Vista
ဖူးခက်ကဖြင့်ပြန်လာတာ ၂လ လောက်ရှိပြီ ၊ ပုံတွေ တင်မယ် ဆိုပြီးတော့လည်း  Facebook မှာရော ဘလော့မှာပါ မတင်ဖြစ်။ ပြန်ရောက်ရောက်ချင်းက အလုပ်မအားတာက အရမ်းပါပဲ။
အားသွားတဲ့အချိန်ကြတော့လည်း ပျင်းသွားရော။ အခုနောက်တနေရာတောင် ထပ်သွားတော့မယ် ဖူးခက်အကြောင်းက မတင်ရသေးဘူး ။ကိုယ့်တုံးကလည်း ဖူးခက်သွားမယ်ဆိုတော့ သူများတွေ ရေးတဲ့ ခရီးသွားမှတ်တမ်းတွေ လိုက်ရှာခဲ့ရသေးတယ်။ ဆောင်ရန် ရှောင်ရန်လေးတွေ သိချင်လို့ ရှာရင်းနဲ့  ကိုထွန်းထွန်း ရဲ့ ဘလော့လေး ထဲမှာ ဖူးခက်သွားခရီးစဉ်ကို ဓါတ်ပုံတွေ ဝေဝေဆာဆာ ကြည်ကြည်လင်လင်နဲ့ အသေးစိတ်အချက်အလက်တွေပါ ဖတ်လိုက်ရတယ်။ ကျေးဇူးပါဗျို့ ။ အခုလည်း ကိုယ်သွားခဲ့တဲ့ နေရာအနေနဲ့ မှတ်တမ်းလေး အနေနဲ့ တင်ထားချင်တာရော .. ဖူးခက်သွားချင်သူတွေ ကြည့်ချင် ကြည့်သွားရအောင် တင်လိုက်ပါအုံးမယ်။မှတ်တမ်းအနေနဲ့ ရေးတာမို့ ရှည်ပါလိမ့်မယ်။သည်းခံကြ ကုန် :P ။

ပထမကဘယ်ကိုရယ် မဟုတ်ဘူး ကိုကိုက တနေရာသွားရအောင် အနားယူချင်တယ်ဆိုတော့  ဖူးခက်လား ၊ ဘာလီလား ၊ အော်ဇီက gold coastလားတွေးကြတဲ့အခါ အော်ဇီနဲ့  ဖူးခက်က ဗီဇာယူရမယ်။ ဘာလီက ဗီဇာမလိုဘူး ဆိုတော့ လွယ်တယ်။ အော်ဇီဗီဇာက ထိုင်းဗီဇာလောက်တော့ မလွယ်နိုင်ဘူးပေါ့။ အလုပ်အားမှာနဲ့  ခွင့်ယူရမယ့် အချိန်နဲ့ တွက်ပြီး ထိုင်းဗီဇာပဲလျှောက်ထားဖြစ်တယ် ။

ထိုင်းဗီဇာက ကိုယ့်ဘာကို သွားလုပ်ရင် ၅၀$ ပေါ့ ။ ရုံးခွင့်ယူရမယ် သွားရလာရမယ်ဆိုတော့ စီးတီးဟောက မြန်မာဆိုင်မှာပဲ ၆၅$ နဲ့ လုပ်လိုက်တယ် ။ ၃ ရက်နေတော့ရတာပဲလေ ။
 Single entry ,working not allowed , ၃ လ အတွင်းသွားရမယ်ပေါ့  မသွားဖြစ်ရင်အဆုံး။ ဘာလို့ များ မြန်မာတွေကိုထိုင်ဗီဇာ ဖရီးမပေးသေးတယ်မသိဘူး ။ အဲလိုသာဆို ဂဒီးဂဒီးရောက်ဖြစ်မယ်ထင်ပါတယ်။

