Showing posts with label Books;ဘာသာပြန်. Show all posts
Showing posts with label Books;ဘာသာပြန်. Show all posts
Vista

ထိုစဉ်တယ်လီဖုန်းသံကြားရသဖြင့် Dexter စိတ်သက်သာရာရသွားသည်။
ဌာနချုပ်ကို ဆက်သောဖုန်းများမှာအရေးကြီး သတင်းများသာဖြစ်သဖြင့်
Frey က အရာရှိချုပ် ဖြစ်ရာ ဖုန်းကို သူပဲဖြေရသည်။

“ အရာရှိချုပ် ပါ “ Frey က ဆိုသည်။ “ အင်း ကြားတယ် ၊ အင်း သိပြီ“

သူက တယ်လီဖုန်းကို လက်မှ ကိုင်ထားပြီး Dexter ကို ပြောသည် ။

“Fussel “ ဆက်တာ ခင်ဗျ ၊ တမံနောက်ဘက်နားမှာ သံချပ်ကာတင့်ကားတွေ
လှုပ်ရှားမှု အသံကြားနေရတယ်လို့ ပြောနေတယ်၊ မြေပုံအညွှန်း .... “

“ အဲဒီနေရာ ကိုယ် သိတယ် “ Dexter က ပြောလိုက်သည်။

“ သူ့ ကိုပေးထားတဲ့ အမိန့် အတိုင်းဘာမှ မပြောင်းလဲ ဘူးလို့ ပြန်ပြောလိုက် “

မဟာမိတ်တပ်များက တင့်ကားများ သုံးပြီး တိုက်လာပြီ ဆိုလျှင်
Fussel ၏ ရှေ့ တန်းခံစစ်ကို အလွယ်လေး ချိုးဖောက်နိုင်မှာပဲ ဟု Dexter က တွေးလိုက်မိသည်။

“ ဒါက ပရိယာယ်လည်း ဖြစ်နိုင်တာပဲ နော် “ Busse ကပြောသည်။

ဒါလည်းဖြစ်နိုင်ပါသည်။ မဟာမိတ်တပ်များက တင့်ကားများ
ထောင်သောင်းချီလာသည့် အသံမျိုး အတုလုပ်ကာ လှည့်စား နိုင်သေးသည်။
ဒါပေမယ့် Dexter စိတ်ထဲမှာ သေချာခံစားနေမိတာက ထိုအသံများသည် ပရိယာယ်မျှသာမဟုတ်ဘူးဆိုတာကိုပေါ့။

“ ဗိုလ်ချုပ်ကြီး ကတော် ကျန်းမာလိမ့်မယ် ထင်ပါတယ် “

Frey က Dexter လက်ထဲတွင်ကိုင်ထားသောစာကို လက်ညှိးညွန်ပြရင်းပြောလိုက်သည်။
သူ၏ စူးရှရှအသံက ပိုစူးရှလာသည်။

“ နေကောင်းပါစေလို့ လည်း ကျနော်ဆုတောင်းပါတယ် “

Dexter သဘောပေါက်သွားပါသည်။
ဒါဟာ ကြောက်စရာကောင်းသော ခြိမ်းခြောက်ခြင်းပဲမဟုတ်ပါလား ။
Frey သဘောထားက ခေါင်းဆောင်ကြီး ထံမှ တိုက်ရိုက်ဆင်းသက်လာသော သဘောထားဖြစ်သည်။
နာဇီပါတီကျဆုံး ပျက်စီးလျှင် ဂျာမန် တပြည်လုံးလည်းပျက်စီးရမည်။
ယောကျာ်းများက ကျဆုံး၊ မိန်းမနှင့်ကလေးများက
တိတ်ဆိတ်နေသော မြို့ များထဲမှာ ငတ်ပြတ်သေဆုံးကြရမည်။
သူတို့ စစ်ရှုံးလျှင် ဂျာမနီ တပြည်လုံး တစပြင်ပမာသာ ကျန်ရစ်ရမည်။

ခေါင်းဆောင်ကြီးနောက်ဆုံးမျှော်လင့်ချက်က တစပြင်ဂျာမနီပြည်ဆိုပါက
Frey ၏နောက်ဆုံးမျှော်လင့်ချက်မှာ ယခုခံတပ်မှ တပ်သား ၁ သောင်းလုံးကျဆုံးရေးသာဖြစ်ပေမည်။
ထို့ ကြောင့်သာ သူက ဗိုလ်ချုပ်ကြီးလက်ထဲမှ စာကို သတိပေးလိုက်ခြင်းဖြစ်သည်။
Aloise သည် ဓါးစာခံ၊ ထို အချက်ကို သူမေ့ လို့ မဖြစ်ပါလေ။

Dexter ပစ္စတိုသေနတ်က ခါးပတ်တွင်အသင့် ၊
သူက သေနတ်ကိုထုတ်ပြီး ထိုအရူးကောင်ကို ပစ်သတ်လိုက်ချင်သည် ။
သို့ ပေမယ့် ထိုအကောင်သေသွား အုံးတော့ Aloise က SS တွေလက်မှ လွတ်မည်မဟုတ်ပါလေ။ ထိုအရာကပို၍ပင် ဆိုးစေလိမ့်မည်။
အကျဉ်းသားတွေ နှိပ်စက်သောအခန်း ၊
သံမှိုနှုတ်သော ကရိယာတွေ .. အမလေး ... သူက အော်ဟစ် သောင်းကျန်းပစ်လိုက်ချင်သည်။

“ ကိုယ့် စာကိုတောင် သတိမရဘူး “ ပြန်ပြောလိုက်သော အသံက သူ့ အသံမှ ဟုတ်ပါလေစ။

“ ကိုယ်နားဦး မှ ၁၅ မိနစ်လောက် “ သူက ပြောလိုက်သည်။

Frey နဲ့ Busse က ခေါင်းငြိမ့်လိုက်ပြီး သူနားနေဖို့  အခန်းထောင့်တွင်
စောင်လေးဖြင့် အကာအကွယ် လုပ်ထားပေးသည့်နေရာကို
ဖြည်းဖြည်းခြင်းလျှောက်သွားတာကို ကြည့်နေလိုက်ကြသည်။

သူက စာကိုဖတ်ရန် ဖယောင်းတိုင်လေး တတိုင်ယူလာသည် ။
အကာလေး နောက်ကွယ်မှာတော့ ကုတင်လေးတလုံးသာရှိလေသည်။
သူက အိပ်ရာပေါ်လှဲချလိုက်ပြီး စာအိတ်ကလေးကို ရင်ပတ်ပေါ်တင် ကာ ငြိမ်နေမိသည်။

သူက စာကို မဖတ်ရင်ကောင်းမလား လို့ တွေးနေမိသည်။
သူအခု လုပ်နေသောအလုပ်က သူ့ အတွက်ဒုက္ခများငြိမ်းစေမည် ဖြစ်ပြီး
Aloise အတွက်လည်း အန္တရယ်မရှိနိုင်ပါ။
မဟုတ်ရင်တော့ သူမပြောတတ်တော့ပါချေ။

သူကတော့ ငြိမ်းချမ်းပြီး Aloise ကတော့ .. သူဒီလိုဘယ်တော့မှ မလုပ်နိုင်ပါ။
သူသေသွား ခြင်းသည်ပင် သူမကို မကယ်နိုင်ပါပေ။

သူတယောက်သတ်သေလိုက်ယုံမျှ နှင့်လည်း တပ်သား ၁ သောင်း အသက်ကို မကယ်နိုင်ပေ။
သူသေသွားလျှင် Frey က အမိန့် ပေးမည်ဖြစ်ပြီး
တပ်သား ၁ သောင်းမသေမချင်း တိုက်ခိုင်းပေလိမ့်မည်။
ထို့ ကြောင့် သူသတ်သေဖို့ လမ်းကို မရွေးသင့်ပါ။
ဂျာမနီပြည်ကြီးကို အုပ်စိုးထားသော စနစ်ဆိုးက Friedich von Dexter ကိုပင် သရဲဘောကြောင်သူတယောက်ဖြစ်သွားစေခဲ့လေပြီလား။

သူ့ သေနတ်ကို ဆွဲထုတ်ရန် ရင်ပတ်ပေါ်တွင် ဖိထားသော စာကို လွှတ်ရမည်။
စာကိုတော့ ဖတ်အုံးမှပါ ၊ နောက်မှ သေနတ်ကို ထုတ်တော့မည် ဟုတွေးပြီး စာကို ဖွင့်လိုက်သည်။

“ အချစ်ရဆုံးမောင်ရေ ၊

ဒီစာကနေတဆင့် မောင်တယောက် ကျန်းမာချမ်းသာ စေဖို့ 
ဘေးရန်ကင်းစေဖို့ ခင့်ဆီက ဆုတောင်းတွေကို သယ်ဆောင်လာပါလိမ့်မယ်။
ကျမတို့ အိမ်ထောင်သက်တလျှောက်လုံး မလျှော့တဲ့ အချစ်တွေကိုလည်း ပေးလိုက်ပါတယ်။
ဒါပေမယ့်မောင်ရယ် ၊
ဒီစာလေးဟာ မောင့်ကို စိတ်ဆင်းရဲခြင်းတွေ လည်းပေးလိမ့်မယ်ကွယ်။
ကျမမှာမောင့်ကို ပြောစရာ သတင်းဆိုးရှိတယ် ။
ကျမတို့ တူတူရှိနေတုံးက မောင့် မှာ စိတ်ညစ်စရာတွေများလို့ 
ထပ်တိုး စိတ်ဆင်းရဲမှာစိုးလို့ အသိမပေးဝံ့ဘူး ။
အသာလေး မပြောဘဲထားတာ ။ အခုတော့ မောင့်ကို ပြောကို ပြောရတော့မှာ မို့ လို့ ပါ။
မောင် ဒီစာကိုဖတ်နေချိန်မှာ ခင်ဟာလောကကြီးမှာ မရှိလောက်တော့ဘူးကွယ် ။
ခင့်မှာ ကင်ဆာရောဂါရှိနေတာကြာပြီလေ။ ဒေါက်တာ Mohrenwitz က ပြောတယ် ၊ ဒါပေမယ့်သူမပြောခင်ကတည်းက ခင်ရိပ်မိနေတာပါ ။ အခုတော့ ပိုလို့ ဆိုးလာနေပြီကွယ် ။ ခင်မခံစားနိုင်တော့ဘူး ဘယ်လိုမှ ဆက်ပြီး မနေနိုင်တော့ဘူး။
ဒေါက်တာ Mohrenwitz က အိပ်ဆေးတွေပေးတာ ခင်စုထားတယ် ။
ဒီညတော့ ဒီဆေးတွေ သောက်ြပီး လောက ကိုကျောခိုင်းတော့မယ် မောင်ရေ။
ဒါ့ကြောင့် မောင့်ကို ခင်နုတ်ဆက်ပါတယ် ။
ဘဝ တသက်လုံး မောင် ခင့်အပေါ်ဂရုစိုက်ချစ်ခင်ခဲ့တာတွေ
ကို ကျေးဇူးတင်လို့ မဆုံးပါဘူး ကျေးဇူးရှင်ကြီးရယ်။
ခင်ဒီလို လုပ်ရတာ စိတ်မကောင်းပါဘူးမောင်။
ခင်တို့ သားလေးတွေ ကျဆုံးတုံးက ခင်ခံစားရတာ
အပြင်မောင်ခံစားရတာကို ပါ ခင်မျှဝေ ခံစားခဲ့တယ်မဟုတ်လား ။
အခုတော့ ခင်မခံစားနိုင်တော့ဘူးမောင် ။
ခင် ဝမ်းနည်းတာ နာကျင်တာတွေမရှိတဲ့ အရပ်ကိုသွားတော့မယ်။
မောင်ဒီစာကို ဖတ်နေချိန်မှာ ခင်ဟာ ငြိမ်းချမ်းရာကို ရောက်နေပြီလို့ မှတ်ပါမောင်ရယ်။
ဒီည ခင့်အတွေးတွေထဲမှာ မောင်ဟာနောက်ဆုံးအချိန်အထိရှိနေမှာပါနော်။

နုတ်ဆက်လိုက်ပါတယ် ချစ်တဲ့ မောင်
မောင့်ရဲ့  A “


စာက ဒါပဲဖြစ်သည်။
Dexter က စာကို ၂ ခေါက်တိတိ ပြန်ဖတ်သည်။
ဖတ်အပြီးမှာ သူက စာကို ရင်ပတ်ပေါ်တင်ကာ တွေးနေမိသည်။
Aloise မရှိသော ဘဝ သည် ဘဝ သစ်ဖြစ်ပြီး သူလိုချင်သော ဘဝမဟုတ်ပါလေ။
သူဘာကြောင့်ဒီ အခန်းလေးသို့ ဝင်ခဲ့သည်ကို သတိရလာပြီး သေနတ်ပေါ်လက်တင်လိုက်မိသည်။
အေးစက်စက် အထိအတွေ့ ကသူ့ ကို နည်းမှန်လမ်းမှန်လုပ်ရန် သတိဝင်လာစေသည်။

Aloise သေပြီ .. သေလေပြီ ... လောကကြီးထဲ သူမ မရှိတော့ ၊
သူမအတွက်နာကျင်မှုများရော ဝမ်းနည်းရမှုများပါ မရှိတော့။
SS ကိုလည်း ကြောက်နေစရာမလိုတော့ပေ။
ဒါပေမယ့် သူကတော့ သူ့ တာဝန်ကျန်သေးသည်။
သူ တာဝန်ကျေအောင်ထမ်းဆောင်ရအုံးမည်။
ယခုပင်တာဝန်ကျေစေရမည်။

သူ့ တွင် အချိန်အနည်းငယ်သာကျန်တော့ သည် ။ အမြန်ဆုံးလှုပ်ရှားရမည် ။
သူက အိပ်ရာမှ ထထိုင်ပြီး ပစ္စတိုသေနတ်လုံခြုံရေးခလုတ်ကို ဖွင့်လိုက်သည်။
နောက်ခဏ အတွင်းမှာတော့ သူက အခန်းတွင်းမှထွက်ပြီး သေနတ်နဲ့ ချိန်ပြီးသား ဖြစ်နေလေပြီ။

Frye နှင့် Busse က ထိုနေရာတွင်ရှိနေသေးသည်။
သူတို့ က လိုက်ကာ နောက်ကွယ်မှ သေနတ်သံကိုမျှော်လင့်နေခဲ့ကြပြီး
သူ သေနတ်ချိန်လျှက်ထွက်လာတော့ အံအားသင့်နေကြလေသည်။
သူက ထို ၂ ယောက်တွင် အန္တရယ်အပေးနိုင်ဆုံး Frey ကို ချိန်ထား လိုက်သည်။

“ မလှုပ်နဲ့ နော် ၊ လှုပ်တာနဲ့ သေပြီမှတ်“ Dexter က ပြောသည်။

“ ဘာ ..ဘာဖြစ်လို့ လည်း ခင်ဗျာ ..“ Frey က သေနတ်ပြောင်းဝမှ နောက်သို့ ဆုတ်ရင်းပြောသည် ။

“ ရပ်နေစမ်း ၊ ခေါင်းပေါ်လက်တင်ထားလိုက် “

Frey က လိုက်လုပ်သည် ။သူ့ ပါးစပ်မှ တစုံတရာပြောပေမယ့် အသံမထွက်လာပေ။

“ Busse “

“ ခင်ဗျာ“

“ ခုချက်ချင်း Fussel ကို ဆက်စမ်း“

“ ဟုတ်ကဲ့“ Busse က ပြောရင်း တယ်လီဖုန်းနား တိုးသွားသည်။

“ ခင်ဗျား လက်နက်ချတော့ မလို့ လား “ အသံပြန်ထွက်လာသော Frey က ဆိုသည်။

“ ဟုတ်တယ် “ Dexter က ပြန်ပြောလိုက်သည်။

သူက အနာဂတ်ဂျာမနီပြည်ကြီး အတွက် ဂျာမန် ၁ သောင်းအသက်ကို ကယ်ဆယ်မည်။

“ဒါပေမယ့် ခင်ဗျားမိန်းမ “ “ သတိထားအုံးမှပေါ့ “ Frey က ပြောသည်။

“ ငါ့မိန်းမ သေပြီကွ“

“ ဒါပေမယ့် ကျနော့်မိန်းမ ၊ ကလေးတွေကျတော့ရော “

Frey အသံက ပိုစူးရှလာသည် ။

ထို့ နောက် ပိုင်းအဖြစ်အပျက်များက မြန်ဆန်လွန်းလှသည်။

စက္ကန့် ပိုင်းအတွင်းမှ Frey က သူ့ သေနတ်ကို ဆွဲထုတ်သည်။

ထို အချိန်မှာပဲ Dexter က သူ့ ကို နှစ်ချက်တိတိ ပစ်ပလိုက်သည်။

မြေအောက်ခန်းတွင် သေနတ်သံက အမြောက်ပစ်သလို ဆူညံသွားပြီး Frey လဲကျသေဆုံးသွားသည်။

“ ဒါလည်းကောင်းတာပဲ ၊ Fussel ကို ငါကိုယ်တိုင် ပြောရတော့မယ်“ Dexter က ပြောလိုက်သည်။

--------------------


ထိုညတွင် ဘီဘီစီ မှ Montavril ခံတပ် လက်နက်ချသည့် သတင်းကို ကမ္ဘာ တဝှမ်း ကြေညာသည်။ ဥရောပတိုက်တွင် ဘာသာစကား ၅မျိုးဖြင့်အသံလွှင့် သည်။
ဂျာမန် စစ်သား ၁ သောင်းမှာ မဟာမိတ်တပ် စစ်သုံပန်း စခန်းများသို့ ရောက်ရှိပြီး ၊
မဟာမိတ် ဆရာဝန်များ က ဒဏ်ရာရ ဂျာမန်စစ်သားများကို ညတွင်းချင်းပြုစု ကုသကြလေသည်။

