Tour လက်မှတ်ဝယ်ပြီး အပြန်လမ်းမှာ Jungceylon ကုန်တိုက် ထဲပြန်ဝင်ပြီး
sunblock ဝယ်ရပါတယ်။ ရောင်းသူက ယောကျာ်းမိန်းကလေးပါပဲ ။ သူကတော့
ဟိုအကအလှ မိန်းကလေးတွေလို မဟုတ်ပါဘူး သိသာပါတယ် ကိုယ်လုံးကြီးကြီးအသံမာမာကြီးနဲ့ ပါ။ အမူအရာကတော့ နွဲ့ နောင်းနေပါတယ်။
ဝက်သားပေါင်းနဲ့ အချဉ်ဆိုင်တွဲရောင်း တဲ့ ဆိုင် လည်းတွေ့ ပါတယ်။ အဲဒါကတော့ အဖုံးနဲ့ အကာနဲ့ ဆိုတော့ ဝယ်စားခွင့်ရပါတယ် ။ ငါးခူကင်တွေ တွေ့ တော့စားချင်တယ်ပြောတော့  မလတ်ရင် ဗိုက်နာမှာ စိုးလို့ ကိုကိုက ပေးမစားပါဘူး။
လျှောက်ဝယ်ရင်းတွေ့ တာက သူတို့ ငါးပိရည်နဲ့ အတို့ ကို တွန်း လှည်းနဲ့ ရောင်းတာပါ ။
အတို့ ဆိုတာ စုံလင်နေတာပါပဲ။ ပေါက်ပန်းဖြု အပွင့် အရွက် ဆူးပုတ်ရွက် ရုံးပတီသီး ခရမ်းကျွတ်သီး ခရမ်းကစော့သီး နဲ့ တခြား ကိုယ်မသိတဲ့ အရွက်အစိမ်းတွေ အသီးပြုတ်တွေ လည်းအများကြီးပါပဲ။ ငါးပိရည်ကလည်း တမျိုးတည်းမဟုတ်ပါဘူး အပြစ် ၊ အကျဲ အမျိုးမျိုး စုံလင်နေတာပါ။ ရောင်းသူ အမျိုးသမီးက အင်္ဂလိပ်လို မတတ်တဲ့ အတွက် ဘယ်ဟာဘာလည်းလို့  မေးလို့ မရခဲ့ပါဘူး ။
လက်ညှိးထိုးပြီး ဟိုဟာနည်းနည်း ဒီဟာနည်းနည်း စမ်းသပ်ဖို့ ဝယ်လာကြပါတယ်။ စပ်တော့ အတော်စပ်တာတွေပါ ။
ညစာကို
ဥရောပနဲ့ ထိုင်း စတိုင်စားသောက်ဆိုင်တခုမှာစားတော့
စားပွဲထိုးလုပ်နေတာကလည်း မြန်မာမလေးပါပဲ ။ သွက်သွက်လက်လက် ချစ်စရာလေးပါ။
ကျနော်တို့ အချင်းချင်း စကားပြောနေတာကြားလို့ သူက နုတ်ဆက်လာပါတယ်။
ညီအမ ၂ ယောက်လုံး ဒီဆိုင်မှာတဲ့ ၊သူ ရောက်ခါစကတော့ ထိုင်းလို မတတ်လို့ အဆင်မပြေဖြစ်ခဲ့ပေမယ့် ခုချိန်မှာတော့ အဆင်ပြေနေပါပြီတဲ့။ မြန်မာပြည်ဘက်မှာ အလုပ်လုပ်ရင် ၃ သောင်း ၄ သောင်းပဲ ဆိုတော့ မလောက်ဘူးတဲ့ ။ အခုတော့ သိန်းဂဏန်းရတာမို့ တနှစ်တခါ မြန်မာပြည်ပြန်တယ်တဲ့ ။မိဘလည်း ထောက်ပံနိုင်တယ် ဆိုလို့  ဝမ်းသာရပါတယ်။
သူတို့ ကိုလည်း မုန့် ဖိုးပေးခဲ့ပါသေးတယ်။ customer ပေးတဲ့ tips ကို ဘယ်လောက်ဖြစ်ဖြစ် သူတို့ အကုန်ယူခွင့်ရှိတယ်ဆိုလို့ ပါ။
သူတို့ တွေက
ဈေးဝယ်သူကို sawadee ka ( မင်္ဂလာပါ ) Khob kuhn ka (
ကျေးဇူးတင်ပါတယ်ရှင်).. စသဖြင့် လက်အုပ်လေးတချီချီနဲ့  နုတ်ဆက်ကြပါတယ်။
နိုင်ငံခြားသားမှ မဟုတ်ပါဘူး သူတို့ အချင်းချင်းလည်း အဲလိုပြောကြတာတွေ
့ပါတယ် ။ အသံလေးတွေက သိပ်ချိုသာကြပါတယ်။မြင်ရကြားရာ စိတ်ချမ်းသာ စရာပါ။
နောက်တော့
အနားက ဆိုင်လေးတွေ မှာ ပတ်ကြည့်ပါတယ်။ မြန်မာသံတွေ ကြားလို့ ကြည့်တော့
တွန်းလှည်းနဲ့ ရောင်းတဲ့ ဆိုင်လေးတွေမှာ မြန်မာတွေရောင်းနေပါတယ် ။ သူတို
့ဆီက မုန့် တွေဝယ်ခဲ့ပါတယ် ၊ အချိုပွဲလို မျိုး မုန့် တွေ
