Vista


ခေါင်ရမ်းပန်း ၂ ပွင့်ထဲလား ဆိုတဲ့ သလိမ အတွက် အဲမှာ နင့်ဘိုးအေတွေက အိပ်ရာတခုလုံး ကျဲထားတာဗျ။
 ၃: ၃၀ ကျတော့ အခန်းရပီပြောပါတယ်  အင်မတန် ကောင်းတဲ့ အခန်းလေးပါပဲ။ ရေကူးကန်ရယ်  jacuzzi ရယ်ပါတဲ့ ocean studio ပါ ။ ရေကူးကန်ကနေလှမ်းကြည့်ရင် ပင်လယ်ကို မြင်ရပါတယ်။ အရမ်းကို ချစ်သွားတာပါပဲ နောက်တခါလည်း လာအုံးမယ်လို့ တွေးမိအောင်ကို ဆွဲဆောင်တာပါ။

 ဒါက jacuzzi ပါ


 

private pool  ပါ ။ privacy အပြည့်ရှိပါတယ်။ 


 ရေကူးကန် နားမှာ ထိုင်ရတာလည်း စိတ်ချမ်းသာပါတယ် 

အခန်းထဲကနေ ပင်လယ်ကို မြင်ရတာ အကြိုက်ဆုံးပါ

 

ကျနော်တို့  အိပ်ခန်းပါ ( ခေါင်ရမ်း မတင်ထားလို့ တော်သေး ဟီး )


ခဏ တဖြူတ်နား နေရင်း   နောက်နေ့ ထွက်လည်ဖို့ အစီအစဉ်ဆွဲကြပါတယ်။ ဒီမှာ ကိုထွန်းထွန်း ဘလော့ကို ဖတ်ထားမိတယ့်အကျိုးတွေ ရတော့တာပါ။ စတုန်းကတည်းက snorkeling လုပ်ဖို့  ပစ္စည်းတွေကအစ သယ်ပြီးလာတာမို့  Phi Phi ကျွန်းကို သွားလည်ဖို့ ကတွေးပြီးသားပါ။ သူတို့ တုန်းက အဲဒီTour ကို လမ်းမှာသူများဆွယ်လို့ ဈေးများ တာနဲ့ ကြုံခဲ့ကြောင်း ဖတ်ထားဖူးတာမို့ ဟိုတယ်မှာ ရှိနေတဲ့ တိုးကြော်ငြာစာရွက်တွေကို ကြည့်တော့လည်း တိုးတခုကို တယေက် ဘတ် ၂၃၀၀ က အနည်းဆုံးပါ။ ဟိုတယ်ကို မေးတော့လည်း ဖုန်းဆက်မေးပေးပါတယ်။ ဒါပေမယ့် ဒီဈေးက ဒီဈေးပါပဲ။ တချို့ ဆို ၃၈၀၀ တန်တောင်၇ှိပါတယ်။ ဒါကတော့ အထူးပေါ့လေ။
ဒါနဲ့  ညနေကျတော့ လမ်းထွက်လျှောက်မယ် ဆိုဟိုတယ်က ထွက်ကြပါတယ် ။
 ဟိုတယ်ကနေ မြို့ ထဲက Jungceylon  ကုန်တိုက်ကြီး ကို ကားအကြိုအပို့ ရှိပါတယ် အချိန်နဲ့ ပါ ။ မနက် ၁၁၊  ၂၊  ၄ နဲ ၇ နာ၇ီ ပါ .. အပြန်ကည ၁၀ ၃၀ နောက်ဆုံး  ကုန်တိုက်ရှေ့ ကနေ အပြန်ကြိုပါတယ်။
 ၄ နာရီကားနဲ့ လိုက်ကြပါတယ်။

 Sea food တွေ ရောင်းတဲ့ ဆိုင် ညကျမှ ဖွင့်တာ ၇ လောက်မှ စဖွင့်တယ် ထင်တယ် 

 အသီးဆိုင်တွေကတော့ တလမ်းလုံး ပေါသလား မမေးနဲ့ 

 လှီးပြီးသား ရေခဲနဲ့ အေးပြီးသားလည်း ရှိတယ်

ကုန်တိုက် အရှေ့ က သစ်သီးဖျော်ရည်ဆိုင် .. ဈေးသိပ်မပေါဘူး

 ဘာယူယူ ဘတ် ၁၀၀

 အလန်း ဇယားလေး .. ယောကျာ်းလား မိန်းမလားတော့ မသိဘူး
 ( အဲတုန်းကတော့ ကောင်မလေးထင်ခဲ့တာပဲ နောက်မှ ယောကျာ်းမိန်းကလေး အလှတွေမြင်တော့ မသေချာတော့ဘူး ဟီးဟီး )