ဗီဇာရပြီ ဆိုတော့ လေယာဉ် လက်မှတ်ပေါ့ ။ လက်မှတ်က သွားဖြစ်တာ သေချာတယ်ဆို ရင်တော့ ခပ်စောစောက ကြိုတင်ဝယ်ထားတာကောင်းပါတယ်။ ကိုကိုက အလုပ်အခြေအနေနဲ့  မသေချာသေးတာနဲ့  ဝယ်မယ်ဆိုတော့ ကပ်နေပြီ ..Jet star နဲ့  သွားဖို့ ဆုံးဖြတ်ကြတယ်။ သူက ကြိုတင်ဝယ်မယ်ဆို အများကြီး  ပိုသက်သာပါတယ် ။ကျနော်တို့ ကတော့ ကပ်မှ ဝယ်ဖြစ်တဲ့အတွက် ၁ယောက် ၂၀၀ကျော် ၂ယောက်ပေါင်း ၄၀၀ကျော်ကျတယ်။
 ဒီကနေ မနက် ၈ :၂၀ ထွက် ဟိုကို မနက် ၉: ၃၀ ရောက်ပေါ့။ဟိုတယ်တွေက ၂နာရီ check-in ဆိုတော့ ကြားထဲ သွားတာလာတဲ့နဲ့ ကွက်တိပဲဆို အဲအချိန်ကိုယူလိုက်တာ။
လက်မှတ်ပြီးတော့ ဟိုတယ်ကိုလုပ်ရမှာဒါပေမယ့် အဲအချိန်အထိ ကိုကို့ အလုပ်က အားတဲ့ရက် မသေချာသေးဘူး ဆိုတော့ မသွားဖြစ်လည်း လေယာဉ်လက်မှတ်အဆုံးဆိုထားလိုက်တယ်။ တနေ့ တော့ ကိုကိုက ငါနောက်တပတ် အားပြီပေါ့ ဟိုတယ်လည်း ခုပဲဝယ်ပြီးဘီလို့ ပြောလာလို့ ကြည့်လိုက်တော့ ၅ရက်တောင်ဝယ်ထားတာတွေ့ ပါတယ် ။ ကျနော့်ခွင့်ကို ထပ်တိုးတင်ရတာပေါ့လေ။

သူက ၂ နေရာမှာဝယ်ထားတာပါ ။ Agoda က ဝယ်တာပါ။ ဒီမှာတော့ Agoda နဲ့ Asia rooms ကို အဓိက သုံးကြပါတယ်။ သူတို့ ချင်း မတူတာက Agoda က ပိုက်ဆံကြိုပေးရတာများပါတယ် ။ book ထားပြီးတော့ နောက်မှ ပိုက်ဆံပေးရတဲ့ အခန်းနဲ့   ပိုက်ဆံကြိုဖြတ်ထား၇တဲ့ အခန်းကလည်း ဈေးကွာပါတယ် ။Asia rooms က များသောအားဖြင့်ပိုက်ဆံ ကြိုမပေးရပါဘူး ။ ဈေးပိုများလေ့ရှိပါတယ်။
ဟိုတယ်ကို တိုက်ရိုက် book တာနဲ့ သူတို့ က တဆင့်book တာကတော့ ဈေး ၂ ဆလောက်ကိုကွာတာပါ။
ကျနော် စမ်းကြည့်ဖူးပါတယ် အသိတယောက်က သူ့ မိတ်ဆွေသံအမတ်အတွက်စလုံးမှာ ၁ညတည်းဖို့
 5 star ဟိုတယ် ငှားခိုင်းတော့ ဟိုတယ်ဝက်ဆိုဒ်မှာ ၄၀၀ နီးပါးကျတာကို အဂိုးဒါးမှာ ၂၈၀နဲ့ ရဖူးပါတယ်ရက် ၂၀ ကြို book တဲ့ promotion နဲ့ မိသွားတာကြောင့်ပါ။ ကိုယ်သွားမှာ သေချာတယ်ဆိုရင်တော့ Agoda ကို သုံးပြီး မသွားခင်ထဲက ခပ်စောစောလေးက ကြိုbook သင့်ပါတယ်။ promotion တွေလည်း ရလေ့ရှိပါတယ်။ မန်ဘာဝင်ထားတယ်ဆိုရင် ဟိုတယ်အတွက်ပိုက်ဆံသုံးတဲ့ ပေါ်မူတည်ပြိးတော့ ပွိုင့်တွေရပါတယ် ။ သတ်မှတ်ထားတဲ့ ပွိုင့်ပြည့်ပြီဆိုရင် ကိုယ်နောက်တခါ သုံးမယ့်အထဲမှာ ထည့်ဖြတ်လိုက်လို့ ရပါတယ်။

