Vista

ဒါဘာလည်း အနီးကပ်ဆိုရေခဲမုန့် လိုလိုပဲ။
Wasabi prawn တဲ့။
ပုစွန်ကြော်ကို ဝါဆာဘိ အနှစ်ဆမ်းထားတာ ၊ မဆိုးပါဘူး ။
ကျနော် Wasabi မကြိုက်တာတောင်စားလို့ ရတယ်။

ဒါက အဝေးကပ်ရိုက်ချက် ။

ငါးမန်းတောင် ဖက်ထုပ်ဟင်းချိုဆိုပဲ။ ငါးမန်းတောင် အသားရှာဖို့ ဦးစံရှား ရဲ့ မှန်ဘီလူးလိုတယ်။

ဝက်သား+ ကောင်ညင်း + မှို ( ဟင်း နာမည်မမှတ်ထားမိ )။
စားလို့ တော့တော်တော်ကောင်း ၊ ကောက်ညှင်းမကြိုက်တဲ့ ကျနော်တောင်စားတယ် ။

စားပြီးတော့ ကမ်းနားထိုင် ၊ ဟိုငေး ဒီငေး။
ဟိုပြော ဒီပြော ။

လက်ကမနေ နိုင် ၊ ကင်မရာ မပါ ပေမယ့် ဖုန်းနဲ့ ရိုက်။

ကမ်းနားမှာ သီချင်းဆိုတာ နားထောင် ။

အဲဒီ တစ်ဖွဲ့ လုံးအရမ်းတော်ကြပါတယ် ။
မိုက်ကယ်ဂျက်ဆင် ၊ လေဒီဂါဂါ ၊ အက်ဘာ ၊ ဂျက်စတင် တင်းဘာလိတ် ၊ ဟဲဗီး
သီချင်းတွေ အကုန်ဆိုတာ ဆက်တိုက် ။
သူတို့ တီးဝိုင်းနားထောင်ပြီးတော့ ကမ်းနား မှာ ပြန်ထိုင် ၊ မှောင်တော့မှ နှစ်ယောက်သားပြန်လာကြ။
စနေနေ့ ည ခရီးစဉ်ဤတွင်ပြီးပါပြီ။
--------------------------------
ဒါက အဝေးကပ်ရိုက်ချက် >>>
အနီးဆိုမှ ကပ်၊ အဝေးဆို ခွာရမယ်..
အဝေးခွာရိုက်ချက် ဖြစ်သင့်တယ်... တိန်(တစ်ချက်ထု)
သူကဟင်းပွဲကနေအဝေးသွားပြီး ကိုကိုနားကပ်ရိုက်တာလေ ဒါကြောင့်အဝေးကပ်ရိုက်ချက်ဖြစ်သွားတာ..
စိတ်ဝင်စားဖို့ကောင်းတဲ့ ဟင်းအမည်တွေ
စားကောင်းမဲ့ပုံဘဲ
နောက်တခါသွားရင် မမကွန်ကို ပါ ခေါ်သွားလိုက်ပါ
ရှိုးပွဲအကြီးကြီးတွေ တခါမှမကြည့်ဖူးသေးဘူး နားထောင်ချင်တယ် ။
မဗစ်စ်
ဓါတ်ပုံရိုက်တာ တော်လိုက်တာ။
ဟင်းတွေလည်းအားလုံးကြိုက်တယ်။
ဝက်သားမှိုပေါင်းအကြိုက်ဆုံး
;)
ဘယ်နားလဲ ဆိုတာကျတော့ မပြောပါလား
း(