Vista





မသက်ဝေ Tag ထားတဲ့ပိုစ့် ၂ ခုကို ပေါင်းပီး တွဲရေးလိုက်ပါတယ်။
အလုပ်တွေများလို့  အကြွေးတွေက အတော်ကြာနေပီ ဟိ။

Like : မနက်မှာ .. Alarm ၂ ဆင့်မြည့်တာကြိုက်တယ် ။ပထမအလန်း မြည်လို့ နိုးအပြီးမှာ
နောက် တခါမမြည်ခင် ပြန်အိပ်ပျော်ရတာ( အိပ်လည်းအိပ်ပျော်တတ် )ကြိုက်လို့ ။

Like:မနက်နိုးတဲ့ အချိန်မှာမနေ့  ညက အလုပ်က ဘာဖုန်းမှ မလာပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ရတာပါလား
ဆိုပီး သဘောကျရတာကြိုက်တယ်။

Like: ကိုကို့ အတွက်မနက်စာယူသွားဖို့  ထည့်ပေး ရင်း နွားနို့ အေးအေး တခွက် သောက်ရတာကြိုက်တယ်။

Like: မနက်တိုင်း ကိုကိုက အလုပ်ကိုအရင်သွားတာမို့  အလုပ်သွားခါနီး ရေချိုးထားတဲ့သူရဲ့  ပါးအေးအေးနဲ့  မျက်နှာသစ်ထားတဲ့ကိုယ့်ရဲ့  ပါးအေးအေးနဲ့ ထိပြီး နုတ်ဆက်ရတာကြိုက်တယ်။

Like: flexible working hour ပေးထားတဲ့ ကိုယ့်အလုပ်ကို ကြိုက်တယ်။ကိုယ့်အလုပ်မှာ မနေရဘဲ
customer office မှာ နေရတာကိုကြိုက်တယ်။ရုံးက သတ်မှတ်ထားတဲ့ စည်းကမ်းတွေ အကုန်လုံးနီးပါး ကနေ တရားဝင်ဖောက်ဖျက်ခွင့်ရထားတဲ့ ကိုယ့်ကိုယ်ကို ကြိုက်တယ်။
ကိုယ့်ကို ယုံကြည်လို့ လွှတ်ထားပေးတာကို အခွင့်ကောင်းမယူတတ်တဲ့ကိုယ့်စိတ်ကို ကိုယ်ပြန်ကြိုက်တယ်။
Customer office မှာ တယောက်တည်း စိတ်ချယုံကြည်စွာထားပီး တလ နေမှ တခါ မိတင် လာတက်မှ
တွေ့ တတ်တဲ့ မန်နေဂျာကို ကြိုက်တယ်။၁၀ နာရီလောက်မှ ရုံးသွားရတာကို အကြိုက်ဆုံး ။ဟိ။

Like: ကတ်စတမ်မာ ရုံးမှာ အကုန် တိုင်းကတ်နဲ့ ဝင်ရပေမယ့် ရုံးချိန်နဲ့ တလွဲဖြစ်နေပီး တော့ ကျနော်က ထွက်ချင်တဲ့ အချိန်ထွက်သွားတတ်လို့  သတ်သတ် စာအုပ်လေးနဲ့ လက်မှတ်ထိုး ရတာကြိုက်တယ်။

Like: မနက် ၁၁ လောက်မှရုံးရောက်တိုင်းမှာ Security အန်တီကြီးက" ဟေး ၉ နာရီဆို ရုံးတံခါးပိတ်တာ ခု ဖွင့်ပေးလို့ မရဘူး " ဆို စတတ်တာကို ကြိုက်တယ်။
ဘာဝတ်လာဝတ်လာ ရုံးက ကိုယ့် ဆာဗာခန်းထဲ ဝင်လိုက်တာနဲ့  ရုံးမှာ စီးတဲ့ ဖိနပ် အမွေးပွအထူကို စွပ် ၊
နောက်ကခေါင်းစွပ်ပါတဲ့ အကျီအထူကို စွပ်လိုက်ရတာကြိုက်တယ်။

