Vista
ဖူးခက်မှာ နောက်ဆုံးတည်း ဖြစ်တာကတော့ Bang Tao မှာပါ။ လူရှင်း ၊ နားအေးပါးအေး ကျယ်ကျယ်ဝန်းဝန်း တည်းချင်သူတွေ အတွက် အဆင်ပြေစေမယ့်  Private Villa ပါ ။ လုံးချင်းအိမ်မျိုးလေးတွေ အလုံး ၂၀ လောက် ရှိပါတယ် ။ လပေးငှားတာက တဖက် ၊ ရက်နဲ့ တည်းချင်သူတွေ အတွက်က တဖက်လုပ်ထားပါတယ်။

အဝင်ကနေ ရိုက်ထားတာပါ ၂ ထပ်အိမ်လေးပါပဲ ၊ ရေကူးကန်က အကျယ်ကြီးပါ

အိမ်ရှေ့ ဒီနေရာလေးကိုသဘောအကျဆုံးပါ

ဧည့်ခန်းပါ ဘေးနားက အောက်ထပ်က အိပ်ခန်း။ 
ကျနော်တို့ က ၂ယောက်ထဲမို့  ပိုတဲ့အခန်းတွေကို ပိတ်ထားပါတယ် ၊ မိသားစုများရင် (သို့ ) သူငယ်ချင်းတွေ စုလာကြရင် တအိမ်လုံးဈေးနဲ့ အိပ်ခန်း ၃ခန်းလုံးငှားရင်လည်း တန်ပါတယ်။



ထမင်းစားခန်း


မီးဖိုခန်းမှာ မီးဖို ပစ္စည်း အကုန် အစုံထားပေးထားပါတယ်အရက်မျိုးစုံ သောက်တဲ့ဖန်ခွက်တွေလည်းရှိပါတယ်

ကိုယ့်ဘာသာချက်စားလို့ လည်းရပါတယ် ဒယ်အိုးကအစ ဓါးအဆုံးအကုန်ထည့်ပေးထားပါတယ်

အပေါ်ထပ်က မြင်ကွင်း

ရေကူးကန်က ခြံအစ အဆုံးနီးပါးရှည်ပါတယ်

အိပ်ခန်းက ရိုးရိုးလေးပါ အပိုဆာဒါးသိပ်မပါပါဘူး

လာတည်းတဲ့ ဧည့်သည်တွေ အတွက်ပေးတဲ့အိတ်ကလေးပါ
အခန်းသော့ ၊ အိမ်သော့ ၊ ခြံတခါးသော့ အကုန်ပါပါတယ် ပန်းရောင်လေးကတော့ မိုဘိုင်းဖုန်းပါ
နံပါတ် ၁ နဲ့  ၂ ကို နှိပ်လိုက်တာနဲ့    front desk 1 and 2 ကို ဆက်လို့ ရပါတယ်။ ဖူးခက် တမြို့ လုံးဘယ်သွားသွား ယူသွားပြီး ဆက်လို့ ရပါတယ် ။တခြားကိုလည်းခေါ်လို့ ရပါသေးတယ်။
 ဧည့်သည်တွေအတွက် အထူးဝန်ဆောင်မှုပါ။
မနက်စာကို ဘယ်အချိန်နဲ့  ဘာစားမယ်ဆိုတာလည်းmenu ကိုကြည့်ပြီး ကြိုမှာထားခဲ့ ရပါတယ်။
 စားမယ့် အချိန်ရဲ့  နာရီဝက်ကြိုလာပြီးတော့  ချက်ပြုတ်ပြင်ဆင်ကျွေးတာပါ။


ကျနော်က မနက် ၈ နာရီ မှာထားတော့ ၈ နာရီ အတိမှာ ဒီလို အသင့်ပြင်ပြီးသားပါ
စားသောက်ပြီးထားခဲ့ရင် house keeping ဝင်တော့ အကုန်ရှင်းသွားပေးပါတယ်။

မနက်စာစားပြီးတော့ ဟိုတယ်က ကားနဲ့ လိုက်ဖို့ ပြင်ကြပါတယ် ၊ သူတို့ က surin beach ၊ bang tao beach နဲ့ Tesco lotus စသဖြင့် ကိုယ်သွားချင်တဲ့ နေရာကို ပို့ ပေးပါတယ် ၁နာရီခွဲ လောက်ကြာရင် ပြန်လာကြိုပါတယ်။ ကျနော်တို့ က Surin beach ကိုသွားကြပါတယ်။ ကားက ကျနော်တို့ ကို ချပေးခဲ့ပြီး နောက် ၁နာရီခွဲလောက် အကြာမှာ လာကြိုမယ်လို့ မှာသွားပါတယ်။