 ဖူးခက်မှာလည်း ဘာလီမှာလိုပဲ ကမ်းခြေတွေက တနေရာနဲ့ တနေရာမတူပါဘူး။ အစည်ဆုံးကတော့ Patong ကမ်းခြေပေါ့လေ ။တိုးရစ်တွေ အများဆုံးလည်ပတ်ကြတဲ့ နေရာပါ။ Patong ည ဆိုတာ နာမည်ကြီးပေါ့ ။ ဟိုဒင်း ဒီဒင်းတွေလည်း ပေါမှပေါ ။
အဲဒီ ကမ်းခြေကို ပထမ ၂ ရက်နေပြီး ဟိုလည်ဒီလည်လုပ်မယ်ပေါ့။ နောက် နေ့ တွေကိုတော့ လူရှင်းတဲ့ အေးချမ်းတဲ့  Ban Tao မှာ ဝယ်ထားပါတယ်။ အမှန်တော့ ကိုယ်တွေက အေးဆေးနေချင်တာပါ ။ဒါမယ့် ရောက်ပြီးမှတော့ နည်းနည်း ဟိုကြည့် ဒီကြည့် ကြည့်သင့်တယ်ထင်လို့  လူများတဲ့ ဖက်မှာ ၂ရက် နေလိုက်တာပါပဲ။ Patong မှာက ocean suite ပါ sea view ပေါ့ ။ private pool နဲ့  jacuzzi ပါပါတယ်။ အဲဒီမှာလည်း ကျနော်တို့ နည်းနည်းလို သွားပါတယ် ။အမှန်က Patong ကလည်လို့ ကောင်းတဲ့နေရာပါ ၊ Tour တွေဘာတွေ ထွက်လို့ ကောင်းပါတယ်။ ဟိုတယ်ခန်းကို ရိုးရိုးခန်း ငှားသင့်ပါတယ် ၊ ဘာလို့ ဆို လူတွေက တနေ့ လုံးအပြင်ထွက်နေကြတဲ့အတွက်ပါ။ ညအိပ်ချိန်ပဲ ပြန်ရောက်တဲ့ အတွက် suite ကိုမယူသင့်ပါဘူး။ သင်ခန်းစာပေါ့လေ ။ နောက်တခေါက်ကျရင်တော့ သိပြီ။
Ban Tao မှာကတော့ private villa ပေါ့ အိမ်လေးလို အလုံးလိုက်ပါ ။ Sea view မဟုတ်ဘူး ။ သူ့ private pool က ပိုကျယ်ပါတယ် ။ ပင်လယ်ကမ်းခြေကို တော့ သတ်သတ်သွားရပါတယ် လူရှင်း နားရှင်း မိသားစုတွေ အပန်းဖြေသင့်တဲ့နေရာမျိုးပေါ့။ ကန်ထဲ ရေဆင်းကူးလိုက် .. မုန့် တက်စားလိုက် ဆော့လို့ ကောင်းတဲ့နေရာမျိုးပါ။Ban Tao ကဝေးပါတယ် Island Tour တွေဆို Patong မှာတည်းတဲ့ လူကို အလကားလာကြိုပေမယ့် Ban Tao မှာတည်းတဲ့လူဆို ပိုက်ဆံထပ်ပေးရပါတယ်။ အဲဒီကနေ Tour သွားဖို့ မလွယ်ပါဘူး။