အလွန်ဝေးလံသော အရှေ့ Prussia ဒေသ ဌာနချုပ်ကြီးတွင်တော့
သူမှန်းထားသော လူ ၁ သောင်းမသေသည့် အတွက်
စိတ်ရူးပေါက်နေသော အာဏာရှင်ကြီးတဦး သောင်းကျန်းနေလေသည်။

-----------------

ထိုညတွင် Welfenstrasse မြို ရှိ အိမ်လေး တံခါးသို့ 
လူ ၄ ဦး ရောက်ရှိ လာပြီး တံခါးခေါက်လေသည်။

အမယ်အိုတစ်ဦးက တံခါးဖွင့်ပေးပြီး ထိုသူများ ဘယ်သူဆိုတာ

ယူနီဖောင်းမြင်ရုံ နှင့်ရိပ်မိသွားတော့သည်။

“ ကဲ အမေကလည်း မင်းတို့ အလာကို စောင့်နေတာပါကွယ် ၊ အခုလိုက်ခဲ့ ရမှာလား “

သူမကမေးလိုက်သည်။

“ ဟုတ်တယ် ၊ လိုက်ခဲ့ရမယ် “ တယောက်က ပြောလိုက်သည်။

အမယ်အိုက သူမ၏ ဦးထုပ်နှင့် ကုတ်အကျီ င်္လေးကို စွပ်လိုက်ပြီး
စောင့်နေသောကားပေါ်သို့ တက်လိုက်သွားတော့သည်။

သူမ သည် ကျန်းမာစွာ အသက်ရှင်လျှက်ရှိပြီး သူမပြောခဲ့သလို
ကင်ဆာရောဂါရှိသူ တယောက်၏ လက္ခဏာများလည်း မရှိပါလေ။
ဒါပေမယ့် ခင်ပွန်းသည်ကို စာတွင် ပြောခဲ့သလိုပဲ
သူမဘဝ၏ နောက်ဆုံးအချိန်အတွေးများထဲတွင်တော့
ချစ်ရသော ခင်ပွန်းသည် အကြောင်းများသာဖြစ်ပါတော့သည်။

----------------------------------
The End
pic from free foto.com

Vista

Aloise က အသေခံတပ်ဖွဲ့ အကြောင်းဘာမှဝင်မဆွေးနွေးနိုင်သူ မို့ ဆက်မပြောပေ။
သူမ ခင်ပွန်းကသာ ဆက်ပြောပြန်သည် ။
“ ဆိုကြပါစို့  ၊ ကိုယ့်မှာ တပ်သား နှစ်သောင်းရှိတယ်ပေါ့ ၂ပတ် သုံးပတ်အတွင်းမှာ
ရန်သူ ၄သောင်းလောက်ကို ထိန်းထားနိုင်တယ်ဆိုရင်တော့ တန်တယ်ပေါ့ “
ကိုယ်တို့ တပ်က ရန်သူ့ ရဲ့ တကယ့်အရေးပါတဲ့ ပွိုင့်ကို တိုက်တယ်ဆိုပါတော့ကွာ ၊
သူတို့  တွေမှာ ကျည်ကာ မပြည့်စုံရင် ကိုယ်ဟာသူတို့ ကို အများကြီး ဆုံးရှုံးစေတာပေါ့ ။
အဲဒီ အရေးကြီးတဲ့ ပွိုင့်ကိုလည်းရရော ကိုယ့်ဘက်မှာ လူ ၅၀၀၀ လောက် ကျဆုံးနေပြီးဖြစ်နေပြီလေ။ “

Aloise က လူသေ ၅၀၀၀ကို ကြိုးစား ၍ပုံဖော်ကြည့်သော်လည်း
ထိုမျှများပြားသောကျဆုံးမှုပမဏ ကိုသူမမတွေးကြည့်နိုင်ပါ။

“ ဒါပေမယ့် ရန်သူ့ အင်အား ၁သောင်း ဒါမှ မဟုတ် ၁ သောင်း ၂ ထောင်လောက်
ကျဆုံးတယ်ဆိုရင် တော့လည်းဒါဟာ တန်တယ်လို့ ပြောလို့ ရတယ်။
ကိုယ်တို့ မှာ လက်နက်တွေကလည်းမလုံလောက် ၊ ကျည်ဆံတွေ ခဲယမ်းမီးကျောက်တွေလည်း
ကုန် ပြီး လေကြောင်းဗုံးကြဲတိုက်ခံမှုတွေလည်း ဒလစပ်ခံနေရတဲ့ အချိန်မှာ
ရန်သူက ဝင်တိုက်မယ်ဆို အောင်မြင်နိုင်တယ် ။
ဒီလိုအခြေအနေမှာ ကိုယ်ဟာ လူ ၁သောင်းခွဲလောက်နဲ့ ခံတိုက်မယ်ဆိုရင်တောင်မှ အကုန်ကျဆုံးမှာ။ ရန်သူဘက်ကဘယ်လောက်ကျဆုံးမယ်ထင်နေလည်း ၁ ထောင်လား
၁ ထောင်တောင်ကျမှာမဟုတ်ဘူး “

“ အင်းသိပါပြီ မောင် “

ဗိုလ်ချုပ်က နာရီကြည့်လိုက်သည် “ ကဲ ခင်ရေ အချိန်တန်ပြီ ..ပြန်လှည့်ရအောင် “

သူတို့ ပြန်လှည့်လျှောက်လာအပြီးတွင် Dexter က သူ၏ပို့ ချချက်ကို ဖြည့်စွက်လိုက်သည် ။

“လျှောက်တွေးမနေပါနဲ့ ကွာ ၊ ခံတပ်တခုတိုးလာတယ်ဖြစ်စ လျှော့သွားတယ်ဖြစ်စေ ဘာမှမထူးပါဘူးကွာ ။
ကိုယ်တို့ က တခြားတပ်ဖွဲ့ တွေနဲ့  ဂျာမနီပြည်ကြီး အကြောင်းပဲတွေးရမှာမှလား “

သူတို့ တိတ်ဆိတ်စွာလျှောက်လာကြသည်။

“ ရဲဘော်တွေဟာ အရာရှိကောင်းတယောက်အမိန့် အောက်မှာ ရဲရဲဝံ့ဝံ့တိုက်ခိုက်လေ့ ရှိကြတယ် ။
ဗိုလ်ချုပ်က ဆက်ပြောပြန်သည်။

“ ဒါပေမယ့် သူတို့ ဟာ အကျိုးမဲ့ အသက်စွန့် နေရတာကို သိလာရင် သတ္တိရှိရှိမတိုက်နိုင်ကြတော့ဘူးပေါ့ကွာ ၊ အဲခါကြတော့လည်း ထိန်းမထားနိုင်တော့ဘူးပေါ့ ၊ ကိုယ်ပြောတာ သဘောပေါက်လား “

“ ဟုတ်ကဲ့ပါမောင် “ Aloise ကပြောသည်။

“ အဲလိုဆိုမှ တော့ စစ်တပ်ကလည်း စစ်တပ်နဲ့ မတူတော့ဘူးပေါ့ကွာ “
ဗိုလ်ချုပ်ကပြောရင်း နောက်သို့ အမြန်လှည့်ကြည့်သည်။
သူတို့ တိတ်တိတ်ဆိတ်ဆိတ် လျှောက်လာကြရင်း သူရှေ့ ဆက်ပြောမည့် စကားတွေအတွက်
အခက်တွေ့ နေသည်။ ဒါပေမယ့် ဇနီးသည်က သူ့ ကိုအလိုက်တသိ မေးလိုက်သည်
မို့ ဆက်ပြောလို့ လွယ်သွားသည် ။

“ ဒါဆို မောင်ကရောဟင် .. မောင်ဘာဆက်လုပ်မယ်တွေးထားလဲ “

“ ကိုယ့်မှာက အမိန့် နဲ့ လေ “ Dexter က ပြောလိုက်သည် ။
သူ့ အသံမှာ မာနေသဖြင့် Aloise က သူ့ မျက်နှာကိုကြည့်လိုက်ရာ
မျှော်လင့်ချက်ကင်းမဲ့ နေသောမျက်နှာကိုတွေ့ ရလေသည်။

လွန်ခဲ့သော ၁ နှစ်ခန့် က Kharkov တွင် ခေါင်းဆောင်ကြီးဌာနချုပ်မှစာကို
ဖတ်နေစဉ်အတွင်းမှာတောင် သူ့ မျက်နှာတွင် ဘာခံစားချက်မှ မပေါ်အောင်ထိန်းထားနိုင်ခဲ့သည် ။
ရန်သူတွေ ဝိုင်းဝန်းပိတ်ဆို့ ထားသောစက်ကွင်း အတွင်းမှ လက်ကျန်တပ်ဖွဲ့ လေးကို သူနည်းသူ့ ဟန်ဖြင့် ခေါင်းဆောင် ထိုးဖောက်တိုက်ထွက်အပြီးမှာတော့ ထိုစာရောက်ရှိလာခဲ့ခြင်းဖြစ်လေသည်။
ထိုစာက သူကို တာဝန်မှရပ်စဲသော စာဖြစ်သည်။
“နာမည်တွင် von ပါသောခပ်ညံ့ညံ့လူကြီးမင်း “ ဟုစာတွင် သူ့ ကိုညွန်းဆိုထားခဲ့လေသည်။
သူ့ ကိုဆုံးရှုံးရခြင်းအတွက် သူ့ လက်အောက်မှ
အရာရှိအရာခံအကြပ်တပ်သားအားလုံး စိတ်မကောင်းဖြစ်ကြရသည်။
ဒါပေမယ့်လည်း ထုံးစံအတိုင်းခေါင်းဆောင်ကြီးဌာနချုပ်မှ အမိန့် ဖြစ်၍
ထိုအမိန့် တွင် တခုခုမှားယွင်းနေကြောင်း သိသော်လည်း သူတို့ သဘောထားကိုမဖော်ပြနိုင်ကြပါချေ။
ဗိုလ်ချုပ်က သူ့ တပ်ကို အချိန်တိုလေးအတွင်းနုတ်ဆက်ထွက်ခွာခဲ့ရပြီး နေရပ်သို့ အရှက်ရကာပြန်လာခဲ့ရသည်။
ဇနီးသည် Aloise တယောက်သာ သူ အရှက်ခွဲခံရတာကို နားလည်ပြီး နွေးထွေးစွာကြိုဆိုခဲ့သည်။
သူမက သူ့ ကိုအရင်ကထက် ပိုတိုးလို့ ပင်ချစ်သေးတော့သည်။

အသက် ၆၀ အရွယ်အမယ်အိုနှင့် ၆၂ အရွယ် အဘိုးအိုတို့  ပျက်စီးနေသော အိမ်များဘေးမှ
လျှောက်လာရင်း လူ နှစ်သောင်းကျော် အသက်ဘေးအတွက်ဆွေးနွေးလာကြရာတွင် ..
သူတို့ နှစ်ဦး ကြားမှာ အချစ်မရှိဘူး ထင်ပါသလား ။ ရှိပါသည် .. သူတို့ ကြားတွင် အချစ်ရှိပါသေးသည်။

“ ကိုယ်အမိန့် နာခံရမယ် “ Dexterက ပြောသည်။

“ ဟုတ်ကဲ့ သိပါတယ် မောင်ရယ် “ Aloise က ပြောလိုက်ပါသည်။

ဒါဟာ တာဝန်ချည်းပဲ သက်သက်ကြောင့်မဟုတ်ဘူးဆိုတာ ကို သူမသိပါသည် ၊
ခေါင်းဆောင်ကြီး အမိန့် ကို ဖီဆန်သူမှန်သမျှ သေကြရမည် မဟုတ်ပါလား။

“ခင်ရယ် “ ဟိုးအဝေး မိုးကုတ်စက်ဝိုင်းဆီသို့ မျှော်ငေးရင်း က ပြောလိုက်သည် ။
သူက သူ့ ချစ်ဇနီးနှင့် မျက်လုံးချင်း မဆိုင်မိအောင်နေ လိုက်ပါသည်။
“ ဟုတ်ကဲ့ ပါ “
“ ခင် ဓါးစာခံဥပဒေ အကြောင်းသိတယ်နော် “
“ ဟုတ်ကဲ့“
“ နားလည်း နားလည်တယ် မဟုတ်လား ဟင်“
“ ဟုတ်ကဲ့ ခင်နားလည်ပါတယ်“

ဂျာမနီပြည်တွင် ရှိသမျှလူအားလုံး ထို ဥပဒေကို နားလည်ကြပါသည် ။
ထို ဥပဒေကို စတင်ကျင့်သုံးသည်မှာ အချိန်အတော်ကြာခဲ့လေပြီး
အခုဆိုလျှင် အတည်ပြုပုံနှိပ်ပြီးပင် ဖြစ်နေလေပြီ။
အမျိုးသားများ၏ မိသားစုများသည် သူတို့ အတွက် တာဝန်ခံရသူများဖြစ်ကြရသည်။
စစ်သားတယောက် တပ်ပြေးလျှင် သူ၏ မိဘ၊ ဇနီး ဒါမှမဟုတ်
ညီမ ( သို့ ) သူ၏ ကလေးများပင် ကွပ်မျက်ခံရမည်။
တပ်ပြေးများပင်မကဘဲ မိမိတာဝန်ကျေပွန်အောင်မထမ်းဆောင်နိုင်သော သူများ၏
ချစ်ခင်ရသော မိသားစုများ သည်လည်း သေမင်းနှင့်ရင်ဆိုင်ရပေမည်။

“ ခု ခင်တယောက်တည်းကျန်တော့ တာနော် “ Dexterက မိုးကုတ်စက်ဝိုင်းကို ငေးမျှော်ကြည့်ရင်းပြောလိုက်သည်။
“ သိပါတယ် မောင်“ Aloise က ဆိုသည်။

သားငယ် Friedrich von Dexter က El Alamein တွင် ကျဆုံးပြီး
Lothar von Dexter က Stalingrad ကျဆုံးကာ Ernst က Rostov တွင် “ပျောက်ဆုံး“
စာရင်းဝင်ပြီးနောက် သူတို့ အဘိုးကြီး အဘွားကြီး ၂ ဦးသာကျန်ခဲ့တော့ သည်။
အခုတော့ တယောက်က အသေခံတပ်တွင် တာဝန်ထမ်းဆောင်ရပြီး နောက်
တယောက်က အိမ်တွင် ဓါးစာခံအဖြစ်ကျန်ရစ်ရပေတော့မည်။

“ ခင်သတိထားမိလား . အမိန့် စာမှာလေ ကိုယ့်လက်အောက် အနီးကပ် အရာရှိကို
ဘယ်သူ့ ကိုခန့် ထားလိုက်တယ်ဆိုတာ “
“ Gruppenfuehrer ... ဆိုလား . သူ့ နာမည် ခင်မမှတ်မိဘူး
SS (ထောက်လှမ်းရေး )အရာရှိမဟုတ်လား “

“Gruppenfuehrer Frey ... တဲ့ ကိုယ်သူ့ ကို မသိဘူး ၊
ဒါပေမယ့် ဘာ့ကြောင့်သူ့ ကို ခန့် တယ်ဆိုတာ တော့ သိတယ် “

“ မောင့်ကို စောင့်ကြည့်နေဖို့လား “
“ ကိုယ် တာဝန်ကနေ မသွေဖီ နိုင်အောင်လို့ ပေါ့ ကွာ “

သူတို့ အိမ်ပြန်ရောက်လာလေပြီ ။ အချင်းချင်းပြောစရာရှိသည်များလည်း ပြောပြီး ကြလေပြီ ။
အခုတော့ နုတ်ဆက်ကြ ဖို့ အချိန်တန်လေပြီ ၊အမြန်ဆုံး နုတ်ဆက်ကြရပေတော့မည်။

ထိုသို့ နုတ်ဆက်ရမှုတွေ ဂျာမနီပြည်တွင် ထိုအချိန်က အမြောက်အများရှိခဲ့ဖူးသည်။
ဟစ်တလာက သူ ရာထူးမှ ချထားခဲ့သော ဗိုလ်ချုပ်ဟောင်းများကို တာဝန်သို့ ပြန်ခေါ်ပြီး
“ ခံတပ်“ များတွင် တာဝန်ချနေချိန်လည်းဖြစ်သည်။
ထိုတာဝန်ကို ရာထူးကြီးသော၊ တပ်သားများလေးစားလိုက်နာမည့် အရာရှိကြီးများသာ
ခန့် ထားရန်အသင့်တော်ဆုံးကြောင့်ဖြစ်လေသည်။
Dexter က သူ့ ဇနီးကို နုတ်ဆက် အနမ်းပေးပြီး နောက် လာကြိုမည့် ကားကို စောင့်နေချိန်အတွင်း
“ ဓါးစာခံဥပဒေ“ ကို ရင်တွင်း၌ နင့်နင့်သီးသီး သတိရနေလေတော့သည်။

To be continued.