Surin beach ပါ



ငါးဖမ်းမော်တော်တွေလည်းရှိပါတယ်



ကျနော်တို့ ကမ်းခြေမှာ လမ်းလျှောက်နေရင်း အရှေ့ က အဖြူမကြီးတွေက ယိုးဒယားစစ်သားတယောက်နဲ့ စကားပြောနေတာတွေ့ ပါတယ်။


ကျနော်တို့  အနားသွားတော့ အဲဒီ စစ်သားက ပြုံးပြပါတယ်။ ဒါနဲ့ ကျနော်က သွားမေးပါတယ် ဘာဖြစ်လို့ လည်း ငါတို့ ဟိုဖက်လမ်းလျှောက်ခြင်လို့ မရဘူးလား ဆိုတော့ သူက ပြောပါတယ်
သူက လုံခြုံရေးအထူးတပ်ကဖြစ်ကြောင်း ၊ ယိုးဒယားဘုရင်ရဲ့ တူမတော် လာလည်မှာမို့ လုံခြုံရေးယူနေတာဖြစ်ကြောင်း နောက်နာရီဝက်ဆို ကမ်းခြေကို ပိတ်ထားတော့မှာမို့  အခု မိနစ် ၂၀ လောက်တော့ လျှောက်လို့ရသေးကြောင်းပြောပါတယ်။ ကျနော်တို့ က ငါတို့ ဟိုတယ်က ၁နာရီခွဲမှ လာခေါ်မှာ ၊ ဒီနားမှာ နေလို့ မရရင် ဘယ်လို လုပ်ရမလဲ ဆိုတော့ သူကဟိုတယ်ကို ဖုန်းဆက်ပေးပါ သူပြောပါ့မယ်လို့ ပြောပါတယ်။ ကျနော်က ဟိုတယ်က ပေးလိုက်တဲ့ ဖုန်းနဲ့ ခေါ်ပီး နင်တို့ စစ်သားက ပြောနေတယ် ပြောလိုက်အုံးဆို ပေးလိုက်ပါတယ်။ စစ်သားက ကျနော်တို့ ကို ပြောတာ လည်း အင်္ဂလိပ်လိုချောနေတာပါပဲ။ ဟိုတယ်က ကောင်မလေးနဲ့ ကြတော့ ယိုးဒယားလိုပြောပါတယ် ယဉ်ယဉ်ကျေးကျေးပါပဲ ။ ထိုင်းလို ကျနော်နားမလည်ပေမယ့် သူလေယူလေသိမ်းမှာ မောက်မာတာ တစက်မှ မပါပါဘူး။ ဒါတောင် လုံခြုံရေးအထူးတပ်ကပါ ။ အလကားနေရင်းမောက်မာနေတဲ့ ကျနော်တို့  ပြည်ကြီးက တချို့ သော စစ်သားများကို သတိရစေပါတယ်။
သူတို့ အထူးတပ်ဖွဲ့ ဆို တဲ့ကားကြီးကို ဓါတ်ပုံရိုက်ခဲ့ခြင်ပေမယ့် အဲနားမှာ လူတွေရှိနေလို့ မရိုက်ခဲ့ရပါဘူး။


 လုံခြုံရေးတပ်တွေ မိုင်းရှာနေတာပါ။ စစ်သားက ကျနော်တို့ ဟိုတယ်ကို အခြေအနေ ပြောလိုက်တာမို့  ဟိုတယ်က နောက်  ၁၀မိနစ် ဆို ကျနော်တို့ ကို လာခေါ်မယ်လို့ ပြောပါတယ်။ တကယ်လည်း ၁၀မိနစ် အတွင်း ကားရောက်လာပါတယ် ။ ကျနော်တို့ လည်း စစ်သားကို နုတ်ဆက်ပြီး Tesco lotus shopping mall ကို ပို့ ပေးဖို့ ပြောပြီးထွက်လာခဲ့ကြပါတယ်။


Tesco lotus ကနေဈေးဝယ် မုန့် စားပြီး ညနေဟိုတယ်ကို စောစော ပြန်ခဲ့ကြပါတယ်။ နောက်နေ့ အတွက်လျှောက်သွားဖို့  ဟိုတယ်ကနေ ဆိုင်ကယ် ငှားခိုင်းလိုက်ပါတယ်။ ကိုယ်သုံးသလောက် ဓါတ်ဆီထည့်ပြီး တနေလုံးနေမှ ဘတ် ၃၀၀ ပါ အရမ်းတန်ပါတယ်။

Tesco ကဝယ်လာတဲ့ ယိုးဒယားကန်စွန်းရွက်ကြော် အထုပ်ပါ

ဖူးခက်မှာ မြန်မာ့ရုပ်သံလိုင်းမိပါတယ် .. 

