Vista
Phi Phi tour က ပြန်ရောက်ရောက်ချင်း အမြန်ရေချိုးကြပါတယ် Phuket Simon Cabaret ရှိုးကြည့်ဖို့ ကားက လာခေါ်တော့မှာကိုး ပွဲက ၇း၄၅ မှာ စမှာဆိုတော့ ၇ နာရီမှာ လာခေါ်ပါတယ်။ တခြား ဟိုတယ်ကလူတွေလည်းကားပေါ် ပါလာပါတယ် ။  ဒါဟာ ဖူးခက်မှာ နာမည်အတော်ကြီးတဲ့ ပွဲဆိုတာ သိသာပါတယ် ပွဲပြတဲ့ ရုံကိုရောက်တော့ လူတွေ ဆိုတာမှ ကြိတ်ကြိတ်တိုးနေတာပါ။ တယောက်တယောက် အတွက်ရမယ့်ပိုက်ဆံနဲ့ တွက်ရင် မနည်းပါဘူး။
ပွဲမှာ ဓါတ်ပုံရိုက်ခွင့်မရှိပါဘူး ဖုန်းတွေလည်း အသံပိတ်ထားပါ ၊ ကင်မရာတွေ မရိုက်ရပါ စသည်ဖြင့် လက်မှတ်ဖြတ်ပြီးတော့ ရုံထဲဝင်ဖို့ တန်းစီနေတုန်း တီဗွီမှာ ပြနေတာပါ။  ဓါတ်ပုံရိုက်မယ်ဟဲ့ လို့  တွေးထားသမျှ အဝမှာတင် သဲရေကျ ဖြစ်ရပါတယ်။ အထဲကိုဝင်ပြီး ထိုင်တော့လည်း ဓါတ်ပုံ ဗီဒီယို မရိုက်ကြဖို့  fine ကောက်ခံရမယ့် အကြောင်းသတိပေးစာ တင်ထားပါတယ်။ ကျနော့်လို ပဲ အုန်းသီးတွေ ကိုယ်စီနဲ့ ရိုက်လိုက်မဟဲ့လို့ မှန်းထားသူတွေ အကုန် ကင်မရာလေးတွေပိတ်ထားကြရပါတယ်။
လက်မှတ်ကိုကြည့်ကတည်းက ကိုကိုက VIP seat မှာမှ နံပါတ်အသေး ဆိုတော့ ကြည့်ရတာ  ရှေ့ ဆုံးကြီးထင်တယ် စိတ်ညစ်ပါတယ်ကွာလုပ်နေပါတယ်။
 ကျနော်က သဘောကျပါတယ် ရှေ့ ဆုံးဆိုတော့ ကောင်းကောင်းမြင်ရတာပေါ့လို့ ။ ကိုကို က သူတို့ ဆင်းလာပြီး ဟိုဆွဲဒီဆွဲလုပ်ရင် ဘယ်ကောင်းမလဲဆိုပြီး ညစ်နေတာပါ ။