အစုံရောင်းတာပါ။တပြုံးပြုံးနဲ့ သဘောကောင်းကြပါတယ်။
ဝက်သားပေါင်းနဲ့ အချဉ်ဆိုင်တွဲရောင်း တဲ့ ဆိုင် လည်းတွေ့ ပါတယ်။ အဲဒါကတော့ အဖုံးနဲ့ အကာနဲ့ ဆိုတော့ ဝယ်စားခွင့်ရပါတယ် ။ ငါးခူကင်တွေ တွေ့ တော့စားချင်တယ်ပြောတော့  မလတ်ရင် ဗိုက်နာမှာ စိုးလို့ ကိုကိုက ပေးမစားပါဘူး။
လျှောက်ဝယ်ရင်းတွေ့ တာက သူတို့ ငါးပိရည်နဲ့ အတို့ ကို တွန်း လှည်းနဲ့ ရောင်းတာပါ ။
အတို့ ဆိုတာ စုံလင်နေတာပါပဲ။ ပေါက်ပန်းဖြု အပွင့် အရွက် ဆူးပုတ်ရွက် ရုံးပတီသီး ခရမ်းကျွတ်သီး ခရမ်းကစော့သီး နဲ့ တခြား ကိုယ်မသိတဲ့ အရွက်အစိမ်းတွေ အသီးပြုတ်တွေ လည်းအများကြီးပါပဲ။ ငါးပိရည်ကလည်း တမျိုးတည်းမဟုတ်ပါဘူး အပြစ် ၊ အကျဲ အမျိုးမျိုး စုံလင်နေတာပါ။ ရောင်းသူ အမျိုးသမီးက အင်္ဂလိပ်လို မတတ်တဲ့ အတွက် ဘယ်ဟာဘာလည်းလို့  မေးလို့ မရခဲ့ပါဘူး ။
လက်ညှိးထိုးပြီး ဟိုဟာနည်းနည်း ဒီဟာနည်းနည်း စမ်းသပ်ဖို့ ဝယ်လာကြပါတယ်။ စပ်တော့ အတော်စပ်တာတွေပါ ။
ညီအမ ၂ ယောက်လုံး ဒီဆိုင်မှာတဲ့ ၊သူ ရောက်ခါစကတော့ ထိုင်းလို မတတ်လို့ အဆင်မပြေဖြစ်ခဲ့ပေမယ့် ခုချိန်မှာတော့ အဆင်ပြေနေပါပြီတဲ့။ မြန်မာပြည်ဘက်မှာ အလုပ်လုပ်ရင် ၃ သောင်း ၄ သောင်းပဲ ဆိုတော့ မလောက်ဘူးတဲ့ ။ အခုတော့ သိန်းဂဏန်းရတာမို့ တနှစ်တခါ မြန်မာပြည်ပြန်တယ်တဲ့ ။မိဘလည်း ထောက်ပံနိုင်တယ် ဆိုလို့  ဝမ်းသာရပါတယ်။
သူတို့ ကိုလည်း မုန့် ဖိုးပေးခဲ့ပါသေးတယ်။ customer ပေးတဲ့ tips ကို ဘယ်လောက်ဖြစ်ဖြစ် သူတို့ အကုန်ယူခွင့်ရှိတယ်ဆိုလို့ ပါ။
ပင်လယ်စာ အစုံ အစပ်ကြော်
မစပ်လား အစပ်လုပ်ပေးရမှာလားကို အစပ်လုပ်ပေးလို့ ပြောမိတဲ့ အတွက်
ကျနော်ဆက်မစားနိုင်တော့တဲ့ တုံယမ်းဟင်းပါ .. အရသာက အရမ်းကိုကောင်းပါတယ်
စားပြီးတော့
လှည့်ပတ်ကြည့်ကြပါတယ် ။ အဲဒီမှာ night market ရှိပါတယ်။ ၁၀ နာရီမှ
ဟိုတယ်ကလာခေါ်မယ့်ကားကို ကုန်တိုက်ရှေ့ မှာ စောင့်ရမှာမို့ ကား မလာ မချင်း
ညဈေးတန်းမှာ လိုက်ကြည့်ကြပါတယ်။
လူတယောက်ကနေ တုတ်ထိုးရုပ်နဲ့  ၃ ယောက် က နေသလိုဖြစ်အောင် လုပ်ထားတာပါ။
သီချင်းကတော့ အိုပါးဂန်းနန်းစတိုလ် သီချင်းပါ ..ဟိဟိ။
ည
၁၀ နာရီ ဟိုတယ်က ကားလာကြိုတော့ ပြန်ခဲ့ကြပါတယ် ။ရေကူးလိုက် ၊ဟိုတယ်က
ပေးတဲ့ အသီးစားလိုက် ၊ ဝယ်လာတာတွေ ထပ်စားလိုက်နဲ့  အတော့်ကိုစားလို့
ဝင်တာပါ။
ဝက်သားပေါင်း အနီးကပ် ဟိဟိ
စားပြီး ဗိုက်လေးလေးနဲ့  အိပ်ရာဝင်ကြပါတယ်။ နက်ဖြန် မနက် ၇ နာရီ phi phi ကို သွားရအုံးမှာ မဟုတ်လား ...။
ဆက်ရန် :P
Waiting .. Waiting ... :)
Me too ... waiting ..waiting .. waiting for (4).
Ma Cho
စုံနေတာဘဲဗစ်ရေ။
သဘောကျလိုက်တာ။
အိုင်အိုရာ
စားချင်လိုက်တာ ..ကတောက်
pifpif