Vista

ညီမလေး နန်းညီက တက်ခ်လို့ ရေးရပါတော့မယ်..

နဂိုတည်းကစာရေးကောင်းသူမဟုတ်လို့ ဖတ်မကောင်းသော်ခွေးလွှတ်ကြကုန်...

မွေးကာစ ကိုယ်မမှတ်မိခင်အချိန်တွေကတော့လူကြီးတွေပြန်ပြောပြတာပဲရေးရတာနော်။

ကိုယ်ဟာ မေမေ အသက် ၄၀ နားနီး မှမွေးတဲ့ အငယ်ဆုံးကလေးပေါ့ ။

ကိုယ့်အထက်မှာ ယောကျာ်းလေးတစ်ယောက် ဆုံးပါးသွားတာမို့ မေမေက
ယောကျာ်းလေးရထပ်လိုစိတ်နဲ့ ကိုယ့်ကိုမွေးခဲ့တာပေါ့။
ကိုယ်ဝန်ဆောင်နေတဲ့တစ်လျှောက်လုံးလည်းယောကျာ်းလေးလို့ ပဲထင်ခဲ့တယ်တဲ့။
ဒါ့ကြောင့်ဒီလို ယောကျာ်းလေးဆန်နေတာ အံ့သြစရာမရှိပါဘူးလေ။

ကိုယ့် မမ ဟာ နေ့ နဲ့ ညနဲ့ မှားတဲ့ကလေးဖြစ်ခဲ့တယ်တဲ့ ၊ဆိုးလည်းဆိုး ဆိုပဲ၊အလိုမကျတိုင်း ငို စိတ်ကောက့် ၊လက်ကအချမခံဘူးတဲ့ ချတာနဲ့ ငိုဆိုပဲ။လူကြီးတွေအရမ်းပင်ပန်းခဲ့တယ်ပေါ့လေ ။( သူလာမဖတ်နိုင်သေးလို့ ရေးတာပါ ၊သိလို့ ကတော့စိတ်ကောက်တာ နဲ့ မနည်းချော့ ရမယ် ၊ဒါပေမယ်ကိစ္စမရှိဘူးသူလိုချင်တဲ့ ဟာဝယ်ထားတာရှိတယ် ဟက်ဟက်.. )။
ကိုယ်မွေးတော့ ဒီလိုများဖြစ်နေ အုံးမလားလို့ စိုးရိမ်ပေမယ့် ကိုယ်ဟာလုံးဝ အသံတိတ်တဲ့ ကလေးတစ်ယောက်တဲ့။
ငိုတယ်ဆိုတာ မကြားဖူးသလောက် ပဲတဲ့ ။ ရယ်တော့ရယ်တယ်တဲ့ ၊အင်း ဇာတိပြတာနေမယ်။
( အခုတောင်ရုံးမှာ နင့်ကိုမြင်လိုက်ရင် ever smiling တဲ့၊ ဘာတွေဖြစ်ဖြစ်ပြုံးနေတာတဲ့၊
စိတ်ချမ်းသာတယ်တဲ့ ။တကယ်က မချိသွားဖြဲနေတာကိုများ)

