Dec
30
Vista
ကျနော်က ငါးကြိုက်တယ်ဆိုလို့ ရောက်လေရာအိမ်တွေက ငါးချက်ကျွေးပါတယ် .ဒါကတော့ ငါးကြင်းရေချိုနဲ့  ငါးပိအတို့ အစုံပါ ( ကန်စွန်းရိုးနီ၊ နံနံပင်၊ ကနဖေါ့ ၊ မုန်ညင်းဖူးပြုတ်၊သရက်ကင်း )

ငါးမြွေထိုး နဲ့ ဘဲဥရောချက်တဲ့ဟင်းပေါ့ (ထိကရုန်း ၊ပေါက်ပန်းဖြူ ၊ဘော့စကိုင်း၊ခွေးတောက်ရွက်..အတို့ တွေ )


ငါးကြင်းရေချို ကျနော့်အန်တီကြီးလက်ရာ ကျနော်အကြိုက်ဆုံးပါ


ဒါကမန္တလေးကဆိုင်မှာစားတာ (ဆိတ်သားနှပ်၊ဆိတ်ဦးနှောဏ်၊မှိုကြော်၊နို့ ခဲကြော် ..)




စစ်ကိုင်းကဆိုင်မှာစားကြတာ ဆတ်သားလည်းပါတယ် တို့ စရာက အရမ်းစုံတယ် ခရမ်းချဉ်သီးချက် ကလည်းအရမ်းကောင်းတယ် side dishes တွေလည်းအများကြီးပေးတယ် :P



Labels: 13 comments | edit post
Dec
28
Vista
မြန်မာပြည်ပြန်ရောက်တော့ မနက်ဆိုရင်ဈေးကိုမေမေ့ကိုလိုက်ပို့ ရတယ်၊
ဒါကအရင်ကတည်းကအမြဲ ကိုယ့်ဂျူတီလေ ..ကိုကိုကတော့ အဲဒီအချိန်အိပ်တုံး ...
ကိုယ်ကနိုးပီ.. အဲဒီတော့ကိုယ်ပဲလိုက်ရတာပေါ့ ဟိ..
အရင်ကတည်းက ဈေးပို့ ကားထဲ စာအုပ်တစ်အုပ်နဲ့ ထိုင်စောင့်နေကြ မားသားနောက်မလိုက်နိုင်ဘူး .သူဈေးဝယ်တာလိုက်ရတာ မလွယ်ကြော ဆိုင်တစ်ဆိုင်တွေ့ လည်းမဝယ်သေးဘူး၊
သူ့ ဆိုင်မဟုတ်သေးလို့ တဲ့ဆက်လျှောက်သေးတာ ၊ဒီဈေးပဲဒီပစ္စည်းပဲဝယ်ပါတော့လား ..မဝယ်ပေါင်
သူ့ ဆိုင်ရောက်မှဝယ်တာ..ဟူး တော်တော်မောတယ် ..
သူကလည်းကိုယ်တို့ လိုက်တာမကြိုက်ပါဘူး
ရှုပ်လို့ ကားထဲကပဲစောင့်နေတဲ့ ဟိဟိ..
အခုပြန်တော့အဲဒီ ဂျုတီဟောင်းကိုပြန်လည်ထမ်းဆောင်တယ်ပေါ့ ၊
ဒီတစ်ခေါက်တော့ မရောက်တာလည်းကြာတော့ ကားထဲမနေတော့ပဲ မားသားနောက်လိုက်
ဈေးခြင်းဆွဲရင်း ဓါတ်ပုံလေးတွေ ဖုန်းနဲ့ ရိုက်လာခဲ့တယ် ..အလွမ်းပြေကြည့်ချင်သူများအတွက်ပေါ့လေ...




