Vista
  အမသက်ဝေ Tag လုပ်ထားတာက ၂၇ ထဲက ( အိတ်မှောက်ဖာသွန် ၂၇ တဲ့ ) ကိုယ်က ဖဘမကြည့်ဖြစ်တာနဲ့ သူငယ်ချင်းလာအော်မှ သိ ... သိပေမယ့် အလုပ်က ယားလို့ မကုတ်အားဖြစ်နေ ၊ ရေးနိုင်တဲ့နေ့ ကြတော့ ၃၁ ဖြစ်နေပြီ ၊ ဒါနဲ့  ကာရန်ပါပြောင်းပလိုက်ရတယ် ဟီး။
 စိတ်ဝင်စားစရာ မကောင်းသော ကျနော့်အိတ်ထဲမှ အရာများကိုဖော်ပြရရင်ဖြင့်....



ဝဲမှယာ  ကနေစမယ် ......ဘေးလွယ်အိတ် အမည်း Longchamp ထဲကအကြီးဆုံး ဆိုဒ် နုတ်ဘုတ်ထည့်လို့ ရအောင် ။သူ့ ရှေ့ က ထီးပြားလေးက ဇာခြည်လွင်ဂျပန်က ပို့ လိုက်တာ ( သိပ်သုံးလို့ အဆင်ပြေ ကျေးဇူး ချာချီ မွမွ )။ ဘေးလွယ်အိတ် ဘေးက အမည်းက နုတ်ဘုတ်ထည့်တဲ့ အိတ်ချော။ သူ့ ရှေ့ မှာက estee lauder နုတ်ခမ်းနီတောင့် ၊ မင့်စ်ဘူး ၊ ရုံးကဒ်မျိုးစုံနဲ့  အမေ့ကိုဆက်တိုင်း တကဒ်ကုန်နေကြ ပဂိုးဒါးကဒ် ၂ကဒ် အကုန်တွေ မလွင့်ပစ်မိသေးတာ ( အမေက 1818 ကဒ်နဲ့ မနိုင်တော့ဘူး ဟီး )။
နုတ်ဘုတ်အိပ်ရှေ့ က နားကြပ် ၊ခရမ်းရောင်လေးက hand sanitizer ၊ ဘေးက နုတ်ဘုတ် ချာဂျာ။
ယာကနေဝဲ ကို ဆက်ရရင် နုတ်ဘုတ် ချာဂျာဘေးနားက 500GB external HDD ၊ ဘေးနားက ဖတ်ချင်တဲ့ မြန်မာစာအုပ်၊ အင်္ဂလိပ်စာအုပ်မျိုးစုံထည့်ထားတဲ့ Tablet ၊ အရှေ့ က အပြားလေးက တိုရှီဘာ နုတ်ဘုတ် ( အချစ်ဆုံးလေး ပေါ့လွန်းလို့  ) နုတ်ဘုတ်ပေါ်က အဖြူချောင်းလေးက 7.2Mbps wireless mobile broadband dongle ၊ iphone extra charger , iphone wide+macro lens , Bluetooth mouse ၊ဘေးနားကဖုန်းကတော့ ရုံးက 24/7 on call phone HTC ၊ သော့တွဲ (ရုံး + အိမ်) ၊ ပိုက်ဆံအိတ် ( ကဒ်မျိုးစုံ အကုန်ထည့်ထားတယ် ) ၊ ယောကျာ်းလေး အိတ်ပဲ ကိုင်တယ် မိန်းမအိတ် မကိုင်တတ် ၊ ဘေးက အိတ်ကြားကတော့ ဆေးအိတ် ( သိတယ်မှလား ဆေးသက်ပဲရှိတာ ဟင်းဟင်း ) ။