Like: ရုံးက ဆာဗာခန်းမှာ ဘာအစားမှ မစားရဆိုတဲ့စည်းကမ်းက ကျနော့်အတွက်မဟုတ်တာကို ကြိုက်တယ်။
နီဝါပြာစိမ်း မီးလေးတွေကို လှမ်းကြည့်ရင်း မနက်ဆို ဆာဗာမျိုးစုံကို စစ်ရတာကြိုက်တယ် ။
ကိုယ်သဘောကျတဲ့ အလုပ်မို့  လို့  သဘောကိုကျတယ်။

Like: ညနေကိုအေးဆေး ပုံမှန်အချိန်ပြန်ရပြီး ကိုကိုနဲ့ ထမင်းအတူတူစားရတာကြိုက်တယ် ။
ညစာစားပြီးခါစ မှာ တီဗွီ အတူတူကြည့်ရင်ကြည့်၊ မဟုတ်ရင် အခွေကြည့်၊
မဟုတ်ရင် ကိုကိုသီချင်းဆိုပြတာနားထောင် နဲ့  အေးဆေးနေရတာကြိုက်တယ်။

Like: အိပ်ခါနီး တယောက်စာအုပ်တအုပ်စီ နဲ့  စာဖတ်ရင်း အိပ်ပျော်ရတာအကြိုက်ဆုံး။



Dislike:ညဘက် အိပ်နေတုံး အလုပ်က ဖုန်းဆက်လို့  အလုပ်ကိစ္စပြောရင်း မျက်စိကျယ်ပြီး
ပြန်အိပ်မရဘဲ မုးနေတာကိုမကြိုက်ဘူး။
၁ ခါဆက်ရုံမပြီးသေးဘဲ ၃ နာရီခြားတခါ ထပ်ဆက်တာမျိုးပိုမကြိုက်ဘူး။
နောက် နင်လာလိုက်ပါလား ဟယ်၊အခုထိလုပ်မရသေးလို့ ပါ down time ကြာနေပြီ ဆိုဖြစ်လာလို့ 
ည ၂ နာရီလောက်ထသွားရတာကတော့ မကြိုက်ဆုံးပဲ။

Dislike :ညဘက်အလုပ်က ဖုန်းလာလို့  မထနိုင်တော့ဘဲ ကိုကို့ ကိုမနက်စာ မထည့်ပေးလိုက်နိုင်တာကို မကြိုက်ဘူး။

Dislike: အခန်းထဲဝင်ဝင်ချင်း alarm တခုခု မြည်နေသံကြားရတာမကြိုက်ဘူး ။
တခါတလေ ဟိုဟာကဒေါင်း ဒီဟာက ဒေါင်းတွေ စုဖြစ်နေတတ်လို့ ရောက်ရောက်ခြင်း အိတ်ကိုပစ်ချပြီး မနက်စာတောင်မစားနိုင်ဘဲလုပ်လိုက်ရတာမှာ ညဘက်အထိ ရောက်သွားတတ်တာမျိုးမကြိုက်ဆုံး။

Dislike: ညနေ ပြန်ခါနီးမှ တခုခုက ထဖောက်လို့ အိမ်ပြန်နောက်ကျပြီး ကိုကို့ ကို စားနှင့်တော့
လို့ ပြောရတာမကြိုက်ဘူး။
Dislike: ညဘက် အလုပ်ရှိလို့ ညလုံးပေါက် အလုပ်လုပ်ရတာ မကြိုက်ဘူး။
ကျနော့် အတွက် နောက်နေ့ ပြန်အိပ်လို့ ရလို့  ဘာမှ မဖြစ်ပေမယ့် ကိုကိုက စိတ်ပူနေပြီး ကောင်းကောင်းအိပ်မပျော်ဘဲ ၂ နာရီ တခါလောက်ဖုန်းဆက်နေတာမို့ သူအိပ်ရေး ပျက်လို့ မကြိုက်တာ။


