Vista
ကဲ phi phi ကို သွားဖို့  ရယ်ဒီပါပဲ ... ပြောထားတာက မနက် ၇ ၃၀ လာကြိုမှာဆိုပေမယ့်
မနက် ၈ မှာမှ ကားရောက်လာပါတယ်။ မြန်မာစံတော်ချိန်လိုပဲ သူတို့ လည်းထိုင်းစံတော်ချိန်ပါ ။
လမ်းမှာ တခြားလူတွေကို ဟိုတယ်တွေမှာဝင်ခေါ်ပါသေးတယ် ။
 ကျနော်တို့ အရင်မှာလည်း ကားထဲမှာ လူတွေပါလာပြီးသားပါ ။ လမ်းမှာ၂ နေရာလောက်ဝင်ပြီးတော့ ဆိပ်ကမ်းကို ဆက်တိုက်မောင်းသွားပါတယ်။ ဆိပ်ကမ်းမှာ ကော်ဖီနဲ့ မုန့် တွေ ကျွေးပါသေးတယ်။
 မနက်စာ ဟိုတယ်က စားလာပြီးသားမို့  ထပ်မစားတော့ပါဘူး။
ဂိုဒ်က သွားမယ့် ခရီးစဉ် မြေပုံနဲ့  သွားမယ့်နေရာတွေ ရှင်းပြပါတယ်။



