Showing posts with label Mandalay. Show all posts
Showing posts with label Mandalay. Show all posts
Vista

ဇော်ဂျီ ( ဖောင့်မဟုတ်ပါ )


အနှစ်ပေါင်း ၁၅၀ကျော်သက်တမ်းရင့် ကြာပြီ ဆိုလား .. ဒီတံခါးက ( သက်တမ်းမှားရင်ပြင်ပေးကြပါ )


ရှေးခေတ်ထဲက ကျုးပစ်က ခေတ်စားတာ ( ဟမ်)















ကင်မရာ မပါတိုင်း အမြဲရိုက်နေကြ လက်စွဲတော် ဖုန်းလေးက ပျက်ချင်ချင်ဖြစ်နေပြီ။
သူ့ ထဲက ပုံလေးတွေ သိမ်းရင်းနဲ့ မြန်မာမှာ တုံးက ရိုက်ထားတဲ့ ကောင်းနိုးရာရာလေးတွေတင်ထားတာပါ။
အခု ဆို ဖုန်းလေးက ဓါတ်ပုံရိုက်ရင် အဲလောက် ပုံထွက် မကောင်းတော့ဘူး။
သင်္ခါရပေါ့လေ။


Vista

နေညိုညို



နေရီရီ



အဝေးက ဦးပိန်တံတား
Vista


ဒါဘာလည်းမမေးနဲ့ မသိပါဘူး။ မသိလို့  ???? နဲ့ တင်ထားတာ။
မန္တလေးရောက်တော့ မနက်စောစောလမ်းထလျှောက်တာမှာတွေ့ တာ ။
ကြယ်ကြွေတာပဲလား ၊ ဥက္ကာပျံ လား ဘာမှန်းကို မသိဘူး။
လင်းလက်ပြီးတော့ ခပ်ဖြည်းဖြည်းမြေပေါ်ကို ကျလာနေတာ
ကင်မရာမပါလို့ ဖုန်းနဲ့ ရိုက်ထားလိုက်ကြတယ်။
အပေါ်ပုံက ကိုယ်ရိုက်တာ ၊ အောက်ပုံက ကိုကိုရိုက်တာ။
ဘာလည်းသိရင်ပြောပြပါ။
Vista

ကျုံးရှေ့ 

မန္တလေးတောင် နဲ့ ကျုံး


မန္တလေးတောင်
(ပုံ ၃ပုံ စလုံးကို တစ်နေရာထည်းကရပ်ပြီး ရိုက်ထားတာ )


(ဒီပုံကတော့ဟိုတယ် ပေါ်ကရိုက်တာ တကယ့်မြင်ကွင်းကောင်းတဲ့နေရာ )

ကျနော်မန္တလေးကို တစ်ခါမှ မရောက်ဖူးဘူး ၊ ကပ်ကပ်ပြီးကျော်သွားတယ် ။
ဒီတစ်ခါမြန်မာပြည်ပြန်ရောက်တော့ သွားကြမယ်ဆို သွားဖြစ်လိုက်တာ။
ရထားစီးသွားတယ် ရန်ကုန်မန္တလေး ဒဂုံမန်း အမြန်ရထား ၊ အိပ်စင်နဲ့ ။ အိပ်စင် ၄ စင်လုံးဝယ်လိုက်တာ ၊သူများတွေနဲ့ ရောနေရင်အားနာနေရမှာစိုး လို့ ၊
ကိုယ့်ဘာကိုယ် လွတ်လွတ်လပ်လပ် ဓါတ်ပုံရိုက်ချင်တာကိုး။
တစ်လမ်းလုံးလည်း ရိုက်လာတာ ဓါတ်ပုံတွေ မရေနိုင်ဘူး။
ရထားမစီးရတာ အရမ်းကြာနေပြီဆိုတော့ ပျော်သလားမမေးနဲ့ ၊
တမင်ကိုစီးချင်လို့ ကားတွေ၊ လေယာဉ်တွေ မစီးတာ။
ဖုန်တွေကတော့ထူတာပေါ့ ၊လူလည်း ဖုန်တွေကပ်ပြီးမည်းတူးနေတာ၊
ပြုတင်းပေါက်နားကပ်ကပ်ပြီး ဓါတ်ပုံရိုက်နေတာကိုး။

မန္တလေးရောက်တော့လည်း အမျိုးတွေကလာကြို မယ်
ရောက်မယ့်နေ့ ကို ဖုန်းဆက်ဆိုတာမဆက်ပါဘူး။
ဒုက္ခမပေးချင်ဘူးလေ ၊ကိုယ်က အပျော်ခရီးလာတာ သူများတွေ အလုပ်ပျက် အကိုင်ပျက်လာကြိုရ ၊ အိမ်မှာတည်းရ၊ ဧည့်ခံရမယ်ဆို မကောင်းဘူး ၊
အားနာတယ်ဆိုပြီး ဟိုတယ်မှာနေမယ်ပေါ့
Check in ပြီးမှဖုန်းဆက်ရင် သူတို့ လည်း အတင်းမဆွဲနိုင်တော့ဘူးလေ
( အပြစ်တော့တင်ခံရတယ် အဆိုးလေးတွေဆိုပြီး )။
ကိုယ့်ဖာသာကို အငှားကားငှားပီးတော့ ဘယ်ဟိုတယ်ရှုခင်းကောင်းလည်းမေးတယ်။
ကျုံးရှေ့ ဆို Swan ဟိုတယ်တဲ့ ၊
မန္တလေးတောင်ခြေဆိုတော့ Novotel တဲ့၊
ကျုံးရော မန္တလေးတောင်ရော မြင်ရတာက Sedona Mandalay တဲ့ ။
ဒီလိုနဲ့  Sedona ရောက်သွားတယ်။
တစ်လမ်းလုံး ပင်ပန်းသမျှပျောက်တာပဲ ၊ တစ်ကယ့် ကို hospitality ကောင်းပါတယ်။
ညစာကို ဟိုတယ်မှာပဲစားတယ် မှီယုံလေးပဲ Restaurant မပိတ်ခင်လေး ၊
ငါးရှဥ့်ခြောက်စပ် ၊ ယိုးဒယားသင်္ဘောသီးထောင်း နဲ့ ။
ဓါတ်ပုံလား မပါဘူး ဗိုက်ဆာလို့ စားလိုက်တာ သတိတောင်မရဘူး ဟက်ဟက်။

မန္တလေးဆောင်းအေးချက်ကတော့ အရမ်းပဲ။ အခန်းထဲမှာကို စွတ်အေးနေတာ။
အဲကွန်းပိတ်ထားလည်း လေမရလို့  ၊ အအေးလျှော့လည်းမထူးဘူး ၊
အပြင်ကကိုပို အေးနေတာဆိုတော့။
ရောက်ရောက်ချင်းညက ညစာစားပြီး အပြင်ထွက်လမ်းလျှောက် တယ်။
ညကြီးကိုကျုံးဘေးမှာ လေ့ကျင့်ခန်းလာလုပ်သူတွေ တော်တော့်ကိုများတာပဲ။
ယောကျာ်းလေး၊ မိန်းကလေး ၊လူကြီး ၊ လူသေး အစုံပဲ။



ဆက်ရန်