ပန်းတွေနဲ့ ပန်းသည်မလေး


တို့ စရာတွေချည်းရောင်းတဲ့ဆိုင်လေ


ပန်းဖူးကလည်း ဒီကလိုမဟုတ်ဘူး ပိုစားကောင်းတယ်



လဖက်စားတဲ့ကြက်သွန်ဖြူဥတစ်လုံးလေးတွေ လှမှလှ




သရက်သီးစိုင်သီး နဲ့ ရှောက်ရွက် ၊သံပုရာသီး



အကြော်စုံ ..ပုံရိုက်ခြင်လို့ ဝယ်လာရတယ် ဟိဟိ



အစုံပလုံ အသီးအနှံတွေ

ဈေးဝယ်ပြီးအပြန်ကြတော့ မုန့် ဟင်းခါးဝယ်လာတယ် အိမ်မှာစားကြဖို့  ..
အဲဒါတော့မရိုက်လာခဲ့မိဘူး ဟိ.။လက်မအားတော့လို့ လေ..
Dec
23
Vista

ဇီးဖြူသီးအချဉ်ပေါင်း ၊မက်မန်းပေါင်း၊မာလကာသီး နဲ့ ဆီးသီးအစပ်တဲ့

အထမ်းနဲ့ လိုက်ရောင်းတဲ့ ကုလားလေးဗယာကြော်လေ

စစ်ကိုင်းက ဘုရားမှာရောင်းတဲ့ နှမ်းပြစ် ၊မြေပဲယို ၊ဌက်ပျောကြော် ၊မလိုင်လုံး ....

မန္တလေးဘုရားမှာရောင်းနေတဲ့  ပဲမြစ်ပြုတ် ၊နာနတ်သီး ...
ပဲမြစ်ကိုပြုတ်ထောင်းပြီး အုန်းနို့ ဆန်းရောင်းတာတွေ့ မိသေးတယ် မရိုက်လာမိလို့ 


သူများတွေ ဝယ်စားနေတာတွေ့ လို့ မြို့ တည်းသွားတုန်းရိုက်လာတာပါ ..
သိပ်မသန့် ဘူးထင်တယ်နော်
ဒိန်ချဉ်ကိုလည်း အဲခွက်တွေနဲ့ ပဲသောက်ကြတည့် လူတွေ့ ရတယ်...


(ခရီးသွားတုန်း တွေ့ သမျှ အချဉ်ပေါင်းတွေ၊ မုန့် တွေပါ ။
ကျနော်တော့မစားရဲလို့ မစားပါဘူး ဓါတ်ပုံပဲရိုက်ခဲ့တယ် ။
အမှတ်တရပေါ့ ...ရန်ကုန် ၊မန္တလေး၊စစ်ကိုင်း ..ကမုန့် တွေပါ ..
ရှိသေးတယ် ကင်မရာနဲ့ ရိုက်ထားတာတွေ၊
ဒါတွေက ဖုန်းနဲ့ ရိုက်ခဲ့တာတွေပေါ့။)


Labels: 11 comments | edit post
Dec
23
Vista




မြန်မာပြည်ပြန်တော့ ပိုက်ပိုက်တော်တော်ကုန်တယ် ...ဘယ်သွားသွားရှောခနဲပဲကုန်တာ
ဒီမှာအကြွေစေ့တွေ
ပိုက်ပိုက်သေးသေးလေးတွေနဲ့  ကတ်တွေပဲသုံးခဲ့တာဆိုတော့ပိုက်ဆံအိတ်ကသေးသေးပဲရှိတယ်လေ မြန်မာပြည်ရောက်တော့ပိုက်ဆံအိပ်အကြီးကြီးလို ရော...ဆန့် မှမဆန့် တာ ..
သူများဆီကခဏဌားသုံးရတော့တယ် ..
ပြီးတော့ ဘယ်သွားသွားပိုက်ပိုက်ကိုယူသွားရတယ် ကတ်မှမရှိတော့ .အဲလို ...
ခရီးသွားလည်းကုန်မယ်ထင်သလောက်ယူသွားရပါတယ် ..လေးတာမပြောနဲ့ လွယ်ရတာ
တစ်ခုတွေ့ တာက ပိုက်ဆံတွေတော်တော်စုတ်တာပဲလို့ 
့အရင်တုန်းကကျနော်သိတာ ပိုက်ဆံစုတ်ရင်ပြန်လဲခိုင်းတာပဲ အခုဘယ်လောက်စုတ်တဲ့ပိုက်ဆံဖြစ်ဖြစ်ယူတာတွေ့ ရတယ် ...အစုတ်ဆုံးက ၂၀၀ နဲ့  ၁၀၀ တန်တွေပါ .. ၅၀၀တန်က အဲလောက်မဆိုးဘူး..
ပုံတွေကိုကြည့်  .. စုတ်ပြတ်နေလို့ မှတ်တမ်းတင်ထားမိတယ် ..
ဒါတောင်နောက်ပိုင်းဒီ့ထက်စုတ်တဲ့ ပိုက်ဆံတွေတွေ့ သေးတယ်
ကျနော်ကတော့အဲဒီပိုက်ပိုက်တွေကိုင်ပြီးတိုင်းမှာ လက်ဆေးလိုက် ( အိမ်မှာ )
( ခရီးသွားတော့ hand sanitizers ) နဲ့ ပေါ့ မလွယ်ပါလားနော် ..
Dec
22
Vista