သိတတ်တဲ့ အရွယ်ရောက်တော့ ရတဲ့ နာမည်က ဉာဏ်ကျယ်လေးတဲ့ ။
ကိုယ် ငယ်ငယ်က အချိုအရမ်းစားတယ် ။ဆွမ်းတော်တင်စွန့် တဲ့ မုန့် ကိုလည်း အမြဲတောင်းစားတယ်။ ကိုယ်ကစားတဲ့ နေရာကဘုရားခန်းဘေးနားကအခန်းလေး ၊အဲဒီနေရာမှာကစားနေရင်ဆွမ်းတော်လာစွန့် တဲ့ လူကြီးတစ်ယောက်ယောက်ခြေသံကိုကြားရတယ်။လမ်းကဖြတ်ပြီးမုန့် ကိုတောင်းလိုက်ရုံပဲ။
တစ်နေ့ ချောင်းတွေဆိုးနေလို့ တီတီက ဆွမ်းတော်တင်တဲ့ ကိတ်မုန့် ကို မကျွေးခြင်တာနဲ့  အသာလေးသိမ်းထားလိုက်တယ်။ ကိုယ်ကတောင်းတော့
“ မရှိတော့ဘူး အငယ်လေးရဲ့ အိမ်မြောင်စားသွားပြီ“ တဲ့ ။
ကိုယ်ကဘာပြန်ပြောလည်းဆိုတော့ .“ မဟုတ်ဘူး အဲဒါ တီတီ ညာတာ အိမ်မြောင်ဘတ် (ပါးစပ်) ကတေးတေးရေး ကိတ်မုန့် ကအကြီးကြီး ဘယ်လို မှမကုန်ဘူး။ ထုတ်ပေးထုတ်ပေး“ ..ဆိုအော်တာတဲ့ .. အဲဒီကစပြီးနောက်ပိုင်းရလာတဲ့ နာမည်ပေါ့ . ကိုယ့်ကို ပတ်လို့ မရလို့ တဲ့။
ငယ်ငယ်က ဆော့နေလို့ ခေါ်မရရင် မေမေက “ အငယ်လေးလာခဲ့ တုတ်ကောက်ခဲ့ “
ဆိုခေါ်တာနဲ့ ကောက်သွားလိုက်တာ ကုက္ကိုအရွက်တွေမပါတဲ့ကိုင်းသေးသေးလေးတဲ့ ။
ခတ်တည်တည်နဲ့ ကောက်လာပြီ ဆိုပြီးတော့ပေါ့။

စာမဖတ်တတ်ခင်ကတည်းက ရုပ်စုံကာတွန်းလေးတွေကို အိုက်တင်နဲ့ ဖတ်ြပနေပြီ။
အမှန်ကလူကြီးတွေဖတ်ပြရင် မှတ်ထားတာ ၊ နောက် အဲဒီ အတိုင်းပြန်ပြောပြတာ ၊ တစ်လုံးမှ မလွဲဘူးတဲ့ ၊
ယုန်လေးကဘာပြောတယ် ၊ ဇီးကွက်ကြီးက ဘယ်လို စသဖြင့်ကို အကွက်ကျကျ ကိုယ်ပဲဖတ်နေသလိုလို ပြောပြတတ်တယ်တဲ့ ။ ကိုယ်လည်းမှတ်မိတယ် ၊စိတ်ထည်းမှာတော့ကိုယ်သိလို့ ဖတ်တယ်ထင်ခဲ့သလိုပဲ။
ဖတ်ပြီးသားစာအုပ်ကို ဘေးဖယ်မဖတ်ရသေးတာကို ဖွင့်ပြီး လူကြီးတွေ အားတဲ့ အချိန်ကိုစောင့်နေခဲ့တာပေါ့။