အထဲဝင်ကြတော့ တကယ့်ကို ရှေ့ဆုံးမှာပါ။ ကျနော်က စိတ်ပုတ်ပါတယ်၊ဘယ်အရာမှ မကြောက်တဲ့ ကိုကိုတယောက် စိတ်အနှောက်အယှက်ဖြစ်နေတာ မြင်ရလို့ သဘောကျနေတာပါ။
သူတို့ ကတကယ်လည်း ပွဲထဲမှာဆင်းလာပါတယ် ။ ယောကျာ်းလေးတယောက် ၂ ယောက်ကို အာဘွားတွေပေး ၊ရင်ဘတ်ကြီးထဲ ဆွဲထည့် ၊ စင်ပေါ်ခေါ်သွားလုပ်ကြပါတယ်။ လုပ်တာကလည်း အချောအလှ လေးတွေက လုပ်တာ မဟုတ်ပါဘူး ပထမဆုံး ပွဲအစမှာ ထွက်လာတဲ့ ဝတုတ်တုတ် အခြောက်လူပျက်မကြီးက လုပ်တာပါ ၊ အတော်ရီရပါတယ်။ အာဘွားပေးခံရတဲ့ တယောက်က ကျနော်တို့ ဘေးက ကိုရီးယားစုံတွဲက ယောကျာ်းပါ။ အဲဒီဝတုတ်ကြီးက စင်ပေါ်ကဆင်းလာပြီး ကျနော်တို့ နားမှာဝဲနေရင်း အဲဒီယောကျာ်းကိုရွေးလိုက်တာပါ ကိုကိုက မျက်နှာကျောတင်းနေလို့ ကျော်သွားတယ် ထင်ပါတယ် ။ သူ့ မိန်းမက ကလေးပိစိနဲ့  ၊ သူ့ ယောကျာ်းကို အခြောက်မဝတုတ်ကြီးက အာဘွားပေးတော့အော်အော် ရီတာ လက်ထဲ ချီထားတဲ့ ကလေးပြုတ်ကျ မတတ်ပါပဲ။ ကိုကိုကတော့ မရီနိုင်ပါဘူး ဟိုတယောက်ပြီးရင် ၊ သူ့ ဘက်လှည့်လာမှာ စိုးလို့ ပါ။ ကိုရီးယားကောင်ကလည်း ရီသာနေတယ် မျက်နှာ တခုလုံး နီတွတ်နေပါတယ်။ရုံတခုလုံးက လူတွေ အကုန်ပွဲကျနေတာပါ။ ဟိုမိန်းမကြီး သီချင်းဆိုရင်း တခြား အဖြူ တကောင်ဆီ သွားတော့မှ မိန်းမလုပ်သူက သူ့ ယောကျာ်းပါးက နုတ်ခမ်းနီတွေကို တစ်ရှုးနဲ့ ရေဆွတ် သုတ်ပေးရတာ ၊ ပါးမှာ အကွက်လိုက်ပါ။ ဝတုတ်ကြီးက အဖြုတကောင်ကို သူ့ ရင်ပတ်ကြီးအတုအကြီးကြီးထဲ ဆွဲသွင်းတာပါ ၊ဟိုကလည်း မျက်နှာကြီးသာ တွတ်တွတ်ရဲနေတာ လုပ်သမျှ ခံနေရတာပါပဲ ။ ဘေးနားက သူ့ ကောင်မလေးကလည်း ရီတာ သေမတတ်ပါဘဲ။ နောက်တော့ သူ့ အလှည်ြ့ပီးသွားပြီး တခြား အလှလေးတွေ ကပြပါတယ် ။

ပွဲကအတော် ခမ်းနားပါတယ် အသံစနစ်ကလည်း ကောင်း မီးစနစ်ကလည်း ကောင်းပါတယ်။သူတို့ ဆီကို လာလည်တဲ့ နိုင်ငံတော်တော်များများက ရိုးရာဝတ်စုံတွေ နဲ့  သီချင်းတွေ( တရုတ်၊ အိန္ဒယ၊ အီဂျစ် ၊ ကိုရီးယား ၊ ဂျပန် ၊ရုရှ ) နဲ့ နာမည်ကြီး အင်္ဂလိပ်သီချင်းတွေ ကပြတင်ဆက်ပါတယ်။ ပွဲထဲက ဟာကိုတော့ အင်တာနက်ကရှာတွေ့ တဲ့ပုံတွေ ပဲ တင်ပေး လိုက်ပါတယ်။




images from internet



ဒီဝတုတ်ကြီးပါ ၊ ပွဲမှာ ဂျိုကာ သဘောပေါ့။ သူ့ ရင်ဘတ် အတုကြီးကလည်း မနည်းမနော အကြီးကြီးပါ။အလှလေးတွေ ဖျော်ဖြေပြီး ကြားထဲမှာ Halftime သဘောမျိုးသူက ထပ်ထွက်လာပါတယ်။ ကိုကိုကတော့ လာပြန်ပြီဆို စိတ်ညစ်နေပါတယ်။ ဝတုတ်ကြီးက ထပ်ဆင်းလာပြန်ပါတယ် နောက် ပရိတ်သတ်တွေ အလည်ခေါင်က အဖြူတကောင်ကို ဆွဲခေါ်သွားပါတယ် ၊ စင်ပေါ်မှာ သူနဲ့ ကခိုင်းတာပါ။ ဒီအဖြူကတော့ မရှက်ပါဘူး ၊ ခေသူမဟုတ်ပါ ၊ စင်ပေါ်မှာ ဝတုတ်နဲ့ အပြီဒွန့် နေအောင် ကပါတယ် ဝတုတ်ကိုလည်း ကစ်စ်တွေပေးပါသေးတယ်။