Vista

ဆောင်းဦးပေါက် ၁၉၄၄ ခုနှစ် ၊ မဟာမိတ်တပ်များက Cotentin ကျွန်းဆွယ်ကိုအောင်နိုင် ပြီးနောက် ပြင်သစ်ပြည်မှတဆင့် ဂျာမနီသိမ်းပိုက်ထားသော
နယ်စပ်များသို့ ပင် ဝင်ရောက်လာချိန်တွင် ၊
ခြေလျှင်တပ် ဗိုလ်ချုပ် Friedrich von Dexter သည်
သူ၏ထို "အမိန့် စာ"ကိုလက်ခံရရှိခဲ့ ခြင်းဖြစ်လေသည်။

ထိုအမိန့် စာ ကိုWelfenstrasse မြို့ ရှိ ဗိုလ်ချုပ်၏နေအိမ်လေး သို့ 
ဆိုင်ကယ်တပ်သားတစ်ဦးက သယ်ဆောင်လာခဲ့လေသည်။
တပ်မတော် အဆင့်မြင့် ညွန်ကြားရေးအဖွဲ့ မှ တဆင့် နယ်တပ်ရင်းသို့ ပေးပို့ လိုက်ခြင်းလည်းဖြစ်သည်။
မြို့ လေး တဝိုက် လေကြောင်းတိုက်ပွဲများ မရှိသလောက်ရှားပါးသွားပြီး ၊
ယာဉ်ရထား အသွားအလာလည်း မရှိချိန်တွင် ထို မော်တော်ဆိုင်ကယ်၏ကျယ်လောင်သောစက်သံက အနားရှိအိမ်များကိုပင် သတိပြုမိစေတော့သည်။

အိမ်နီးနားချင်းများက ပြုတင်းပေါက်များမှ တဆင့် လှမ်း၍အကဲခတ်ကြလေသည်။
သူတို့ က ဗိုလ်ချုပ်ကိုယ်တိုင် ထိုစာကို လက်မှတ်ထိုးပြီး လက်ခံရယူ လိုက်တာကို မြင်တွေ့ ကြရသည်။
ဆိုင်ကယ်စီးတပ်သား ပြန်အသွားမှာ ဗိုလ်ချုပ်လည်း အိမ်ထဲဝင်သွားတော့သည်။

ဗိုလ်ချုပ်က မျက်မှန်မတပ်ထားသည့်အတွက် ထိုစာရွက်ကို လက်တကမ်းမှာထား ဖတ်ရသည်။ သူစာဖတ်နေချိန်တွင် သူ့ ဇနီး Aloise က အနားတွင် တိတ်ဆိတ်စွာရပ်စောင့်နေသည်။
စာဖတ်အပြီးတွင်သူက စကားတခွန်းမဆိုပဲ ဇနီးသည်ထံစာရွက်ကိုလှမ်းပေးလိုက်ရာ
သူမက ထိုစာကိုဖတ်လိုက်သည်။

“ အဓိပ္ပါယ်က..? “ သူမက စပြောပြီးမှ ရပ်ပစ်လိုက်သည်။
အိမ်ထဲတွင် စက်ရုံလုပ်သားများ စခန်းချနေရာ သူမက အန္တရာယ်ကို မစွန့် စားလို ပေ။
သူမအနေဖြင့် ခေါင်းဆောင်ကြီး ထံမှ တိုက်ရိုက်ရောက်လာသော အမိန့် စာကို
ဝေဖန်ဆွေးနွေးနိုင်ခွင့်မရှိပါချေ။
အဘိုးကြီးနှင့်အဘွားကြီးသည် တယောက်မျက်နှာ တယောက်ကြည့်လိုက်ကြရာ အနှစ် ၄၀ကျော်ပေါင်းသင်းလာခဲ့သော သူတွေပီပီ စကားတစ်လုံးမှမပြောပဲ နားလည်သွားသည်။

“ ကဲ ၁၀ မိနစ်လောက်အချိန်ရသေးတယ်ကွယ် ၊ လမ်းလျှောက်ရအောင်... “ ဗိုလ်ချုပ်ကပြောသည်။

သူတို့ သည် လမ်းအတိုင်း ပျက်စီးနေသော အိမ်များကြားထဲမှ လျှောက်လာကြသည်။
ဗိုလ်ချုပ်က အရပ်ဝတ်နှင့်။
ခေါင်းဆောင်ကြီးက သူ့ ကို တာဝန်မှ ရပ်စဲလိုက် ကတည်းက သူ့ တွင် စစ်ဝတ် ဝတ်ခွင့်မရှိတော့ပါချေ။
ထို့ ကြောင့်သူက သူ၏ နှစ်ပေါင်း ၂၀ ကျော် ဟောင်းနွမ်းနေသည့် တွီကုတ်ကို ဝတ်ထားသည်။
သူ့ ဘေးနားမှ လျှောက်နေသော Aloise ကလည်း သူမ၏ ကုတ်အဟောင်းလေး စကတ်အဟောင်းလေးနှင့်။
သူတို့  ၂ ဦးကမှ တကယ့်ကို သူတို့ သက်တမ်းတွင် ရှင်သန်ကျန်ရစ်နေသူများသာဖြစ်တော့သည်။

“ စာ အဓိပ္ပါယ်က ဘာများလည်း မောင်ရယ်.. “ Aloise က လမ်းထောင့်လေးသို့ အရောက်တွင်မေးလိုက်သည်။
“ ခေါင်းဆောင်ကြီး ဆီက တိုက်ရိုက် အမိန့် လေ “.. “ ကိုယ့်ကို ခံတပ်မှာ တာဝန်ချတာပေါ့ကွာ “ ။
“ ဟုတ်ကဲ့ ၊အဲဒါ ပြင်သစ်မှာလားဟင်..“
“ ဘယ်လဂျီယံ နယ်စပ်မှာလေ ၊ ကမ်းစပ်မှာပေါ့ “
“ ဘယ်လို ခံတပ်မျိုးလည်းဟင် “
အဖြေမပေးခင် ဗိုလ်ချုပ်က ပုခုံးပေါ်မှကျော်ကာ နောက်လှည့်ကြည့်သည်။

“ ကိုယ်တော့ အဲဒါခံတပ်လို့ မထင်ပါဘူးကွာ ၊ စိတ်ထဲက ကို မထင်တာ “
“ ဟင်၊ ဒါဆို ... “

ဗိုလ်ချုပ်က ပုခုံးပေါ်မှ နောက်လှည့်ကြည့်ပြန်သည်။
“ ခေါင်းဆောင်ကြီးမှာ စနစ်သစ်တခုရှိတယ် ၊ အဲဒါ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကမှ ရုရှားမှာ စလုပ်တာ ။
တချို့ နေရာတွေကို ခံတပ်အဖြစ်သတ်မှတ်ပြီးတော့ မြို့ စောင့်တပ်နဲ့  အရာရှိ တစ်ဦးကို ခန့် ထားတယ်ပေါ့ကွာ “

“ အဲဒီတော့ .. “
“ အဲဒီလို့  နေရာကို ခံတပ်လို့ သတ်မှတ်ထားတော့ ကွာ အဲဒီမြို့ စောင့်တပ်ဟာ နောက်ဆုံးတစ်ယောက်ကျန်တဲ့အထိ ခုခံရတော့တာပေါ့ “

“ သိပါပြီ မောင်ရယ် “

လမ်းထဲမှာ ထိုအကြောင်းပြောရသည်မှာ အတော့်ကို ခက်ခဲလှပါသည်။

“ ခင်နားလည်ရမှာက ခေါင်းဆောင်ကြီးက သူ့ ဆန္ဒတွေ ပြည့်ဝ မယ်လို့ ထင်နေတာလေ။
သူက ခံတပ်လို့ ခေါ်လိုက်တာနဲ့  အဲဒီ ဒေသက ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ကြံကြံခံရတော့မှာ ၊
ထိန်းထားနိုင်တဲ့ အင်အားရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ၊တပ်တွေဘယ်လို ပျက်ပြားနေနေ၊ လက်နက်အင်အားမရှိတာပဲဖြစ်ပစေပေါ့ ၊ ဒါတွေပြောနေရတာကိုကပဲ သစ္စာဖောက်ရာကျနေပါပြီကွာ “

“ ဒါဆို မျှော်လင့်ချက်မရှိဘူးပေါ့ ဟုတ်လား “
“ ခင်ရယ် ...“ ဗိုလ်ချုပ်က စကားစပြီးမှ စစ်သားဆန်သောစကားလုံးတွေ စဉ်းစားရင်းရပ်သွားသည်။

“ ဒါဟာ ကိုယ့်တာဝန်ပဲလေ ၊
ကိုယ်ဟာ စစ်သားဖြစ်တဲ့ အတွက် ဘာအတွက်ဖြစ်နေနေ အမိန့် နဲ့  တာဝန်ကို
ဦးလည်မသုန် ထမ်းဆောင်ရမှာပေါ့ “
“ ဟုတ်ပါတယ် မောင်ရယ် ..“
“ ဒါပေမယ့်လည်း ..“ ဗိုလ်ချုပ်က ပြောရင်းရပ်သွားပြန်သည်။

“ဒါပေမယ့်ဘာဖြစ်လည်း ဟင် “

“ အမြဲတမ်းတော့ မဟုတ်ဘူးပေါ့လေ ၊ ပိတ်ဆို့ တိုက်ခိုက်ခံရတဲ့အခါမှာဆိုရင် ..“
အိမ်ထောင်သက် အနှစ် ၄၀ အတွင်း ဗိုလ်ချုပ်သည် သူ့ ဇနီးအား
တိုက်ပွဲနှင့်ပတ်သက်သော ကိစ္စများကို တိုင်ပင်လေ့ရှိခဲ့သော်လည်း
ပိတ်ဆို့ စီးနင်း တိုက်ခိုက်ခံရသောတိုက်ပွဲဆိုတာကို တိုတိုနှင့်လိုရင်းရှင်းပြရန်ခက်နေတော့သည်။

“ ပိတ်ဆို့ ခံရရင် ဘာဖြစ်လည်း ..“

“ အဲဒီကျရင် ဆက်လက်မခုခံနိုင်တော့တဲ့ အခြေအနေတခုဆို တာကို ရောက်လာတော့တယ်လေ “
“ တဖက်ရန်သူတွေက ချက်ကောင်းကို စီးမိသွားရင် ၊
သူတို့ အမြှောက်တပ်တွေနဲ့  တို့ တွေ ခံတပ်ကို ခြေမှုန်းတဲ့အခါမျိုးပေါ့ကွာ “

သူသည် ယခုပြောနေသည့် စကားမျိုးတွေကို စစ်တက္ကသိုလ်တွင်
အရာရှိငယ်များနဲ့ လည်း ကြိမ်ဖန်များစွာ ဆွေးနွေးခဲ့ဖူးပါပြီ။
ဆိုင်တဆိုင်ရှေ့ တွင် တန်းစီနေသော လူအုပ်နားရောက်တော့ သူစကားပြောရပ်လိုက်သည်။

လူအုပ်ကို ဖြတ်ကျော်လာတော့ ဇနီးဖြစ်သူက ဆက်မေးသည်။
“ ပိတ်ဆို့ တဲ့အကြောင်း ဆက်ပြောလေ မောင် .. “
“ အင်း အဲလိုပိတ်ဆို့ ခံရတဲ့နေရာမှာ အဝိုင်းခံထားရတဲ့ သူတွေဟာ
အကျအဆုံးအရမ်းများလာတဲ့အခါ ၊ ရန်သူ့ အင်အား နဲ့ ကိုယ့်အင်အား မမျှတော့တဲ့အခါ ၊
ခံစစ်ဟာ သတ်ကွင်းထဲမှာ အသတ်ခံ သက်သက်လောက်သာ ရှိပြီး
ကိုယ့်ဘက်က ဘယ်လို မှ ပြန်မတိုက်နိုင်တဲ့ အခါမျိုးရှိလာတတ်တယ်ကွ “
“ ဒါပေမယ့် အဲလိုတွေဖြစ်အုံးတော့ နောက်ဆုံးထွက်သက်အထိ ခံတိုက်နေရတတ်တယ် “

“ဘာဖြစ်လို့ လည်းမောင်ရယ် ၊ခင်တော့နားမလည်ဘူး “
Aloise က professional ဆန်အောင်သာပြောလိုက်ရသော်လည်းနားမလည်နိုင်ပါချေ။
သူမစိတ်ထဲတွင် လူသေအလောင်းများ ၊ ဖခင်မဲ့ကလေးများ နှင့်
သားမဲ့ မိခင်များကိုသာမြင်ယောင်နေလေသည်။
သူမကိုယ်တိုင် သူမသားများ သတင်းကြားရစဉ်က ခံစားခဲ့ရသည်လေ။
သူမ အနေဖြင့် ဗိုလ်ချုပ် ကတော်တစ်ဦး ဇနီးပီပီ ယခုလို ဆွေးနွေးချိန်တွင်
ဒါတွေမတွေးသင့်မှန်းတော့ သိပါသည်။

“ တခါတလေ ကျတော့လည်း ၊ မြို့ စောင့်တပ်ဟာ ကြံ့ကြံ့ခံပြီးတော့
ရန်သူတွေ ရဲ့ အရေးပါတဲ့ လမ်းကြောင်းကို ပိတ်ဆိုထားနိုင်တာမျိုးလည်းရှိတယ်ကွ ။
အဲလိုအချိန်ဆိုရင်တော့ နာရီနည်းနည်းလောက်လေး ဆက်ပိတ်ထားနိုင်ဖို့ 
အတွက်ကို အသေခံရတာ တန်တာပေါ့ကွာ “
“ ဖြစ်နိုင်တာပေါ့လေ “
“ မဟုတ်ဘူးကွ ၊ တကယ်က အဲလို အခြေအနေက အတော်ရှားတာ ကလား ၊
ဗိုလ်ချုပ် Dexter က ပြောသည် ။

“ ခင်ထင် တာထက်တောင် နည်းသေးတယ် “

Aloise က လူထောင်ပေါင်းများစွာ အသက်ကို စတေးရန် ထိုက်တန်သည့် အခြေအနေ
ရှိသည် ဆိုတာကိုပင် မယုံကြည်နိုင်သည့်အတွက် ၊
ဘာမှ ဆက်မပြောဘဲ ခင်ပွန်းသည် အပြောကို စောင့်နေသည်။
“ တကယ်တမ်းကျတော့ လည်း ၊ အသေခံမြို့ စောင့်တပ်တခုရဲ့ 
နောက်ဆုံးအချိန်အထိ တိုက်ပွဲဟာ အရေးပါတဲ့ နေရာမှာ မရှိတတ်ပါဘူးလေ “


-------------------------------------------------------------------------------------
To Be Continued
The Hostage by C.S. Forester
Vista


နောက်တစ်နေ့ မှာHans ရောက်လာသည်။ သူက Anette ကိုပြုံးပြရင်းပြောသည် ။

“ ထွက်မပြေးတာကျေးဇူးပဲကွာ “

“ ကျမ မိဘတွေက ရှင့်ကိုလာခိုင်းပြီးတော့ သူတို့ ရွာထဲထွက်သွားကြတယ်၊
ကျမရှင်နဲ့  စကားသေချာပြောစရာရှိတယ် ၊ ထိုင်ပါအုံး “

Hans က အပေါ်ဝတ် ကုတ်နှင့် သံခမောက်ကိုချွတ်လိုက်ပြီး ၊ထိုင်ခုံတစ်လုံးဆွဲကာ ထိုင်ချလိုက်သည်။

“ ကျမ မိဘများက ရှင့်ကို လက်ထပ်စေချင်ကြတယ် ၊
ရှင်က ရှင့်မိဘတွေ ကိုလည်းပြောပြီး ကတိတွေလည်းပေးတာကိုး “
“ ကျမပြောချင်တာကတော့ ကျမဘယ်တော့မှ ရှင့်ကိုလက်မထပ်ဘူးဆိုတာပဲ ၊
ကျမတစ်သက်မှာဘယ်သူ့ ကိုမှ ရှင့်ကို မုန်းသလို မမုန်းခဲ့ဘူးဖူး “

“ ဒါပေမယ့် Anette ရယ် ၊ မင်းကလေးအတွက် အဖေမလိုချင်ဘူးလား“

“ ရှင်ဟာ ဂျာမန်တစ်ယောက်လိုပဲ မတုံးဘူးဆိုရင် သဘောပေါက်သင့်တယ် ၊
ဒီကလေးဟာကျမအသက်ရှင်နေသ၍ အရှက်ရစေမယ့်အရာပဲ ။
ဂျာမန်စစ်သားနဲ့ ရတဲ့ကလေးကိုပိုက်ပြီးတော့ ကျမမိတ်ဆွေတွေမျက်နှာကို ဘယ်လို ကြည့်ရပါ့မလည်း ။ “
“ တစ်ခုပဲတောင်းဆိုပါရစေရှင် ၊ ကျမ ဘဝနဲ့ ကျမရှိပါစေတော့ ၊
ရှင်ကျမဆီကိုနောက်ဘယ်တော့မှမလာပါနဲ့ တော့ “

“ ဒါပေမယ့် ၊ ဒီကလေးက ကိုယ့်ကလေးလေ ၊ သူ့ ကို ကိုယ်လိုချင်တယ် ၊ ယောက်ျားလေးဆိုတာကိုယ်သိနေတယ်
ဒီကောင်လေးအရွယ်ရောက်လာရင် ကိုယ်တတ်သမျှအားလုံးသင်ပေးချင်တာ ၊
ဘယ်လိုဆိုင်ကယ်စီးရတယ် ၊ သေနတ်ဘယ်လိုပစ်ရတယ်သင်ပေးမှာ ၊
မင်းတို့ နားကစမ်းချောင်းလေးမှာ ငါးတွေရှိတယ်မှလား၊
ငါးဖမ်းတာလည်းသင်ပေးမယ် ၊
ကိုယ်ဟာကမ္ဘာပေါ်မှာ အပျော်ဆုံး ဂုဏ်အယူဆုံးအဖေလုပ်မှာကွ “

သူမက သူ့ ကို အေးစက်တင်းမာ မျက်လုံးလေးများဖြင့်စိုက်ကြည့်နေသည်။
အလွန်ဆိုးဝါးသော ၊ ကြောက်စရာကောင်းသော အကြံအစည်တစ်ခုက
သူမခေါင်းထဲမှာဖြစ်တည်လာနေပြီ။
သူမ၏အကြည့်တွင်အောင်ပွဲခံအရိပ်အယောင်တွေပါလာသည်။

“ ကိုယ့် အတွက်ကြင်ကြင်နာနာ စကား လေးတစ်ခွန်းတောင်မပြောနိုင်ဘူးလားကွာ “ သူကမေးလိုက်သည်။