ကိုယ်တိရိစ္ဆာန်တွေကိုလည်း ချစ်တတ်တာငယ်ငယ်တည်းက ။ကြောင်တွေခွေးတွေအိမ်မှာမွေးပြီးခဲ့တယ်။ ဟိုပြောင်းဒီပြောင်းတစ်ချိန်လုံးလုပ်နေရတာတောင်မှ ရအောင်မွေးသေးတာ ။မှတ်မှတ်ရရ အိမ်ပြောင်းတော့ ကြောင်ကိုတောင်လေယာဉ်နဲ့ တင်ခေါ်ခဲ့ဖူးတယ် ။ ဒါကလည်းကိုယ်တာဝန်ယူရတာ၊ဖေဖေက ကိုယ်တာဝန်ယူနိုင်မှလုပ်တဲ့ ။လေယာဉ်မှုးကိုလည်းပြောမပေးနိုင်ဘူးတဲ့ ၊
လူကြီးကကြောင်ကိစ္စကိုလိုက်ပြောလို့ မကောင်းဘူးတဲ့ ။
ကိုယ့်ဘာကိုယ်သွားပြောလေဆိုပြီး လေယာဉ်ရုံးထဲ လွှတ်လိုက်တယ်။
ကိုယ်သွားပြောတယ် အဲဒီနေ့ ဖလိုက်မောင်းမယ့်လေယာဉ်မှူးကို ၊အသေးစိတ်မှတ်မိတယ်
အဲဒီ Pilot ဦးဦးက“ သမီးလေးကြောင်ကမအော်မှာသေချာလား ၊ ထွက်မပြေးမှာသေချာရဲ့လား၊ ကောင်းကောင်းတာဝန်ယူရမှာနော်“ ဆိုပြီး မေးခဲ့တာမှတ်မိတယ် ။အခုမှပြန်စဉ်းစားမိတယ် အာဂပဲလို့ ။
တိရိစ္ဆာန်တွေအပေါ်ထားတဲ့ မေတ္တာတော်တော်ကြီးခဲ့တာပဲ။ သေချာအာမခံနိုင်ခဲ့လို တင်ခွင့်ရခဲ့တယ်။
ခြင်းလေးနဲ့ ပေါင်ပေါ်တင်လို့ လေ၊ အပေါ်ကနေ အဝတ်လေးနဲ့ အုပ်ထားတယ် ။ မေမေကသေချာလုပ်ပေးထားတာပေါ့။ လေယာဉ်လည်းတက်ရောကြောင်လေးမျက်လုံးကပြူးပြီးဝိုင်းစက်နေတာ၊ လုံးဝတော့မအော်ဘူး၊ တော်သေးရဲ့။ လေထဲရောက်တော့မှမျက်လုံးပုံမှန်ဖြစ်သွားတယ် ။အဆင်းကြတော့အေးဆေးပဲ ။
ကိုယ်က လက်ထဲမှာသူ့ ခြင်းရယ် ပုစွန်ခြောက်ဘူးလေးရယ်ကိုင်လို့ ။

မုန့် တောင်းရင်လည်းအမြဲ၂ ခုတောင်းတယ် ၊တစ်ခုက ကိုယ်စားဖို့ နောက်တစ်ခုက ကိုယ့်ခွေးကျွေးဖို့ ။
လူကြီးတွေက ခွေးကို အဲလိုကျွေးတာမကြိုက်လို့ ၁ ခုပဲပေးတယ်ဆိုရင် ကိုယ့်မုန့် ကိုတစ်ဝက်ခွဲကျွေးခဲ့တယ်။

ကိုယ်ယောကျာ်းလေးဆန်တဲ့ကိစ္စဟာလည်း ကိုယ့်ဖေဖေကျေးဇူးကြောင့်
ယောကျာ်းလျှာလေးဖြစ်မလာခဲ့တာတဲ့။
မေမေကယောကျာ်းလေးလိုချင်သူမို့  ကိုယ်မွေးတော့ ယောကျာ်းလေး လိုပဲ ဆက်ဆံခဲ့တာ။
ကိုယ်ကလည်း သိတတ်တည်းက ဂါဝန်ကိုဆင်မရသူမို့ မေမေနဲ့ အကိုက်ပေါ့လေ။
နောက်တော့ ဖေဖေက မေမေ့ကို သတိပေးတယ်တဲ့ မိန်းကလေးဟာမိန်းကလေးပဲမို့ စိတ်အလိုမလိုက်ဖို့ ၊ ဟိုမရောက်ဒီမရောက်လေးဆိုရင် ကြီးရင်ဒုက္ခရောက်မှာ မို့ တော်တော့လို့ ပြောတယ်လေ။
အဲဒီတော့မှ မေမေကဘရိတ်အုပ်ပြီး ၊ မိန်းကလေးလိုဆက်ဆံလာတော့တယ် ၊
ဒါပေမယ့် ကိုယ်ကဝတ်တာစားတာတော့မရတော့ဘူး။
ဘောင်းဘီ ၊တီရှပ် ၊ ရှပ်အကျီတွေပဲကြိုက်တော့တယ်။ စိတ်ထားကလည်းမိန်းကလေးမဆန်ဘူး ။
စိတ်ကောက်တယ်မရှိဘူး ။ခတ်ဆန့် ဆန့် ပဲ။ မကျေနပ်ရင် မကျေနပ်ဘူးပြောပလိုက်တယ်။

