Vista
ကြာပန်းတွေကိုဘယ်လိုချစ်မှန်းမသိဘူး
သူတို့ ကြည့်ရတာအရမ်းအေးချမ်းတာကိုး
ကြာပန်းတွေပြည့်နေတဲ့ရေကန်ဆိုလည်းအရမ်းသဘောကျတာ
ကြာခွက်တွေလည်းကြိုက်တယ် ..
ကြာရိုးကြာစွယ်တွေလည်းကြိုက်တယ် ..
ကြာပုတီးလုပ်ရတာလည်းကြိုက်တာပဲ
အဲဒီနေ့ ကကြာပန်းတွေမပွင့်ကြသေးဘူး
အဖူးလေးတွေပဲရှိသေးတယ်
Vista
ယုဇနပင်ပန်းတွေကြားမှာသိစရာအဖြေရှိမယ်…
ကိုယ့်အချစ်ကိုမပစ်ရင်ဖဲကြိုးအဝါလေးကို…
ပန်းတွေကြားမှာတွေ့ မယ် ….
ကိုယ်မျှော်လင့်ခဲ့ရတယ် …
( ကိုဇော်ဝင်းထွဋ် - ယုဇနပင်နဲ့ ဖဲကြိုးဝါ)
ရန်ကုန်က အိမ်ရှေ့ မှာကိုယ်စိုက်ခဲ့တဲ့ယုဇနပင်လေး ..
ဝယ်ခါစကပန်းအိုးနဲ့ သေးသေးလေး စားပွဲပေါ်အလှတင်ရတဲ့အပုအမျိုးပေါ့..
ကိုကိုနဲ့ ကိုယ်နဲ့ အိမ်အတွက်ပန်းပင်တွေ သွားဝယ်ကြတုံးက..
လွန်ခဲ့တဲ့ ၃ ၊ ၄ နှစ်လောက်က …
တစ်ခြားဂမုန်းပန်းတွေလည်းပါတယ် ဝယ်လာကြတာ ..
ဒီအပင်လေး ကိုကိုက ဝယ်ပေးတာ …
ကိုယ့်အတွက် ပန်းအိုးလေးနဲ့ စားပွဲပေါ်တင်ထားဖို့ တဲ့ ..
ကိုယ်ကပန်းအိုးလေးကိုခွဲပြီး ခြံထဲမှာစိုက်လိုက်ပါတယ် …
သူကလေးကို လွတ်လွတ်လပ်လပ်ကြီးပြင်းစေချင်လို့ ပါ ..
အခုတော့ ၂ပေလောက်ရှိတဲ့ခြုံပုတ်လေးဖြစ်နေပြီတဲ့ ..
ပန်းတွေအဆုတ်လိုက် အဆုတ်လိုက်ဝေလို့ တဲ့ …
ညတွေမှာဆိုမွှေးလိုက်တာတဲ့ ….
အိမ်ကပို့ လိုက်တဲ့ ပုံလေးပေါ့…