“ ရှင် ဟာကျမရန်သူပဲ ၊အမြဲတမ်းရန်သူပဲ ၊ ကျမအသက်ဆက်ရှင်နေတာဟာလည်း
ကျမတို့ နိုင်ငံလွတ်လပ်ရေးရတာကို မြင်သွားချင်သေးလို့ ရှင့် ၊
ကျမတို့ လွတ်လပ်မှာပါ ၊ နောင်နှစ် ဒါမှမဟုတ် နောက်နောက်နှစ်တွေမှာ၊
နောက်အနှစ် ၃၀ လည်းဖြစ်ချင်ဖြစ်လိမ့်မယ် ၊
ဒါပေမယ့် သေချာပေါက်လွတ်လပ်မှာရှင့် ၊
အဲဒီကျရင် ကျမနိုင်ငံကို ကျုးကျော်သူတွေနဲ့ ဘာမှ ပတ်သက်နေစရာမလို တော့ဘူး။“

“ ကျမရှင့်ကိုမုန်းတယ် ၊ ရှင့်ကလေးကိုလည်း မုန်းတယ် ။
ကျမတို့ ဟာ စစ်ရှုံးခဲ့တယ် မှန်ပါတယ် ၊
ဒါပေမယ့်ဘယ်တော့မှ အရှုံးမပေးဘူးရှင့် ၊ အရှုံးမပေးသူများဟာ ဘယ်တော့မှ မရှုံးနိမ့်ဘူး ၊ ဒါကိုရှင်နောက်တော့သိလာရမယ် ၊ကဲပြန်ပါတော့“

သူ အတော်ကြာတိတ်ဆိတ်နေပြီးနောက် ထရပ်လိုက်သည်။

သူလမ်းဖက်လျှောက် ထွက်သွားသည်ကို သူမက ပြူတင်းပေါက်မှရပ်ကြည့်နေသည်။
သူလမ်းလျှောက်သွားစဉ် သူမတို့ အိမ်မှာမွေးထားတာကြာနေပြီဖြစ်သောခွေးအိုတစ်ကောင်က ၊ အတင်းလိုက်လာပြီး ထိုးဟောင်တော့သည်။
Hans က ဒီခွေးနဲ့ မိတ်ဆွေဖြစ်ရန်ကြိုးစားခဲ့သည်မှာ လပေါင်းများစွာကြာနေပြီဖြစ်သော်လည်း မအောင်မြင်ပေ။ ဘယ်လို လုပ်လုပ် သူ့ ကို မရင်းနှီးလာခဲ့ ။
အခုလည်း သူ့ ထံပြေးလာရင် ထိုးဟောင်ပြန်တော့၊
ဒေါသထွက်လာပြီး ရက်ရက်စက်စက် ကန်ထည့်ပစ်လိုက်သည်။

သူမက ဒါကိုတွေ့ နေရသည်။ “ တိရိစ္ဆာန် “ “အလိမ်တွေ ၊ အညာတွေ “ သူမကငိုကြွေးလိုက်သည်။


----------------------------------------------------


မတ်လပင်ရောက်ခဲ့ လေပြီ။ Soissons ရှိ သူတို့ တပ်မမှာ အပြောင်းအလဲတွေ ဖြစ်လာသည်။
စစ်ဆေးမှုတွေ စစ်သင်တန်းတွေ တက်ကြရသည်။
ဘယ်နေရာလို့ မသိသေးသော်လည်း ၊ တစ်နေရာရွှေ့ ကြရမည်မှာ သေချာနေပြီ။
တစ်ချို့ ကသူတို့ အင်္ဂလန်ကို တက်သိမ်းမည့် တပ်ဖွဲ့ တွင်ပါဝင်ရန်ပြင်ဆင်နေကြသည်ဟုထင်သည်။
တစ်ချို့ ကလည်း Balkans သို့ ပြောင်းရတော့မည်လိုလို Ukraine သို့ လိုလိုပြောနေကြသည်။
Hans မှာအလွန် အလုပ်များနေရာ ၂ ပတ်ကြာမှ လယ်တဲသို့ တစ်ခေါက်သွားနိုင်သည်။


“ အမလေး မင်းလာတာ အတော်ပဲ “ မဒမ် Périer က အော်လိုက်သည် ။

“ ဒီမနက်ပဲကလေးလေးမွေးတယ် ၊ ယောက်ျားလေး တော်ရေ့ “

“ ဟာ ၊ ယောက်ျားလေးဟုတ်လား ၊ ရှန်ပိန်ဖောက်ရအောင်ဗျို့ ၊ Anette ရော ဘယ်လိုနေလည်း “

“ သူ အလွယ်လေးမွေးတာတော့ ၊ ကလေးက ဆံပင်တွေအများကြီးပဲ ရွှေရောင်ဆံပင် မျက်လုံးပြာနဲ့  “

“ ကျနော် Anette ကိုတွေ့ ချင်တယ် “

“ နေအုံး ၊ သူမင်းကို တွေ့ ချင်လား မတွေ့ ချင်လားမသိဘူး ၊ ကလေးကို မင်းကို ပြမယ် ခဏစောင့် “

မဒမ် Périer က အပေါ်ထပ်သို့ တက်သွားသည် ၊ ထို့ နောက် ချက်ခြင်းပြန်ဆင်းလာကာ

“ဘယ်ရောက် သွားကြပြီလည်း ၊ မရှိတော့ဘူး “ ဟု အော်သည်။

သူတို့ ၃ ဦး သူမနာမည်ကို ခေါ်ကာ တစ်ခန်းဝင်တစ်ခန်းထွက်ရှာကြသည်။
အဘိုးကြီးက အရှေ့ တံခါးမှကြည့်ကာ

“ အရှေ့ ဘက်လမ်းကနေ အပြင်သွားတာ “ ဟုဆိုသည်။

“ အမလေး ၊ ဘုရားဘုရား သေတော့မှာပဲ လုပ်ကြပါအုံး “ မဒမ် Périer ကအော်တော့သည်။

“ကျနော်တို့ လိုက်ရှာမှ ဖြစ်မယ် ဘယ်ကိုလိုက်ရမှာလည်း “ Hans ပြောသည်။

“ စမ်းချောင်းလေးဘက် “ အဘွားကြီးကအော်သည် ။

“ ကျုပ်ကြောက်လာပြီ ၊ ကြောက်လာပြီ “

Hans က တံခါးကို ဆွဲဖွင့် လိုက်တော့ Anette က တံခါးဝ ကနေပြန်ဝင်လာသည်။
သူမ တစ်ကိုယ်လုံး အသေကောင်လို ဖြူဖျော့နေသည်။
မဒမ် Périer က ပြေးသွားပြီး ဖက်ထားလိုက်သည်။
ဒါပေမယ့် Anette က သူမကို တွန်းပစ်လိုက်ကာ Hans ကိုကြည့်သည်။

“ ရှင်ရောက်လာတာ အချိန်ကောင်းပဲ “

“ ကလေးရော ၊ ကလေးလေးရော “ မဒမ် Périer က အော်ငိုရင်းမေးနေသည်။

“ ကျမ ချက်ချင်းလုပ်မှ ဖြစ်မှာမို့ လုပ်လိုက်တယ် ၊ စောင့်နေရင် လုပ်ရက်မှာ မဟုတ်တော့လို့ “

“ Anette ကလေးကို နင်ဘာလုပ်လိုက်ပြီလည်း ?? !! “

“ ကျမလုပ်သင့်သလိုလုပ်လိုက်တယ် ၊
အဲဒါလေးကို စမ်းချောင်းထဲမှာ သေတဲ့ အထိ နှစ်ထားပြီး သတ်ပလိုက်တယ်လေ “

Hans သည် သေကွင်းသေကွက်ကို ထိမှန်ခံရသော တိရိစ္ဆာန်တစ်ကောင်၏ သေငယ်ဇောဖြင့်နာကျင်စွာအော်လိုက်သကဲ့သို့  အသံနက်ကြီးဖြင့်တစ်ချက်အော်လိုက်ပြီးနောက်
သူ့ မျက်နှာကို လက်များဖြင့်အုပ်ကာ အိမ်ထဲ မှ ပြေးထွက်သွားလေတော့သည်။



------------------------------------------------------------------------------------------------
ပြီးပါပြီ။

W. Somerset Maugham ၏ The Unconquered ကိုကျနော် နားလည်သလို ဘာသာပြန်ထားခြင်းဖြစ်ပါသည်။
(Image from Google )

၁၂ နှစ်သမီးမှာ ပထမဆုံး English လိုဖတ်ဖူးတဲ့  Somerset Maugham၏ ဝတ္ထုတိုမို့ အမှတ်တရ ဘာသာပြန်ထားခြင်းဖြစ်ပါသည်။ တစ်နေ့ တစ်ပိုင်းတင်ဖြစ်အောင် တုတ်ထမ်းစောင့်ပြီး အားပေးသော သူငယ်ချင်း ရွှေငါး၊ မအားတဲ့ကြားလာလာဖတ်ပြီး သတ်ပုံအမှား၊ စာအမှား တွေပြင်ပေးသော ငါးပြေမ နှင့် ကိုဘ ၊ သည်းခံဖတ်ပေးသော သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါတယ် ။း)

Vista



အချိန်တွေတစ်ဖြေးဖြေးရွှေ့ လျှားကုန်ဆုံးသွားသည်။
ဂျာမန်သတင်းစာများက နာဇီလေတပ် Luftwaffe ကြောင့် အင်္ဂလန်ကျွန်း ပျက်စီးရပုံ ၊
လူတွေထိန့် လန့် ကြောက်ရွံ့ ကြပုံ များကို ဝေဝေဆာဆာဖော်ပြကြသည်။
ရေငုတ်သင်္ဘောများကလည်း အင်္ဂလိပ်ရေတပ်ကို ဖျက်ဆီးပုံ ၊
အင်္ဂလန်မှာ ငတ်နေပြီ စသည်ဖြင့် သတင်းများဖတ်ရသည်။
နွေဦးပေါက်မတိုင်ခင်မှာပင် ဂျာမန်တပ်မတော်က အောင်ပွဲခံပြီး
ကမ္ဘာကိုအုပ်စိုးတော့မည်မှာသေချာနေလေပြီ။
သူက ပြင်သစ်မလေးနှင့်လက်ထပ်မည် ၊ သူမ ၏လယ်ကိုလုပ်ကိုင်မည်ဖြစ်ကြောင်း
သူ့ အိမ်သို့ စာရေးထည့်လိုက်သည်။
သူတစ်ကယ်လည်း သူမတို့ လယ်မြေကို သဘောကျပြီး Anette မိဘများနှင့်ပင်
သူဂျာမနီက မှာယူမည့် နောက်ဆုံးပေါ်ထွန်စက်အကြောင်း၊
တစ်ခြားအထောက်အကူပြုပစ္စည်းများ အကြောင်းမကြာခဏပြောဖြစ်ကြသည်။
သူက လယ်ထဲတွင် Anette မကူညီနိုင်သည်များကို ပင်ကူလုပ်ပေးသေးသည်။
ဒီလိုနည်းနဲ့ သူမကို အနားရစေသည်။

Anette ကတော့ ဒီပုံစံသာ။ အရင်လိုရန်လို မြဲ ။
စကားလည်းဘယ်တော့မှ မပြော။ တတ်နိုင်သလောက် သူမအခန်းထဲမှာပဲသူမနေသည်။

တစ်နေ့  သူလယ်တဲသို့ အသွား မဒမ် Périer ကို လမ်းတွင်တွေ့ ရာ ဆိုင်ကယ်ရပ်လိုက်သည်။

“ မင်း ပြန်အုံး ၊မလာနဲ့ အုံး Pierre သေပြီ “

“ ဘယ်သူတုံး Pierre ဆိုတာ “

” Anette လက်ထပ်မယ့် ကျောင်းဆရာဆိုတာလေကွယ် “

“ ဟယ် ငါတယ် ကံကောင်း “ Hans တွေးလိုက်သည်။

“ ဒါဆို ကျနော့်အတွက် အခွင့်အလမ်း ပွင့်တာပေါ့“ သူကပြောလိုက်သည်။

“ သူလုံးဝမငိုဘူးကွဲ့ “ မဒမ် Périer ကပြောသည် ။
“ ဒါပေမယ့် ဒီနေ့ သာမင်းကိုတွေ့ လို့ ကတော့ ဓါးနဲ့ ထိုးသတ်လိမ့်မယ် “

“ အာ ၊ ကျနော်နဲ့ ဘာဆိုင်လို့ လည်း အဲဒီလူသေတာ ၊ ဒါနဲ့ သူသေတာ ဘယ်လိုသိတုံး“
“ ဆွစ်ဇာလန်ဖက်ကနေလွတ်ပြေးလာတဲ့  သုံပန်းတစ်ယောက်က Anette ကို စာရေးလိုက်တာ “
ဒီမနက်ပဲစာ ရောက်လာတယ်လေ“
“ အကျဉ်းစခန်းမှာ အစားအစာမဝလို့ သပိတ်မှောက်မှုဖြစ်တယ်တဲ့ ၊ သပိတ်ခေါင်းဆောင်တွေ ပစ်သတ်ခံရတယ်တဲ့၊ အဲဒီထဲမှာ Pierre ပါသွားတယ်တဲ့လေ “

Hans ငြိမ်သွားသည်။ ဒီကောင်ကသေသင့်တာပေါ့လို့ သူကတွေးမိသည်။
သူတို့ က ဆန္ဒပြရအောင် အကျဉ်းစခန်းများဘာမှတ်နေလို့ တုံး ၊
Ritz ဟိုတယ်များမှတ်နေလား။
“သူ့ ကိုခဏလောက်လွှတ်ထားလိုက်အုံး“ မဒမ် Périer ကဆိုသည်။

“စိတ်ငြိမ်သွားတဲ့အခါ ကျုပ်ဖြောင်းဖြပေးမယ် “
“လာလို့ ရပြီဆိုရင် မင်းကို စာထည့်လိုက်မယ်လေ“

“ အင်း၊ ကောင်းပြီလေ ၊ ကျနော့်ကို ကူညီမယ်မဟုတ်လား “

“ အိုး စိတ်ချစမ်းပါတော် ၊ ကျုပ်ယောက်ျားနဲ့ လည်းတိုင်ပင်ပြီးပြီ၊
အကောင်းဆုံးကတော့ဖြစ်လာတာကို
လက်ခံဖို့ ဆိုတာ နားလည်ပါတယ်။
ကျုပ်ယောက်ျားကလည်း အရူးမဟုတ်ပါဘူး၊
အခုအချိန်မှာ ပြင်သစ်တွေအတွက် အကောင်းဆုံးက ပူးပေါင်းဖို့ ဆိုတာ သဘောပေါက်ပြီးသားပါ။
ပြီးတော့ ကျုပ်ကလည်း Anette အတွက် တော့
ကျောင်းဆရာထက် ၊ မင်းဟာခင်ပွန်းကောင်းတစ်ယောက် ပိုဖြစ်မယ်ထင်တယ်လေ၊ ပြီးတော့ကလေးကလည်းရှိသေးတယ်မှလား “

“ ကျနော်တော့ ယောက်ျားလေးဖြစ်စေချင်တယ်ဗျာ “ Hans ကဆိုသည်။

“ ယောက်ျားလေးပါ သေချာတယ် “ ငါဗေဒင်ချပ်တွေကြည့်တိုင်းယောက်ျားလေးပဲကျတယ်“

“ သြော် မေ့တော့မလို့ ၊ဒီမှာ ခင်ဗျားတို့ အတွက် သတင်းစာတွေ “
Hans က ဆိုင်ကယ် အဖုံးကို လှန်လိုက်သည်။
သူက အဘွားကြီးကို Paris-Soir သတင်းစာ ၃ စောင်ပေးလိုက်ရာ သူမကသေချာဖတ်နေသည်။
သူက ပြင်သစ်တွေ သည် ဟစ်တလာ၏ ဥရောပအတွက်ချမှတ်မည့် “ အမိန့် သစ်“ ကိုလက်ခံရမည်ဆိုသည့်အကြောင်း၊
ပင်လယ်ပြင်ကိုစိုးမိုးထားသော ဂျာမန် ရေငုတ်သင်္ဘောများ၏ အကြောင်း ၊
အင်္ဂလန်ကို ဒူးထောက်အောင်ဆောင်ရွက်နေသောတိုက်ခိုက်မှုများအကြောင်း နှင့်
အကူအညီပေးမည်ဆိုသော အမေရိကန်များမှာလည်း အသင့်မဖြစ်သေးကြောင်း များကို ခြုံငုံဖတ်ပြလိုက်သည်။ပြင်သစ်သည် အဖဂျာမနီနိုင်ငံတော်နှင့်ပူးပေါင်းပါက
အပြန်အလှန်အနေဖြင့် ဥရောပနိုင်ငံများအနက်
ဂုဏ်ပြုဖွယ်အဆင့်အတန်းတစ်ခုပေးမည်ဖြစ်ကြောင်း ရေးသားထားတာတွေလည်းဖတ်ပြသည်။
ထိုဆောင်းပါးသည် ဂျာမန်ကရေးခြင်းမဟုတ်ပဲ ပြင်သစ်တစ်ဦးကရေးထားခြင်းဖြစ်သည် ။

--------------------------------------------


Pierre နာရေးသတင်းကြားအပြီး ၁၀ ရက် ခန့် ကြာပြီးနောက် ညစာစားအပြီးမှာ
မဒမ် Périer က Anette ကို
“ အမေ Hans ဆီကို စာရေးလိုက်တယ် မနက်ဖြန်လာခဲ့ ဖို့ “

“ ပြောပြတာ ကျေးဇူးပဲ အမေ ၊ ကျမ အခန်းထဲမှာနေလို့ ရတာပေါ့“

“ ကဲ ၊ သမီးလေးရယ် ၊ Pierre လည်းဆုံးပြီပဲကွယ် ၊
Hans က သမီးကိုလည်းချစ်တယ် ၊လက်ထပ်ချင်နေတဲ့ဟာကို ၊
သူမရှိပဲ အမေတို့ လယ်ကိုလည်းဘယ်လိုဆက်ထိန်းသိမ်းမလည်း။
သူက ထွန်စက်တောင် သူ့ ပိုက်ဆံနဲ့ ဝယ်တော့မလို လုပ်နေပြီ ၊ ပြီးခဲ့တာတွေပြီးပါစေတော့သမီးရယ် “