ကိုယ်ဟာ ၄နှစ်နဲ့ ကျောင်းထားခဲ့ရတဲ့ကလေးလည်းဖြစ်တယ် ။
လူကြီးတွေကျောင်းပို့ လို့ သွားရတာမဟုတ်ဘူး။အိမ်နားမှာကကျောင်းရှိတယ်။ကိုယ်ကသူများကလေးတွေကျောင်းတက်တာကို အရမ်းသဘောကျတာ၊အသက်မပြည့်လို့ ကျောင်းမထားသေးတာကိုမရဘူး“ ကျောင်းသွားမယ် ကျောင်းသွားမယ်“ တစ်ချိန်လုံးအော်နေခဲ့လို့  ၊ မေမေကလည်းကျောင်းဆရာမဆိုတော့ ကျောင်းပို့ လိုက်တာ ။
ကျောင်းရောက်မှ ငြိမ်သွားတယ်တဲ့ ။ဒါ့ကြောင့်အတန်းတူတွေထက် ကိုယ်က ၁နှစ်ငယ်တယ် ၊ ရူးတိုးတိုး ။

ကိုယ်ငယ်ငယ်က မဆိုးဘူး ၊ ဒါပေမယ့်ကဲတယ် ..ရုပ်ရှင်ကြည့်ရင်လည်း ကိုယ့်ကိုမခေါ်လိုကြဘူး။
ရုပ်ရှင်ထဲမှာ ကော်ဖီသောက်ရင် ကော်ဖီသောက်မယ် ပြော၊ မုန့် စားရင်စားမယ်ပြောလို့ ။
ဒီလောက်ကတော်သေးတယ် ။ ထမင်းစားမယ် ဆိုတော့ ခက်ရော ... ။

စာဖတ်တတ်တဲ့ အရွယ်ရောက်တော့မှ ငြိမ်သွားတာ ..စာအုပ်ပုံထဲရောက်သွားပြီလေ ..ဖေဖေ့စာကြည့်ခန်းထဲရောက်သွားပြီ၊ ၃တန်းလောက် တည်းက စာတွေမွေနှောက်ဖတ်နေပြီ။
၎ တန်းမှာ ကိုယ်မှတ်မိသလောက် အရှည်ဆုံး ဖတ်ခဲ့တဲ့ ဘာသာပြန်ဝတ္တုက ဆရာကြီးမြသန်းတင့်ရဲ့ ရွှေပြည်တော်မျှော်တိုင်းဝေး (The Far Pavilions ) ပေါ့
၈ အုပ်တွဲထင်ရဲ့ ..ဖေဖေ့စာကြည့်ခန်းထောင့်မှာထိုင်ပြီး ဖတ်ခဲ့တာမှတ်မိတယ် ။
ကိုယ်ဟာ အငယ်ဆုံးမို့  ကစားဖော်မရှိတာလည်းပါတယ် ၊
၁၀တန်းဖြေပြီးနေတဲ့ အပျိုပေါက် ကိုယ့်မမဟာ
ကိုယ်နဲ့ ဘယ်ဆော့တော့မလည်း ၊ တစ်နေရာပြီးတစ်နေရာ ပြောင်းနေရသူမို့ သူငယ်ချင်းမရှိတာလည်းပါတယ်။
ကလေးတွေဆိုတော့စာထည့်တာလည်းမလုပ်ဖြစ်တော့ငယ်ငယ်ကသူငယ်ချင်းဆိုရင် အဆက်ပြတ်သွားတာပါပဲ။