ပွဲအပြီးမှ မှ သူတို့ တွေနဲ့ ဓါတ်ပုံတွဲရိုက်ခွင့် ပေးပါတယ်။တွဲရိုက်ရင် မုန့် ဖိုးသဘောပိုက်ဆံပေးရပါတယ်။  တွဲမရိုက်ခြင်ရင်လည်း ဒီအတိုင်းရိုက်လို့ ရပါတယ်။ ကိုကိုက နင်ရိုက်ချင်ရိုက်ပေးမယ်ဆိုပေမယ့် ကိုယ်က တွဲရိုက်ရင် တခြားလူတွေရိုက်တဲ့ အထဲလည်း ပါသွားမှာ စိုးလို့ မရိုက်ဖြစ်ခဲ့ပါဘူး ။




ပန်းရောင်လေးကလည်း မဆိုးပါဘူး 


ကလေးတွေက အရမ်းကို တွဲရိုက်ခြင်ကြပါတယ်


အလယ်ခေါင်က တွဲရိုက်တဲ့ မိန်းမအစစ်ကြီးထက် သူတို့ က  အဆပေါင်းများစွာလှပါတယ် 

 သူတို့ ထဲကတချို့ တွေက အပြင်မှာကြတော့ ယောကျာ်းမိန်းကလေးမှန်းသိသာပေမယ့် ၊  တချို့ အလှလေးတွေဟာ မိန်းကလေး အစစ်နဲ့ မခြားအောင်လှပါတယ် ။မိန်းကလေး အစစ်တောင် သူတို့ လောက်မလှပါဘူး ။ ခြေတံလက်တံတွေကအစ ပျော့ပျောင်း အိစက်နေတာပါ။ အကုန်ခွဲစိတ်ပြုပြင်ထားကြတာလား ၊နဂိုကသေးသေးလေးတွေလား တော့မသိပါဘူး ။  ကျနော်သဘောကျတဲ့ အလှလေးတွေကို ပွဲအပြီးမှာ ဓါတ်ပုံရိုက်လာခဲ့ပါတယ်။

 ကျနော့်ကို ဟေးယူ ဆို ပြီး သူနဲ့ တွဲရိုက်ဖို့ လက်ကွေးခေါ်နေတာပါ ၊ ဒီတယောက်က အလှဆုံးထဲမှာပါပါတယ်။ မိန်းကလေးအစစ်ဖြစ်ပြီး သူ့ လောက်မှ မလှလို့ ကွကိုယ်တောင် စိတ်ညစ်မိပါရဲ့ ။

ဒီတယောက်ကလည်း တကယ် မိန်းကလေး အစစ်နဲ့ တူတာပါ

မချော ၂ယောက် ကိုယ်တယောက်ပုံ ဟိဟိ
ဘယ်ဖက်ကတယောက်ကလည်း အတော်လှပါတယ်



ပို့ စ်ပေးနေတာပါ ... မိန်းမ မစစ်ဘူးလို့ ဘယ်လိုမှ ထင်စရာမရှိပါဘူး..