“ အမေ သမီးကို သဘောမပေါက်သေးပဲကိုး ၊ ကျမသူ့ ကိုအရမ်း မုန်းတယ်အမေ ၊
သူ့ ရဲ့ ဘဝင်လေဟပ်နေတဲ့ ပုံစံ ၊ ဆရာကြီး ပုံစံကိုလည်း ရွံတယ် ။
သူ့ ကို ကျမသတ်လိုက်လို့ ရတယ် ၊ ဒါပေမယ့် သူသေတာနဲ့ တင်မကျေနပ်နိုင်သေးလို့ ။
ကျမ ရင်ထဲမှာ တစ်နုံ့ နုံ့ ခံစားနေရသလို သူ့ ကိုခံစားစေချင်တာ၊
အဲဒီလိုသာသူ့ ကိုပြန်ခံစားရအောင်လုပ်နိုင်မယ်ဆို ကျမသေပျော်ပြီအမေ “

“ မိုက်လှချေလား သမီးလေးရယ် “

“ နင့်အမေပြောတာမှန်တယ်သမီး “ အဘိုးကြီးက ဝင်ပြောသည်။

“ တို့ တွေဟာ စစ်ရှုံးကြပြီ ၊ အောင်နိုင်သူတွေနဲ့  အဆင်ပြေအောင်ပေါင်းရတော့မှာ “
အလိမ္မာသုံးပြီး ပေါင်းထားရင်းနဲ့ မှအနိုင်ပြန်ယူရမယ်လေ။
ဂျုးတွေနဲ့ ဗြူရိုကရက်တွေ တိုင်းပြည်ကို ဘယ်လိုဖျက်ဆီးခဲ့လည်း ကြည့်ပါလား သတင်းစာမှာ “

“ ဒီသတင်းစာထဲက ဟာတွေကျမ ယုံမယ်ထင်နေလား အဖေ ၊ ဒါတွေက အလိုတော်ရိတွေရေးတာ ၊ သစ္စာဖောက်တွေရေးထားတာအဖေရဲ့ ။ သူတို့ ကို ဂျာမန်တွေက ငွေနဲ့ ပေါက်ထားတာ “

“ ဘာလို့ ဒီကလေးကို ဒီလောက်တောင်မုန်းနေရတာလည်း သမီးရယ် ၊
သူက သမီးကို အတင်းသိမ်းပိုက်တာ ဟုတ်ပါတယ် ။
ဒါပေမယ့်အဲဒီတုန်းက မူးနေလို့ ပါ၊ ပြီးတော့လည်း
ဒါကို ပြန်ဆယ်နိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားနေတဲ့ ဟာပဲကွယ် “

မဒမ် Périer ကပြောရင်းနဲ့  စိတ်မရှည်ဖြစ်လာသည်။

“ သူက ညည်း အဖေကို ဆေးတံသောက်ဆေးဆိုလည်းယူလာပေးတယ် ၊ အစားအစာတွေလည်းယူလာပေးတယ်။
ညည်းက ချိစ်တွေ ၊ထောပတ်တွေ မစားတာတော့ဟုတ်ပါပြီ ၊
ဒီနေ့ ညည်းစားတဲ့ စွပ်ပြုတ်က အသားက သူယူလာတာ ၊ အသုပ်လုပ်တဲ့အထဲကဆီကလည်းသူ့ ဟာပဲ “

Anette က သူမမျက်နှာကို လက်များဖြင့်အုပ်ထားလိုက်သည်။

“ကျမသိတယ် ၊ မစားဘဲနေတာပဲ မတတ်နိုင်လို့ ဆာလွန်းလို့ စားမိတာ “

“ အေး ၊ စားပြီးဘီလေ “

“ ဟုတ်ပါတယ် ၊ စားမိပါတယ် ၊ ရှက်ရှက်နဲ့ ပဲစားမိတာပါ။
သူတို့ တွေက တင့်ကားတွေ ၊ လေယာဉ်တွေနဲ့ ကျမတို့ လူအင်အားကို ဖြိုခွင်းပြီး ၊
အခု စိတ်ဓါတ်ကို ပါ အငတ်ထားလို့ ရိုက်ချိုးနေပြီပေါ့ “

-----------------------------------------------------------------------------

(Image from Google )
နောက်တစ်ပိုင်းသာကျန်ပါတော့သည်

Vista


နောက် ၃ရက်ခန့် Soissions မှ မခွာနိုင်ဘဲဖြစ်နေရသည်။
အားလျှင်အားခြင်း လယ်တဲသို့ ပြေးသွားလိုက်သည်။
အဘွားကြီး မဒမ် Périer ကို အသွားလမ်းတွင်တွေ့ ရာ ဆိုင်ကယ်ကိုရပ်လိုက်သည်။
အဘွားကြီး ၏သူ့ အပေါ်ခင်မင်မှုဆိုသည်မှာလည်း
သူထောက်ပံ့ပေးကမ်းမှုတွေကြောင့်သာဆိုတာကို သူကောင်းကောင်းနားလည်ပါသည်။
ဒါပေမယ့် သူဂရုမစိုက်ပါ။
သူက စကားပြောစရာရှိသည်ဟုပြောလိုက်သည်။

“ ကျနော် Anette အကြောင်းသိပြီးပြီ “

“ ဘယ်လိုများ သိသွားသတုံးကွဲ့ ၊ သူက မင်းကိုလုံးဝမသိစေချင်ဘူး “

“ သူပဲကျနော့်ကို ပြောပြတာပဲ ၊ဘာလို့  ခင်ဗျားက အစောကမပြောတာလည်းဗျာ “

အဘွားကြီးက ဖြစ်ကြောင်းရယ်ကုန်စင် ပြန်ပြောပြလေတော့သည်။

ထို ပြဿနာကြီး ဖြစ်ပွားပြီးနောက်ပိုင်းတွင် Anette မှာ အိပ်ရာထက်တွင် ရက်ပေါင်းများစွာလဲပြီးနေမကောင်းဖြစ်နေသည်။
သူမက နာရီပေါင်းများစွာ
အော်လိုက် ငိုလိုက်နဲ့ ဖြစ်နေရာ ၊မိဘများက သူမရူးသွားတော့မည်လားတောင်ထင်ကြရသည်။
ပင့်စရာ ဆရာဝန်ကလည်း ရွာတွင်မရှိတော့ ၊
Soissons မှာတောင် ဆရာဝန် ၂ ယောက်ပဲရှိတော့သည်။
သူတို့ နှစ်ဦးလုံး သက်ကြားအိုများဖြစ်ရာ ၊ ရွာအထိ ခြေမကြွနိုင်ပေ။
ဂျာမန်များကလည်းမြို့ ပေါ်ကလူများကို ထွက်သွားခွင့်မပေး ။
Anette မှာထူထူထောင်ထောင်ဖြစ်လာသောလည်း ၊စိတ်မူမမှန်သေး ၊ ရှော့ခ်ဖြစ်သလိုဖြစ်နေသည်။
တစ်လ ပြီးတစ်လ ကုန်ဆုံးသွားပြီးနောက် မဒမ် Périer က သင်္ကာမကင်းဖြစ်လာသဖြင့်
သူ့ သမီးကို စစ်မေးသည်။
သူတို့ တွေသံသယနှင့် လန့် ဖြန့် ကုန်ကြပြီး အဘိုးကြီး Périer ကို အသိမပေးရဲကြ ။

Soissons သို့ သူတို့ ၏ကားစုတ်ကြီးဖြင့် သားအမိတစ်တွေမောင်းသွားကြသည်။
တစ်မြို့ လုံး ဂျာမန်စစ်သားတွေ အပြည့် ၊
နေရာတိုင်းမှာလည်း ဂျာမန်ဆိုင်းဘုတ်တွေပွထလို့ ။
ဆရာဝန်ဆီရောက်တော့ သူတို့ သံသယကို အတည်ပြုပေးလိုက်သည် ။
ဒါပေမယ့်သူက ကက်သလစ်ဘာသာဝင်မို့ သူတို့ ကိုမကူညီနိုင်ကြောင်းပြောလေသည်။

သူတို့ က နောက်ဆရာဝန်တစ် ဦးကိုလည်းသိသေးရာ ထိုဆရာဝန်ထံသွားကြပြန်သည်။
တံခါးဘဲလ်ကို တီးနေရာ အချိန်အတော်ကြာအထိဘယ်သူမှ မဖွင့်ပေး။
နောက်ဆုံးမှ အမည်းရောင် ဝမ်းနည်းမှုဝတ်စုံဝတ်ထားသော အမျိုးသမီးက လာဖွင့်ပေးသည် ။
ဆရာဝန် အကြောင်းမေးလိုက်ရာ သူမက ငိုတော့သည်။
ဆရာဝန်မှာ ဂျာမန်များကဓါးစာခံအဖြစ် ထိန်းသိမ်းခံနေရသည်။
တစ်နေ့ က ဂျာမန် အများအပြားရှိသော ကော်ဖီဆိုင်တွင်ပေါက်ကွဲမှုတစ်ခုဖြစ်ပွားရာ ၊ အရာရှိနှစ်ယောက်သေပြီး ၊ အများအပြား ထိခိုက်ဒါဏ်ရာရသည်။

“ ဘယ်သူခွဲတာလည်း မပေါ်ရင် သူတို့ က ဓါးစာခံတွေကို ပစ်သတ်မယ်တဲ့  “ အမျိုးသမီးကဆိုသည်။

အမျိုးသမီး ကကြင်နာတတ်ပုံပေါ်ရာ မဒမ် Périer က သူတို့ အကြောင်းပြောပြလိုက်သည်။
“ သနားစရာမိန်းကလေး ပါလား “ ဒါပေမယ့်သူမလည်းမကူညီနိုင်ပေ။

ဒါကတော့ အဘွားကြီး မဒမ် Périer က Hans ကို ဇတ်စုံခင်းပြခဲ့တာဖြစ်သည်။

Hans အတန်ကြာတိတ်ဆိတ်သွားသည်။

နောက်မှ “ နက်ဖြန် တနင်္ဂနွေနေ့ ပဲ ၊ ကျနော်အားတယ် လာခဲ့ မယ် ၊
တစ်ခုခု ကောင်းကောင်းလေးလည်းယူခဲ့ မယ် “

တနင်္ဂနွေနေ့ တွင် သူတို့ တွေအားလုံးအိမ်မှာ ရှိနေစေချင်သောကြောင့်
သူ အတန်ကြာနောက်ကျခံပြီးမှ သွားလိုက်သည် ။
သူက အထုပ်ခပ်ကြီးကြီး ယူလာသည် ၊ ရှန်ပိန် အရက်တစ်ပုလင်းလည်းပါသည်။

“ ဒီမှာကြည့် ၊ မင်းအတွက်ပစ္စည်းတွေ ပါလာတယ် “ Anette ကိုပြောလိုက်သည်။

“ မလိုချင်ပါဘူး “

“ အဟုတ်လား “ သူက စပ်ဖြီးဖြီးပြုံးလိုက်သည် ။ “ ကလေးအတွက် လိုတယ်လေ “

“ မှန်တယ် Anette ၊ တို့ မှာဘာမှ မရှိဘူးလေ “ အဘွားကြီးက ဝင်ပြောသည်။

ထို့ နောက် ပုလင်းကို မြင်သွားကာ “ ဟယ် ရှန်ပိန်ပုလင်းပါလား “

“ ရှန်ပိန် ဘာလို့ ယူလာတာလည်းဆိုတော့ .. ကျနော် အကြံရလာလို့ လေ။
ဟိုနေညက ဖြစ်ပျက်ခဲ့တာတွေကို တောင်းပန်ပါတယ်ကွာ ၊ ကိုယ်တမင်လုပ်တာ မဟုတ်ပါဘူး ၊ မတော်တဆဖြစ်သွားတာပါ ၊ ကိုယ့်ကို ခွင့်လွှတ်လို့ မရဘူးလား “

သူမက မုန်းတီးစွာ တစ်ချက်ကြည့်လိုက်သည်။

“ သေတောင် ခွင့် မလွှတ်ဘူး ၊ ဘာဖြစ်လို့ ကျမနဲ့ လာပတ်သတ်နေရတာလည်း ၊
ကျမ ဘဝကို ဖျက်ဆီးခဲ့တာနဲ့ မလုံလောက်သေးဘူးလား ဟင် “

“ မင်းဘဝ ကို ဖျက်ဆီး လိုက်တယ်လို့ ပြောမရပါဘူးကွာ ၊
မင်းမှာကလေးရှိနေပြီဆိုတာသိတာ ကိုယ်တော်တော်ဝမ်းသာတယ် သိလား ၊
ဂုဏ်လည်းယူတယ် “

“ ဂုဏ်ယူတယ် ?? “

“ ကိုယ့် ကလေးကို မွေးပေးစေချင်တယ် Anette “

“ အောင်မာ ရှင်ကဘာလေသံနဲ့ ပြောနေတာလည်း “

“ ဒီမယ် ၊ စစ်ကြီး ကနောက် ၆ လလောက်ဆိုပြီးတော့မှာ ၊ နွေဦးပေါက်ဆို အင်္ဂလိပ်တွေ ဒူးထောက်တော့မှာ၊
အဲဒီကျရင် ကိုယ်တပ်ကထွက်လို့ ရပြီ ၊ ကိုယ်မင်းကို လက်ထပ်မယ်လေ “

“ ရှင်က ၊ ကျမကိုလက်ထပ်မယ် ၊ ဘာလို့ တုန်း “

သူက ပြင်သစ်လို ပြောမထွက် သဖြင့် ဂျာမန်လို ပြောချလိုက်သည် ။

သူမနားလည်မည်မှာသေချာသည်။

“ Ich liebe dich .“

“ ဟဲ့ ၊ သူဘာပြောတာတုန်း “ အဘွားကြီးက မေးသည်။

“ သူက ကျမကို ချစ်တယ်လို့ ပြောတာ “

Anette က ခေါင်းကို တစ်ချက် ခါလိုက်ပြီး စရယ်တော့သည်။
သူမ ကရယ်လို့ မဆုံးနိုင်ဖြစ်နေပြီး မျက်ရည်တွေ ပါးပြင်ပေါ်စီးကျလာသည်။

“ ဂရုစိုက်မနေနဲ့  ၊ ဟစ်စတီးရီးယားလေ ၊ သိတယ်မှလား ၊ စိတ်ကမှန်သေးတာမဟုတ်ဘူး “ အဘွားကြီးကဆိုသည်။

Anette က စိတ်ကိုထိန်းကာ အရယ်ရပ်လိုက်သည်။

“ ကိုယ်ရှန်ပိန်ယူလာတာက ကိုယ်တို့ စေ့ စပ်ကြောင်းလမ်းတဲ့ အနေနဲ့ လေ “

“ ဒါမှ အဆိုး တက အဆိုးဆုံးပဲ ၊ အရူးအလုပ်ခံရတယ်ဆိုတာ ဒါမျိုးပဲ “ Anette က ဆိုသည်။

Hans ကဂျာမန်လို မပြောတော့ ပြင်သစ်လိုပြောင်းပြောသည်။
သူနောက်ပြောမယ့်စကားတွေကို Anette မိဘတွေနားလည်စေချင်သည်။

“ အခုလည်း လက်မထပ်နိုင်သေးဘူးလေ၊ စစ်ပြီးတော့မှ လက်ထပ်လို့ ရမယ် ၊
ကိုယ်က ခြူးတစ်ပြားမှ မရှိတဲ့ ကောင်မဟုတ်ပါဘူး ၊ ကိုယ့်အဖေဆိုလည်း ချမ်းသာတယ် ၊ မင်းလိုလေသေးမရှိစေရဘူး “

“ မင်း ၊ ကက်သလစ် ဘာသာဝင်လား “ အဘွားကြီးကမေးသည်။
“ ဟုတ်တယ် ခင်ဗျ ၊ ကျနော်ကက်သလစ်ပါ “

“ ဒါဆို တစ်မျိုးပဲ “

“ ကိုယ့်တို့ မှာ လယ်တွေလည်းရှိတယ် ၊ ကား ၊ရေဒီယို ၊တယ်လီဖုန်းလည်းရှိတယ် “

သူမက သူမအဖေထံလှည့်ပြောလိုက်သည် ။
“ အားလုံးပြည့်စုံတဲ့  လူကြီးလူကောင်း ကိုပြည့်စုံကြီးပေါ့ဟုတ်လား “
“ ကျမတော့နေရာကျတာပဲပေါ့ ၊ ဟင် ၊ စစ် ရှုံးနိုင်ငံက မိန်းမ ၊ လက်မထပ်ပဲမွေးထားတဲ့ ကလေးနဲ့ 
ဟားဟား ၊ပျော်စရာ ကြီး “ သူမက ငိုရင်းပြောသည်။


စကားနည်းသူ အဘိုးကြီး Périer ထံမှ အသံထွက်လာသည်။

“ မင်း သဘောကောင်းတာ ငါသိပါတယ် ။ ငါလည်း စစ်ကိုကြုံဖူးပါတယ် ၊ ဒီလိုပဲဗရုတ်သုတ်ခတွေဆိုတာဖြစ်ကြတာပါပဲ ၊ ဒါပေမယ့် ငါတို့ မှာ သားကသေသွားပြီ
Anette ပဲကျန်တော့တယ်၊ သူ့ ကိုမင်းနဲ့ ထည့်လိုက်လို့ တော့မရဘူး “

