Vista

ရှင်စောပုဘုရား က ခံစားမှုတွေ ၊ ဆုတောင်းတွေ ... တစ်ချို့ ပေါက်ကွဲသံစဉ်တွေတောင်ပါသေး



ဆုတောင်းတွေ များမှများနော်.. သြော်လူတွေလူတွေ


ဒါကတော့ ဆွမ်းဦးပုညရှင် ဘုရားဇောင်းတန်းက သူကတော့ ကဗျာဆန်ဆန်
Vista
သနပ်ခါးအကြောင်းပြောသာပြောရတာ ကျနော်က သနပ်ခါးမလိမ်းတာများပါတယ်။
မျက်နှာပြောင်တိုက်တယ်ပဲဆိုဆို ငယ်ငယ်တည်းကဘာမှကိုမလိမ်းခြင်တာ။
ကျနော့်မေမေကတော့ သနပ်ခါးအရမ်းကြိုက်တယ် ဘာမိတ်ကပ်မှမကြိုက်ဘူး။
နိုင်ငံခြားမှာဆိုရင်တော့မဖြစ်လို့ မိတ်ကပ်လိမ်းရတာ သူ့ မှာ၊
မြန်မာပြည်မှာဆိုလို့ ကတော့ တစ်ကိုယ်လုံးသနပ်ခါးအပြည့်ပဲ ။
ငယ်ငယ်ကဆို ကျန်ာရေချိုးပြီးတာနဲ့ အတင်းခေါ်ပြီးလိမ်းပေးတာ ၊ လုံးဝမကြိုက်ဘူး ။
မျက်နှာမှာတင်းနေတာကို အရမ်းစိတ်ညစ်တယ် ။
နိုင်ငံခြားရောက်တော့ ဒီဒုက္ခကလွတ်သွားရော ၊သူလည်းမလိမ်းရတော့ဘူး ကောင်းလိုက်တာ ဟိဟိ။
ကျနော်ကမြန်မာပြည်မှာဆိုရင်တစ်ခါတစ်လေတော့သနပ်ခါးပွတ်လေ့ရှိပါတယ်၊
လိမ်းတာမဟုတ်ဘူးနော် ။ပွတ်တာ ၊အရိုးလေးကိုသွေးပြီးရေကျဲလေးပွတ်တာ ..
ကျနော်ကြိုက်တဲ့ သနပ်ခါးတုံးမျိုးကို ကျောက်ပွေးလို့ ခေါ်တယ်တဲ့ ..
အန်တီလေး(ဦးလေးငယ်မိန်းမ )ပြောပြတာပါ။
သူသနပ်ခါးလိမ်းထားတာများတွေ့ လိုက်ရင် ဖွေးနေတာ ..မေမေတို့ လိမ်းသလို ဝါဝါမဟုတ်ဘူး
ကျနော်ကလည်း အဲလို ဖြူဖွေးနေတာလေးကိုပဲကြိုက်တယ် ..ဝါဝါကြီးမကြိုက်ဘူး။
ဒါနဲ့ ပဲသူလာတော့မေးကြည့်တော့ အဲဒါကျောက်ပွေးခေါ်တယ်တဲ့ သွေးလိုက်ရင်အဖြူရောင်ထွက်တယ်ပေါ့လေ အရမ်းကြီးမမွှေးပဲသင်းတယ်တဲ့ ။
ဒါနဲ့ ပဲနောက်ဆို သနပ်ခါးဝယ်ရင်ကျောက်ပွေး လားကြည့်ဝယ်ဖြစ်တယ်။
ဒီတစ်ခေါက်စစ်ကိုင်းရောက်တော့ ကောင်းမှုတော်ဘုရားဝင်းထည်းမှာ သနပ်ခါးတွေရောင်းလို့ ဝယ်လာခဲ့တယ်
ကိုယ့်အတွက်တော့မထင်နဲ့  မေမေနဲ့ အန်တီတွေ အတွက်ပေါ့ ....
မွှေးတာမှသင်းနေတာပဲ ...မဝယ်ခင်စမ်းသွေးပြပြီးမှ ရောင်းတာလေ ..
လက်တွေမှာလည်း ဖြူနေတာ သူတို့ စမ်းလိုက်သုတ်ပေးလိုက်နဲ့ 
မွှေးကြည့်ရင်းနဲ့ နှာခေါင်းမှာလည်း ဖြူလို့ ပေါ့။


သနပ်ခါးကြိုက်သူများအတွက် စစ်ကိုင်း ကောင်းမှုတော်ဘုရားဈေးဆိုင်တန်းတွေကရှယ်သနပ်ခါးတွေ

