Nov
23
Vista


နံရံ..

ကိုယ့်ဘာကိုယ် ကာထားတဲ့နံရံ....
ကိုယ်တိုင် ပန်းရံလုပ်ပြီး တည်ဆောက်ထားတဲ့ နံရံ...
ဒီနံရံကို ကိုယ်တိုင်ဆောက်ထားမှန်းလည်း မသိ..
လူတွေနဲ့ တွေ့ ဆုံပေါင်းသင်းတိုင်း မှာ
နံရံတွေ အမြဲဆောက်
နံရံ နောက်ကွယ်ကနေ ဆက်ဆံနေကြမို့ 
နောက်ပိုင်းမှာ နံရံကအော်တိုတောင်ပေါ်လာတယ်ထင်ခဲ့မိ..

အကျင့်တွေပါလာလွန်းတော့ ဒီနံရံ တွေရှိနေမှန်းပင်မသိ ...
ဟန်ဆောင်ပြော ..ဟန်ဆောင်ရယ်မော ..
ဟန်ဆောင်ခင်မင်တတ်တာအကျင့်ဖြစ်နေပြီမဟုတ်လား ...
.
.

ကိုယ့်ကိုယ်ကို ဟန်ဆောင်မှန်းကို မသိတော့တာ ...
တကယ်ပဲ ကိုယ်ဟာ သူတို့ ကို ခင်မင်တယ် ထင်နေခဲ့တယ် မှလား ...
အမှန်ကတော့ ..

အလွှာတွေ အလွှာတွေ ...
နံရံတွေ နံရံတွေ ...
နောက်ကွယ်မှာပုန်း မှန်းမသိပုန်းနေရင်း နေခဲ့တာ ..


ဘာ့ကြောင့် လူတွေဟာ .. နံရံနောက်မှာ နေပြီး ကွယ်ဝှက်နေချင်တာလည်း.. ?
ဘာ့ကြောင့်အလွှာတွေ ခြားပီးမှ ပေါင်းသင်းဆက်ဆံချင်တာလည်း.. ?

ကိုယ့်ရဲ့ အားနည်းချက်တွေ မမြင်စေချင်လို့ လား...?
ပြစ်မျိုးမှဲ့ မထင် အကုန်အဆင်ပြေနေတာလို့ ပဲထင်စေ ချင်တာလား...?
လူတွေကိုကြောက်လို့ လား... ?
ဟန်ဆောင်ရတာကြိုက်လို့ လား... ?
............

ကိုယ်ကိုယ်တိုင်က နံရံတွေနောက်က ကြည့်နေသ၍...
သူများတွေရဲ့ အနားကိုမရောက်နိုင်ဘူးဆိုတာတော့ သတိပြုသင့်တယ်နော်....

အလွှာတခုခြားပြီး ပေါင်းသင်းနေသ၍ တဖက်ကလူကိုလည်း အလွှာခြားပြီးပဲ တွေ့ ရမှာမို့ 


နင်ကိုယ်တိုင်
နင့် ရှေ့ မှာ ကာမှန်းမသိကာထားတဲ့ နံရံတွေ
အလွှာတွေ ကို အရင် ဖြုတ်ချလိုက်ပါအုံး...
စစ်မှန်တဲ့ ပေါင်းသင်းဆက်ဆံရေးကို ရမှာပါ...


ဒါမှမဟုတ်လို့ ကတော့ ...
အပေါင်းအသင်းမရှိဘူး အထီးကျန်တယ် ..
ဘယ်သူမှငါ့ကိုငါခင်သလို မခင်ကြဘူးလို့ တော့လာမညည်းနဲ့  ..
သူငယ်ချင်းရယ်
ငါလည်း
မတတ်နိုင်ဘူး...... ။

(Dedicated to one of my friend )

Labels: edit post
10 Responses
  1. စိတ်ဝင်စားတဲ့အထဲမှာ တံခါးတွေအပြင် နံရံတွေလဲပါတယ်... ညီမရေးထားတာလေးကို သဘောကျပါတယ်... နေရာတိုင်းမှာ နံရံတွေခြားထားဖို့ မလိုအပ်ပေမယ့် တခါတခါမှာတော့ နေရာအနေအထား အခြေအနေတွေအပေါ်မူတည်ပြီး နံရံတွေ ကာကြရတယ်လေ...

    ဓါတ်ပုံလေးကို ကြိုက်တယ်....း))


  2. Vista Says:

    ဟုတ် ကျေးဇူး မသက်ဝေ..။
    တချို့ နေရာတွေမှာ ကာကြရတာပေါ့။ကျနော်တို့ လည်းကာပါတယ်။
    ကျနော်ပြောတာ အမြဲကာကာနေတဲ့ တယောက်ကိုပါ...
    အမြဲကာနေလည်း ကာတဲ့အနောက်က အကျိုးဆက်တော့ ခံရမှာပေါ့နော် ..
    သူက အဲဒါကိုမတွေ့ တာ..ဒါ့ကြောင့်ပါ။
    သူအမြင်မှန်ရရင် ကျေနပ်ပါပီ။


  3. နံရံတွေနဲ့နောက်မှာ လုံခြုံတယ်လို့ ခံယူထားရင် အမြဲတမ်းပုန်းကွယ်နိုင်ပါစေဟာ....


  4. တစ်ခါတစ်လေမှာ သင်ခန်းစာဆိုတာ တစ်ခုခုပေးဆပ်ပြီးမှ အမြင်မှန်ကို ရသွားတတ်ကြတယ်..
    ပေးဆပ်ရတဲ့ အရင်းအနှီး မများဖို့တော့ ဆုတောင်းရမှာပါဘဲ
    ကိုယ်ပေးဆပ်လိုက်ရတာ ကိုယ့်နှလုံးသားများ ဖြစ်သွားခဲ့ရင် ...


  5. သိပါဘူး စဖတ်တော့ကိုယ့်ဟာကိုပြန်ပြောနေတာ ထင်လို့ နောက်မှ သူများကို စောင်းပြောနေမှန်းသိတော့တယ် တတ်လဲတတ်နိုင်တဲ့ဗစ် hit2


  6. khin oo may Says:

    မေ့လိုက် vit.


  7. ချက်ချင်းပဲ တစ်ယောက်ကို သွားသတိရတယ်။ ...
    ဘယ်သူမှ မဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ်လို့ ပြောမလို့ပါ :P


  8. ဟုတ်ပါ့ ဗစ်စ်ရယ် ရေပြင်ကြည်လင်မှ ထင်ဟပ်လာမဲ့အရိပ်လည်း ကြည်လင်ပီသမှာ....


  9. ဟန်ဆောင်မှု၊သံသယ
    သူများက ကိုယ့်ကိုနားလည်ဖို့ဆိုတာ ကိုယ်ကိုယ်တိုင်ကလည်း သူများအပေါ်ကို နားလည်ပေးနိုင်မှ

    (လျစ်လျူရှုထားလိုက်တော့ တီဗစ်)
    (နေ့တွက်လာတောင်းရင်းနဲ့ ကြုံလို့ဝင်ပြောသွားသည် :sa:)


  10. Anonymous Says:

    Wish your friend get a beautiful life.