Vista
နေ့ လည်စာစား ခဏ နားပြီးတော့ နာက်ဆုံး နေရာဖြစ်တဲ့ khai nok island ကို ထွက်ခဲ့ ကြပါတယ်။
 နေသိပ်မပူပါဘူး တိမ်တွေရှိပါတယ် .. တော်သေးလို့  ဒါတောင် အတော့်ကိုပူတာပါ
 ရေကကြည်လင် ကောင်းကင်ကပြာတောက် ..
အဲဒီမှာ မော်တော်တွေ ရပ်ထားတာမှ အများကြီးပါပဲ။ ပင်လယ်ထဲရေနက်ထဲ မငုတ်ရဲသူ မငုတ်ခဲ့ရသူ ငုတ်မဝ ဖြစ်ခဲ့သူတွေ အတွက် အနီးအနားမှာပဲ ထပ်ပြီး snorkeling လို့ ရပါတယ်။ ဒီမှာလည်း ကျနော်မငုတ်ဖြစ်ခဲ့ပါဘူး နေမကောင်းချင်သလိုဖြစ်လာလို့ ပါ။
 အမှန်ကတော့ မယ်နုပီပီ နေပူတဲ့ဒဏ်များလာတော့ ခေါင်းက ကိုက်တတ်လာပြီး မခံနိုင်တာပါ။ 
အဲဒီကျွန်းမှာ ရေမငုတ်ချင်ရင်လည်း ထီးအောက်က ကုလားထိုင်မှာ ထိုင်လို့ ရပါတယ်။
 ဒီကျွန်းက ပုဂ္ဂလိကပိုင်မို့ လို့  ကုလားထိုင် ငှားခပေးရပါတယ် ဘတ် ၁၅၀ ပါ ။
 ထီးတလက် အောက် ထိုင်ခုံ ၂ လုံးနဲ့  ၂ ယောက်ထိုင်နိုင်ပါတယ်။
Tour အစီအစဉ်ကလည်း အသီးနဲ့ အအေးတွေတိုက်ပါတယ်။ ဘေးနားမှာလည်း ဆိုင်လေးတွေ ရှိပါတယ် အုန်းရည်က အစ ၊ ရေခဲမုန့် အဆုးံ အကုန်မှာစားလို့ ရပါတယ်။ ထီးကလည်း ဦးနိုင်မှ တော်က ကျတာပါ။ အပန်းဖြေ မော်တော်တွေ ဆိုတာ ကမ်းအပြည့် မနည်းဘဲ ဆိုက်ထားတာကိုး ။
အဖြူတွေကတော့ ထီးမရလိုက်လည်း ပျော်ပျော်ပဲ အဝတ်ခင်းပြီးနေပူထဲမှာ အိပ်ကျပါတယ်။
ကျနော်ကတော့ ထီးတောင်အရိပ်ကျမယ့် နေရာပြေးယူပြီး ထိုင်ရတာပါ။
 တွေ့ သလောက် အရှေ့ တိုင်းသားတွေက နေလှန်းတာ သိပ်မရှိပါဘူး ။ လှန်းလည်း ခဏလောက်ပါပဲ ၊ အမြဲတစေ နေပူထဲ လှန်းနေတာက အဖြူတွေပါပဲ။
 ဟဲ့ မြန်မြန်လာ နေပူတယ် .. 
ကိုယ်တေက ပူလေ ကြိုက်လေ ...
 မောင်နဲ့ သာဆိုရင် နေပူထဲကိုလည်း ညချမ်းအချိန်လရောင်အောက်လျှောက်ရတယ်ထင်.. (တကယ်သနားပါတယ် ကမ်းခြေလာလည်တာတောင် တကိုယ်လုံးဖုံးထားရ )
 ခဏနေတော့ မိုးအုံ့ လာပါတယ် ၊ ပျော်လိုက်တဲ့ ဖြစ်ချင်း .. နောက်မိုးစက်ဖွဲဖွဲလေးကျလာပါတယ်။
သဲပေါ်အိပ်နေတဲ့ ဘိုတွေ စိတ်ညစ်ကုန်ပါတယ် သူတို့ ကနေလှန်းချင်တာကိုး ကျနော်ကတော့ အပျော်ဆုံးပါ။ နောက် မိုးတိတ်သွားပေမယ့် နေအရမ်းမပူတော့ပါဘူး အုံ့ တုံ့ တုံ့ လေးကျန်ပါတယ် ၊ တော်ပေသေးလို့ ။
 မိုးအုံ့ တုံ့ တုံ့ 
 ဟဲ့ ..ငါ့ကို လှ လှ ရိုက်ပေးနော် ...
 ဒီလိုလေးက နောက် တပုံနော် သိလား ..
ကိုကို လားလား သများတို့ ဓါတ်ပုံရိုက်ချင်လို့  ကူညီပါ .. 
(  ကူညီပါရစီ ကူညီပါရစီ ခမြ  )
ဒီလိုလေးရော ..
နောက်တပုံ ရိုက်မယ် ချတ် ချတ်..
ဘီယွန်းစေးလား .. ဘာလား
ဒါမျိုးကလည်း ရှိ ( ယောကျာ်း ဗလကြီးက အယ်နေတာပဲ - စမုတ်တံမောင် ထင်တယ် )
 လှလို့  ..
တယောက်တည်းအေးဆေး
မက်စိပို့ လိုက်တယ် မောင်မောင့်ကို
 မောင်မောင်လာပြီ
ဒီ chameleon နဲ့ ဒါ့ပုံတွဲရိုက်ချင်ရင် ပိုက်ပေးရမယ်
ငါဟဲ့ မိန်းမ !!
ငါးမတွေ့ မချင်း ငုတ်မယ်ဟေ့
 ကျနော်လည်းရေစပ်တော့ ဆင်းလိုက်သေးတယ် ရေကကြည်နေတာပဲ 
အဲနားမှာလည်း ငါးတွေရှိတယ်
Yay !!.
 ညနေ စောင်းတော့ ပြန်ခဲ့ကြတယ် ဖူးခက်ကျွန်းကို ၅နာရီ အရောက်ပြန်ရမှာကိုး
နေရစ်ခဲ့တော့ khai nok ...
ဆက်ရန် :P
5 Responses
  1. Tuumar Says:
    ပျော်စရာကြီးနော် တစ်ခါလောက်တော့သွားချင်မိတယ်
  2. Tuumar Says:
ေ၆ျာ်စရာကြီး
  3. Tuumar Says:
    ပျော်စရာကြီးနော် တစ်ခါလောက်တော့သွားချင်မိတယ်
  4. ပုံလေးတွေလှတယ်....မရောက်တာ၁၅နှစ်ရှိပြီ....ပြန်သွားချင်စိတ်ပေါက်သွားတယ်....
  5. Anonymous Says:
    ကိုယ်တို့ တွေကတော့နေပူပူကိုဘယ်လိုမှမခံစားနိုင်ဘူးပူတဲ့နိုင်ငံမှာနေခဲ့ရလို့ လားမသိဘူး။ နော်။
    ဘိုတွေဟာတော်တော်နေပူကြိုက်တာဗစ်ရေ။
    ကိုယ်သာအဲမှာဆိုဗစ်လိုဘဲမိုးရွာတဲ့အချိန်အရမ်းပျော်သွားမှာ။
    အိုင်အိုရာ