တခု သတိထားရမှာက tourist low season ဖြစ်တဲ့ အတွက် တချို့  ကမ်းခြေတွေက ပိတ်ထားပါတယ် ။ အရမ်းလှတဲ့ maya bay ကို သွားလို့ မရခဲ့ပါဘူး ။ ကမ်းခြေပိတ်ပြီး သန့် ရှင်းရေး လုပ်နေတာကြောင့်ပါ။ နောက်တခေါက်ပေါ့လေ .. ကတောက်။ တချို့ နေရာတွေကျတော့ ကိုယ်တွေ သွားတဲ့အချိန် ရေတက် ရေကျပေါ်မူတည်ပြီး သွားလို့ ဖြစ်မဖြစ် ဂိုဒ်က ဆုံးဖြတ်ပါတယ်။နောက်တော့ အအန်ပျောက်ဆေးတွေ ပေးပါတယ်။ အန်တတ်တယ် လှိုင်းမူးတတ်တယ်ဆိုရင်ကြိုသောက်ထားဖို့ မှာပါတယ်။ တချို့ ဘိုမအဖွားကြီးတွေ ကကြိုသောက်ရမယ့် ဟာပါဆိုတာကို သတိမထားမိဘဲ ယူလာကြပါတယ် ၊ မူးတော့မှ သောက်မယ်ဆိုပြီးတော့ပါ။ မူးလည်းမူးရော သောက်တော့ ဘာမှ မထူးပါဘူး မူးတာပါပဲ။
နောက် ရေယက်တွေ ငှားပါတယ် ။ တခု ဘတ် ၁၅၀ ပါ။ snorkeling လုပ်တဲ့ မျက်မှန်နဲ့  ရေငုတ်ပစ္စည်းကတော့ အလကားဝေတာပါ။ ကျနော်တို့က ကိုယ့်ဘာကိုယ်ယူလာတဲ့ အတွက် အေးဆေးပါပဲ။ မျက်မှန်က အကြောင်းမဟုတ်ပေမယ့်ရေငုတ်တဲ့ ပိုက်ကြတော့ သူများတွေ ဟိုလူ့ ပါးစပ်ထဲ ရောက်ဒီလူ့ ပါးစပ်ထဲရောက်နဲ့ဟာကို မသုံးချင်လို့ ပါ။
ရေယက်တွေ ငှားနေတာကလည်း ယောကျာ်းမိန်းကလေးပါ ၊ ချောပါတယ် ထွန်းအိန္ဒာဘိုနဲ့ တူပါတယ်။  သူတို့ ဆီမှာတော့ မဆန်းသလိုပါပဲ ၊ ယောကျာ်းမိန်းကလေးတွေ က မိန်းမလို ဝတ်စားအလုပ်လုပ်နေတာပါ။ သူကနွဲ့ နောင်းပြီးပြောနေတဲ့ အတွက် အဖြူကောင်တွေက တဟိဟိနဲ့ ဖြစ်နေကြပါတယ်။ကိုကိုက သူ့ ကို စကားပြောရမှာ စိုးလို့ ကျနော့်ကို ရေယက်သွားယူ ခိုင်းပါတယ်။ ကျနော်က တမင်ညစ်တွန်းတွန်းပြီး ကိုယ့်ဘာကိုယ်စမ်းဝတ်ကြည့်ရမှာ မယူလာပေးဘူးလုပ်လို့ သူ့ ဘာသူ သွားငှားရပါတယ်။ ဟိုကလည်း ချိုသာတဲ့ အသံလေးနဲ့  လက်ဟန်ခြေဟန်လေးနဲ့  ကူညီရှာပါတယ်။ သူက အင်းဂလိပ်လို လုံးဝမတတ်ပါဘူး ။
ကိုကိုမေးတာတခုကို သူနားမလည်လို့ ကျနော်တို့ ဂိုဒ်ဆီကိုပြေးသွားပြီးမေးပါတယ်။ ဆံပင်လေးလှုပ်လီလှုပ်လဲ့နဲ့ပါ။သူပြောဆို နေတဲ့ ပုံကို ကျနော်တို့ ဂိုဒ်က ယောကျာ်းရင့်မာကြီး ပုံနဲ့ လိုက်တု ပြီးပြန်ဖြေ တာမှာ လူတွေအကုန် အူတက်နေကြရပါတယ်။  ပြီးတော့ နာမည်တွေ နိုင်ငံလူမျိုးတွေ စာရင်းဖြည့်ရတယ်၊ ဓါတ်ပုံလည်း ရိုက်ပါတယ် ။ insurance အတွက်ပါ။
နောက်တော့ စပိဘုတ်ပေါ်တက်ကြပါတယ်။ safety life jacket တွေပေးပါတယ် တယောက်မှ မဝတ်ပါဘူး ဟိ။ ကျနော်တို့ နဲ့ ကပ်ရပ်ခုံက အင်္ဂလိပ်သားအမိသားအဖ ၃ ယောက်ပါ။ပိစိလေး ၁နှစ်မပြည့်တတ်ကလေးကို ခေါ်လာပါတယ်။ ကျနော်တို့ က အနောက်ဆုံးမှာထိုင်တဲ့အတွက် အင်ဂျင်သံတွေ ဆူညံနေပါတယ်။ ကလေးလေးက နားငြီး လွန်းတော့ မျက်နှာက မဲ့ မဲ့ လာပါတယ်။ ကိုကိုက ကလေး နားကိုထိခိုက်မယ်ဆိုပြီး နားကိုဆို့ တဲ့ safety နားကြပ်ကို ပေးလိုက်တော့ အဖေလုပ်သူက ကျေးဇူးတွေတင်နေပါတယ်။ သူတို့ မှာ သွားလေရာခေါ်လာချင်တာပဲရှိတယ် သိပ်မတွေးပူပါဘူး။ ကောင်းလည်းကောင်းတယ် မကောင်းလည်းမကောင်းဘူးလို့ ပြောလို့ ရပါတယ်။ နားလည်း ဆို့ ထားလိုက်ရောကလေးက သဘောကျသွားပြီး အိပ်ပါတော့တယ်။

 စထွက်ပါပြီ ရေတွေ တဖွေးဖွေးနဲ့  မူးရမော်ရကောင်းမှန်းမသိပါဘူး။
လမ်းမှာ လင်းပိုင်အုပ်နဲ့ တွေ့ ပါသေးတယ် မော်တော်က ပတ်ကွေ့ သွားပြီးပြပါတယ်
 ဓါတ်ပုံရိုက်ခဲ့ပေမယ့် မကောင်းပါဘူး လှုပ်နေလို့  ဝါးနေပါတယ်။

 ကျနော်က snorkeling လုပ်မယ်ဆိုပြီး ကျနော့်ကင်မရာ အကြီးနဲ့  လန်းစ်အကြီး ကို ထားခဲ့ပါတယ် 
အခုပုံတွေက နိကွန် အသေးနဲ့  အိုင်ဖုန်းနဲ့ ရိုက်လာတာတွေပါ။
 ရေက ပြာနေပါတယ် သိပ်လှပါတယ်
တခြားတခြားသော ဘုတ်တွေပါ.. 