 ဆေးအိတ်ကို ဖွင့်ကြည့်ရအောင် ...
လာပါပြီ .. မင်းမရှိရင် မဖြစ်လို့  .... အရှေ့ ဆုံးက အလာ့ဂျစ်ဆေး cetirizine hydrochloride..
အို နောက်က .. အချစ်ဆုံးများ .. မိုင်ဂရိန်းဖြစ်လို့ ခေါင်းတခြမ်းကိုက်တိုင်းသောက်ရတဲ့ဆေးတွေ Muscol ,myospaz,  bla bla ...
နောက်ပန်းရောင်က အစာမကြေရင် ဝါးတာ ခရင်းမင်းအက်စ် ..  
နောက်တခုက ကိုယ်နဲ့ တည့်တဲ့ တိုင်လီနော .. အကိုက်အခဲပြောက်ဆေးပဲ 
နောက် ပလာစတာတွေက တော့ မပြာယာ ပီပီ ဆောင်ထားတာ။
ထိခိုက်စရာမရှိရင် စာရွက်ရှပြီး လက်က သွေးတစက်စက်ဖြစ်တတ်သေးတာ။
8G flash drive ကမရှိမဖြစ်မိုး။
ဒီထဲမှာ မပြဘဲထုတ်ထားတာ ဆိုလို့ အဆီကျဆေး (ကိုယ်က အရိုးပေမယ့် မျိုးရိုးလိုက်လို့  ကောလက်စရောများနေလို့  ဆရာဝန်အညွန်းနဲ့ သောက်နေရတာ မမပိန်ချင်တွေက လိုက်ဝယ်သောက်ရင် ဒုက္ခများမှာစိုးလို့ မပြထားဘူး ဟီးဟီး )
နောက်ဆုံးတန်းက တလောက စကိတ်စီးရင်း ဒူးနာလို့ ကတ်တဲ့ ပလာစတာ အပူ ။
ဘူးအစိမ်းက မျက်လုံးယားရင်ခတ်တာ မျက်စဉ်း ။
ဘေးက ORALB သွားကြားထိုးတဲ့ ကြိုး ဘာလုပ်ဖို့ ထည့်ထားတာလည်း မသိဘူး ။
 ခရီးသွားတုန်းက ထည့်မိတာလားမသိ။ နောက်ခဲဆန်ဘူး။ ပါးစပ်ဖြန်းတဲ့ ဆေးဘူး ။ ရေးလိုက်ဖျက်လိုက်လုပ်လို့ ရတဲ့ဘောပင် ( တချောင်းက ဘယ်ကလည်းမသိဘူး ဆင်တူဖြစ်နေတယ် ကိုကို့ ဘောပင်ယူထားမိတယ်ထင်တယ် ) နောက်ခဲဆန် ဘောပင်။
ကြိုးတိုလေးက Tablet ထဲကို ဒေတာထည့်ရင် သုံးတာ။
ဒါပါပဲ ဘာမှ စိတ်ဝင်စားဖွယ်ကောင်းတာ မပါ ။ 
မိတ်ကပ်မပါ ။ ဘီးမပါ ။ နုတ်ခမ်းနီက မဆိုးရင် နုတ်ခမ်းတွေ တင်းပြီးပေါက်လွန်းလို့ ထည့်ထားရတာ။
အဆီတောင့်ဆိုးရင်မခံဘူး ခဏခဏပြန်ဆိုးရလို့ ။ နုတ်ခမ်းနီ တောင့်သာမပါရင် ယောကျာ်းလေးအိတ်ဖွင့်တယ်လို့ တောင် ထင်ဖွယ်ရှိသော အတွင်းပစ္စည်းများပါတကား။
 
10 Responses
  1. ဘလော့ရှိမှန်း ခုမှသိတာ မဗစ်.. :O


  2. မိန်းကလေးအိတ်နဲ့ တူတာဆိုလို့ ထီးလေးရယ် နှုတ်ခမ်းနီဗူးရယ်ပဲ တွေ့တယ်... ဆေးတွေကလည်း များလှချည့်... အဲဒီ Laptop ကြီး နေ့တိုင်း သယ်ရတဲ့ ပြဿနာက မချောင်လှဘူး... ပုခုံး သတိထားအုံး ညီမ...