“ ဒါဆိုလည်း ၊ ကျနော်ဒီမှာနေမှာပေါ့ “

Anette က သူ့ ကို ဖြတ်ခနဲ လှည့်ကြည့်သည်။

“ ဘယ်လို ကွဲ့  “ အဘွားကြီးက မေးသည်။

“ ကျနော့်မှာ ညီရှိသေးတယ် ၊ ညီက အဖေ့ကိုကူလို့ ရတယ်လေ ။ ကျနော် ဒီနိုင်ငံမှာနေရတာလည်းသဘောကျတယ် ၊
အင်တိုက်အားတိုက်လုပ်မယ့်သူသာရှိရင် ဒီလယ်တွေက လယ်ကောင်းတွေ ပဲ။
စစ်ကြီးပြီးရင် ဒီမှာ အခြေချမယ့်ဂျာမန်တွေ အများကြီးပါ။
ပြင်သစ်မှာ ရှိတဲ့ မြေတွေနဲ့ လယ်လုပ်မယ့်သူတွေ လောက်မှ မလောက်တာ “

Anette က သူမ မိဘတွေ ဘာတွေးနေပြီဆိုတာ ရိပ်မိလိုက်သည်။
သူတို့ မှာ သားလည်းသေသွားပြီ ၊ အားကောင်းမောင်းသန်
သားမက်တစ်ယောက်လိုချင်နေသည်ဆိုတာ သေချာပြီ။

မဒမ် Périer က “ ဒီလို သာဆိုရင်တော့ စဉ်းစားရတော့မယ် “

“ အမေ လျှောက် မပြောနဲ့ “ သူမက တင်းမာစွာပြောလိုက်သည်။

ထို့ နောက် Hans ဖက်လှည့်ကာ ၊

“ ကျမက ကျမအရင်အလုပ်လုပ်တဲ့ မြို့ က ယောက်ျားလေးကျောင်း
ဆရာနဲ့ စေ့စပ်ထားပြီးသား၊ စစ်ပြီးရင်လက်ထပ်ဖို့ ပဲ ၊
သူကရှင့်လိုတော့မထွားကြိုင်းဘူးပေါ့ ၊
ဒါပေမယ့် ရှင့်လိုအရိုင်းအစိုင်းမဟုတ်ဘူး ၊
အရမ်းယဉ်ကျေးသိမ်မွေ့ တယ် ၊သူ့ ကိုကျမ ချစ်တယ် ၊ အသည်းနင့်အောင်ကိုချစ်တာ “

“ သူအခုဘယ်မှာလည်း “

“ ဘယ်မှာလည်း ? ။ ဘယ်သိနိုင်မလည်း ၊ ဂျာမနီတစ်နေရာရာမှာပေါ့ ၊ သုံ့ ပန်းလေ ၊
အငတ်အပြတ် စစ်သုံပန်းပေါ့ ၊
ရှင်က ကျမတို့ အစားတွေ စားပြီး ဇိမ်ယစ်နေချိန်မှာ သူကတော့ ငတ်နေရတယ်လေ ၊
ကျမရှင့်ကိုမုန်းတယ် ဆိုတာ ဘယ်နှစ်ခါလောက်ပြောရမလည်းဟင် ၊
ရှင့်ကို ခွင့်လွှတ်ဖို့ များပြောရဲသေးတယ် ၊ လုံးဝပဲ။
သူလား ဒီကိစ္စအတွက် ကျမကို ခွင့်လွှတ်မှာပေါ့ သေချာတယ် “
“ နောက်ပြီး ရှင်နဲ ကျမစေ့စပ်တယ် ဆိုတာသာ သိရင် ၊ ရှင့်ရဲ့ ပိုးခြေအိတ်တွေ ၊ ထောပတ်တွေ ၊ ချိစ်တွေ အတွက် ကျမ ကိုယ်ကျမရောင်းစားတယ် ဆိုတာသာသူသိရင်လေ ၊သူဘယ်လို နေရှာမလည်း
“ ပြီးတော့ ရှင့်ကလေး ၊ ရှင့်လိုပဲထွားထွား ၊ရွှေရောင်ဆံပင် ၊ မျက်လုံးပြာနဲ့  ၊ အမလေး ဘုရားရေ “

သူမက မီးဖိုထဲမှပြေးထွက်သွားတော့ သည်။

အတန်ကြာအောင် တိတ်ဆိတ်နေကြသည်။
Hans က ရှန်ပိန်ပုလင်းကိုကြည့်နေရင်း ထရပ်လိုက်သည်။
အဘွားကြီးက လမ်းမရောက်အောင်လိုက်ပို့ ရင်း

“ နောက်မှ ထပ်လာခဲ့နော်။“

သူ့ ဘက်က အဘွားကြီးရှိကြောင်း Hans သဘောပေါက်သွားသည်။


-------------------------------------------------------------------------
( Image from Google )

Vista

သူ နောက် ၁၀ ရက်လောက်ကြာမှ လယ်တဲသို့ တစ်ခေါက်ပြန်သွားနိုင်သည်။
သူ အိမ်ထဲလျှောက်ဝင်သွားတော့ လယ်သမားကြီးနှင့်သူ့ ဇနီးတို့  ထိုင်နေကြသည်။
ညနေစောင်းခါနီးဖြစ်ပြီးအဘွားကြီးက မီးဖိုမှာ ဟင်းချက်နေသည်။
အဘိုးကြီးက အနားကခုံမှာထိုင်နေသည်။

သူဝင်လာတာကို ကြည့်နေသော်လည်း သူတို့ မျက်နှာမှာ
အံ့သြပုံမရသောကြောင့် ၊သူလာသွားသည့်အကြောင်းကို မိန်းကလေး
ပြောပြထားပြီးဘီလို့ သဘောပေါက်လိုက်သည်။
သူတို့ က စကားမပြောကြပေ ၊ အဘွားကြီးက ဟင်းအိုးမွှေရင်း အဘိုးကြီးက စားပွဲခုံကို စိုက်ကြည့်နေသည်။

သူတို့ တိတ်ဆိတ်မှုကို Hans က မသိသလိုနှင့်

“ ကောင်းသောနေ့ ပါခင်ဗျာ ၊ ကျနော် လက်ဆောင်တွေယူလာပါတယ်“

သူယူလာတာတွေက ချိစ့်အကြီးတစ်တုံး ၊ အသားတစ်တုံး နှင့် ငါးသေတ္တာ နှစ်ဗူး ဖြစ်သည်။
အဘွားကြီးက လှည့်ကြည့်လိုက်ရာ သူမမျက်လုံးတွေကို တွေ့ လိုက်သည့်အခိုက် သူပြုံးလိုက်သည်။ ထိုမျက်လုံးများတွင် တက်မက်မှုအပြည့်ပါသည် ။
အဘိုးကြီးကတော့ အစားအသောက်တွေကို တိတ်ဆိတ်စွာ ကြည့်နေသည်။
Hans က ပြုံုးပြလိုက်သည်။

“ ကျနော်အရင်တစ်ခါတုံးက နားလည်မှုလွဲကြရတာကို စိတ်မကောင်းပါဘူး ၊ ဒါကို လည်းစိတ်ထဲမထားသင့်တော့ပါဘူး “

ထို အခိုက်အတံ့မှာ မိန်းကလေး အခန်းထဲဝင်လာသည်။

“ ရှင်ဘာလာလုပ်ပြန်တာလည်း “ သူမက စူးရှစွာအော်လိုက်သည်။

ထို့ နောက် သူ ယူလာသောအရာများသို့ အကြည့်ရောက်သွားကာ ၊
ပစ္စည်းတွေကို ကောက်ယူပြီး သူ ကိုပစ်ပေါက်ရင်း

“ ယူသွား ၊ ပြန်ယူသွား “

သူ့ အမေကြီးက ရှေ့ သို့ တိုးလာကာ

“ Annette ၊ မရူးစမ်းနဲ့  “

“ သူ့ လက်ဆောင်တွေ ကျမလက်မခံနိုင်ဘူး အမေ “

“ ဒါ ငါ့ တို့ အစားအစာတွေပဲ သူတို့ တွေ က ငါတို့ ဆီကယူသွားတာ၊
ငါးသေတ္တာကိုကြည့်ပါလား Bordeaux ကလုပ်တာ “

ဆိုရင်းအစားအစာတွေကို ကောက်ယူလိုက်သည်။

Hans က မိန်းကလေးကို လှောင်ပြုံးပါသော မျက်လုံးပြာပြာများဖြင့် စိုက်ကြည့်နေသည်။

“ Anette ဆိုတာ မင်းနာမည်ကိုး ၊ ချစ်စရာပဲ ၊ ဘာလို့ မင်းက မင်းမိဘတွေကို အစားအသောက်တွေမယူစေချင်တာတုန်း ၊
မင်းပဲပြောတော့ ချိစ့် မစားရတာ ၃ လကျော်ပြီဆို ။ ငါအတတ်နိုင်ဆုံးလုပ်ပေးတာပဲကွာ “

အဘွားကြီးကတော့ အသားတုံးကိုကောက်ယူက ဖက်ထားလိုက်သည် ။ နမ်းများပင် နမ်းမိတော့မတတ်။
Anette ပါးပြင်ပေါ်မျက်ရည်တွေ စီးကျလာသည်။

“ ရှက်စရာ ကောင်းလိုက်တာ “ သူမကငိုရင်းပြောသည်။

“ ဘာရှက်ရမှာတုံး ၊ အသားလေး ချိစ်လေးအတွက်နဲ့ ဘာမှရှက်စရာမရှိဘူး “

Hans ကပြောလိုက်သည်။

သူက ထိုင်ချလိုက်ပြီး စီးကရက်တစ်လိပ်မီးညှိ ဖွာလိုက်သည် ။
ထို့ နောက် စီးကရက်ဗူးကို အဘိုးကြီးကို လှမ်းတည်လိုက်သည် ။
အဘိုးကြီးက ရုတ်တရက်ဘာလုပ်ရမည်မသိဖြစ်နေပြီးမှ စီးကရက်တစ်လိပ်ယူကာ ဗူးကို Hans ကိုပြန်ပေးသည်။

“ ယူထားလိုက်ပါ “ “ ကျနော်က လိုချင်သလောက် ယူလို့ ရတယ် “

ထို့ နောက် သူတို့ ထိုင်ကာ စီးကရက်သောက်နေကြသည်။ နောက်ဆုံးတော့ Hans ကပြောလိုက်သည် ။

“ ဘာလို့ ကျနော်တို့ မိတ်ဆွေမဖြစ်နိုင်ရမှာလည်း “
“ ဖြစ်ပြီးတာတွေက ပြင်လို့ မရတော့ဘူးမဟုတ်လား ၊ စစ်ကြီးကစစ်ကြီး ပဲလေ ။
ကျနော်လည်း Soissons မှာတော်တော်ကြာကြာနေရအုံးမယ့်ဘဘောရှိတယ် ။
နောက်အခါတွေလည်း ကျနော် အစားလေး အသောက်လေးယူလာပေးလို့ ရတယ်။
ကျနော်တို့ က ပြင်သစ်တွေနဲ့  မိတ်ဆွေဖြစ်ဖို့ အစွမ်းကုန်ကြိုးစားနေတာပါ ။
ဒါပေမယ့် လမ်းမှာတွေ့ ရင်တောင်မှ ဘယ်သူမှကျနော်တို့ ကို မကြည့်ကြဘူးဗျာ ။
နောက်တစ်ခါကျနော်လာရင် စိမ်းမနေပါနဲ့ ၊ ဟုတ်လား “

“ ဘာလို့ ရှင်ကဒီကိုလာချင်နေရတာလည်း ၊ ကျမတို့ ဘာသာနေပါရစေ “
Anette ကဝင်ပြောလိုက်သည်။

သူ့ ကိုသူလည်းမသိပေ။သူက မိတ်ဆွေလိုချင်နေသည်။
Soissons မှာမိတ်ဆွေမရှိပဲ နေရသော ဂျာမန်တွေဘဝ
ဖော်ရွေမှုကင်းမဲ့တဲ့ အေးစက်စက်ပတ်ဝန်းကျင်က သူ့ ကိုစိတ်ကုန်စေသည်။
သူတို့ ကို တွေ့ ရင်မတွေ့ သလိုအကြည့်လွှဲနေတတ်သောာ ပြင်သစ် များကိုတွေ့ ရင် ဆောင့်ကန်ချင်စိတ်ဖြစ်မိသည်။
ဒါပေမယ့်သူက Anette ကိုတော့ မပြောပြပါ။
သူပြောသည့်အထဲက အမှန်တရားကတော့ သူ Anette နဲ့ မိတ်ဆွေဖြစ်လိုတယ်ဟုပြောတာပဲဖြစ်သည်။
သူမက သူဘဘောကျတဲ့ မိန်းကလေးပုံစံမဟုတ်ပါ။
သူဘာလို့ ဒီကောင်မလေးကို ဒီလို လုပ်မိလည်းလို့ သူ့ ကိုယ်သူ အကြိမ်ကြိမ်ပြန်မေးခဲ့ဖူးသည်။ အဖြေကတော့ရှင်းရှင်းလေး ၊ သူက ဂျာမန်တပ်မတော်ရဲ့ 
အောင်ပွဲအတွက်ရစ်မူးနေသည် ၊ အရက်လည်းမူးနေသည် ၊
မိန်းကလေးကလည်း အောင်နိုင်သူ သူ့ အပေါ်မှာ ကလန်ကဆန် လုပ်ခဲ့လို့ ပဲဖြစ်သည်။

၂ ပတ်လောက်Hans မအားရာ လယ်တဲဖက်ခြေမလှည့်နိုင်ဖြစ်နေသည်။
ဒါပေမယ့် သူကျောခိုင်းလိုက်တာနဲ့ အစားအသောက်တွေကို မြေခွေးငတ်တွေလို စားပစ်မယ့် လယ်သမားကြီးလင်မယားကို မြင်ယောင်မိသည်။
Anette ကရော ၊ သူမလည်းမသေချာ ။ သူမက သူ့ ကို မုန်းသည် ။ မုန်းလိုက်တာမှ .. ဒါပေမယ့်လည်းဘယ်ပြောနိုင်မလည်း ချိစ်က ချိစ် ၊ အသားက အသား၊ မုန်းတာက မုန်းတာပဲ။

သူက သူမအကြောင်း မကြာမကြာတွေးဖြစ်သည်။ ဘာကိစ္စ ဒင်းလေးက ငါ့ကို မုန်းရတာလည်း။
သူငါ့ကို ချစ်လာအောင်လုပ်ရမယ် ။
သူကလူချောတစ်ယောက်လည်းဖြစ်ရာ
မိန်းကလေးတွေ ချစ်အောင်လုပ်ရာတွင် အမြဲအောင်မြင်ခဲ့ သူဖြစ်သည်။

-------------------

နောက်ဆုံးတော့ သူလယ်တဲသို့ သွားဖို့ အခွင့်ရလာတော့သည်။
သူက ချိစ် ၊ ထောပတ် ၊ သကြား ၊ အသားဗူးအချို့ နှင့် ကော်ဖီတို့ ကိုယူသွားသည်။
ဒီတစ်ခါတော့ Anette ကိုမတွေ့ ရပေ ၊ သူမကလယ်ထဲမှာ ဖခင်ကိုကူနေသည်။
အဘွားကြီးက ခြံထဲရောက်နေသည် ၊သူယူလာသည့်အထုပ်ကိုတွေ့ တော့ သူမ မျက်နှာလင်းလက်သွားသည်။ သူမက မီးဖိုထည်းကို ခေါ်သွားသည်။
သူယူလာတာတွေမြင်တော့ အဘွားကြီးမျက်ရည်တွေဝဲလာတော့ သည်။

“ မင်းက သိပ်တော်တာပဲကွယ် “

“ ကျနော်ထိုင်မယ်နော် “ သူက ယဉ်ကျေးစွာပြောလိုက်သည်။

“ ထိုင်ပါ ထိုင်ပါ “ အဘွားကြီးက ဆိုရင်းပြူတင်းပေါက်ကလှမ်းကြည့်သည်။
Anette မလာတာ သေချာတော့မှ
“ ဝိုင်တစ်ခွက်လောက်သောက်မလား “ ဟုဆိုသည်။

“ ဟာသိပ်ကောင်းတာပေါ့ ဗျာ “

သူမ၏ အစားအသောက် ငတ်မွတ်ခြင်းက တစ်ဖြည်းဖြည်းနှင့် ပျော့ပျောင်းလာစေမှန်းသူသဘောပေါက်လာသည်။

သူ့ ကို အဘွားကြီးလက်ခံလာနိုင်ဖို့ သူမျှော်လင့်လို့ ရသည်။
စောစောက ပြူတင်းပေါက်မှ လှမ်းကြည့်လိုက်သည့်ပုံကိုကြည့်ရင်
သူတို့ နှစ်ယောက်ကြံဖော်ကြံဖက်ဖြစ်လာနိုင်ချေရှိသည်။

“ အသားကိုကြိုက်ပါလား ခင်ဗျာ “ သူကမေးလိုက်သည်။

“ အိုး၊ ကြိုက်တာပေါ့ကွယ် “

“ နောက်တစ်ခါ များများယူလာပါအုံးမယ် ၊ Anette ရောကြိုက်လားဟင် “

“ ထိတောင်မထိပါဘူးကွယ် ၊ ဘယ်တော့မှ မစားဘူးဆိုပဲ “

“ မိုက်လိုက်တာ “ Hans ကပြောသည်။

“ ဒါ ကျုပ်သူ့ ကိုပြောတာပဲ ၊ အစားတွေရှိနေမှ မစားဘဲနေမလားလို့ “

ထို့ နောက်သူတို့ ထွေရာလေးပါးပြောဖြစ်ကြသည် ။

အဘွားကြီးနာမည် မဒမ် Périer ဟုသိလာရသည်။
သူတိုမိသားစုဝင် အကြောင်းမေးသောအခါ အဘွားကြီးမှာ သားတစ်ယောက်ရှိကြောင်း၊
စစ်ဖြစ်တော့ စစ်သားစုဆောင်းရေးထဲပါပြီး သေဆုံးကြောင်း။
တိုက်ပွဲမှာ ကျတာမဟုတ်ဘဲ နမိုးနီးယားဖြစ်ကာ Nancy ရှိဆေးရုံတစ်ရုံမှာကွယ်လွန်ကြောင်းသိရသည်။

