Vista
ဈေး......
ဈေးထဲ ဒါ့ပုံရိုက်ရတာမလွယ်ဘူး ကင်မလာသယ်သွားလို့ ဘယ်လိုမှ မဖြစ်နိုင်လို့ 
ဖုန်းနဲ့ ပဲရိုက်လာခဲ့တယ်

သပြေပန်းတွေ

မှို အလုံးလေးတွေ ၊ ကုလားအော်သီးတွေ


ငါးခြောက်အမျိုးမျိုး

အရွက်စိမ်းအစုံ


အပုံလိုက်ပဲ

အဲငါးခြောက်သယ်လေးက ချစ်စရာ ရခိုင်ကလာတဲ့


သရက်သီးတွေ

ဟင်းချက်စားတဲ့ ငါးခြောက်တွေ နာမည်မေ့သွားလို့ 

ဘဲဥ ၊ ကြက်ဥ

ကောက်ညှင်းထုပ် ( ငှက်ပျော + ပဲ )

ငှက်ပျောသီးဆိုင်

ငါးရံ့ ၊ ပုစွန်ဘော့ချိတ်၊ မြစ်ငါးတန် ၊ငါးခူ ၊ငါးနုသန်း

ဈေးထဲမှာ ပိုက်ဆံ တောင်းနေရရှာတဲ့ အမယ်အို

တောင်းထဲက ပဲပြုတ်

တမာချဉ်၊ သရက်ချဉ်၊ကတက်ချဉ်
( ဒီတခေါက်တော့ အမေ့ကို ဈေးပို့ ရင်းလိုက်မစောင့်တော့ဘူး ။
ဘာလို ချင်လည်းမေးပြီး ကိုယ့်ဘာကိုယ်သွားဝယ်လိုက်တယ် ။ အမေနဲ့ ဆိုကြာလွန်းလို့ ။)
ပြန်ပြီးတော့ အဲလို ဈေးထဲ သွားဝယ်ချင်လိုက်တာ..
တမာချဉ်...သရက်ချဉ်..ကတက်ချဉ်
စားချင်တယ်.။
ဒီနေ့တော့ မြန်မာတန်းက သရက်သီးသဘောက်
ဝယ်လာတယ်..။
ပေါက်
ကတက်ချဉ် စားချင်တယ်.။
LOVE IT
ဈေးတန်းကြီးတစ်ခုလုံး ဘလော့ပေါ်သယ်ချလာသကိုး
စုံလိုက်တာ
ခုတောင် ပြေးဝယ်ချင်တယ်..
လွမ်းလိုက်တာ ဗစ်ရယ်
စုံလွန်းလို့ ဘာလိုချင်ရမှန်းတောင် မသိတော့ပါဘူး...း))
မမကွန်တို့ တလတခါ မြန်မာပြည်ပြန်နေတာ ဒီလို အဆင့်ရှိတဲ့ ပုံတွေ ရိုက်မလာနိုင်ဘူး
မမြင်ရတာကြာတဲ့ အစားတွေ လာကြည့်ပြီး တံတွေးမြို ချမိတယ် ။ နောက် ကျုံကျုံ လေးထိုင်ပြီး တောင်းနေတဲ့ အမေအို ပုံကို ကြည့်ပြီး ရင်မှာ နင့်နင့်နဲ နဲ့ ခံစားမိပါတယ်။
အဲဒီဈေးထဲကဟာတွေအကုန်လုံးဝယ်ချင်တယ်၊အထူး
သဖြင့်ငါးခြောက်တွေ၊မြန်မာငါးခြောက်နဲ့ပုဇွန်ခြောက် အရသာကိုဘယ်ကမှမမှီဘူးနော်။
အဖွားအိုပုံလေး....... စိတ်မကောင်းဘူး.. မြင်ရင်ငိုချင်တယ်....
ဟင်းရွက်၊ ငါးနဲ့ ငါးခြောက်ပုံတွေ အလွမ်းဆုံး။
အဲလိုဈေးဆို နေ့တိုင်းသွားချင်တာ
စူးနွယ်လေး
မြန်မာအစားအစာတွေအားလုံးကိုလွမ်းလိုက်တာ...
ဖုန်းနဲ့ရိုက်တာတောင် အင်မတန်ကောင်းပါတယ်။
သရက်သီး အချဉ်ဖတ်တွေရယ် ပဲပြုတ်ရယ် ချဉ်ပေါင်ရယ် ကြိုက်တယ်
ဖုန်း ကင်မလာ က တယ်ကောင်းပါလား ဘာတံဆိပ်လဲ ပြောပါအုံး
ဖုန်းက LG Arena ပါ တီချမ်း .. ဒါတ်ပုံကောင်းတယ်