Vista






ကြာပန်းတွေကိုဘယ်လိုချစ်မှန်းမသိဘူး
သူတို့ ကြည့်ရတာအရမ်းအေးချမ်းတာကိုး
ကြာပန်းတွေပြည့်နေတဲ့ရေကန်ဆိုလည်းအရမ်းသဘောကျတာ
ကြာခွက်တွေလည်းကြိုက်တယ် ..
ကြာရိုးကြာစွယ်တွေလည်းကြိုက်တယ် ..
ကြာပုတီးလုပ်ရတာလည်းကြိုက်တာပဲ



အဲဒီနေ့ ကကြာပန်းတွေမပွင့်ကြသေးဘူး
အဖူးလေးတွေပဲရှိသေးတယ်




Labels: edit post
8 Responses
  1. Unknown Says:

    သိပ်လှတဲ့ ကြာဖူးလေးတွေနဲ့  ကြာရွက်လေးတွေ
    ဗစ် ဘယ်နားမှာရိုက်ထားတာလဲဟင်
    သွားကြည့်ချင်တယ် ကြာပန်းနံ့ လေးများ လေအဝှေ့ မှာ သင်းပျံ့ လာလေမလားလို့ ပေါ့

    ကြာပန်းလေးတွေကို နှစ်သက်ပေမယ့် အရာရာကို ကြန့် ကြာမှာတော့ ကြောက်တတ်တဲ့ သူပါ


  2. thandar kyaw Says:

    ကြာပန်း အနေကြာတယ်ယူဆမိလို့ သိပ်မကြိုက်
    ကြာကန် သူခိုးပုန်းဖို့အဆင်ပြေနေသလိုဖြစ်နေလို့ မကြိုက်ပြန်
    ကြာပုတီး အခုထိမမြင်ဖူးသေးဘူး

    သစ်သစ်


  3. ကြာပန်းတွေကိုသဘောတအားကြတယ် ကြာခွက်လည်းစားတယ် ကြာပုတီးတော့မဆွဲဘူးဘူး (ဂျာတွေအခန်းထဲခြေလိမ်နေကြတာမို့ ခုတော့ မန့်တာဒီလောက်နဲ့တင်ရပ်လိုက်မယ်နော်) ဟီးး

    ထော


  4. mae Says:

    ကြာပန်းတွေ မမြင်ရတာ ကြာပီ...

    ကြာပုတီးသီပေးပါဗျို့


  5. Rita Says:

    "ကြာရိုးလေးတွေ ပုတီးလုပ်ဆွဲရင် အမေဆူတယ် နင်ဟာ ကလေးလေး မဟုတ်တော့ ... ဘာဆိုတာ ကျွန်မတော့ နားမလည်ဘူး။"
    အဲဒါ ဘာသီချင်းပါလိမ့်???

    "ကြာနွယ်ကြာရိုးကလေးတွေ သီကာသီကာ လည်ဆွဲလေး ပမာလေ သူပန်ဆင်ရန် တမင် ကိုယ်ခူးပေးခဲ့တာတွေ ငယ်သူ အတွေးကလေးတွေ အလွန်ကြည်နူး ချစ်စရာပေ"
    ဒါက စန္ဒယား လှထွဋ်ရဲ့ ချစ်တဲ့သူငယ်လေ...

    :)


  6. juli Says:

    တို့လည်း ကြာပန်းတွေ ကြာကန်တွေဆို သိပ်ကြိုက်တာပဲ..

    အပေါ်က ကြာပုတီးမသိသေးသူများအတွက်..
    ကြာပုတီးဆိုတာ ကြာဖူး/ကြာပန်းပါတဲ့ ကြာရိုး ရိုးတံရှည်ရှည်လေးကို
    ဟိုဖက်ချိုးလိုက် ဒီဖက်ချိုးလိုက်နဲ့ အဆစ်ကလေးတွေချိုးရတာ (ဆရာကြီးလုပ်ချင်လို့.. :D)


    စိုင်းထီးဆိုင်သီချင်းတောင် ရှိသေးတယ် ရွှေကြာဆစ်ရိုးလေးများ ချိုးလို့ရယ် ဆွဲကြိုးလေး.. ချစ်ခြင်းနဲ့ အချောသပ်ပြီး ဆက်သမယ် သခင်.. တဲ့..


  7. Anonymous Says:

    ပန်းချီကားနဲ့တူပါတယ်....


  8. ဓာတ်ပုံက ကိုယ်တိုင်ရိုက်တာလားဟင်