အခုတလောမအားတဲ့ကြားကကြုံတွေ့ ခဲ့တာလေးပါ
ပိတ်ရက်တွေမှာအေးဂျင့်တွေနဲ့ အဆင်ပြေမယ်ထင်တယ့်အိမ်တွေလိုက်ကြည့်ရင်းနဲ့ ကြုံခဲ့တာ
အေးဂျင့်မ တစ်ယောက်နဲ့ အိမ်၁အိမ်ကြည့်ရင်းနဲ့ သူကကိုယ့်ကို Local လားတဲ့မဟုတ်ဘူးဆိုတော့တရုတ်လားတဲ့ မဟုတ်ဘူးမြန်မာပါဆိုတော့ ဒါဆိုမြန်မာလိုတတ်မှာပေါ့တဲ့ အင်းပေါ့ ..
စိတ်ထဲကတော့မြန်မာလိုမတတ်ဘူး ပြင်သစ်လိုပဲတတ်တာလို့ ဟိဟိ...
ဒါနဲ့ ပွဲစားထုံးစံအိမ်ကဘယ်လိုကောင်းတယ် ဘယ်လိုတန်တယ်တွေအပြီးမှာ
ငါ့ကိုတစ်ခုကူညီပါတဲ့
ဘာလဲဆိုတော့ မြန်မာစာလေးဘာသာပြန်ပေးပါတဲ့ ..
အမ်..အေးအေးလို့ ပြောလိုက်ပေမယ့်
စိတ်ထည်းမှာ ဘာပါလိမ့်ပေါ့..
မဟုတ်ကဟုတ်ကတွေဆိုဘယ်လိုပြောရပဆိုပြီး စဉ်းစားနေရတယ်
ဟုတ်တယ် တစ်ချို့ မြန်မာတွေကလည်းမလွယ်ဘူး သူငယ်ချင်းတွေကိုမဟုတ်တာသင်ပေးတာ..
ဒီလိုပြောတာဟာ နုတ်ဆက်တာဆိုပီး မဟုတ်တာတွေသင်ပေး ....
ဟိုကမသိတော့ အသံပြဲကြီးနဲ့ လိုက်ရွတ် ..ကြားရတာတော်တော်ဆိုးတာ..
အဲဒါနဲ့ ဇတ်ကြောင်းပြန်ဆက်ရရင် ..အဲဒီပွဲစားမက ဖိုင်တွဲထဲက စာရွက်တွေထုတ်လာ ..
လားလားကြည့်လိုက်တော့ လက်ရေးမူစာတွေကို ကော်ပီဆွဲလာတာ..
သူ့ ကိုလှမ်းကြည့်လိုက်တော့သူကသိတယ် အင်းငါ့အိမ်အကူလေးရဲ့စာတွေပါတဲ့
မဖတ်သေးပဲကိုင်ထားပြီး ဘာလို့ နင်ကသူများစာတွေသိခြင်တာလည်းလို့ မေးလိုက်တယ် ..
သူက .. ဟုတ်ပါဘူးဟယ်တဲ့ ဒီမှာကြည့်သူက ငါ့အိမ်ကိုဘယ်လိုလာရမယ်ဆိုတာပါ မြေပုံဆွဲထားတယ်တဲ့
ကြောက်လို့ ပါတဲ့..သူ ဘယ်သူနဲ့ များချိန်းနေလဲတဲ့
အဲတော့မှာ စာဖတ်ပေးမယ်ဆိုကြည့်လိုက်တယ် ...မဟုတ်ရင်မဖတ်ပေးဘူး
မြေပုံဆွဲထားတာလည်းတွေ့ လိုက်လို့ လေ..
နောက်တော့ဘာမှမဟုတ်ဘူးသူ့ ယောက်ျားကို သူဘယ်လို နေရာမှာလုပ်ရတယ်ဆိုတာပြောထားတာ
သိအောင်သရုပ်ဖော်တယ်ပေါ့နော် စိတ်မပူအောင်ပေါ့..ဒီမိန်းမရဲ့ကလေးတွေနာမည်လေးတွေလည်းပါတယ် အိမ်လိပ်စာလည်းမပါပါဘူး ..
