သူလေးက ပြေးတာလှစ်နေတာပဲ။ 
သူက ဧည့်ခန်းကို ပြေးတယ် အလန်းနား ကို ပြေးတာ လူလည်ကလေး ၊ 
ကျုပ်က လှေကားထစ်ကို မဆင်းတော့ပဲ ခုန်ချလိုက်တယ် သူ့ နားတန်းရောက်တာပေါ့ ။
သူ့ ပုခုံးလေးဖမ်းလို့ မိကာနီးမှာ မီးဖိုထဲကို လှစ်ကနဲပြေးပြန်တယ် ကျုပ်ကလည်း ပြေးလိုက်ရတာပေါ့ ။

to be continue 
Labels: edit post
4 Responses
  1. Nay Says:

္မလိမ္မာတယ်စာဆက်ရေး.. :)


  2. Nay Says:

    ဖတ်လို့ကောင်းတယ်၊သင်ခ်ယူး... :)


  3. ဟောကြည့်... ပြေးနေ၊ လိုက်နေကြတုန်း တန်းလန်းကြီးမှာ... ဖြတ်လိုက်ပြန်ပြီ၊း) စိတ်ဝင်စားစရာ ကောင်းလာပြီ ညီမရေ..၊ အပြေးမရပ်ခင်မှာ ဆက်ရန်လေး လုပ်ပါအုံးဗျာ...။း)


  4. Mar Mar Lwin Says:

    အေးအေးဆေးဖတ်သွားတယ်
    ရေးတာလေးတွေကောင်းသလို စိတ်ကူးကလဲကောင်းလိုက်တာ
    အရမ်းတော်တယ်နော်