မြန်မာပြည်ပြန်သွားလည်ပါတယ် ။ခဏပါ ၃ပတ်လောက် ။မပြန်တာကြာပီဆိုတော့ ပျော်ပါတယ်။
အညာတို့ မန္တလေးတို့ ရောက်ခဲ့တယ် ။နောက်တော့ပုံတွေတင်ပေးပါမယ် ။အခုတော့ ကြေးအိုးကြိုက်တဲ့သူတွေအတွက် YKKO မှာသွားစားရင်းရိုက်လာတဲ့ပုံပါ ။ဖုန်းနဲ့ ရိုက်ထားတာပေါ့ ။ ရူစားကြကုန်...
Labels: 9 comments | edit post
Nov
30
Vista
တစ်စုံတစ်ယောက်သောသူကလေးအတွက်ရိုက်ပေးထားတာပါ
သူဘယ်သူလည်းဆိုတော့ ပိုး ဆိုတဲ့မိန်းမပျိုလေးပေါ့နော်...
သူက ကျနော့်စီဘောက်ထည်းက အောက်မှာပြထားတဲ့ အရုပ်ကလေးကိုအင်မတန်ကြောက်ပါသတဲ့
အဲဒီအရုပ်လေးနဲ့ ချွတ်စွပ်နီးပါးတူလို့  အပြင်မှာမနည်းရိုက်လာရတဲ့ပုံပါ ..
အဲအကောင်လေးကလည်းအငြိမ်မနေလို့ လေ။
ဒါကစီဘောက်ကအဲဒီအကောင်လေးအရုပ်လေးပါ
ကျနော်တို့ နာမည်ပေးထားတာ “ကောင်ကောင်ကြီး “တဲ့။
အခုပုံကတော့ အစစ် “ကောင်ကောင်ကြီး “ ပေါ့။



ပိုး ဆိုတာဘယ်သူလို့ သိရင်လည်းသိမှာပေါ့လေ...
မသိတဲလူများကတော့ ကောမန့် တွေမှာလာဆဲတဲ့သူလေးလို့ ပဲမှတ်ကြကုန်. ....

Nov
28
Vista



ရှဥ့်ဆိုလည်းရှဥ့်ပေါ့
ဘာလို့ ငပေါကပါရသေးလည်း!!
ကျနော်ကသူ့ တွေ့ တော့
“ ဟယ်ဟိုမှာရှဥ့်ငပေါလေး”လို့ အပြော
သူစိတ်ထည်းအဲလိုတွေးသွားတယ်ထင်တယ်
မျက်နှာလေးကသိပ်ကျေနပ်ပုံမရဘူး
ချစ်တော့ချစ်စရာလေး ။
( ဘာလို့ အဲလိုခေါ်ကြလည်းကျနော်လည်းမသိဘူး ..ဟိ )
Labels: 8 comments | edit post
Nov
19
Vista





Oh Lotus flower with beauty kissed by dew,
Waits upon the water for its Spring debut.
No other flower anywhere,
Has such beauty to compare.
Lotus flower, I love you.
This love song is just for you.


