
မသက်ဝေ Tag ထားတဲ့ပိုစ့် ၂ ခုကို ပေါင်းပီး တွဲရေးလိုက်ပါတယ်။
အလုပ်တွေများလို့  အကြွေးတွေက အတော်ကြာနေပီ ဟိ။
Like : မနက်မှာ .. Alarm ၂ ဆင့်မြည့်တာကြိုက်တယ် ။ပထမအလန်း မြည်လို့ နိုးအပြီးမှာ
နောက် တခါမမြည်ခင် ပြန်အိပ်ပျော်ရတာ( အိပ်လည်းအိပ်ပျော်တတ် )ကြိုက်လို့ ။
Like:မနက်နိုးတဲ့ အချိန်မှာမနေ့  ညက အလုပ်က ဘာဖုန်းမှ မလာပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ရတာပါလား
ဆိုပီး သဘောကျရတာကြိုက်တယ်။
Like: ကိုကို့ အတွက်မနက်စာယူသွားဖို့  ထည့်ပေး ရင်း နွားနို့ အေးအေး တခွက် သောက်ရတာကြိုက်တယ်။
Like: မနက်တိုင်း ကိုကိုက အလုပ်ကိုအရင်သွားတာမို့  အလုပ်သွားခါနီး ရေချိုးထားတဲ့သူရဲ့  ပါးအေးအေးနဲ့  မျက်နှာသစ်ထားတဲ့ကိုယ့်ရဲ့  ပါးအေးအေးနဲ့ ထိပြီး နုတ်ဆက်ရတာကြိုက်တယ်။
Like: flexible working hour ပေးထားတဲ့ ကိုယ့်အလုပ်ကို ကြိုက်တယ်။ကိုယ့်အလုပ်မှာ မနေရဘဲ
customer office မှာ နေရတာကိုကြိုက်တယ်။ရုံးက သတ်မှတ်ထားတဲ့ စည်းကမ်းတွေ အကုန်လုံးနီးပါး ကနေ တရားဝင်ဖောက်ဖျက်ခွင့်ရထားတဲ့ ကိုယ့်ကိုယ်ကို ကြိုက်တယ်။
ကိုယ့်ကို ယုံကြည်လို့ လွှတ်ထားပေးတာကို အခွင့်ကောင်းမယူတတ်တဲ့ကိုယ့်စိတ်ကို ကိုယ်ပြန်ကြိုက်တယ်။
customer office မှာ နေရတာကိုကြိုက်တယ်။ရုံးက သတ်မှတ်ထားတဲ့ စည်းကမ်းတွေ အကုန်လုံးနီးပါး ကနေ တရားဝင်ဖောက်ဖျက်ခွင့်ရထားတဲ့ ကိုယ့်ကိုယ်ကို ကြိုက်တယ်။
ကိုယ့်ကို ယုံကြည်လို့ လွှတ်ထားပေးတာကို အခွင့်ကောင်းမယူတတ်တဲ့ကိုယ့်စိတ်ကို ကိုယ်ပြန်ကြိုက်တယ်။
တွေ့ တတ်တဲ့ မန်နေဂျာကို ကြိုက်တယ်။၁၀ နာရီလောက်မှ ရုံးသွားရတာကို အကြိုက်ဆုံး ။ဟိ။
Like: ကတ်စတမ်မာ ရုံးမှာ အကုန် တိုင်းကတ်နဲ့ ဝင်ရပေမယ့် ရုံးချိန်နဲ့ တလွဲဖြစ်နေပီး တော့ ကျနော်က ထွက်ချင်တဲ့ အချိန်ထွက်သွားတတ်လို့  သတ်သတ် စာအုပ်လေးနဲ့ လက်မှတ်ထိုး ရတာကြိုက်တယ်။
Like: မနက် ၁၁ လောက်မှရုံးရောက်တိုင်းမှာ Security အန်တီကြီးက" ဟေး ၉ နာရီဆို ရုံးတံခါးပိတ်တာ ခု ဖွင့်ပေးလို့ မရဘူး " ဆို စတတ်တာကို ကြိုက်တယ်။
ဘာဝတ်လာဝတ်လာ ရုံးက ကိုယ့် ဆာဗာခန်းထဲ ဝင်လိုက်တာနဲ့  ရုံးမှာ စီးတဲ့ ဖိနပ် အမွေးပွအထူကို စွပ် ၊
နောက်ကခေါင်းစွပ်ပါတဲ့ အကျီအထူကို စွပ်လိုက်ရတာကြိုက်တယ်။
Like: ရုံးက ဆာဗာခန်းမှာ ဘာအစားမှ မစားရဆိုတဲ့စည်းကမ်းက ကျနော့်အတွက်မဟုတ်တာကို ကြိုက်တယ်။
နီဝါပြာစိမ်း မီးလေးတွေကို လှမ်းကြည့်ရင်း မနက်ဆို ဆာဗာမျိုးစုံကို စစ်ရတာကြိုက်တယ် ။
ကိုယ်သဘောကျတဲ့ အလုပ်မို့  လို့  သဘောကိုကျတယ်။
Like: ညနေကိုအေးဆေး ပုံမှန်အချိန်ပြန်ရပြီး ကိုကိုနဲ့ ထမင်းအတူတူစားရတာကြိုက်တယ် ။
