ကြာပန်းတွေကိုဘယ်လိုချစ်မှန်းမသိဘူး
သူတို့ ကြည့်ရတာအရမ်းအေးချမ်းတာကိုး
ကြာပန်းတွေပြည့်နေတဲ့ရေကန်ဆိုလည်းအရမ်းသဘောကျတာ
ကြာခွက်တွေလည်းကြိုက်တယ် ..
ကြာရိုးကြာစွယ်တွေလည်းကြိုက်တယ် ..
ကြာပုတီးလုပ်ရတာလည်းကြိုက်တာပဲ
အဲဒီနေ့ ကကြာပန်းတွေမပွင့်ကြသေးဘူး
အဖူးလေးတွေပဲရှိသေးတယ်
သိပ်လှတဲ့ ကြာဖူးလေးတွေနဲ့  ကြာရွက်လေးတွေ
ဗစ် ဘယ်နားမှာရိုက်ထားတာလဲဟင်
သွားကြည့်ချင်တယ် ကြာပန်းနံ့ လေးများ လေအဝှေ့ မှာ သင်းပျံ့ လာလေမလားလို့ ပေါ့
ကြာပန်းလေးတွေကို နှစ်သက်ပေမယ့် အရာရာကို ကြန့် ကြာမှာတော့ ကြောက်တတ်တဲ့ သူပါ
ကြာပန်း အနေကြာတယ်ယူဆမိလို့ သိပ်မကြိုက်
ကြာကန် သူခိုးပုန်းဖို့အဆင်ပြေနေသလိုဖြစ်နေလို့ မကြိုက်ပြန်
ကြာပုတီး အခုထိမမြင်ဖူးသေးဘူး
သစ်သစ်
ကြာပန်းတွေကိုသဘောတအားကြတယ် ကြာခွက်လည်းစားတယ် ကြာပုတီးတော့မဆွဲဘူးဘူး (ဂျာတွေအခန်းထဲခြေလိမ်နေကြတာမို့ ခုတော့ မန့်တာဒီလောက်နဲ့တင်ရပ်လိုက်မယ်နော်) ဟီးး
ထော
ကြာပန်းတွေ မမြင်ရတာ ကြာပီ...
ကြာပုတီးသီပေးပါဗျို့
"ကြာရိုးလေးတွေ ပုတီးလုပ်ဆွဲရင် အမေဆူတယ် နင်ဟာ ကလေးလေး မဟုတ်တော့ ... ဘာဆိုတာ ကျွန်မတော့ နားမလည်ဘူး။"
အဲဒါ ဘာသီချင်းပါလိမ့်???
"ကြာနွယ်ကြာရိုးကလေးတွေ သီကာသီကာ လည်ဆွဲလေး ပမာလေ သူပန်ဆင်ရန် တမင် ကိုယ်ခူးပေးခဲ့တာတွေ ငယ်သူ အတွေးကလေးတွေ အလွန်ကြည်နူး ချစ်စရာပေ"
ဒါက စန္ဒယား လှထွဋ်ရဲ့ ချစ်တဲ့သူငယ်လေ...
:)
တို့လည်း ကြာပန်းတွေ ကြာကန်တွေဆို သိပ်ကြိုက်တာပဲ..
အပေါ်က ကြာပုတီးမသိသေးသူများအတွက်..
ကြာပုတီးဆိုတာ ကြာဖူး/ကြာပန်းပါတဲ့ ကြာရိုး ရိုးတံရှည်ရှည်လေးကို
ဟိုဖက်ချိုးလိုက် ဒီဖက်ချိုးလိုက်နဲ့ အဆစ်ကလေးတွေချိုးရတာ (ဆရာကြီးလုပ်ချင်လို့.. :D)
စိုင်းထီးဆိုင်သီချင်းတောင် ရှိသေးတယ် ရွှေကြာဆစ်ရိုးလေးများ ချိုးလို့ရယ် ဆွဲကြိုးလေး.. ချစ်ခြင်းနဲ့ အချောသပ်ပြီး ဆက်သမယ် သခင်.. တဲ့..
ပန်းချီကားနဲ့တူပါတယ်....
ဓာတ်ပုံက ကိုယ်တိုင်ရိုက်တာလားဟင်