    ဆန်းသစ် တီထွင် ဗစ် ခေါင်းစဉ်ကို ကြိုက်တယ်... မရေးရသေးတဲ့သူတွေကို ဒီခေါင်းစဉ်နဲ့ သွားရစ်လိုက်အုံးမယ်... ခိခိ

    ကျေးဇူး ဗစ်... မွမွ


  3. Vista Says:

    မိုးသက် .. ဖြစ်ရလေတယ်
    အမသက် ထီးကလက်ဆောင်မိုလို့ အဲအေရာင်ဖြစ်နေတာ ဟီး ကိုယ့်မူးရင်းက အနက်ရောင်


  4. “သွားကြားထိုးတဲ့ ကြိုး ဘာလုပ်ဖို့ ထည့်ထားတာလည်း မသိဘူး”...၊
    “ဘောပင် တချောင်းက ဘယ်ကလည်းမသိဘူး”...၊
    စတဲ့ အရေးအသားလေးတွေကို သဘောတကျနဲ့ ဖတ်မိတယ်၊ မသိရင် ကိုယ်တစ်ခါမှ မသိဖူးတဲ့ အိတ်တစ်လုံးကို ဖွင့်ကြည့်နေတဲ့ အတိုင်း...၊း))

    အီလက်ထရောနစ် ပစ္စည်းတွေ အများကြီးပါတဲ့ အိတ်ကို တအံ့တသြနဲ့ ကြည့်သွားခဲ့တယ် ညီမရေ...၊း)


  5. Vista Says:

    ကိုညီလင်း ကျနော်အလုပ်သဘောအရမပါမဖြစ်တဲ့ဟာတွေပေါ့ဗျာ ဟီး


  6. အီလက်ထရောနစ်တွေ အများကြီးပဲ
    ဆေးတွေလည်း အများကြီးပဲ
    အလာ့ဂျစ်ဖြစ်လို့ သောက်တဲ့ ဆေးဆိုလို့ သူသူလည်း စီထရင်းအမြဲသောက်နေရတာ...
    ဆရာဝန်ညွှန်တာမဟုတ်ဘူးရယ်
    ကိုယ့်ဘာသာ အဲဒါ သောက်ရင် ပျောက်လို့ လျှောက်သောက်နေတာ..
    တစ်ရက်တစ်ကြိမ်တော့ သောက်ရတယ်....
    မဟုတ်ရင် အပိန့်ကြီးတွေ ထ လာကော....
    အဲဒါကြောင့် အခုဆေးကို သေချာကြည့်သွားတယ်...
    ဒါနဲ့ ဘလော့ဂ်ဒေးအတွက် စာရေးပါဦး :))

    ခင်မင်သော
    သူသူ.


  7. Tuumar Says:

    အခုမှဘဲလာဖတ်ဖြစ်တော့တယ်
    ဆေးမျိုးစုံထဲ့တဲ့အိတ်ကြီး သဘောကျသလိုဖြစ်ဖြစ်သွားခဲ့ရတယ်
    ကိုလိုလူတွေ့သွားလို့လေ။


  8. San San Htun Says:

    အီလက်ထရောနစ်တွေ အများကြီး...ယောက်ျားလေးအိတ်လို့  ထင်ရတယ်..
    ဆေးတွေလည်း အများကြီးပဲ...မျက်စဉ်းဆေးဘူးစိမ်းက ဂျပန် V.Roto တံဆိပ်လား..
    ထီးလေးနဲ့  ဆေးအိတ်လေးက ချစ်စရာလေး...


  9. :P Says:

    ဗျစ် ..ရှိတာအကုန်ထုတ်.....ပေါင်မုန့် ...

    (ချိန်ထားတဲ့လက်ညှိုးနဲ့ ခါးကိုထိုးရင်းပြော)


  10. Vista Says:

    သူသူဒါတောင် စီဒီအိတ်နဲ့  တချို့ ချန်ထားသေးတာ
    တီတီ ကျနော်က တီမာ့တူမပဲဟာ ဟိ
    စန်းထွန်း မျက်စဉ်းကဟုတ်တယ် ထီးက လက်ဆောင်ရတာ ဟီး
    မဗိုက်ဆင် ဗိုက်ကို ပြန်ထိုးလိုက်မယ် လက်ညိုးနဲ့ 