ကျနော့် လို system /network engineer သမားရဲ့  နေ့ စဉ် တွေက သူများတွေလို ပုံမှန်မရှိပါဘူး။
အလုပ်က on call အဖြစ်နဲ့ နေရတဲ့ လတွေက ခပ်များများမို့ အဲဒီ လို လတွေမှာ ကြိုက်တာနဲ့ 
မကြိုက်တာနဲ့ အမြဲရောနေတတ်တယ်။
သူများတွေလို ရုံးဆင်းတဲ့ အချိန်တွေ ၊အကုန် ကိုယ်ပိုင်အချိန်ပဲဆိုတာမျိုးပြောလို့ မရသူမို့  လည်း အေးအေးဆေးဆေးနေရတဲ့ အချိန်လေးတွေဆို တန်ဖိုးထားတတ်ပါတယ်။

image from internet
Vista

"Nothing But Love"


Guess what baby

The things we say

came true today

Coz we listened to our hearts

No one but you will ever do

Our search is through

But our journey's just beginning

Nothing but love can last forever

Nothing but love will start

To mend the place inside your heart

That needed healing

Nothing but love can last forever

Nothing but love will start

To make your head spin round and round

You know you're feeling love

Nothing but love

Nothing but love

Can't read your mind

Lord knows I'm tryin'

But in your eyes

I see everything I need to know

Nothing to do but follow you

My aim is true I could never ask for any more

And if you walk away

You know that I will follow

To steal back your broken heart

At least until tomorrow

Because whatever comes today

Beside you I can't hide you're the one

Nothing but love can last forever

Nothing but love will start

To mend the place inside your heart

That needed healing

Nothing but love can last forever

Nothing but love will start

To make your head spin round and round

You know you're feeling

Nothing but love could hold our world together

Nothing but love can start

To let us hear the sounds above

that have been screaming love

Nothing but love






http://youtu.be/ILmHNHq6grc MTV Video file


မသက်ဝေ တက်ခ်ထားတဲ့ အချစ်အကြောင်းကို ကျနော် အကြိုက်ဆုံး သီချင်းတွေထဲက
တပုဒ်ဖြစ်တဲ့ Mr.Big ရဲ့  Nothing But love သီချင်းလေးနဲ့ တွဲပြီးတော့ ရေးလိုက်ပါတယ်။

ကလေးဘဝထဲက သိခဲ့ကြ ခင်ခဲ့ကြ
ဘယ်လိုပဲ ရန်ဖြစ်ခဲ့ ဖြစ်ခဲ့
ဘယ်လောက်ပဲ စိတ်ဆိုးခဲ့ ဆိုးခဲ့
တော်ပြီ မခေါ်တော့ဘူး ပြတ်တော့မယ်လို့ ဘယ်နှစ်ခါတွေးမိ ပြောမိ
အမြင်ကတ်ဖို့ ကောင်းလိုက်တာ လို့ တွေးမိပြောမိ
သူနဲ့  တော့မဖြစ်တော့ပါဘူးလို့ တွေးမိ ပြောမိ ..
ဘယ်လိုတွေ စိတ်ဆိုး စိတ်တို အမြင်ကတ် ကြပေမယ့်
အဲဒီအချိန်တွေဟာ ၅ မိနစ်မပြည့်ခဲ့ဘူး ။

တယောက်နဲ့ တယောက် အမြဲလိုအပ်တာမို့ 
တယောက်ဘေးမှာ တယောက်အမြဲရှိနေကြတယ် ။

ကြည့်လိုက်ရင် အေးစက်စက်ပေမယ့်
တယောက်လိုအပ်ချက်ကိုတယောက်ဖြည့်ဆည်းဖို့ အမြဲ အသင့်ရှိနေကြတယ်။