နောက်နိုင်ငံခြားလည်းရောက်သွားရော ပိုဆိုးသွားတယ် ၊စာဖတ်ခြင်း ၊ ပန်းချီဆွဲခြင်းသာလျှင်ကိုယ့်အဖော်ပေါ့။
ဖေဖေ့နောက်လိုက်တယ်ပေါ့ ။ဖေဖေခရီးသွားရင်လိုက်တယ် ၊ဂေါဖ့်ရိုက်ရင်လိုက်တယ် ၊ မနက်ပြေးလည်းလိုက်တယ် ၊ ပြတိုက်တွေသွားကြည့်လည်းလိုက်တယ် ၊ ရုပ်ထုတွေကို ကိုယ်ကပုံတူဆွဲလို့ ပေါ့။
ချယ်ရီသီးတစ်ထုပ်နဲ့ ပန်းခြံထဲထိုင်လို့  ရွက်ကြွေသစ်ပင်တွေ ပုံတူဆွဲခဲ့တာပေါ့။ ကိုယ့်အတွက်ပန်းချီမှာလက်ဦးဆရာက ဖေဖေပါ ၊ ဖေဖေကဆီဆေးပါဆွဲတာ၊
ဒါပေမယ့်လည်း ပန်းချီဆရာမမဖြစ်လာခဲ့ပါဘူး သူ့ ပါရမီနဲ့ သူထင်ရဲ့ ။ဖေဖေလည်းပန်းချီဆရာမဟုတ်ဘူးလေ ။
အင်ဂျင်နီယာဖြစ်မယ့်လူဟာ ဒါပဲဖြစ်တာပါပဲ။ ပြောရရင်ကိုကိုလည်းငယ်ငယ်က ပန်းချီဆွဲတာပဲ၊ဂစ်တာတီးတာပဲ အသံနဲ့ ပတ်သက်လို့ တော်တော့်ကိုလုပ်ခဲ့တာ (Sound engineer ) တောင်စီးပွားဖြစ်လုပ်ခဲ့တယ်။
ဒါပေမယ့်လည်း အင်ဂျင်နီယာပဲဖြစ်တာပဲ ။ တစ်ချို့ မိဘတွေ စာမလုပ်မှာစိုးလို့ အပြင်စာပေးမဖတ်တာ၊ ပန်းချီပေးမဆွဲတာတွေ့ တော့ကိုယ့်မိဘတွေကျေးဇူးတင်မိပါတယ် ။