 ဒီလိုဆိုင်တန်းလေးတွေလည်းရှိတယ် ။


 ငှက်ပျောသီးမုန့် ဆိုလား မစားရ အဝေးကပဲ ဓါတ်ပုံရိုက်တယ်ကွာ 

 မှိုလိုပေါက်နေတဲ့ Money exchange
 
 ကုန်တိုက် ကနေမှ လျှောက်သွား စပ်စုကြပါတယ်။ ငွေနည်းနည်းထပ်လဲပါတယ်။

 စားချင်စရာတွေချည့် ..

 ငွေလဲတဲ့ အမျိုးသမီးကို Tour တွေ ဘယ်မှာ မေးရမလဲဆိုတော့ သူက လမ်းတလျှောက် ကို လက်ညှိုးထိုးပြပီး အဲမှာ ဆိုင်လေးတွေ ရှိတယ်ပြောပါတယ်။ တော်တော်များများက ပိတ်ထားပါတယ် အဲနေ့ က အစ်စလမ် ဘာသာဝင်တွေ ပိတ်ရက်ပါ။ ဖူးခက်မှာ အစ်စလမ်ဘာသာဝင် အတော်များပါတယ် ၇၀% တောင် ရှိတယ်လို့  ကားသမားက ပြောပြပါတယ်။ ဒါနဲ့  ဖွင့်ထားတဲ့ တဆိုင်တွေ့ တော့ ဝင်လိုက်မိတော့မှ ကိုစိုင်းထွန်းပြောသလိုပဲ ဈေးကအလွန်ကွာတာပါ။  ကြော်ညာထဲတော့ ၂၃၀၀ ပါပဲ ။ အပြင်မှာ ဝယ်တော့ပါးစပ်က ၁၃၀၀ ပြောရောင်းတာပါ ဘယ်လောက်ကွာတယ်ဆိုတာ ကြည့်ပါ။ ဈေးသိပ်မကွာတဲ့ တခုက ၃၈၀၀ တန် ဗီအိုင်ပီ ကို ၃၂၀၀ နဲ့ ပေးတာ တခုပဲရှိပါတယ်။ဒါကတော့ လိုချင်လည်း မရတော့ဘူး ပြည့်နေပါပီ။ ၁၃၀၀ တန်တောင် ၂ နေရာလောက်ဖုန်းဆက်မေးပြီးမှ ကျန်သေးတဲ့ အသုတ်နဲ့ လိုက်ရတာပါ။ ကျနော်တို့ ကလည်း နက်ဖြန် မနက်ထွက်မယ့်ခရီးကို ဒီနေ့ ညနေ ၅နာ၇ီလောက်မှ ဆိုတော့ ကျန်သေးတာပဲ ကျေးဇူးတင်ရမလို့ ပါဘဲ။
 ပြီးတော့ ကျနော်တို့ သွားတဲ့ အချိန်က မိုးသိပ်မကုန်ချင်သေးလို့  high season မဟုတ်ပါဘူး low season ပါ။ Tourist သိပ်မကျသေးဘူးပေါ့ အဲဒါကြောင့် ရတာပါ။ ဒါ့ကြောင့် နောက် သွားမယ်ဆို အချိန်ကိုကြည့်ပြီး ကြိုစီမံကြပါလို့ ။
phi phi ကျွန်းသွားမှာက တနေ့ ကုန်မှာပါ။ ညနေ ၅ ခွဲပြန်ရောက်မယ် ဆိုတော့ ညကျ ဘာကြည့်အုံးမလဲ မေးပါတယ်။ လက်မှတ်တွေ ရောင်းတဲ့ အမျိုးသမီးကြီးက ခင်စရာ အရမ်းကောင်းပါတယ် နာမယ်က ဖားမွှေးပါတဲ့ ။ ခေတ်ကလည်း အလွန်ဆန်ပါပဲ ၊ဆံပင်က အနီကို ဟိုက်လိုက်ဖောက်ဆိုးထားတာပါ။ အင်္ဂလိပ်စာကို ဘရုတ်ကင်းပေမယ့် နားလည်အောင်ပြောတတ်ပါတယ်။
အသက်၅၀ နီးပါး လို့  မှန်းရ တာပါပဲ။
 (photo from internet )

