Vista
ဒါကတော့ ထုံးစံအတိုင်းဈေးပုံတွေပေါ့။
 ဒီတခါပုံတွေ သိပ်မကောင်းဘူး
 ရာသီက သိပ်ပူတော့ မနက်အစောလည်း အိုက်တာပဲ ဈေးထဲသွားရင် မြန်မြန်ဝယ် မြန်မြန်ပြန်လာရတယ်။

 
 သရက်သီးစိမ်းလေးတွေ တို့ စားလို့ ကောင်းတယ် ၊ ကိုင်းခရမ်းချဉ်သီးလေးတွေ သိပ်အရသာရှိတယ် ။
  
ပဲသွေး

ဒီတခေါက်ပြန်တာ နွေမို့ လို့ လားမသိ မန်ကျည်းရွက်နုလေးတွေ သိပ်ပေါတာပဲ
သုပ်စားလို့ လည်းကောင်း ၊ သနပ်ရွက်နဲ့ ဟင်းချိုချက်စားလည်း ကောင်းတယ်


အပုံအပုံလေးတွေ သဘောကျလို့  ဖြတ်သွားရင်းရိုက်တာ ပုံမကြည်ဘူး



 ကန်စွန်းရွက်

အညာက နှမ်းဖတ်ချဉ် ထန်းညက် မန်ကျည်းလုံး ဘာညာ အစုံ

ကလေးက ကိုယ့်ကို ကြည့်နေတယ် ဟိ

မြင်းခွာရွက် ၊ ရှောက်ရွက် ၊ သံပုရာသီး ( ရောင်းတဲ့ လူက ဒီလို အော်ရောင်းတာနော် 
” အရည်မရွမ်း ၁၀ သန်းပြန်လျှော်မယ် သံပုရာသီးတွေ ” တဲ့ ) :P

 ပဲမြစ်၊ ပြောင်းဖူး ၊ ကန်စွန်းဥ

 အချဉ်ဖတ်မျိုးစုံ ( မုန်လာချဉ်၊ ပဲတီချဉ်၊ ဟင်းကလာချဉ်၊ကတက်ချဉ်၊တညင်းသီးဆားစိမ်)

ဘာတွေကို မသိတော့ပါဘူးး)


Labels: , edit post
10 Responses
  1. Tuumar Says:

    အဲဒီလိုအသီးအရွက်ပါတဲ့နေရာမှာနေချင်တာ


  2. အားလုံးထဲမှာ မန်ကျည်းရွက်နဲ့  သနပ်ရွက်ကို အလွမ်းဆုံးပဲ...


  3. NSA Says:

    ချဉ်ပေါင်ရွက်၊ ဆလပ်ရွက်၊ ပန်းရောင်က ဘာလဲ မသိ၊ ကြက်ဟင်းခါးသီး၊ဆူးပုတ်ရွက်၊ သရက်သီး၊ ခရမ်းကျွတ်သီး၊ ညာထောင့်က ငှက်ပျောဖူး..
    ဒါာတွေကိုမသိတဲ့ second last

    ငှက်ပျောဖူး၊ သရက်သီးစိမ်း..အောက်ဆုံးပုံကတော့ ဒါပဲ သိတယ်..

    အားလုံး စားချင်တယ်..


  4. Candy Says:

    လွမ်းသွားဘီ :(


  5. ပုံတွေက မကောင်းပါဘူးလို့ ဆိုပေမယ့် ဈေးကလေးရဲ့ အငွေ့အသက်ကို အပြည့်အဝ ခံစားလိုက်ရတယ်..၊ အဲဒါကိုကပဲ လွမ်းစရာ...။


  6. မောင်ဝေး Says:

    အားကျစရာကောင်းလိုက်တာဗျစ်ရာ တို့ငယ်တုန်းကဆို သရက်သီးရာသီရောက်လာရင် အဖွားက သရက်သီးသနပ်လုပ်ဖို့ ယိုထိုးဖို့ သရက်သီးစိမ်းတွေ ခြင်းတောင်းလိုက်ဝယ်ပြီး မြေအိုးကြီးတွေထဲ မပုပ်မပျက်ရအောင် လေးစိပ်ခွဲပြီး ထုံးနဲ့ဆားရည်နဲ့ထည့်စိမ်ထားလေ့ရှိတာကို သွားခိုးနှိုက်စားရတာတွေ သတိရသွားတယ်။ ပဲမြစ်ပြုပ်တို့ ဒညင်းသီးပြုပ်တို့ ဆီဆားနဲ့တို့စားရတာတွေ သိပ်ကောင်း သိပ်သတိရသွားတယ်။


  7. Vista Says:

    မကောင်းသောပုံများ လာအားပေးသူများကို ကျေးဇူးတင်ပါတယ်း)


  8. Anonymous Says:

    စားချင်ဝယ်ချင်လိုက်တာဗစ်ရယ်..
    အိုင်အိုရာ


  9. Anonymous Says:

    ပဲသွေးလား ဘဲသွေးလား
    ပဲသွေးဆိုတာ မစားဖူးဘူး


  10. အဲလိုဈေးမျိုးလေးနဲ့ နီးနီးနားနား နေချင်တာ :D