ကိုယ်ငယ်ငယ်ထည်းက ဘာလုပ်ရမယ် ဘာဖြစ်ရမယ်လို့ အချုပ် မခံခဲ့ရဘူး ။
ကိုယ်ကိုတိုင်လုပ်ခြင်လို့ လုပ်ခဲ့တာချည်းပဲ။ ကိုယ်ငယ်ငယ် ၃တန်းလောက်အထိ စာတော်တဲ့ အထဲမှာမပါဘူး။ စာမှမလုပ်ပဲ။ ဆော့နေတာကိုး ။
ကိုယ့်ဆရာမက မေမေ့ကိုပြောတယ် “မမရဲ့ကလေးဟာ ဉာဏ်ကောင်းသားနဲ့ စာကိုအာရုံမစိုက်တာ“ တဲ့ ။
မေမေ့က ၃တန်းကလေး ကိုယ့်ကို “ အငယ်လေးရယ် “ “ မေမေက အထက်တန်းပြဆရာမလေ“ “အငယ်လေးအတန်းပိုင်က အဲလို ပြောတော့မေမေ့မှာဘယ်ကောင်းမလည်း“တဲ့
“ဆရာမသမီးလေး ကစာမတော်ဘူးဆိုတော့လေ“ “မေမေ့တပည့်တွေကဘယ်လေးစားတော့မလည်း “တဲ့။ “သမီးလေးမလုပ်နိုင်တာလည်းမဟုတ်ဘဲ ဘာဖြစ်လို့ လည်း“ တဲ့ ၊ချိုချိုလေးပြောတယ် ၊
ကိုယ်က အဲဒီတော့မှ “ အင်းဒါဆိုလည်းလုပ်မှာပေါ့လေ“ ဆိုပြီးပြောတယ်တဲ့ ၊
ပုံကြီးနဲ့ တဲ့ မေမေကပြောပြတာ။ကိုယ်ကတော့ အေးဆေးပဲပြောတာပါ။
အဲဒီကစ နောက်ပိုင်း မေမေ အမြဲ စိတ်အေးရတော့တာပဲ။
စာမကျက်လို့ ပြောရတယ်မရှိတော့ဘူး။စာတော်တဲ့ကလေးမိဘ နေရာလည်းရသွားတယ်ပေါ့လေ။
မေမေ့ကို ကိုယ်ဟာသားယောကျာ်းလေးက အမေကိုစောင့်ရှောင့်သလို စိတ်ချမ်းသာစေခြင်ခဲ့တာ။
မေမေ မလုပ်နိုင်တာတွေ ကိုယ်လုပ်နိုင်တဲ့အတွက် မေမေ ဟာအားနွဲ့ သူပေါ့ ၊ ကိုယ်ကစောင့်ရှောက်ရမယ်
အဲလို တွေးခဲ့တယ်။ငယ်ငယ်ထဲက ဈေးဝယ်ရင် တွန်းလှည်းတွန်းပေးတယ် ။ နှင်းတောထည်းမှာမေမေချော်မလဲအောင်ထိန်းပေးတယ် ၊ ဒေသဆိုင်ရာဘာသာစကားကိုကိုယ်ကပိုတတ်တဲ့အတွက် ဘာသာပြန်ပေးတယ် ။လူကြီးပုံပေါ့လေ ။

ကိုယ်ကလေးလေးဘဝမှာ အားကိုးတာကတော့ ဘိုးဘိုးနဲ့ ဖေဖေပေါ့ ..ကိုယ့်ဟီးရိုးတွေပေါ့ ။
ဆယ်ကျော်သက်အရွယ်ကျတော့ ကိုကိုပေါ့ ။ သူတို့ လုပ်သမျှအားကျနေယုံပဲ။
တစ်ချို့ နေရာတွေကိုယ်သူတို့ ကိုမကျောနိုင်သေးဘူး။ ဘိုးဘိုးလောက် English စကား
မပြောနိုင်သေးဘူး၊ ဘာသာစကား ၃မျိုးမပြောတတ်သေးဘူး။တရားအားမထုတ်နိုင်သေးဘူး ။
ဖေဖေ့လို ဆီဆေးနိုင်အောင်မဆွဲတတ်ဘူး ။ တင်းနစ်မရိုက်နိုင်ဘူး ။
ကိုကို ့လို သခ်ာၤမေတာ္ဘူး ။ သူ့ လောက်IQ မမြင့်ဘူး ။ (ကိုယ်ကအမည်ခံအင်ဂျင်နီယာပေါ့ )။
ကိုကို့ လို Physical intelligence လည်းမရှိဘူး ။

ကိုယ်လုပ်နိုင်တာ ကွန်ပြူတာနဲ့ ဆိုင်တာလေးပဲရှိတယ် ။ ဒါတော့စိတ်ဝင်စားလို့ ထင်ရဲ့ ။ အင်းလောကမှာအသုံးကျတာလေးတစ်ခုတော့ရှိအုံးမှ။

ငယ်ငယ်ကအကြောင်းဆို ....ဒီလောက်ပဲလေ ..များနေပြီတောင်ထင်ပါတယ် ၊။


(စာကြွင်း ။ပုံကို ဂါဝန်လေးနဲ့ ဆွဲထားတယ် တကယ်ကတော့ငယ်ငယ်က တစ်ခါမှမဝတ်ခဲ့ဘူး )