ကင်မရာ အကြီးနဲ့ မရိုက်ရတဲ့ အတွက် နောင်တ အကြီးကြီးရမိပါတယ် 
ကင်မရာ အသေးနဲ့ အိုင်ဖုန်းက မိုးနည်းနည်းအုံ့ ရင် အရောင်သိပ်မလှပါဘူး ။
လှတဲ့ ပုံလေးတွေပဲ တင်ထားပေးပါတယ်။


ဒါက မျောက်တွေ ရှိတဲ့ monkey island ကျွန်းနားမှာပါ 


  ဒီနားက ရေက စိမ်းနေပါတယ် လက်လက်ထနေအောင်ကြည်တာပါ..


 ဒီနားကြတော့ ရေက ပြာတောက် နေပြန်ရော


 
ဒါက viking cove နားမှာပါ

ရေက အရမ်းလှတာပါ ခုန်ချချင်စိတ်တောင် ပေါက်ပါတယ်

 
အရင်က ဒီဂူကြီးထဲမှာလူနေ ဖူးတယ်လို့ ပြောပါတယ် ..

  
ပစ္စည်း ပစ္စယတွေအခုထိရှိပါသေးတယ် ..




 ငါးဖမ်းလှေလိုမျိုး သစ်သားလှေပါ...

pi-leh bay ရောက်တော့  ရေငုတ်ဖို့ ပြင်ကြပါတယ် ..ကျနော်က ရေသေချာမကူးတတ် တဲ့အတွက် life jacket ဝတ်တော့လည်း အဆင်မပြေပါဘူး ။ ရေကလည်း နက်ပါတယ် ။ ဒါ့ကြောင့်လန့် လည်းနေပါတယ် ။ snorkeling  လုပ်တဲ့ ပိုက်နဲ့ အသက်ရှုရတာလည်း မတတ်တဲ့ အတွက် အဆင်မပြေပါဘူး ။ နောက်ဆုံးတော့ လက်လျှော့လိုက်ပြီးလှေပေါ်မှာပဲ ပြန် နေပါတော့တယ်။
ရေငုပ်မယ်ဆိုပြီး ကင်မရာ မယူမိတာကို  နောင်တ ထပ်ရပါတယ်။

 ရေကူး အိတ်စ်ပတ်ပါ။ဂိုဒ်နဲ့ အတူတူပါလာတဲ့ လူပါ ၊ မကူးတတ်တဲ့ လူ တခုခု ဖြစ်မယ်ဆိုရင် ကယ်ဖို့ စောင့်ကြည့်နေတာပါ။
 ဒီအမျိုးသမီးက ရေကောင်းကောင်းကူးတတ်ပါတယ် ၊ ဒါပေမယ့် သူလည်း အဆင်မပြေပါဘူး 
ဝူးဝါးတွေဖြစ်ပြီး ပြန်တက်လာပါတယ်။ ပင်လယ်ရေက အရမ်းကို ငန်ပြီး သိပ်သည်းပါတယ်။
ကန်မှာနဲ့ က တခြားစီမို့ အလေ့အကျင့်မရှိတဲ့လူအတွက် အတော်ဆိုးပါတယ်။ 

လှေပေါ်မှာ ကျနော်ရယ် ၊သူရယ် ၊အဖွားကြီး လှိုင်းမူး ၂ ယောက်ရယ်၊ ကလေးအဖေ အင်္ဂလိပ်က ကလေးထိန်းနေရလို့ ရယ် ( သူ့ မိန်းမက ငါဆင်းမယ်ဆို ဆင်းသွားလို့ ပါ ဟိဟိ ) ၊
 နောက်တူရကီက အမျိုးသမီးရယ်ကျန်ပါတယ်။ 
သူတို့ ကတော့ လူကြားထဲရေကူးဝတ်စုံ မဝတ်ချင်လို့ ထင်ပါတယ်။

 အဆင်ပြေတဲ့ လူတွေ ကျတော့လည်း ပျော်စရာပါ ... 
ကိုကိုလည်း အဆင်ပြေပါတယ် ၊ ဒါတောင် သူလည်း တခါ နှစ်ခါလောက်မွန်း သွားပါသေးတယ်။

ကျနော်တို့ က ငုတ်နေသူတွေအနားကို ငါးတွေ လာဖို့  လှေပေါ်ကနေ ပေါင်မုန့် တွေ ခြွေချ ပေးပါတယ်