“ သေတာပဲခပ်ကောင်းကောင်းထင်ပါရဲ့ ကွယ် “ အဘွားကြီးက ဆိုသည်၊
သူက သူ့ ညီမ Anette လိုပဲ ၊
လက်နက်ချ လို့ ၊ စစ်ရှုံးရတာသာသိရင် သစ္စာဖောက်ခံရတာ မျိုးဖြစ်မှာ “

“ ဘာလို့ ခင်ဗျားတို့ က ပိုလန်ဘက်ကူတိုက်ပေးရတာလည်း ၊ ဘာမှလည်း မဆိုင်ပဲနဲ့ “

“ အင်း၊ မင်းပြောတာ ဟုတ်ပါတယ်လေ ၊
ကျုပ်တိုပိုလန်ကို့ ဟစ်တလာ သိမ်းတာ ဘာမှဝင်မစွက်လိုက်ရင်
ကျုပ်တို့ ကိုလည်း သိမ်းမှာ မဟုတ်လောက်ဘူး “

သူ ပြန်ခါနီးမှာ ထပ်လာပါအုံးမယ်ဟုပြောခဲ့သည်။

“ အစားအသောက်တွေယူခဲ့ ဖို့ လည်းမမေ့ ပါဘူး “

--------------------


မကြာမှီ Hans ကို တောဘက်အတွက် တာဝန်တစ်ခုပေးလိုက်ရာ ၊
သူ လယ်တဲသို့ မကြာမကြာလာလည်လို့ ရသွားသည်။
သူက လက်ချည်းပဲ ဘယ်တော့မှမလာပေ။
ဒါပေမယ့်လည်းသူနှင့် Anette ဆက်ဆံရေးမှာထူးမခြားနား ။
သူမက သူ့ ကိုစကားလည်းမပြော ၊ ကြည့်ပင်မကြည့်။
တစ်ခါတစ်လေ စိတ်တိုလွန်း၍ သူမကို အသက်ထွက်အောင် ကိုင်ဆောင့်လိုက်ချင်သည့်အထိပင်။

တစ်နေ့ သူမနှင့်နှစ်ယောက်တည်းတွေ့ ချိန် သူမကထထွက်သွားမည်အပြု သူတားလိုက်သည်။

“ နေအုံး ၊ ကိုယ်မင်းနဲ့ ပြောစရာရှိတယ် “

“ နေဆိုလည်းနေပါတယ် ၊ ကျမကဘာလုပ်နိုင်မှာလည်း ၊ အားနွဲ့ သူ မိန်းမသား “

“ ကိုယ်ပြောချင်တာက ၊ ကိုယ်ဒီမှာ ကြာကြာနေရဖို့ ကတော်တော်လေးသေချာတယ် ၊
မင်းတို့ ပြင်သစ်တွေ နေရထိုင်ရခက်ခဲလာကြတာလည်း အသိသားနဲ့ ၊
ကိုယ်ကူညီလို့ ရနေတဲ့ဟာကို ၊
ဘာလို့ မင်းက မင်း မိဘတွေလို ကိုယ့်နဲ့ မိတ်ဆွေမဖြစ်ချင်ရတာလည်း “

သူပြောတာ အမှန် ၊
အခုဆို Périer အဖိုးကြီး အဖွားကြီးနဲ့ သူကတော်တော် အလွမ်းသင့်နေပြီ။
အဘိုးကြီး ကအဘွားကြီးလောက်တော့ အရောမဝင် ၊
ဒါပေမယ့် သူ့ ကိုဆေးတံသောက်ဆေးတွေဘာတွေတောင်ယူလာခိုင်းတတ်သည်။
သူက ပိုက်ဆံမယူသောအခါအဘိုးကြီးကကျေးဇူးတင်တတ်သည်။


“ ရှင်က ကျမ မိဘတွေလို ရှင့်ကို မခင်နိုင်တာ ဘာကြောင့်လည်းမေးတယ်လား ၊ ဟုတ်လား “

Anette ကပြောလိုက်သည်။

သူမက ဝတ်ထားသော ဂါဝန်ကို နောက်သို့ ဆွဲက သူမကိုယ်ကို Hans ကိုပြလိုက်သည်။

သူ့ မျက်လုံးပင်သူမယုံနိုင်ချေ ။

“ ဟင် ၊ မင်း မှာ ကိုယ်ဝန်ရှိနေပြီ !! “

သူမက ခုံပေါ်အရုပ်ကျိုးပြတ် ထိုင်ချလိုက်ပြီး မျက်နှာကို လက်များဖြင့်အုပ်ခါ ငိုကြွေးလိုက်သည်။

“ရှက်စရာကောင်းလိုက်တာမှ ၊တစ်ကယ့်ကိုပဲ “

သူက ရှေ့ တိုးသွားပြီး မိန်းကလေးကို ဖက်ထားရန်ကြံလိုက်သော်လည်း သူမက ထရပ်လိုက်ခါ

“ ကျမကို မထိနဲ့  မထိနဲ့  ၊ ရှင်သွားပါတော့ “

ဟုပြောကာအခန်းထဲမှာ ငိုရှိုက်ရင်းထွက်ပြေးသွားတော့သည်။

သူ အတန်ကြာအောင်စောင့်နေပြီးမှ ဆိုင်ကယ်ပေါ်တက် ပြီး Soissons သို့ ပြန်လာခဲ့တော့သည်။

ညအိပ်တော့လည်းနာရီပေါင်းများစွာအိပ်မပျော်နိုင်ချေ။
သူက Anette နှင့်သူမ၏ မွေးဖွားလာမည့်ကလေးအကြောင်းတွေးနေမိသည်။
ထိုကလေးက သူ့ ကလေးမဟုတ်ပါလား။
ထို့ နောက်တဖြည်းဖြည်းသဘောပေါက်လာသည်မှာ
သူ က သူမကို ချစ်နေမိပြီဆိုတာပဲဖြစ်တော့သည်။

ဒီကိစ္စဟာ အင်မတန်ဆန်းကြယ်သလို လန့် စရာလည်းကောင်းလှသည် ။
သူမသည် သူသဘောကျသောပုံစံလည်းမဟုတ် ၊ ချောလည်း အရမ်းမချော ၊
ဘာမှကြိုက်စရာ စွဲလမ်းလည်းမကောင်းပါချေ။
ဘာလို့ သူက ဒီလိုခံစားနေရမှန်းကို မသိပေ ။
ထိုခံစားချက်သည် ခံစားလို့ မကောင်းပါ ၊ ရင်ထဲမှာလည်းနာကျင်နေသည် ၊
ဒါပေမယ့်ဖျောက်ဖျက်ပစ်လို့ လည်းမရနိုင်ပေ။
ဒါဟာ အချစ်ပဲဆိုတာကိုသူသဘောပေါက်ပါသည်။
သူ Anette ကို ချစ်နေပြီ။

---------------------------------------------
(Image from Google )



Vista

နောက် ၃လ ခန့် ကြာပြီးနောက် Hans မှာ Soissons သို့ ပြန်ရောက်လာပြန်သည်။
အောင်ပွဲခံတပ်မတော်နှင့်အတူ သူက ပါရီသို့ လည်းရောက်ခဲ့သည် ။ Arc de Triomphe ကိုပင်
သူ့ ဆိုင်ကယ်နှင့်ပတ် စီးခဲ့ ပြီးပြီ။ Tours နှင့် Bordeaux သို့ လည်းရောက်ခဲ့ ပြန်သေးသည်။
တိုက်ပွဲဆိုလို့  နည်းနည်းသာတွေ့ ခဲ့ရသည်။
သူတွေ့ ခဲ့ ဖူးသော ပြင်သစ်စစ်သား အများစုမှာ စစ်သုံပန်းများသာဖြစ်သည်။

အောင်ပွဲကြီးကတော့သူကြုံခဲ့ ရဖူးသမျှတွင်ပျော်စရာအကောင်းဆုံးပင်။ အပစ်အခတ်ရပ်စဲရေးသဘောတူညီအပြီးမှာ သူကပါရီမှာတစ်လ တာဝန်ကျသည်။
နောက်တော့ သူတို့ တပ်စုကို Soissons ကို သိမ်းပိုက်ထားသော တပ်ခွဲနှင့်ပူးပေါင်းရန်ပြန်လွှတ်လိုက်သည်။
Soissons က လှပသောမြို့ လေးဖြစ်ပြီး ၊ အစားအသောက် ၊ ဝိုင်အရက်ပေါများရာ
Hans အတွက်နေရထိုင်ရတော်တော် အဆင်ပြေသည်။

သူတို့ တပ်စု Soissons သို့ ပြန်ပူးပေါင်းရမည့်သတင်းကိုသိရသောအခါ
သူက “ ဟိုလယ်တဲကမိန်းကလေးကို သွားတွေ့ ရင်ကောင်းမှာပဲ “ ဟုတွေးမိလိုက်သည်။
ထို့ နောက် ပြေပြေလည်လည်ဖြစ်စေဖို့  သူမအတွက် ပိုးခြေအိတ်တစ်စုံဝယ် လိုက်သည်။


ဒီလိုနဲ့  အလုပ်ပါးတဲ့  တစ်ညနေ သူက ပိုးခြေအိတ်ကို အိပ်ကပ်ထဲထည့်ကာ ဆိုင်ကယ်နှင့်ထွက်လာခဲ့တော့သည်။
အချိန်မှာ ဆောင်းဦးပေါက်ဖြစ်ရာ တောလမ်းတစ်လျှောက်ဆိုင်ကယ်စီးလာရသည်မှာ အရသာရှိလှသည်။
နာရီဝက်ခန့် မောင်းပြီးမှ လယ်တဲသို့ ရောက်သည်။
သူက တံခါးပင်မခေါက်ပဲ လက်ကိုင်ကို လှည့်ဖွင့်ဝင်လိုက်သည်။
မိန်းကလေးက စားပွဲမှာထိုင်ပြီး အာလူးသင်နေသည် ။
သူမက ယူနီဖောင်းဝတ် စစ်သားကိုမြင်တော့ လန့် ပြီး ခုန်ထလိုက်သည်။


“ ရှင်ဘာလိုချင်လို့ လည်း “

နောက်တော့ သူမက သူ့ ကိုမှတ်မိသွားကာ နံရံထိ ထိုးကပ်သွားပြီး လက်ထဲမှာ ဓါးကို ကိုင်ထားသည်။

“ အော ၊ ရှင်ကိုး ၊ ဝက်မျိုး “

“ မကြောက်ပါနဲ့  ၊ကိုယ်မင်းကို ဘာမှ မလုပ်ပါဘူး ၊
ဒီမှာ မင်းအတွက် ပိုးခြေအိတ်တောင်ဝယ်လာသေးတယ် ကြည့်ပါအုံး “

“ ရှင့် ဟာရှင်ယူပြီး ပြန် ၊ ခုထွက်သွား “

“ မဆိုးပါနဲ့ ကွာ ။ဓါးကို ချလိုက်လေ ၊ ကိုယ့်ကို မကြောက်ပါနဲ့  “

“ ရှင့်ကို မကြောက်သေးဘူး “ သူမက ဓါးကိုကြမ်းပေါ်လွှတ်ချလိုက်သည်။

သူက သံခမောက်ကို ချွှတ်ကာ ထိုင်ချလိုက် ပြီး ဓါးကို သူ့ နားရောက်အောင်ခြေထောက်နှင့်ဆွဲယူလိုက်သည်။

“ ကိုယ်အာလူးကူခွာပေးရမလား “ သူမထံမှာ စကားပြန်မရ။

သူက ဓါးကို ယူ၍ အာလူးကို စခွာသည်။

သူမမျက်နှာက တင်းမာနေကာ ရန်လိုသောမျက်လုံးအစုံ နှင့် နံရံကိုကပ်မှီရင်း သူ့ ကို စိုက်ကြည့်နေသည်။

“ ဘာလို့ ဒီလောက်ရန်လို နေတာလည်းကွာ “

“ ကိုယ်က မင်းကို ဒီလိုဖြစ်ဖို့ မရည်ရွယ်ပါဘူး ၊ ဒါတော့ သဘောပေါက်ပါ ၊ အဲဒီတုန်းက စိတ်တိုနေကြတာလေ ၊ မင်းရော ကိုယ်ရောပဲ ၊ မရှုံးနိမ့်နိုင်တဲ့ ပြင်သစ် တပ်မတော်ကြီးနဲ့  Maginot Line အကြောင်းလဲပါတယ်လေ “
သူက ရယ်လိုက်သည် ။

“ နောက် ကိုယ်က မူးနေတယ်လေ ၊ ဒါပေမယ့် မင်းကိုယ့်ကိုရတာ မဆိုးပါဘူးကွာ ၊

ကိုယ်က ရုပ်မဆိုးဘူးလို့ ကောင်မလေးတွေပြောကြပါတယ် ဟဲဟဲ“

သူမ က အမုန်းမျက်လုံးများဖြင့်ကြည့်ရင်း

“ ရှင် အခုထွက်သွားစမ်း “

“ ကိုယ်သွားချင်မှ သွား မှာပေါ့ “

“ ရှင်မသွားရင် အဖေ့ က Soissons က ရှင့် ဗိုလ်ချုပ်ဆီသွားတိုင်မှာနော် “

“ တိုင်လေ ၊ ဘာမှ မထူးဘူး ကိုယ်တို့ ကို ဒေသခံတွေနဲ့ ခင်မင်အောင်ပေါင်းသင်းဖို့ အမိန့် ချပြီးသား “

“ မင်းနာမည်ဘယ်လိုခေါ်လည်းကွ “

“ ရှင့် အရာမဟုတ်ဘူး “

သူမ ၏ စိတ်ဆိုးနေသော မျက်ဝန်းလေးများက အလွန်ချစ်စရာကောင်းလှသည်။
သူမှတ်မိ သောပုံစံထက် ပင်သူမက အများကြီးပို လှလို့ နေသည်။
တော်တော်သေးတော့သည် ။
သူမ အမေကြီးက သူမ ဆရာမလို့ ပြောခဲ့ဖူးတာ ဆိုတော့ သူမဟာ မိန်းမပျိုအရွယ်ပေါ့။
ဒီလိုဆိုတော့သူကပိုလို့ တောင်သဘောကျသေးတော့ ။
သူစိတ်တွေရွှင်လန်းလာသည် ၊ သူကလည်းခေသူမဟုတ်ပါချေ ၊
မိန်းကလေးတော်တော်များများက သူနဲ့ တွဲရတာကို သဘောကျကြရသောသူပဲ။

“ မင်း အဖေ နဲ့ အမေရော “

“ လယ်ထဲ မှာ အလုပ်လုပ်နေတယ် “

“ ကိုယ် ဗိုက်ဆာတယ်ကွာ ၊ ပေါင်မုန့် လေး ချိစ်လေးနည်းနည်းပေးနော် ၊ ပိုက်ဆံပေးပါ့မယ် “

သူမက ဒေါသနဲ့  အော်ရယ်လိုက်သည်။

“ ဒီမယ် ၊ ချိစ့် ဆိုတာ မမြင်ဖူးတာ ၃ လလောက်ရှိပီရှင့် ၊ ပေါင်မုန့် ကလည်း လောက်တောင်မလောက်ဘူး။
ကျမ တို့ မြင်းတွေကိုလည်း ပြင်သစ်စစ်တပ်ကို လွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းကပေးလိုက်ရတယ်။
အခု မျိုးကောင်း ဂျာမန်စစ်သားတွေက ကျမတို့ နွားတွေ ၊ ဝက်တွေ ၊ ကြက်တွေကို ယူသွားပြန်ပီ “

“ သူတို့ ပိုက်ဆံပေးတယ်မလား “ သူကပြောလိုက်သည်။

“ ပိုက်ဆံက ဘာလုပ်ရမလည်းရှင့် ၊ ပိုက်ဆံက စားလို့ မရဘူး “

“ မင်း ဗိုက်ဆာနေတာလား “

သူမ ငိုတော့ သည်။

“ မလိုပါဘူး ၊ ပေါင်မုန့် နဲ့ အာလူးရှိရင်ဖြစ်တယ် ၊ မနက်ဖြန်အဖေက Soissons သွားပြီး မြင်းအသားလေးဘာလေး ဝယ်လို့ ရရင်သွားဝယ်လိမ့် မယ် “

“ ကဲ ဒီမှာ မိန်းကလေး “ “ ကိုယ် ချိစ်တို့ အသားတို့ ယူလာ ခဲ့ပေးမယ် “

“ ဘာ ၊ ရှင့် ရဲ့ ချိစ့်တို့ အသားတို့ တော့မစားဘူး ၊ ငတ်လို့ သာအသေခံသွားမယ် ၊ ရှင်တို့ ပေးတဲ့  အစားကို မထိဘူး ကျမတို့ ဆီက ရှင်တို့ ဝက်မျိုးတွေ ခိုးသွားတာ “

“ အင်း ၊ ကြည့်သေးတာပေါ့လေ “

သူက သံခမောက်ကို ကောက်ဆောင်းရင်း ထရပ်လိုက်ကာ

“ သွားပါအုံးမယ် မိန်းကလေး နောက်တွေ့ တာပေါ့ “

ဟုပြင်သစ်လို နုတ်ဆက်ရင်းထွက်သွားတော့သည်။


-----------------------------------------------------------------------------------


(Image from Google )