အရမ်းကြီး တယုတယ ဂရုစိုက်မပြတတ်ကြပေမယ့်
တယောက်နဲ့ တယောက် အရမ်းပူပန်တတ်ကြတယ်။

ချစ်လား ဘယ်လောက်ချစ်လည်း ဘာညာတွေ မပြောတတ်ကြပေမယ့်
ချစ်တယ် ဆိုတာ အချင်းချင်းသိပါတယ်။


Vista
၁။ ပိုက်ဆံ
ဒီတခေါက်ပြန်တော့ သယ်ရလွယ် ၊ သုံးရလွယ်တဲ့ ၅၀၀၀ တန်လေးတွေ နဲ့ အဆင်ပြေတယ်။
သစ်လည်း သစ်သေးတယ် ။

သုံးရလွယ်သလားမမေးနဲ့  ၁ သိန်းကို ၂ ရက်သုံးလို့ တောင်မခံဘူး။
ဘာမှ ဝယ်တာလည်းမဟုတ်ဘူး။
City Mart မှာ ၁ ခါဝယ်လိုက် ၄ သောင်း။
အိမ်အတွက် စားဖို့ သောက်ဖို့ ဝယ်တာ။ဆန် မပါသေးဘူး။ ဆီ နဲ့  ကော်ဖီမစ် ၊နွားနို့ ဘာညာဝယ်တာ။
ကြည့်မြင်တိုင်ညဈေး ဟင်းစား ၄ ရက်စာလောက်ဝယ်တာ ၅သောင်း။
ကြက်သား၊ ပုစွန် ၊ငါးဖယ် ၊ ငါးခူ၊ ငါးကျည်း။ ဒါပဲ ကျန်တာအရွက်အသီးနည်းနည်း။ အဲဒါလည်းအဲလောက်ကုန်တာပဲ။လက်ထဲက ထွက်သွားတော့ ဘာမှန်းမသိဘူး ။
စာရင်းစစ်လိုက်တော့ အဲလောက်ကုန်သွားတာ။

၂။ ဓါတ်ဆီ

ဒီတခါပြန်တော့ အရင်လို ဓါတ်ဆီကို ဆီစာအုပ်နဲ့ တနေ့ ၂ ဂါလံ ပေးတာမဟုတ်တော့ဘူးတဲ့။
အရင်ဆို ၁ နေ့ ၂ဂါလံစာကို ၃ရက်စာပေါင်းပြီး ၆ ဂါလံစာအုပ်ပြထုတ်တာမျိုးလေ။
အခုပုဂ္ဂလိက ဖြစ်သွားပြီတဲ့။
ဒါဆိုကြိုက်သလောက် ထုတ်လို့ ရလားဆိုတော့လည်းမဟုတ်ဘူး။
တဂါလံ ၂၅၀၀ကျပ်နဲ့  တခါထုထ်မှ ၂ဂါလံတဲ့။ဟမ်။
အဲဒီတော့ ၁၀ ဂါလံလိုချင်သူက ၅ ခေါက်ပြန်တန်းစီ ။ သေပီ။
ဘာတွေ ဖြစ်လာလည်းဆိုတော့ ဆီဆိုင်တွေမှာ ကားတန်းရှည်ကြီးတွေဖြစ်လာတယ်။ အပြင်မှောင်ခိုဆိုင်ကလည်းရှိတုန်းပဲ ။ တစ်ဂါလံကို ၃၅၀၀ကျပ်နဲ့ ရောင်းတယ်။
အဲဒီတော့ ဆီထုပ်စားချင်တဲ့ ကားစုတ်၊ ကားပြတ်ပိုင်ရှင်တွေက အဖန်ဖန်လှည့်ပြီးတန်းစီတယ် ။
ရလဒ်က အိမ်သုံးကားတွေ ဒုက္ခရောက်တာပဲ။


