Vista

(Image from Google )


အစဦးတွေ့ ဆုံပုံ
---------------


သူတို့ နှစ်ယောက် သူမနှင့်စတင်တွေ့ စဉ်က သူတို့ အသက် ၂လ။
သူမက ၂တန်းတက်စ။
ဒီဇင်ဘာလ ချမ်းအေးသောဆောင်းတွင်းတစ်နေ့ သောကြာနေ့ ညနေ
ကျောင်းဆင်းပြီးအိမ်ပြန်ရောက်တော့
ဖေဖေက မြင်းဇောင်းထဲမှာတစ်ခုခုလိုက်ကြည့်ဖို့ ခေါ်သည်။
ဘာကိုမှန်းမသိလိုက်လာခဲ့တဲ့သူမ နားရွက်ဖါးဖါး လက်ဆံခြေဆံကြီးကြီး
သူတို့ နှစ်ကောင်ကိုတွေ့ လိုက်တော့ အရူးအမူးပျော်ရွင်သွားသည်။
သူတို့ နှစ်ကောင်က သူမအတွက်ပထမဆုံး
German Shepherd
ခွေးများပေါ့။
အရမ်းသနားစရာ သတ္တဝါလေး နှစ်ကောင်မှာ မြင်းစောင်းထဲမှာ ချမ်းတုန်နေခဲ့သည်။
ကောက်ရိုးတွေ၊ စောင်တွေနှင့်ဘယ်လိုထွေးပေမယ့် မိခင်ရင်ခွင်က
ခွဲလာရတာမို့ သနားစရာအလွန်ကောင်းတာအမှန်။
သူတို့ သခင်ကနိုင်ငံခြားကိုအပြီးသွားတော့မှာ
မို့ သူတို့ အမေခွေးမကြီးကို သူတို့ အဖေ ( သားစပ်တဲ့ခွေးထီး) အိမ်ကိုပေးခဲ့ပြီး ခွေးကလေးတွေကို ဖေဖေ့ကိုပေးပြစ်ခဲ့တော့တာ။
ဖေဖေက သူမတိရစ္ဆာန်ချစ်တတ်မှန်းသိလို့ ယူလာတာလေ။
ဒါပေမယ့် ရောက်စမှာ ဘယ်လိုမှထိန်းမရခဲ့ပါ။
လူတွေကို ကိုက်လိုက်ဆွဲလိုက် ၊
တစ်ညလုံး အော်လိုက် အူလိုက်နဲ့  ဆူညံပွက်နေပုံမှာ သနားစရာ ။
အမေ့ကိုလွမ်းလို့ လား ၊
နေရာသစ်ကိုကြောက်လို့ လား ၊ ချမ်းလို့ လား မဆိုနိုင်ပါချေ။

မြင်းဇောင်းက အိမ်နဲ့ အတန်ဝေးတာတောင်မှ တော်တော်လေးကို ဆူညံအောင်ကြားနေရလေသည်။
မြင်းကြီး ရွှေကြာ ခမျှာလည်း တော်တော် နားညီးရှာသည် ထင့် ခြေတစ်ဆောင့်ဆောင့်နှာတစ်မှုတ်မှုတ်နဲ့ ။

အရင်က သူတစ်ယောက်ပဲမြင်းဇောင်းမှာ ဗိုလ်လေ ၊
အလှမွေးမြင်းမို့ ဘာမှလုပ်စရာမလို စားလိုက် ၊လမ်းလျှောက်လိုက် ၊ ပြန်နှပ်လိုက်နဲ့  ၊
အခု ဒီနှစ်ကောင် လာနေတော့မှ နားကလောတော့တာ။

သူတို့ နှစ်ကောင်ကလည်း ဒေါသအိုးကွဲတွေပီပီ ထမင်းလည်းမစား ၊
ဘယ်လိုမှကိုင်လို့ လည်းမရဘဲ ဟောင်လိုက် အူလိုက်နဲ့ နေလိုက်တာ ...
နောက်နေ့ မိုးလင်းရင်များ အသက်ပျောက်နေမလားတောင်ပူမိပါရဲ့။

နောက်နေ့ စနေနေ မနက် အသံလေးတွေတိတ်လို့  ..
သူမအလွန်စိတ်ပူပြီးနိုးနိုးချင်း မြင်းဇောင်းဘက်ထသွားလိုက်မိသည်။

ဖေဖေက လူကြီးမပါဘဲမသွားရန်မှာထား သော်လည်း မအောင့်နိုင်တော့လို့  တိတ်တိတ်လေးထွက်လာမိသည်။
သူတို့ နှစ်ကောင်က မနေ့ က တွေ့ ရာလူကိုက်မည်လုပ်နေလို့ မြင်းဇောင်းမှာလှောင်ထားရတာကိုး။
ဒါပေမယ့် သူမစိတ်ထဲမှာတော့ ဒင်းတို့ ကိုစည်းရုံးလို့ ရမယ် ဆိုတာသေချာနေသည်။