(photo from internet )
 သူက ကောင်မလေးတွေ အများကြီး ပါတဲ့ ကြော်ညာစာရွက်ကို ပြရင်း phi phi tour ကအပြန်ညမှာ Simon Cabaret show ကည့်မလားမေးပါတယ်အတော်လှတဲ့ ကောင်မလေးတွေပါ။ ကျနော်က သိပ်လှတဲ့ မိန်းကလေးတွေပဲ လို့ ရင်သတ်ရှုမောဖြစ်နေတော့ဖားမွှေးကခွက်ထိုးခွက်လှန်ရီပါတယ်။
 နောက်မှအဲဒါ မိန်းကလေး အစစ်မဟုတ်ဘူး၊ ယောကျာ်းမိန်းကလေးတွေလို့ ပြောပြပါတယ် ။ဖူးခက်ရဲ့ နာမည်ကြီးရှိုးပါ။  ၇ နာရီ ၄၅ စမှာပါ ဟိုတယ်ကို ည၇ နာရီတိတိ ကားနဲ့ လာကြိုမယ်လို့ ပြောပါတယ်။phi phi ကနေ ၅ ခွဲပြန်ေ၇ာက် ရေချိုးပြီးတော့သူတို့ လာကြိုမယ့်ကားနဲ့  ပြန်ထွက်ပေါ့ ။တယောက်ကို ၇၀၀ဘတ် နဲ့ ဈေးတည့်ပါတယ်။ဒါကလည်း ကျနော်တို့  က  patong မှာ တည်းလို့ ပါ ၊ နောက်ရက်တွေမှာတည်းမယ့်  Ban Tao မှာဆို ကားက အလကားလာမကြိုပါဘူး ။ ပိုက်ဆံထပ်ပေးရပါမယ်။ ဒါ့ကြောင့်လည်ပတ်ဖို့ ဆို Patong ကမ်းခြေမှာ တည်းတာ အဆင်ပြေပါတယ်။