အမေက မနက် ၆ နာရီနိုးတယ် ၊ ဘာလုပ်ဖို့ လည်းဆိုတော့ ၆နာရီခွဲ ဆိုင်မဖွင့်ခင်သွားတန်းစီရမှာတဲ့ ။
ဆိုင်ဖွင့်ရင် ကားတွေ အရမ်းများလာပြီးတော့ မစီနိုင်ဘူးတဲ့။
(ကားနည်းနည်းရှင်းတဲ့ ဆိုင်ကိုမှတ်ထားရသေးသတဲ့ ) ။
တချို့ ဆိုင်တွေက မနက် ၄နာရီလောက်တည်းက တန်းစီထားတဲ့ တက်စီတွေနဲ့ လို့ ဆိုတယ်။
ပထမ ဆုံးနေ့ ဆိုတော့ မသိဘူးလေ။ အမေနဲ့ သွားတန်းစီလိုက်တယ်။ မြတ်စွာဘုရားရေ။
၆နာရီက ကားတန်းကိုကြည့်ပါ ကိုယ့်ရှေ့ မှာ အစီး ၃၀ လောက်ရှိသေးတယ်။


ဒါဆိုင်ဖွင့်နေပီ အစီး ၂၀ လောက်ကျန်သေးတယ် ။ ၂ ဂါလံရဖို့ အရေး တန်းရတာ။
နောက်တော့ အပြင်သွားရင်းနဲ့  ကားရှင်းတဲ့ ဆိုင်တွေ့ တော့ ဝင်မေးကြည့်မှ Octane 92 ဆိုင်တဲ့။
၃၃၀၀ ကျပ်တဲ့ ။
( FEC ဈေးအတက်အကျပေါ်တည်ပီး ၃၄၀၀ ဖြစ်ချင်ဖြစ်တယ် ၃၅၀၀ ဖြစ်တဲ့အခါဖြစ်ပါတယ် )။
အလိုလေးလေး ဒီလိုမှန်းသိဒီမှာဝယ်တာပေါ့ ။
အပြင်ဆိုင်မှာ ဓါတ်ဆီ ရေရောတော့ ၃၅၀၀ကျပ်နဲ့ မဝယ်ဘူး။
Octane 92 ပဲထည့်မှာပေါ့ကွယ်။



ဒီလိုဆိုင်တွေမှာ ဈေးကိုကြည့် ။ဝင်ထည့်ရုံပဲ ။
ကြိုက်သလောက်ထည့်စမ်း။ တိုင်ကီ ဆန့် သလောက်ထည့်စမ်း။
ဓါတ်ဆီ သမားကတော့ တန်းစီရတယ် ။ Octane သမားက မစီရဘူး။
ဘယ်စီမလည်း ၊ မစီဘူး မစီဘူး ။ မနက်တိုင်း ၆နာရီထ မနေနိုင်ဘူး ။



Octane သုံးတော့ ကားက ပိုမောင်းလို့ ကောင်းတယ် ။ အဲကွန်းလည်း နိုင်တယ်။
ဆီကတော့ ကုန်တယ် ။ဟီး။
ပိုက်ဆံ ၁ သိန်း ၂ရက်မခံတဲ့အထဲမှာ အဲဒါလည်းပါတယ်။
Vista
ဈေး......