မြင်းဇောင်းရောက်တော့ ရွှေကြာရဲ့ နှာမှုတ်သံ အမြီးရိုက်သံသာကြားရပြီး
ဟိုနစ်ကောင် အသံတိတ်နေလို့ စိတ်ပူစွာချောင်းကြည့်မိတော့
ခေါင်းလေးတွေ ချပြီးဝတ်လို့  အမော့ဆို့ နေပုံပဲ။

ဒါပေမယ့် အာဂချာတိတ်တွေက သူမတံခါးကိုတွန်းဝင်လာတာမြင်တော့
” ဂီး ဂီး ဂီး“ လုပ်လိုက်သေး။ ဟောင်တော့မဟောင်တော့။
စောင်တွေလည်း ကိုက်ဖြဲထားလိုက်တာ သွားသေးသေးလေးတွေမို လို့ ပဲ။
နည်းနည်းများကြီးရင် ကာထားတဲ့တန်းကို ခုန်ကျော်ပြီး ရွှေကြာ့ကိုတောင်သွားကိုက်နေအုံးမလားမသိ။

မြင်းဇောင်းကတော့ ခွေးပေါက်လေးတွေ အတွက် ဘယ်လိုမှ သက်တောင့်သက်သာမရှိပါချေ။
အထူးသဖြင့် အခုလိုဆောင်းတွင်းကာလ နှင်းတွေ ဝေချိန်မှာဆို ပိုအေးတာ။

သူမက တိရစ္ဆာန်တွေနဲ့ ပတ်သက်ရင် အလွန်အတင့်ရဲသူလေ။
သူတို့ ကိုယဉ်ပါး အောင်လုပ်နိုင်မှ အိမ်ထဲခေါ်လို့ ရမှာမို့ 
မကြောက်မရွံ အနားကိုတစ်ဖြည်းဖြည်းတိုးသွားလိုက်တော့ ......။


ဆက်ရန် ..








Labels: , edit post
5 Responses
  1. chit Says:

    အမယ်....သူကများလာသေးတယ် ဆက်ရန်ဆိုပဲ တစ်ပုဒ်ချင်းတောင် ဒီလောက်စောင့်ရတာ ဆက်ရန်ဆိုရင်တော့ ညညသားလေးလူပျိုဖြစ်တာတောင် ဖတ်ရဦးမယ်မထင်...
    မှတ်ချက်...အပျိုကြီးပန်းစကား


  2. may Says:

    ပေါတာမကြီး ငါအရှည်ကြီးမန့် တာ ပြောက်သွားတယ် ပြန်ရှာပေး


  3. may Says:

    ဗစ် ရဲ့  အချော်တစ်၂ကောင်ပုံကို သေ၂ချာ၂ကြည့်ရဲဘူး
    တော်ကြာ အတိတ်က အမျိုးအရင်းကြီးပဲဆိုပြီး အပြင်ခုန်ထွက်လာမစိုးလို့ 
    တို့ ငယ်၂တုန်းက အိမ်မှာ ခွေးမွေးဖူးတယ် ခြံလုံအောင်သဘောမျိုးပေါ့
    အဲ့ကတည်းက စိတ်နာစရာဖြစ်လာတာ
    ပြောရရင်တော့ဖြင့်
    ဟိုးးးးးးးရှေးရှေးတုန်းကပေါ့ကွယ် (အဲလေ) ဟိုးငယ်ငယ် ကျောင်းတက်စအရွယ်က အိမ်ကလိုက်မပို့ နိုင်တဲ့နေ့ ဆို ကိုယ့်ဖာသာကျောင်းကို လမ်းလေးတတောက်၂လျှောက်ပြီးသွားပါရောလား
    အဲ့အခါများဆို အိမ်က ခွေးလေးက နောက်ကနေလိုက်လာရော လိုက်နဲ့ လိုက်နဲ့ ဆိုပြီး ကြောက်လည်းကြောက်ငိုလည်းငို တုတ်သေး၂လေးနဲ့ ရိုက်နဲ့ 
    အမယ် ဒင်းက အိမ်ကလိုက်မပို့ တဲ့နေ့ တိုင်း အဲ့အတိုင်းပဲ သေသွားသည်ထိပဲ
    သူ့ အတိတ်က အမျိုးရင်းကြီးမလို့  စိတ်မချလို့  လိုက်စောင့်ရှောက်နေသလားမှတ်ရတယ် အဲ့ကတည်းက ဒင်းတို့ နဲ့ ပတ်သက်ပြီး အကျိုးမပေးပုံများတော့ ဟော
    ဒီလိုနဲ့  သစ်ရွက်လေတိုးရင်တောင် ရီတတ်တဲ့ အရွယ်လေးလည်းရောက်တဲ့ ဆယ်ကျော်သက်အရွယ် ကျောင်းသူဘ၀လေးလည်းရောက်ရော
    အဆောင်မှာ သွားနေရပါရောလား

    ဆက်ရန်


  4. may Says:

    မျှော့်


  5. ThuHninSee Says:

    ကြောင်မုန်းသလောက် ခွေးတော့ချစ်တယ်။
    တယ်ရီယာလေးတွေကိုပိုချစ်တယ်း)