12 Responses
  1. thandar kyaw Says:

    ငယ်စဉ်က စိတ်ထဲရှိတာ လုပ်ခွင့်ရတာ ဗစ်သိပ်ကိုကံကောင်းတာပေါ့ ... နောက်လည်းဒီထက်ကံကောင်းခြင်းတွေ ရရှိပါစေကွယ် .... သူငယ်ချင်းမရှိတာကတော့ တခါတွေ့ဘူးတာနဲ့ သိပါတယ် ရင်းရင်းနှီးနှီး မရှိတာပါ အရာအားလုံးက သူများမလိုလည်း ဖြစ်တယ်ဆိုတော့ တစ်မျိုးလည်းကောင်းတယ် တစ်မျိုးလည်းမကောင်းဘူး တို့ကတော့ဗစ်ကိုပထမဆုံး စကားစပြောကတည်းက ခင်ပါတယ် ... ယုံတယ်ဟုတ် ..


  2. NangNyi Says:

    ငယ်ငယ်ကသာ ညီတို့တွေ့ခဲ့ရင် ဒီထက်ပိုပြီး တွဲဖြစ်မယ်.. သို့မဟုတ် တစ်စက်မှ မတည့်လောက်အောင်ကို ဖက်သတ်နေကြလိမ့်မယ်..း)


  3. Vista Says:

    ယုံပါတယ် သစ် ..
    နည တွဲရင်း ဖက်သတ်ကြမယ်ထင်တယ်


  4. ငယ်ငယ်တုန်းက အကြောင်းလေးတွေ ဖတ်ရတာ ပျော်စရာလေး၊ ဖတ်ရင်း ရီမိုးတောင်ငယ်ငယ်တုန်းက အကြောင်းလေးတွေ အမှတ်ရမိရဲ့ ...


  5. Sensational, awesome, impressive! love to read more ....


  6. မအားတဲ့ကြားက ချစ်စရာကောင်းလွန်းတဲ့ ညီမလေးစာလေးကို ဖတ်သွားပါတယ်....
    သိပ်သဘောကျတာပဲ။ အမေကို စောင့်ရှောက်ချင်တဲ့။ စိတ်ချမ်းသာစေချင်တဲ့ တော်တဲ့ညီမလေး။


  7. မီယာ Says:

    ပုံဆွဲထားတာ ချစ်စရာလေး... မုန့်တောင်းစားပုံကတော့ တကယ် ပညာသားပါတယ် နော် :) ငယ်ငယ်က အကြောင်းတွေလည်း အမှတ်တရ ရေးထားတာ ဖတ်လို့ ကောင်းတာပေါ့



  8. ချစ်ဗစ် ခုတလောမအားသေးလို့ လာဖတ်ပါတယ် နောက်မှမန့်မယ် :) အာာာဘွားးးးးးးးးးး


  9. ThuHninSee Says:

း) အငယ်လေးတဲ့လား။ မမွန်ကိုလည်း မေမေက ငယ်လေးလို့ခေါ်တယ်။
    ကြောင်တော့ ငယ်ငယ်ကတည်းက မချစ်ဘူး..



  10. SHWE ZIN U Says:

    ညီမရေ

    စာတွေလာဖတ်တဲ့ အတွက်ကျေးဇူးတင်တယ် ဖတ်သူရှိတော့ တင်ရတာ အားရှိတာပေါ့

    ဒို့တွေက ၅တန်း ၆တန်းလောက်မှ ဘာသာပြန်တွေစဖတ်တာ ကြီးမှ အရာသာပိုခံတတ်တာ

    ညီမလေး ဖတ်ချင်တာရှိရင်လည်း ပြောပါ တတ်နိုင်သလောက်ကျိုးစားပေးပါ့မယ်နော်

    ခင်မင်စွာဖြင့်