ညစာစားပြီးခါစ မှာ တီဗွီ အတူတူကြည့်ရင်ကြည့်၊ မဟုတ်ရင် အခွေကြည့်၊
မဟုတ်ရင် ကိုကိုသီချင်းဆိုပြတာနားထောင် နဲ့  အေးဆေးနေရတာကြိုက်တယ်။
Like: အိပ်ခါနီး တယောက်စာအုပ်တအုပ်စီ နဲ့  စာဖတ်ရင်း အိပ်ပျော်ရတာအကြိုက်ဆုံး။

Dislike:ညဘက် အိပ်နေတုံး အလုပ်က ဖုန်းဆက်လို့  အလုပ်ကိစ္စပြောရင်း မျက်စိကျယ်ပြီး
ပြန်အိပ်မရဘဲ မုးနေတာကိုမကြိုက်ဘူး။
၁ ခါဆက်ရုံမပြီးသေးဘဲ ၃ နာရီခြားတခါ ထပ်ဆက်တာမျိုးပိုမကြိုက်ဘူး။
နောက် နင်လာလိုက်ပါလား ဟယ်၊အခုထိလုပ်မရသေးလို့ ပါ down time ကြာနေပြီ ဆိုဖြစ်လာလို့ 
ည ၂ နာရီလောက်ထသွားရတာကတော့ မကြိုက်ဆုံးပဲ။
Dislike :ညဘက်အလုပ်က ဖုန်းလာလို့  မထနိုင်တော့ဘဲ ကိုကို့ ကိုမနက်စာ မထည့်ပေးလိုက်နိုင်တာကို မကြိုက်ဘူး။
Dislike: အခန်းထဲဝင်ဝင်ချင်း alarm တခုခု မြည်နေသံကြားရတာမကြိုက်ဘူး ။
တခါတလေ ဟိုဟာကဒေါင်း ဒီဟာက ဒေါင်းတွေ စုဖြစ်နေတတ်လို့ ရောက်ရောက်ခြင်း အိတ်ကိုပစ်ချပြီး မနက်စာတောင်မစားနိုင်ဘဲလုပ်လိုက်ရတာမှာ ညဘက်အထိ ရောက်သွားတတ်တာမျိုးမကြိုက်ဆုံး။
Dislike: ညနေ ပြန်ခါနီးမှ တခုခုက ထဖောက်လို့ အိမ်ပြန်နောက်ကျပြီး ကိုကို့ ကို စားနှင့်တော့
လို့ ပြောရတာမကြိုက်ဘူး။
Dislike: ညဘက် အလုပ်ရှိလို့ ညလုံးပေါက် အလုပ်လုပ်ရတာ မကြိုက်ဘူး။
ကျနော့် အတွက် နောက်နေ့ ပြန်အိပ်လို့ ရလို့  ဘာမှ မဖြစ်ပေမယ့် ကိုကိုက စိတ်ပူနေပြီး ကောင်းကောင်းအိပ်မပျော်ဘဲ ၂ နာရီ တခါလောက်ဖုန်းဆက်နေတာမို့ သူအိပ်ရေး ပျက်လို့ မကြိုက်တာ။
ကျနော့် လို system /network engineer သမားရဲ့  နေ့ စဉ် တွေက သူများတွေလို ပုံမှန်မရှိပါဘူး။
အလုပ်က on call အဖြစ်နဲ့ နေရတဲ့ လတွေက ခပ်များများမို့ အဲဒီ လို လတွေမှာ ကြိုက်တာနဲ့ 
မကြိုက်တာနဲ့ အမြဲရောနေတတ်တယ်။
သူများတွေလို ရုံးဆင်းတဲ့ အချိန်တွေ ၊အကုန် ကိုယ်ပိုင်အချိန်ပဲဆိုတာမျိုးပြောလို့ မရသူမို့  လည်း အေးအေးဆေးဆေးနေရတဲ့ အချိန်လေးတွေဆို တန်ဖိုးထားတတ်ပါတယ်။
image from internet
အော်။ ဒါကြောင့် တစ်ချိန်လုံး စီမှာ တွေ့နေရတာကိုး။ :D
မှန်ပါ့ ကို ဇက်တီ .. စီဘောက်က မော်နီတာတလုံးနဲ့ ဖွင့်ကို ထားတာကိုး ဟဲဟဲ
ma ma, are u from IBM?
အင်း... အကြိုက်လေးတွေက တကယ် နှစ်သက်ဖွယ်ကောင်းပြီး မကြိုက်လေးတွေကလည်း တကယ်ပဲ မကြိုက်ချင်စရာ ကောင်းနေတယ်...
အလုပ်များတဲ့ကြားက ရေးပေးလာလို့ ကျေးဇူး... အမကလည်း ဘာရယ်မဟုတ် ပေါ့ပေါ့ပါးပါးလေးမို့ ဆက် တက်ဂ်လိုက်တာ...း))
နောက်တခါ ဘာစားရတာ ကြိုက်တယ် ဘာ မကြိုက်ဘူးဆိုတာ ပါအောင် ရေးပါ ဗစ်မ
ချာချာတို့ ချယ်ချယ်တို့ ဂျူလီတို့ကပါ ကိုကို့ပါးအေးအေးလေး လုပ်နေရင် ဒွတ်ခ