အရှေ .ဆုံးတန်းက အရှည်တွေ အကုန်လုံးကျောက်ပွေးတွေပေါ့ ..မွှေးမှမွှေးပဲ ။

သနပ်ခါးတွေ အပုံလိုက် အစည်းလိုက် ဝယ်ခြင်စရာ

ကျောက်ပျဉ်နဲ့ သနပ်ခါးတုံးကိုလည်းကြည့်ပါအုံး နည်းနည်းနောနောမဟုတ်ဘူး ..သနပ်ခါးတုံးစမ်းနေတယ်မထင်လိုက်နဲ့ သူလိမ်းမလို့ သွေးနေတာဗျ သိလား ..
သွေးလည်းပြီးရောလိမ်းလိုက်တာ မိန်းကလေးတောင်ရှုံးမယ် ဟိဟိ..
မကောင်းတတ်လို့ လိမ်းနေတာမရိုက်လာခဲ့တော့ဘူး ။
Labels: 7 comments | edit post
Vista
ကျနော်က ငါးကြိုက်တယ်ဆိုလို့ ရောက်လေရာအိမ်တွေက ငါးချက်ကျွေးပါတယ် .ဒါကတော့ ငါးကြင်းရေချိုနဲ့  ငါးပိအတို့ အစုံပါ ( ကန်စွန်းရိုးနီ၊ နံနံပင်၊ ကနဖေါ့ ၊ မုန်ညင်းဖူးပြုတ်၊သရက်ကင်း )

ငါးမြွေထိုး နဲ့ ဘဲဥရောချက်တဲ့ဟင်းပေါ့ (ထိကရုန်း ၊ပေါက်ပန်းဖြူ ၊ဘော့စကိုင်း၊ခွေးတောက်ရွက်..အတို့ တွေ )


ငါးကြင်းရေချို ကျနော့်အန်တီကြီးလက်ရာ ကျနော်အကြိုက်ဆုံးပါ


ဒါကမန္တလေးကဆိုင်မှာစားတာ (ဆိတ်သားနှပ်၊ဆိတ်ဦးနှောဏ်၊မှိုကြော်၊နို့ ခဲကြော် ..)




စစ်ကိုင်းကဆိုင်မှာစားကြတာ ဆတ်သားလည်းပါတယ် တို့ စရာက အရမ်းစုံတယ် ခရမ်းချဉ်သီးချက် ကလည်းအရမ်းကောင်းတယ် side dishes တွေလည်းအများကြီးပေးတယ် :P



Labels: 13 comments | edit post
Vista
မြန်မာပြည်ပြန်ရောက်တော့ မနက်ဆိုရင်ဈေးကိုမေမေ့ကိုလိုက်ပို့ ရတယ်၊
ဒါကအရင်ကတည်းကအမြဲ ကိုယ့်ဂျူတီလေ ..ကိုကိုကတော့ အဲဒီအချိန်အိပ်တုံး ...
ကိုယ်ကနိုးပီ.. အဲဒီတော့ကိုယ်ပဲလိုက်ရတာပေါ့ ဟိ..
အရင်ကတည်းက ဈေးပို့ ကားထဲ စာအုပ်တစ်အုပ်နဲ့ ထိုင်စောင့်နေကြ မားသားနောက်မလိုက်နိုင်ဘူး .သူဈေးဝယ်တာလိုက်ရတာ မလွယ်ကြော ဆိုင်တစ်ဆိုင်တွေ့ လည်းမဝယ်သေးဘူး၊
သူ့ ဆိုင်မဟုတ်သေးလို့ တဲ့ဆက်လျှောက်သေးတာ ၊ဒီဈေးပဲဒီပစ္စည်းပဲဝယ်ပါတော့လား ..မဝယ်ပေါင်
သူ့ ဆိုင်ရောက်မှဝယ်တာ..ဟူး တော်တော်မောတယ် ..
သူကလည်းကိုယ်တို့ လိုက်တာမကြိုက်ပါဘူး
ရှုပ်လို့ ကားထဲကပဲစောင့်နေတဲ့ ဟိဟိ..
အခုပြန်တော့အဲဒီ ဂျုတီဟောင်းကိုပြန်လည်ထမ်းဆောင်တယ်ပေါ့ ၊
ဒီတစ်ခေါက်တော့ မရောက်တာလည်းကြာတော့ ကားထဲမနေတော့ပဲ မားသားနောက်လိုက်
ဈေးခြင်းဆွဲရင်း ဓါတ်ပုံလေးတွေ ဖုန်းနဲ့ ရိုက်လာခဲ့တယ် ..အလွမ်းပြေကြည့်ချင်သူများအတွက်ပေါ့လေ...




ပန်းတွေနဲ့ ပန်းသည်မလေး


တို့ စရာတွေချည်းရောင်းတဲ့ဆိုင်လေ


ပန်းဖူးကလည်း ဒီကလိုမဟုတ်ဘူး ပိုစားကောင်းတယ်



လဖက်စားတဲ့ကြက်သွန်ဖြူဥတစ်လုံးလေးတွေ လှမှလှ




သရက်သီးစိုင်သီး နဲ့ ရှောက်ရွက် ၊သံပုရာသီး



အကြော်စုံ ..ပုံရိုက်ခြင်လို့ ဝယ်လာရတယ် ဟိဟိ



အစုံပလုံ အသီးအနှံတွေ

ဈေးဝယ်ပြီးအပြန်ကြတော့ မုန့် ဟင်းခါးဝယ်လာတယ် အိမ်မှာစားကြဖို့  ..
အဲဒါတော့မရိုက်လာခဲ့မိဘူး ဟိ.။လက်မအားတော့လို့ လေ..
Vista

ဇီးဖြူသီးအချဉ်ပေါင်း ၊မက်မန်းပေါင်း၊မာလကာသီး နဲ့ ဆီးသီးအစပ်တဲ့

အထမ်းနဲ့ လိုက်ရောင်းတဲ့ ကုလားလေးဗယာကြော်လေ

စစ်ကိုင်းက ဘုရားမှာရောင်းတဲ့ နှမ်းပြစ် ၊မြေပဲယို ၊ဌက်ပျောကြော် ၊မလိုင်လုံး ....