Mary Bone
Labels: 8 comments | edit post
Nov
14
Vista



အရမ်းကိုလိုချင်ခဲ့တဲ့စာအုပ်မနေ့ ကရောက်လို့ လာပါပြီ။
ပျော်လွန်းလို့ ညကစာအုပ်ကိုလက်ကမချနိုင်ဘူး။
Shopaholic များဟာကိုယ်လိုချင်တဲ့ ဒီဇိုင်းအမျိုးမျိုးဝယ်ပြီးရင်ပျော်သလိုပဲ Bookaholic များဟာလည်းကိုယ်နှစ်သက်တဲ့စာအုပ်ရလာရင် အလွန်စိတ်လှုပ်ရှားပါတယ်၊
စာအုပ်ချစ်သူတွေသိမှာပါ အဲဒီခံစားချက်ဟာပြောမပြတတ်ပါဘူး။
ဒီမှာဝယ်လို့ မရလို့ Amazon ကမှာရတာပါ၊
စာအုပ်နာမည် The Sun Also Rises ပါ ၊ နောက်နာမည်တမျိုးက Fiesta ပါ ။
၁၉၂၆ ကထုတ်ဝေခဲ့ပါတယ်။
နာမည်ကျော်စာရေးဆရာကြီး Ernest Hemingway ရဲ့ အကောင်းဆုံးလက်ရာ
လို့ လည်းဆိုကြပါတယ်။
၁၅ နှစ်လောက်က ဖေဖေ့စာအုပ်စင်ကနေ မြန်မာဘာသာပြန်ကိုစဖတ်ဖူးတဲ့စာအုပ်ပါ ၊
ဘာသာပြန်သူက ဆရာနတ်နွယ် ပါ စာအုပ်နာမည်က ဆန္ဒကျွန်မ တဲ့။
ဆရာကတော့အဲဒီအထဲက ဇတ်ကောင်အမျိုးသမီးကို
အထူးပြုချင်လို့ အဲလိုနာမည်ပေးခဲ့တာထင်တယ်၊
ဒါပေမယ့် ဇတ်လမ်းကသူ့ အကြောင်းပဲမဟုတ်ဘူး ပြင်သစ်၊ စပိန် တို့ ကိုအခြေခံပြီးတော့ လူတွေရဲ့စရိုက်အမျိုးမျိုး စိတ်ဆန္ဒအမျိုးမျိုး ၊( မရတာကိုမှလိုခြင်တဲ့ဇတ်ဆောင်မင်းသမီး လေဒီအက်ရှလီ ဘရက်ဒ် )၊
( ကျန်တာတွေပေးနိုင်တယ်သူလိုတာပဲမဖြည့်ဆည်းနိုင်တဲ့ ဇတ်ဆောင်မင်းသား ဂျိတ် )၊
( သူ့ သူငယ်ချင်းပျော်ပျော်နေတတ်သူ ဘင် ) စတာတွေနဲ့ တန်ဆာဆင်ထားတဲ့ ဝတ္ထုပါ။
ကိုယ်ကဘာသာပြန်ကို အလွတ်နီးပါးရနေတာမို့ ဆရာနတ်နွယ်ဟာဒီစာအုပ်ကို အသေးစိတ်ဘာသာပြန်ခဲ့တာပဲဆိုတာ မူရင်းကို ဖတ်ရင်းနဲ့ သိလာရပါတယ် ။
လွန်ခဲ့တဲ့တစ်လလောက်က ကိုကိုက Amazon ကနေ ကင်မရာမှန်ဘီလူးမှာရင်းနဲ့ 
Sir Arthur Conan Doyle ရဲ့ Sherlock Holmes စာအုပ်တွဲ တွေ
မှာမလို့ နင်လိုချင်တဲ့စာအုပ်တွေပြောလေဆိုလို့ ချက်ချင်းသွားသတိရလိုက်တာ
အရင်ကစာအုပ်မမှာဖူးပါဘူး တခြားဟာတွေပဲမှာဖူးတာ ၊
အဲစာအုပ်ကလည်း အရမ်းဟောင်းနေတော့ ဒီမှာဝယ်မရပါဘူး ၊
ကိုကို့ ရဲ့ Sherlock Holmes တွေလည်းတူတူပဲ အခုတော့အားလုံးနဲ့ အတူရောက်လို့ လာပါပီ ။
အဆစ်ကလေးအဖြစ် Charles Dickens ရဲ့  Great Expectations ဘာသာပြန်အမည် မျှော်တလင့်လင့် တောင်ပါပါသေးတယ် ။
အရမ်းကိုပျော်ပါတယ် ။
Labels: 14 comments | edit post
Nov
09
Vista

Together we can ...........!
Nov
05
Vista



Labels: 5 comments | edit post
Nov
02
Vista




Angels in White