ဓါတ်လှေကားဆိုတာဘယ်ခလုပ်နှိတ်ရတယ်ပေါ့ ( close , open )စသည်ဖြင့်ရေးထားတယ် ..
အိမ်ကိုမြေပုံဆွဲထားတာကလည်းအကြမ်းပါ ..အိမ်ဟာဘယ်လို ပုံပေါ့လေ..
ဒါပေမယ့်မြန်မာလို မတတ်တဲ့လူအတွက်ကတော့စိုးရိမ်စရာပေါ့
ငါ့အိမ်များဘယ်သူတွေခေါ်နေလည်းဆိုပီး ..
စာဖတ်ပြီးတွေ့ လိုက်ရတာက အဲဒီမိန်းကလေးက ပညာတတ်ပဲ လက်ရေးလက်သားသပ်ရပ်တယ် ရှင်းတယ်
စာထည်းမှာအမျိုးသားလုပ်သူကို
ဘုရားတရားလုပ်ဖို့ သူလည်းမှန်မှန်ဘုရားတရားလုပ်တဲ့အကြောင်းရေးထားတယ် ..
တနေ့ သူ့ အမျိုးသားလည်း ဒီကိုအလုပ်လာလုပ်မယ့်ပုံပေါ်တယ်
ဒါနဲ့ ပြောလိုက်တယ် သူ ဘုရားတရားလုပ်တယ်လို့ ရေးထားတယ်ဆိုတော့ အေးဂျင့်မက ဟုတ်တယ်တဲ့ တနေ့ တနေ့ ဘုရားရှိခိုးနေတာတဲ့ တော်လည်းတော်တယ် ငါ့ကလေးတွေလည်းစောင့်ရှောက်တယ်တဲ့
ပြီးတော့စာထဲမှာ အိမ်ရှင်ကလခကို သိမ်းပေးထားတယ်လို့ ပါတယ် ..
၆လတစ်ခါထုတ်ပေးမယ်တဲ့ သူက အိမ်ကို ၃လ ၁ခါလောက်ပို့ ခြင်တယ်တဲ့
ဒါပေမယ့်မပြောရဲသေးဘူးတဲ့ရေးထားတာတွေ့ လိုက်တယ်..
အဲဒါနဲ့ သူ့ ကိုလခဘယ်လို ပေးရလဲဆိုပြီးမေးရင်းက
သူကအိမ်ကိုထောက်ပံ့စရာရှိနေတယ်လို့ ပြောပေးလိုက်တယ်
သြော် သူမှာအဲလိုပေးရမှာတွေရှိတယ်လားတဲ့  .. သြော်မှားပါတယ် မိသားစုအဝေးမှာလာလုပ်ရတာ အပျော်လာလုပ်နေတယ်မှတ်လားမသိဘူး ..
စာဖတ်ရသလောက်ကဘာမှ ပြဿနာမရှိပါဘူးလို့ ဆိုတော့ အေးပါသူတော်တော်လေးတော်ပါတယ်တဲ့ မြေပုံတွေ့ လို့ လန့် လို့ ပါတဲ့ ..
တော်ပါသေးတယ် ဘာမှလည်းမဟုတ်လို့ ၃ စောင်လောက်ဒီလိုတွေပါပဲ ..
ဒါပေမယ့်ကိုယ်မသိတာက ဒီစာတွေကို သူကအိမ်ရှင်ကိုပြပြီးမှပို့ ရတာလား
သူက အိမ်အကူမလေးမသိအောင်ယူစစ်တာလား
သူပဲစာပို့ ပေးနေကြကနေမြေပုံတွေ့ မှ လန့် လို့ ကော်ပီယူထားတာလား
မမေးလိုက်ရဘူး နောက်တနေရာမှာ နောက်တစ်အိမ်ကြည့်စရာရှိတာနဲ့ 
နုတ်ဆက်ထွက်လာခဲ့ တယ်..
ပွဲစားမကလည်းစိတ်ရင်းကောင်းမယ်ပုံတော့ရှိပါတယ် ..
အင်းကံကောင်းပါစေမြန်မာမလေးရေ.....