ဈေးထဲ ဒါ့ပုံရိုက်ရတာမလွယ်ဘူး ကင်မလာသယ်သွားလို့ ဘယ်လိုမှ မဖြစ်နိုင်လို့ 
ဖုန်းနဲ့ ပဲရိုက်လာခဲ့တယ်

သပြေပန်းတွေ



မှို အလုံးလေးတွေ ၊ ကုလားအော်သီးတွေ


ငါးခြောက်အမျိုးမျိုး


အရွက်စိမ်းအစုံ




အပုံလိုက်ပဲ


အဲငါးခြောက်သယ်လေးက ချစ်စရာ ရခိုင်ကလာတဲ့



သရက်သီးတွေ



ဟင်းချက်စားတဲ့ ငါးခြောက်တွေ နာမည်မေ့သွားလို့ 


ဘဲဥ ၊ ကြက်ဥ



ကောက်ညှင်းထုပ် ( ငှက်ပျော + ပဲ )



ငှက်ပျောသီးဆိုင်



ငါးရံ့ ၊ ပုစွန်ဘော့ချိတ်၊ မြစ်ငါးတန် ၊ငါးခူ ၊ငါးနုသန်း

ဈေးထဲမှာ ပိုက်ဆံ တောင်းနေရရှာတဲ့ အမယ်အို

တောင်းထဲက ပဲပြုတ်



တမာချဉ်၊ သရက်ချဉ်၊ကတက်ချဉ်

( ဒီတခေါက်တော့ အမေ့ကို ဈေးပို့ ရင်းလိုက်မစောင့်တော့ဘူး ။
ဘာလို ချင်လည်းမေးပြီး ကိုယ့်ဘာကိုယ်သွားဝယ်လိုက်တယ် ။ အမေနဲ့ ဆိုကြာလွန်းလို့ ။)





Vista

မြန်မာမှာ ရနိုင်တဲ့ Coke



ဘယ်နှခါ စားစားမရိုးတဲ့ ငါးရှဥ့်ခြောက်စပ် (Fuji )



ငါးမန်းတောင် စွပ်တဲ့ ကျနော်မကြိုက် (Fuji )


ကျနော့်အကြိုက် ငါးခေါင်းချဉ်စပ်ဟင်း(Fuji )



အကြိုက်ဆုံးကြေးအိုးဆီချက် ( YKKO )



ကြေးအိုး ( YKKO )

Vista


Western Park က ဘဲကင်


ဘဲကင် တကောင်လုံးကိုအဲလို လွှာလိုက်တာ ၂ ပန်းကန်ပဲရတယ်


အဲဒီကောင်မလေး တော်တော်ပါးပါးလှီးကျွမ်းကျင်တယ် :P



စီချွမ် ဝက်သားသုံးထပ်သား ငံစပ် ဆိုပဲ


ကြံမဆိုင်ဟင်းချို စောင့်ဆိုင်းနေပုံ ။
ဟင်းချိုတော့ မရိုက်လာမိဘူး။

ဘဲကင်က ရွှေဘဲက ဘဲကင်လောက်မကောင်းသလိုပဲ ။
ရွှေဘဲက ဘဲကင်က ပိုဝတယ် ။အဲဒီမှာစားတာတော့မရိုက်လာမိဘူး ။
လူကြီးတွေနဲ့ မိုလို့ ။ အခုတောင် တော်တော်ပြောခံခဲ့ရတယ်။
ဒီ ဝဏ္ဏခွာနီး လက်သစ်ကလည်း ကင်မလာတကားကားနဲ့ မျက်စိနောက်တယ်တဲ့။
Vista

မြောင်းမြဒေါ်ချိုတဲ့ ( အတော်ကောင်းတယ် ဆီအနီတွေမပါဘူး )



ပလို့ ပြောင်း ဆိုလား ( ပြောင်းဖူးကြိုက်တတ်သူတွေအတွက် အနီးကပ်ရိုက်လာပေးတာ )


ဒေါ်ချိုပဲ ထင်တယ် မမှတ်မိတော့



နံပြား+ ပဲပြုတ်




ပဲပြုတ် + နံပြား




ဆမူဆာ + ငှက်ပြောကော်ပြန့် ကြော် + အာလူးကြော်


Myanmar Notes ကို အစားအသောက်တွေနဲ့  စဖွင့်လိုက်ပါပီ .. ဆဲကြကုန် ..း)