Vista


သူနဲ့ Willi တို့ လမ်းပျောက်ပြီးနောက် ၊ လယ်သမားတစ်ယောက်ကိုလမ်းမေးရာ
ထိုလယ်သမားက လမ်းမှားကို ညွန်လိုက်သည်။
ထိုလမ်းအတိုင်းသွားပြန်တော့နောက်ဆုံး ဒီနေရာပဲ ဟိုဘက်လမ်းတစ်ဖက်မှာပြန်ရောက်နေပြန်ရော။
ဒါနဲ့  သူတို့ လယ်တဲတစ်ခုသို့ ဝင်ပြီး လမ်းမေးရတော့သည်။
သူတို့ အတတ်နိုင်ဆုံးယဉ်ယဉ်ကျေးကျေးပြောဆိုသုံးနှုံးကြသည် ၊
အထက်အရာရှိများကလည်း ပြင်သစ်တွေကို ယဉ်ကျေးစွာဆက်ဆံဖို့ 
အမိန့် ပေးထားသည်မဟုတ်လား။
ပြင်သစ်တွေကလည်း သူတို့ အပေါ်မှာယဉ်ကျေးခဲ့ ရင်ပေါ့လေ။

တံခါးခေါက်တော့လာဖွင့်သူက မိန်းကလေးတစ်ယောက်။ သူမက လမ်းမသိဘူးလို့ ပြောသည်၊
သူတို့ ကတံခါးကိုတွန်းဖွင့်ဝင်လိုက်ကြတော့မှ ကောင်မလေး အမေက လမ်းကိုပြောပြသည်။
ကြည့်ရသည်မှာသားအမိသားအဖ သုံးယောက် ညစာစားပြီးခါစလေး ပဲ၊
စားပွဲပေါ်မှာ ဝိုင်ပုလင်းတစ်လုံးနှင့်။
ရာသီဥတုအလွန်ပူသောနေ့ ဖြစ်သည့်အပြင် နေ့ ခင်းထဲက ဘာမှ မသောက်ရသေးမှန်း Hans သတိရသွားသည်။
သူကဝိုင်ပုလင်းတစ်လုံးတောင်းရာ Willi ကသူတို့ ဈေးကောင်းကောင်းပေးမှာပါ ဟု ထပ်ပြောလိုက်သေးသည်။
Willi ကလူကောင်းတစ်ယောက်ဖြစ်သော်လည်း ၊ပျော့ပျောင်းလွန်းနေသည်။
သူတို့ ဒီလောက်ချိုသာနေစရာမလိုဘူးမလား၊ သူတို့ ကစစ်နိုင်သူများလေ ၊
ဘယ်မှာလည်းပြင်သစ်စစ်တပ် ?
လစ်ပြီ မလား၊ အင်္ဂလိပ်တွေရော ၊
အကုန်ထားခဲ့ ပြီး သရဲဘောကြောင်ကြောင်နဲ့ ဆုတ်ပြေးလိုက်တာမှတန်းလို့ ။
ဒီတော့ အောင်နိုင်သူတွေက လိုတာယူခွင့်ရှိတယ် မဟုတ်ပါလား။
ဒါပေမယ့် Willi ကတော့ ပြင်သစ်မှာ ၂ နှစ်တိတိ အဝတ်အစား ဒီဇိုင်းနာလုပ်ခဲ့ ဖူးသူ ပီပီ ပျော့ပျောင်းညင်သာသည်၊ ပြင်သစ်စကားတော့ကျွမ်းကျင်ပါရဲ့ ပျော့လွန်းတာခက်နေသည်။
ပြင်သစ်တွေကြားမှာ ဂျာမန်တွေ ဒီပုံစံနဲ့ နေလို့ မဖြစ်နိုင်ပေ။


လယ်သမား ဇနီးကြီးက ဝိုင်ပုလင်းတစ်ချို့ စားပွဲပေါ်တင်ပေးရာ ၊
Willi က ဖရန့် ငွေ ၂၀ထုတ်၍ လက်ထည်းထည့်လိုက်သည်။
အဘွားကြီးက ကျေးဇူးတင်ပါတယ်ပင်မပြော။
Hans ပြင်သစ်စကားက Willi ပြောသလိုမကောင်း၊
ဒါ့ကြောင့်လည်း သူက Willi နဲ့ ဆိုပြင်သစ်လို များများပြောဖြစ်သည် ။
အမှားတွေ ပြင်ပြင်ပေးတတ်လို့  သူနဲ့ တွဲနေတာလည်းဖြစ်သည်။
သူက အခွင့်သာတိုင်းပြင်သစ်လို ပြောခြင်နေပေရာ အခုလည်း ကြိုးစားပြောဖို့ စကားစတော့ သည်။

သူလည်း လယ်သမားတစ်ဦးသားဖြစ်ကြောင်း ကစသည် ။
“ စစ်ကြီးပြီးသွားရင် ၊လယ်ထဲပြန်ဆင်းမှာ ခင်ဗျ “ သူကပြောလိုက်သည်။

“ ကဲ ၊ရှင်တို့ လမ်းမေးဖို့ လာတယ်မလား ၊ အခုလမ်းသိပီ ၊
သောက်စရာရှိသောက်ပြီး မြန်မြန်ကြွကြတော့ “
မိန်းကလေးက ဝင်ပြောလိုက်သည်။

သူက သူမကိုလှမ်းကြည့်လိုက်သည်။ သူမ က လှတယ်မဆိုနိုင်သော်လည်း တောက်ပသော အနက်ရောင်မျက်လုံးများရှိသည်။ မျက်နှာက ဖြူဖြော့ဖြော့။နှစ်သက်စရာတော့ကောင်းသည်။
သူ့ သူငယ်ချင်းတွေပြောစကားအရ ပြင်သစ်မလေးတွေမှာ
ဂျာမန်မလေးတွေတွင်မတွေ့ ရသော အရာတစ်ခုရှိသည်တဲ့။
Willi ကတော့ အဲဒါခန့် ညား သိုက်မြိုက်ခြင်းဆိုလားပြောသည်။

ဘာဆိုလိုတာလည်းဆိုတော့ Willi က ရှင်းမပြတတ် ၊ တွေ့ တော့ သိလိမ့်မယ် လို့ ပဲပြောသည်။
အင်း ၊ သူတို့ ပါရီကို သွားတော့မှာ ဆိုတော့လည်း အဲဒီတော့မှ သူကိုယ်တိုင်ကြည့်ရတော့မှာပေါ့လေ။

“ ကဲ၊ သောက်ပြီးရင် သွားရအောင် “ Willi ကဆိုသည်။

ဒါပေမယ့်လည်း Hans ကမသွားချင်သေး ။
“ မင်းက လယ်သမား သမီးနဲ့ လည်းမတူပါလား “ သူကမိန်းကလေးကို ပြောလိုက်သည်။

“ အဲဒီတော့ ဘာဖြစ်လည်း “ အဖြေက ခတ်ပြတ်ပြတ်။

“ သူက ဆရာမလေ “ အမေကြီးက ဝင်ပြောသည်။

“ သြော် ဒီလိုလား ဒါဆို ပညာတတ်ပေါ့ ကွ “

ကောင်မလေးက ပုခုန်းတွန့် လိုက်သည်။
ဒါပေမယ့် Hans က မရပ်သေး ၊ မကောင်းမကန်း ပြင်သစ်စကားနဲ့  ဆက်ပြန်သည်။

“ ဒါဆိုမင်း နားလည်ရမှာပေါ့ ၊ အညံ့ခံတာ အကောင်းဆုံးဆိုတာကို ၊ ငါတို့ ကစစ်စကြေညာတာမဟုတ်ဘူး၊ မင်းတို့ ကစတာ ၊ ငါတို့ က အခုဆို ပြင်သစ်ကို နိုင်ငံကောင်းဖြစ်အောင်လုပ်ပေးမှာ ၊ ဘယ်လို အလုပ်လုပ်ရတယ် ၊စည်းကမ်းဆိုတာဘယ်လိုစသဖြင့် သင်ပေးမှာ ၊ အရိုအသေပေးတတ်အောင်လည်း သင်ရမယ် “

မိန်းကလေး က အမုန်းတရားတွေ ပြည့်နေသော မျက်လုံးနက်များဖြင့် ကြည့်နေပြီးစကား တစ်ခွန်းမဆို။

“ Hans မင်းမူးနေပြီ “ Willi ကဂျာမန်လို ပြောသည်။

“ မမူးပါဘူး ၊ ငါကအမှန်တစ်ရားတွေပြောနေတာ ၊ သူတို့ က နားထောင်ရမယ် “

မိန်းကလေးက “ ဟုတ်ပါတယ် ၊ ရှင်မူးနေပြီ ၊ကဲ သွားပါတော့ “

“ အိုး မင်းဂျာမန်လို လည်းတတ်တယ်ကိုး ၊ ကောင်းပါပီ ဗျာ သွားပါ့မယ် ၊ ဒါပေမယ့် မသွားခင် ကိုယ့်ကို မွှေးမွှေးတစ်ချက်ပေးနော် “

သူမကနောက်ဆုတ်လိုက်ရာ သူက လက်ကို ဖမ်းဆွဲထားလိုက်သည် ။

“ အဖေရေ “ “ အဖေ “ သူမကအော်သည်။

လယ်သမားကြီးက Hans ကို ခုန်အုပ်လိုက်ရာ သူက မိန်းကလေးကို လွတ်လိုက်ပြီး
အဘိုးကြီး ကို ထိုးချလိုက်သည်။
သူမထွက်မပြေးနိင်မီလက်ကို ဖမ်းမိလိုက်ရာ သူမက သူ့ မျက်နှာကို လှမ်းချသည်။

“ ဟ မင်းကဒီလိုလား ၊ ဂျာမန်စစ်သားက မင်းကို မွှေးမွှေးပေးခိုင်းတာ ကို မင်းက ဒီလို လုပ်တယ်လား ၊
အေး သိရစေ့မယ် “
သူကအားကုန်သုံးကာ မိန်းကလေးကို အခန်းထဲမှာဆွဲထုတ်ရန်ပြင်သည်။
အဘွားကြီးက သူ့ ကို အင်္ကျီမှဆွဲထုတ်ဖို့ ကြိုးစားသည်။
Hans ကမိန်းကလေးကို လက်တစ်ဖက်မှ ဖမ်းထားပြီး အဘွားကြီးကို နံရံရောက်အောင်ဆော့င့်တွန်းပစ်လိုက်သည်။

“ Hans .. Hans !!“ Willi က အတင်းအော်သည်။
“ ဟေ့ကောင် ၊ ပါးစပ်ပိတ်ထား “

သူက မိန်းကလေးကို မအော်နိုင်အောင်ပါးစပ်ကို လက်နှင့်ပိတ်ကာ အခန်းထည်းမှ ဆွဲထုတ်သွားတော့သည်။

ဒီလိုနဲ့  ဒီကိစ္စဖြစ်ပွားခဲ့ရတာဖြစ်သည်။

သူ့ အနေနဲ့ ကတော့ မိန်းကလေးက သူ့ ဒုက္ခ သူရှာတာပဲဖြစ်သည်။
သူ့ ကိုမွှေးမွှေးပေးခဲ့ မည်ဆိုပါက သူထွက်သွားခဲ့ မှာပဲ။ ဒါပေမယ့် မိန်းကလေးက သူ့ ကိုပါးချခဲ့ သည်။

သူက ကြမ်းပေါ်လဲနေသည့် အဖိုးကြီးနှင့် နံရံမှာကပ်နေသည့် အဘွားကြီးကို တစ်ချက်ကြည့်လိုက်ကာ အိပ်ကပ်ထဲမှာ ပိုက်ဆံတစ်ချို့ ထုတ်သည်။
“ ဒီမှာ ဖရန့် ၁၀၀ ၊ မိန်းကလေး အင်္ကျီ အသစ်ဝယ်ဖို့ 
အဟောင်းကတော့ စုတ်သွားပြီ “
သူက ပိုက်ဆံကို စားပွဲပေါ်တင်လိုက်ပြီး သံခမောက်ကို ကောက်ဆောင်းလိုက်ပြီးနောက်
“ သွားမယ် Willi “
သူတို့ က တံခါးကို ဆောင့်ပိတ်ခဲ့ကာ ဆိုင်ကယ်နဲ့ ထွက်သွားတော့ သည်။




-----------------------------------------------------------------
W. Somerset Maugham ၏ The Unconquered ကို ကျနော်နားလည်သလိုဘာသာပြန်ထားခြင်းဖြစ်ပါသည်။
(image from Google )





Vista

Hans မီးဖိုဆောင်ထဲပြန်ဝင်လာတော့ အဖိုးကြီးမှာ သူလက်သီးနဲ့ ထိုးချခဲ့ သောနေရာတွင်လဲနေဆဲ။
မျက်နှာမှာလည်းသွေးစက်တွေနဲ့ ။ အဘွားကြီးက တော့ နံရံကို ကျောမှီကပ်ပြီး
ထိပ်လန့် ခြောက်ခြားသောမျက်လုံးများနှင့် သူ့ သူငယ်ချင်း Willi ကိုကြည့်နေသည်။
Willi ကစားပွဲတွင်ထိုင်ကာ ဘေးနားမှာဝိုင်တစ်ခွက် ၊ လက်ထည်းမှာခြောက်လုံပြူးနဲ့ ။
Hans က စားပွဲသို့ လျှောက်သွားလိုက်ပြီးသူ့ ဖန်ခွက်ကို ဖြည့်ကာ သောက်ချလိုက်သည်။
သူက Willi ကို သွားဖြည်းပြရင်းပြောလိုက်သည်။

“ ကြည့်ရာတာစိတ်ညစ်နေပုံပဲ ချာတိတ် “

Hans မျက်နှာမှာလည်း သွေးစတွေရှိနေသည်။ ချွန်ထက်သောလက်သည်း ၅ချောင်းနှင့်ကုတ်ဆွဲထားမှန်းသိသာစေသော အစင်းငါးခုက ထင်ထင်ရှားရှား။
သူက မျက်နှာကို အသာလေး တို့ ထိကိုင်လိုက်သည်။

“ ဒီကောင်မက ငါ့မျက်လုံးတောင် ဖြစ်နိုင်ရင်ကုတ်ထုတ်အုံးမလို့  ၊ အိုင်အိုဒင်းထည့်အုံးမှပါပဲ။
ဒါပေမယ့်သူ အခုတော့ ငြိမ်သွားပါပီ ၊ မင်းသွားလေ Willi “ ။

“ အင်း .. ဟို .... အခုနောက်ကျနေပြီ Hans “

“ အရူးမထစမ်းပါနဲ့  ၊မင်းယောကျာ်းမဟုတ်ဘူးလားကွ ၊ နောက်ကျတော့ ဘာဖြစ်သေးလည်း ၊
ငါတို့ လမ်းပျောက်နေတယ်ပြောလိုက်ရင် ရတာပဲ “

ပတ်ဝန်းကျင်ကတစ်ကယ်တော့မမှောင်သေးပေ ။ အလင်းရောင်ပင်ရှိသေးသည်၊
လယ်တဲထည်းက မီးဖိုချောင်မှာ နေရောင်တွေပင်လင်းနေသေးသည်။
Willi မှာ ဘာလုပ်ရမလည်းမသိပါချေ။ သူကလူကောင်သေးသေး ညိုညိုသွယ်သွယ်မျက်နှာနှင့်။အရပ်သားဘဝက အဝတ်အစားဒီဇိုင်းနာတစ်ဦးဖြစ်သည်။
သူကို Hans က သရဲဘောနည်းသူလို့ ထင်သွားမှာလည်းစိုးလှသည်။
သူကထိုင်ရာမှ ထကာHans ထွက်လာခဲ့ သော အခန်းသို့ ဝင်သွားဖို့ လုပ်သည်။

သူဘယ်သွားမည်ကို ရိပ်မိသောအဘွားကြီးက ရှေ့ သိုခုန်ထွက်ကာ
“ ဟင့်အင်း ၊ ဟင့်အင်း “ ဆိုအတင်းအော်တော့သည်။
Hans က သူ့ ရှေ့ မှာ တစ်လှမ်းပိတ်ရပ်ကာ အဘွားကြီး ကို ပုခုံးမှဆွဲကိုင်၍ပစ်ပလိုက်သည်။

Willi ထံမှခြောက်လုံးပြုံးကို လှမ်းယူကာ သူ၏ဂျာမန်သံအတော်ဝဲသော ပြင်သစ်စကားဖြင့်

“ နှစ်ယောက်စလုံး ငြိမ်ငြိမ်နေစမ်း “ ။

ထို့ နောက်တံခါးကို ညွန်ပြရင်း “ သွား Willi ငါကြည့်ထားလိုက်မယ် ။

Willi ထွက်သွားသည် ၊ သို့ သော် ချက်ခြင်းပင်ပြန်ဝင်လာသည်။

“ သူသတိမေ့ နေတယ် “

“ ဘာဖြစ်လည်း မေ့တော့ “

“ မဖြစ်ဘူးလေကွာ၊ သူကသတိလစ်နေတာကို “

“ဒါပဲ ၊ မင်းကတော့ အရူးပဲ ၊ မိန်းမကျနေတာပဲ ”

Willi မျက်နှာ နီရဲ သွားပြီးနောက် ၊ “ သွားရအောင်ပါ Hans “

“ ဒီ ဝိုင်ပုလင်းကုန်အောင်သောက်အုံးမယ် ၊ ပြီးမှသွားမယ် “

သူက နေလို့ ထိုင်လို့ ကောင်းနေရာအရင်စလို မသွားချင်ပေ။
မနက်ထည်းက ဆိုင်ကယ် မောင်းလာရ သဖြင့် မောလည်းမောနေသည် ။
သူတို့ က ၁၀ ( သို့ ) ၁၅ ကီလိုမီတာ အကွာမှာရှိသည့် Soissons
သို့ သွားကြရန်ဖြစ်သည်။

သေချာတာ ကတော့ ဒီနေ့ ကိစ္စတွေ အကုန်လုံးသည် ထိုကောင်မလေး မမိုက်မဲ ခဲ့ ပါက ဖြစ်လာခဲ့မည်မဟုတ်ပါချေ။

-------------------------------------------------------------------------------------------
W. Somerset Maugham ၏ The Unconquered ကို ကျနော်နားလည်သလိုဘာသာပြန်ထားခြင်းဖြစ်ပါတယ်။
( image from google )