နောက် ဘာလို ချင်သေးလည်း ဖားမွှေးဆီမှာ အကုန်ရတယ်ပြောပါတယ်။ ကျနော်တို့ ကို ရောင်းနေတုန်း အဖြုတအုပ်က သူ့ ကို လာကြည့်ပါတယ်သူတို့ ချင်း မျက်နှာပေးနဲ့ အချိန်းအချက်ပါ ။ မနေ့ ကလိုပဲ မဟုတ်လားလို့ မေးပြီး ခဏနေရင် ပြန်လာဖို့ မှာနေတာကြားပါတယ်။ ကိုကိုက ဖားမွှေးဆီမှာ အကုန်ရတယ်ဆိုတော့ ကောင်မလေးတွေရော ရတာလားလို့ မေးပါတယ် ။ သူက ရတာပေါ့ ဖြေပြီးမှ ပါးစပ်လေးပိတ်ပြီး နင်က ဘာလို့ မေးသတုန်း နင့်ကောင်မလေး ဆူလိမ့်မယ်လို့ ပြောပါတယ်။ ကိုကိုက ရီပြီး ဒါကောင်မလေး မဟုတ်ဘူးမိန်းမလို့  လက်ထပ်လက်စွပ်ကို ပြရင်းပြောတော့ အဲဒါဆို ပိုဆိုးတယ် နင့်ကို မပြောပြဘူး သူသတ်လိမ့်မယ်လို့ ပြောပါတယ်။ ကျနော့်မှာ သူ့ မျက်နှာထားကိုကြည့်ရင်းရီနေရပါတယ် ၊ကိုကိုက သိချင်လို့ မေးတာ သက်သက်ပါဆိုတော့ သူက အကုန်လို ချင်တာ ရတယ်ထပ်ပြောရင်း ကြော်ညာတခု ထုတ်ပြပါတယ် ကောင်မလေးတွေ ဝတ်လစ်စလစ်ပုံတွေနဲ့ပါ။ ဟိုတခါအရီခံထားရတဲ့ ကျနော်က အဲဒါကရော မိန်းကလေး အစစ်တွေလား ဆိုတော့ အိုအစစ်ပေါ့ ဒါက ဖာကင်ရိုးလေ အစစ်နဲ့ မှ ဖြစ်မယ်လို့ ပြောပါတယ်။ ကျနော်တို့ ကသဘောမပေါက်ပါဘူး ဘာတုန်း ဖာကင်ရှိုးဆိုတော့ ယောကျာ်းနဲ့ မိန်းမ ၊ မိန်းမနဲ့ မိန်းမ အဲဒါ လုပ်တာ ကြည့်၇မယ့်ရှိးတဲ့ တယောက် ၂၀၀၀ တဲ့ ။ ဘယ်လိုတုန်းယူမလား လျှော့ပေးမယ် ဒါက နင်တို့  ၂ယောက်လုံးကြည့်လို့ ရတယ် လို့ ပြောပါတယ် ။ ကျနော်တို့  ၂ ယောက်လည်း အမလေး တော်ပါ ကြီးတော်ဖားမွှေးရယ် အကုန်ရတယ်ဆိုတာ ယုံပါပြီဆို ပြန်လစ်လာကြပါတယ်။ သူက ဖီဖီ သွားဖို့  နက်ဖြန် မနက် ၇ နာရီဟိုတယ်မှာ ကားကလာခေါ်မှာနော် ဆို အော်ရင်း ရီမောကျန်ပါတယ်။သူ့ ကို ဓါတ်ပုံ မရိုက်ခဲ့ရဘူး သူကအကုန်ရောင်းသူကြီးဆိုတော့ မကြိုက်မှာစိုးလို့ ပါ ။
ဆက်ရန် :P

5 Responses
  1. Anonymous Says:

    ဆက်​ပါ။အမြဲဖတ်​​နေပါတယ်​။ဟိုတယ်​​အခန်း​လေးကိုသ​ဘောကျလိုက်​တာ..​ကျော့


  2. Anonymous Says:

    ဗစ်ရေးတာနဲ့ ထိုင်းတောင်သွားလည်ချင်လာပြီ။
    စိတ်အေးလက်အေးနားရင်းစားသောက်လုပ်ချင်တာ။
    အရင်ကရောက်တာအလုပ်နဲ့ ဆိုတော့အမြဲအလုပ်ရှုပ်နေခဲ့တာ။
    သွားဖြစ်ရင်တော့ဒါလေးသေချာပြန်ဖတ်သွားမှ။
    အိုင်အိုရာ


  3. Anonymous Says:

    ဖတ်ပြီးပြီ.. ထိုင်းကိုသဘောကျတယ်။ လည်လို့ အရမ်းကောင်းတာနော်။

    စူးနွယ်လေး


  4. Vista Says:

    ဟုတ်တယ်ကျော့ ကိုယ်ဆို အပြင်တောင် ထွက်မလည်ချင်ဘူး ဟိုတယ်မှာပဲ ရေကူးလိုက် စာဖတ်လိုက် စားလိုက်နေချင်တာ
    မအိုင်အိုရာ ရေ ထိုင်းကိုသွားလည် .. သွားရတာလည်း စိတ်ချမ်းသာတယ် စားရတာလည်းကောင်းတယ်
    ဆက်သွယ်ရေး အင်တာနက် အကုန်အဆင်ပြေတယ်။
    မစူးနွယ် ဟုတ်တယ်ကျနော်လည်း ထိုင်းကို သဘောကျတယ်။


  5. AMK Says:

    ဓါတ်ပုံလေးတွေလဲ လှတယ် အစ်မ. ရောက်ဖူးအောင်တော့ သွားလည်အုံးမယ် အစ်မ ဘလော့  ကို ဥစတိ မျက်နှာ ပေါ် က ခြေ၇ာတွေ ကနေလိုက်တာ... ဖားမွှေး ပြောတဲ့  ဖားကင်ရှိုးဆို လို့  စဉ်းစားလိုက်၇တာ ..ဟီ