ပဲငပိကန်းစွန်းရွက် အစပ်ပါ .. ညနေကြတော့ ကိုယ့်ဘာကိုယ်ကြော်စားလိုက်ပါတယ်

နောက်နေ့ ကျတော့ ငှားထားတဲ့ ဆိုင်ကယ်နဲ့  Bangtao beach ကိုသွားပါတယ်။ Beach မရောက်ခင် မြို့ ထဲကို လည်းပတ်သွားကြည့်ကြပါသေးတယ် ။ ဖူးခက်မှာ သေချာတာတခုက ဆိုင်ကယ်စီးသူတွေကိုကြည့်လို့ ဦးထုပ်ဆောင်းထားရင် အရှေ့ တိုင်းသားရုပ်ဖြစ်ဦးတော့ tourist ပါ ။ local တွေက လုံးဝ မဆောင်းကြပါဘူး ။အောက်ပုံကလိုမျိုး ကနေရာတိုင်းမှာတွေ့ နိုင်တာပါ။


အောက်ကပုံတွေကတော့ Bang Tao ကမ်းခြေ မှာ ရိုက်ထားခဲ့တဲ့ ပုံတွေပါ..
ကလေး တတောင့်တမိုက်ကို ရေပြနေတာ

ချစ်စရာ အတုတ်ကလေး

ဒါလေးကလည်းချစ်ဖို့ ကောင်း

မင်ကြောင်မောင်နှံ

ရိုးရာပစ္စည်းလေးတွေ ရောင်းတာ

ပြောင်းဖူးဖုတ်သည်လေး



အုန်းရည် လတ်လတ်ဆတ်ဆတ်



ပြောင်းဖူးမီးဖုတ် ဆားလေးဖြူးပေးတာ

အသက်ကြီးပေမယ့် မပျက်စီးသေးဘူး ဖွားဖွား အမိုက်စား

တကောင်တည်း ဒါပေမယ့် လင်းယုန်

နေဘယ်လောက် ပူပူ ဒင်းတို့ က မမှု

သူ့ ကိုကြည့်ပြီး ပူလိုက်တာဆိုတာ  ဒူးလေးထောက်လို့ လှေထိုးသားသေလို့ ဝင်စားသလားမသိ :P

ယနေ့ မှစ နှစ် ၁၀၀ တိုင်ကွယ် ..
နှစ် ၁၀၀ နားနီပြီ :)

ညနေရောက်တော့ ဟိုတယ်ပြန် ဆိုင်ကယ်အပ် ပြီး လေဆိပ်ဆင်းခဲ့ကြပါတယ် ..
ဤတွင် ဖူးခက်ခရီးစဉ်ပြီးပါပြီ။ 
ကျေးဇူးတင်ပါသည်။ 

6 Responses
  1. Tuumar Says:

    အကုန်သဘောကျတယ်


  2. AMK Says:

    ဓါတ်ပုံတွေ မိုက်တယ် မမဗစ်..အောက်ဆုံး ၂ ပုံ က comments လေးတွေ ကြိုက်တယ် :)


  3. Anonymous Says:

    အဆက်ပြတ်သွားလို့ ခုမှ လာပြန်ဖတ်နေတာ :)

    စူးနွယ်လေး


  4. San San Htun Says:

    ဓာတ်ပုံတွေ မိုက်တယ်...ထို်င်းကို မရောက်ဖူးဘူး...Blog Template ကို ကြိုက်တယ်...


  5. Vista Says:

    ကျေးကျေးတီတီ
    ကျေးကျေး AMK
    ကျေးဇူးနော် မစူးနွယ် ရေးတဲ့သူကလည်း နှေးလို့ ပါ
    ဆန်းထွန်း သွားလည်လေ အားရင်


  6. Anonymous Says:

    You really make it appear really easy along with your presentation but I in finding
    this topic to be actually one thing which I believe I'd by no means
    understand. It seems too complicated and extremely broad
    for me. I am having a look forward to your subsequent
    put up, I will try to get the hang of it!

    Feel free to visit my web page - temizlik firmaları ankara