Simon Cabaret ရှိုးပြီးတော့ လာ ကြိုတဲ့ ကားကို မလိုက်တော့ ဘူး လို့ သွားပြောပြီး ၂ ယောက်သား ၊ patong night life ကို လေ့လာဖို့ ထွက်ခဲ့ပါတယ်။ တနေ့ လုံး ဖွင့်ထားတဲ့ လမ်းမကြီး တခုလုံး ဟာညဖက်မှာတော့ ဘာကားမှ သွားမရအောင် ပိတ်ထားလိုက်တာပါ။ တလမ်းလုံး လူတွေ လူတွေ အပြည့်ပါပဲ။ နိုက်ကလပ်တွေ ၊ ဘားတွေ ၊ တိုင်ပတ်အက ဘားတွေ ၊ ဟိုဒင်း ဒီဒင်းတွေ အစုံပါ။ တိုးရစ်စ်တွေကလည်း ယောကျာ်း မိန်းမ လမ်းပေါ်မှာအပြည့်ပါ ။ ကျနော်က တိုင်ပတ်တွေ ကို ဓါတ်ပုံရိုက်နေလို့  ကိုကိုက အတင်းဆွဲခေါ်တာနဲ့ သေချာမရိုက်ဖြစ်ပါဘူး။ ဘာလို့ ဆိုတော့ ဘားတခုရှေ့ ရပ်လိုက်တာနဲ့  အောက်မှာ လူခေါ်နေတဲ့ ကောင်မလေးတွေက လှမ်းလာကြလို့ ပါ။ တချို့ လည်း အထဲဝင်ဖို့  ခေါ်ပါတယ်။ဘိုမ တိုင်ပတ်တွေလည်းတွေ ခဲ့ပါတယ် ။ ဘိုမတွေက ဓါတ်ပုံ မရိုက်ပါနဲ့ စာတမ်း ထောင်တားတာမို့ မရိုက်ခဲ့ပါဘူး။


အတော်ညောင်းရှာမယ်

 တိုင်ပတ် မမ များ 


 နာမည်ကြီးဘားလို့ ပြောတာပါပဲ


နာမည်ကြီး Seafood ဆိုင်ပါ မြင်တာနဲ့ စိတ်ကုန်လို့ မစားဖြစ်ပါဘူး ၊
 ပြင်ဆင်ထားတာ သူများတွေအတွက်တော့ သွားရည်ကျချင်စရာ ဖြစ်ကောင်းဖြစ်ပေမယ့် ကျနော့်စိတ်ထဲတော့ စိတ်ပျက်စရာကြီးပါ
 

ညဖက်မှာ နေ့ ခင်းက ဖွင့်ထားတဲ့ လမ်းမကြီးကို ပိတ်ပစ်လိုက်တာပါ

ကျနော်တို့ က တော့ ဒီ night life ကို မပျော်မွေ့ ပါဘူး ၊ တကယ့်ကို လူတွေ ရှုပ် အ၇က်တွေ ဆေးလိပ်တွေ မိန်းမတွေနဲ့  စိတ်ညစ်ရာကြီးပါ ။
 ကြုံဖူးတယ်ရှိအောင် လှည့်ပတ်ကြည့်ပြီးပြန်ခဲ့ကြပါတယ် ။


 မွေထိုင်း လက်မှတ်ရောင်းနေတာ

တခု ထူးခြားတာ ဖူးခက်မှာ ရုရှလို ဘားတွေ ဆိုင်တွေ အများကြီးပါ ။ ရုရှ တိုးရစ်စ်တွေ ဆိုတာ နေရာတိုင်းမှာ ဝင်တိုက်မတတ်ပေါပါတယ်။
 ဆိုင်တချို့ ဆို လုံးဝ ဆိုင်းဘုတ်က အစ ရုရှလို ပဲ ရေးထားတာပါ။ လှည့်ပတ် သွားရင်း Jungceylon ပြန်ရောက်လာတော့ ညစာကို အဲဒီက ထိုင်းဆိုင်မှာ ပဲ စားပါတယ် ၊နောက် ဟိုတယ်က လာခေါ်တဲ့ နောက်ဆုံးကားနဲ့  ပြန်လိုက်ခဲ့ကြပါတယ် ။ မနက်ဖြန်ကျ Ban Tao က ဟိုတယ်ကို ပြောင်းကြမှာကိုး။

ဆက်ရန် :P

 



2 Responses
  1. San San Htun Says:

    အဲဒီ Lady Boy လေးတွေက တို့ များထက်တောင် လှနေသေး...း)


  2. Vista Says:

    ဟုတ်ပါ့နော် အားငယ်ထှာ ခိ