မန္တလေးဘုရားမှာရောင်းနေတဲ့  ပဲမြစ်ပြုတ် ၊နာနတ်သီး ...
ပဲမြစ်ကိုပြုတ်ထောင်းပြီး အုန်းနို့ ဆန်းရောင်းတာတွေ့ မိသေးတယ် မရိုက်လာမိလို့ 


သူများတွေ ဝယ်စားနေတာတွေ့ လို့ မြို့ တည်းသွားတုန်းရိုက်လာတာပါ ..
သိပ်မသန့် ဘူးထင်တယ်နော်
ဒိန်ချဉ်ကိုလည်း အဲခွက်တွေနဲ့ ပဲသောက်ကြတည့် လူတွေ့ ရတယ်...


(ခရီးသွားတုန်း တွေ့ သမျှ အချဉ်ပေါင်းတွေ၊ မုန့် တွေပါ ။
ကျနော်တော့မစားရဲလို့ မစားပါဘူး ဓါတ်ပုံပဲရိုက်ခဲ့တယ် ။
အမှတ်တရပေါ့ ...ရန်ကုန် ၊မန္တလေး၊စစ်ကိုင်း ..ကမုန့် တွေပါ ..
ရှိသေးတယ် ကင်မရာနဲ့ ရိုက်ထားတာတွေ၊
ဒါတွေက ဖုန်းနဲ့ ရိုက်ခဲ့တာတွေပေါ့။)


Labels: 11 comments | edit post
Vista




မြန်မာပြည်ပြန်တော့ ပိုက်ပိုက်တော်တော်ကုန်တယ် ...ဘယ်သွားသွားရှောခနဲပဲကုန်တာ
ဒီမှာအကြွေစေ့တွေ
ပိုက်ပိုက်သေးသေးလေးတွေနဲ့  ကတ်တွေပဲသုံးခဲ့တာဆိုတော့ပိုက်ဆံအိတ်ကသေးသေးပဲရှိတယ်လေ မြန်မာပြည်ရောက်တော့ပိုက်ဆံအိပ်အကြီးကြီးလို ရော...ဆန့် မှမဆန့် တာ ..
သူများဆီကခဏဌားသုံးရတော့တယ် ..
ပြီးတော့ ဘယ်သွားသွားပိုက်ပိုက်ကိုယူသွားရတယ် ကတ်မှမရှိတော့ .အဲလို ...
ခရီးသွားလည်းကုန်မယ်ထင်သလောက်ယူသွားရပါတယ် ..လေးတာမပြောနဲ့ လွယ်ရတာ
တစ်ခုတွေ့ တာက ပိုက်ဆံတွေတော်တော်စုတ်တာပဲလို့ 
့အရင်တုန်းကကျနော်သိတာ ပိုက်ဆံစုတ်ရင်ပြန်လဲခိုင်းတာပဲ အခုဘယ်လောက်စုတ်တဲ့ပိုက်ဆံဖြစ်ဖြစ်ယူတာတွေ့ ရတယ် ...အစုတ်ဆုံးက ၂၀၀ နဲ့  ၁၀၀ တန်တွေပါ .. ၅၀၀တန်က အဲလောက်မဆိုးဘူး..
ပုံတွေကိုကြည့်  .. စုတ်ပြတ်နေလို့ မှတ်တမ်းတင်ထားမိတယ် ..
ဒါတောင်နောက်ပိုင်းဒီ့ထက်စုတ်တဲ့ ပိုက်ဆံတွေတွေ့ သေးတယ်
ကျနော်ကတော့အဲဒီပိုက်ပိုက်တွေကိုင်ပြီးတိုင်းမှာ လက်ဆေးလိုက် ( အိမ်မှာ )
( ခရီးသွားတော့ hand sanitizers ) နဲ့ ပေါ့ မလွယ်ပါလားနော် ..
Vista





မြန်မာပြည်ပြန်သွားလည်ပါတယ် ။ခဏပါ ၃ပတ်လောက် ။မပြန်တာကြာပီဆိုတော့ ပျော်ပါတယ်။
အညာတို့ မန္တလေးတို့ ရောက်ခဲ့တယ် ။နောက်တော့ပုံတွေတင်ပေးပါမယ် ။အခုတော့ ကြေးအိုးကြိုက်တဲ့သူတွေအတွက် YKKO မှာသွားစားရင်းရိုက်လာတဲ့ပုံပါ ။ဖုန်းနဲ့ ရိုက်ထားတာပေါ့ ။ ရူစားကြကုန်...
Labels: 9 comments | edit post