ငါးတွေမှ အထွေးအပြွတ် လိုက်ပါ ... လူကိုလည်း တိုက်မိကြပါတယ် ။ ကျနော့် လန်းစ်နဲ့ filter လေးထားခဲ့တာ နောင်တထပ်ရပြန်ရော။
 မဟုတ်၇င်ရေထဲ အထိဖောက်မြင်အောင် ရိုက်လို့ ရပါတယ်။
၁၄နှစ်အရွယ်  အဖြူမလေး တယောက်က သူ့ ကို ကိုက်တယ်ဆို ငိုပြီး ပြန်တက်လာပါတယ် ။
 အမှန်ကတော့ အစားလုစားရင်း ထိမိတာနေမှာပါ။ ငါးတွေက အရမ်းများတာကိုး ။

နောက်များတော့ ကိုယ့်ဘာကိုယ်ပဲ ကင်မရာ ကောင်းကောင်း သယ်လာပြီး ဓါတ်ပုံပဲ ရိုက်တော့မယ်လို့ ဆုံးဖြတ်မိပါတယ်။
 Laem Tong Beach ကို နေ့ လည်စာစားဖို့ သွားရပါတယ် .. ဘူဖေးကျွေးပါတယ် ။
မီနူးမှာ chicken , fish and chicken လို့ ဂိုဒ်ကနောက်ပါတယ် ။ ဝက်သားမကျွေးပါဘူး။
အဲဒီရွာလေးမှာလည်း တည်းခိုခန်းရှိပါတယ်။
အဲဒီမှာလည်းအလုပ်သမားလေးတွေကြား မြန်မာ စကားပြောသံကြားခဲ့ပါသေးတယ်။

ကျွန်းလေးမှာလည်း ဟိုတယ်ရှိပါတယ် ..

 နေက အရမ်းကို ပူတာကြောင့် ရနိုင်သမျှ အရိပ်မှာ ကုတ်ကတ်နေရင်း သင်္ဘောအထွက်စောင့်ရပါတယ်။

ဆက်၇န် :P
6 Responses
  1. ကင်မရာအသေးနဲ့ရိုက်တာတောင် ဒီလောက်ထွက်တယ်ဆိုတော့ မဗစ်စကေးက နိုင်းလောက်ချိတယ်..။
    ဖူးခက်တော့ သွားချင်သေးတယ်ဗျာ...။


  2. Anonymous Says:

    မျှော်နေတယ်နော်ဆက်ရန်ကို..
    အို်င်အိုရာ


  3. Anonymous Says:

    ဗစ်ရေ…
    snorkeling လုပ်တဲ့ မျက်မှန်နဲ့ ပိုက် ကို စလုံးမှာ ဘယ်မှာဝယ်ရမလဲဟင်?
    CNY ပိတ်ရက် သွားဖို့စီစဉ်ထားတာမို့ပါ…
    ကျေးဇူး…
    ဆက်ရန်ကိုစောင့်နေ၏…

    ဆု


  4. Aunty Tint Says:

    အခုလို နှံ့နှံ့စပ်စပ်လေး အရောက်ပို့ပေးတဲ့အတွက် ကျေးဇူးပါ ဗစ်ရေ... ရှေ့ဆက်ရမည့် ခရီးစဉ်လေးအတွက်လည်း ကြိုတင်ကျေးဇူးတင်ထားမယ်နော် ...

    မေတ္တာဖြင့်
    တီတင့်


  5. Vista Says:

    ဆုရေ Snorkeling မျက်မှန်နဲ့ ပိုက်ကို အားကစားဆိုင်တိုင်းလိုလိုမှာ ရနိုင်ပါတယ်နော်။
    အန်တီယူစီ မှာတောင် တွေ့ မိသေးသလားလို့  ၊ကွာလတီကောင်းတာလိုချင်ရင်တော့ အားကစားဆိုင်ပစ္စည်းရောင်းဆိုင်တွေမှာ ဝယ်ပါနော်။
    T tint thank you , sorry for delay , i was very busy :D


  6. Anonymous Says:

    ကျေးဇူး ပါ ဗစ်...

    သွားမဲ့ရက်နီးလာလို့ တက်ကြွနေပြီ :-*





    ဆု