 ဒါနဲ့  စ သွား တဲ့ နေ့ က မိုးတွေ ရွာလို့  .. အောက်တိုဘာဆိုပေမယ့် မြန်မာမှာလည်း ရွာကောင်းတုန်း ထိုင်းမှာလည်း ရွာတုံးဆိုတော့ နည်းနည်းတော့ စိတ်ပူမိသေးတယ်။ စလုံးကလည်း အဲနေ့ က ရွာလိုက်တာ မနက်ကတည်းက လုံးဝမတိတ် ...ဖူးခက်လေဆိပ် ဆင်းတော့ အဲဒီမှာလည်း ရွာထားတဲ့ လက်စလက်နလေးရှိတယ် ပြေးလမ်းတွေ စိုရွဲလို့ ။
စလုံးကနေ လာတဲ့ လေယာဉ်တစင်းလုံးမှာ အဖြူတွေ အများစု ၊ အာရှရုပ်ဆိုလို့ ကျနော်တို့ ရယ် စလုံး ၅ ယောက်လောက်ပဲ။လေယာဉ်က လူအပြည့်ပါ။ 
လေဆိပ်က ဖြတ် လူဝင်မှုကြီးကြပ်ရေးက ဦးလေးကြီးက ကျနော့်ကို ထုံးစံအတိုင်း business or pleasure မေး ရင်းနဲ့  စလုံးကနေလာတာလားမေးကျနော့် နာမည်ကို အသံထွက်ကြည့် ၊ မမှန်ဘူးလားမှန်လား လုပ် နေ၊ မမှန်သေးဘူးဆိုတော့ အသံထွက်ပြန်မေး ပြန်ထွက်ကြည့် လုပ်ပြန်၊ အနောက်ကလူတန်းကြီးကအဖြူတွေက အတွင်းတက်တက်နေ ..ခဏနေတော့ သူတို့ အရာရှိက သူ့ ကိုလာတို့ ပြီး ထိုင်းလို ကွိစိကွစိပြော နောက်ကလူတွေ ပြလိုက်တော့မှ အသံထွက်ခြင်းကိတ်စလက်လျှော့ပြီး လွှတ်လိုက်တော့တယ်။
ရောက်ပါပြီ  Welcome to phukhet  လို့ စာတန်းလေးနဲ့ တကွ .. ဆင်းကဒ်တွေ အလကားပေးတယ် ဆင်းကဒ်တွေ ဆို အော်ပြီးတော့ မြန်မာပြည်မှာ ခက်ခက်ခဲခဲ ဝယ်ရ မဲဖောက်ရလုပ်နေတဲ့ ဆင်းဒက်တွေ စလုံးမှာတောင် အနည်းလေး ၁၀နီးပါးပေးရတဲ့ ဆင်းဒက်တွေ အလကားဝေနေတာတွေ့ ပါတော့တယ် ။ လက်ထိုးလာသမျှ လူတွေ အကုန်ပေးတာပါပဲ ဆဝါဒီခ... ဆို အသံချိုချိုလေးတွေနဲ့  နှုတ်ဆက်ရင် မီနီအော် နော်မယ် ဆင် ဆို မေးသေးတာပါ။ အိုင်ဖုန်းသမားက မီနီဆင်အထဲမှာတကွက်ရှိတယ် အဲဒါကို ချိုး လိုက်ယုံပါပဲ ။ တိုးရ်စ်တွေ မလာချင်လာချင်အောင် လုပ်ပေးထားတာ အတော့်ကို အဆင်ပြေပါတယ်။ ဖုန်းကဒ် topup  လုပ်ချင်ရင်7 11မှာ ကဒ်ဝယ်ဖြည့်ရုံပါပဲ။ 7 11ကလည်း တကျွန်းလုံးမှာ မှိုလို ပေါက်နေ ပါတယ် ။
လာနော် လာနော် ... ဆင်းကဒ်တွေ ... လကားပေးဒေ...........

အဲဒီမှာ တခုပြောချင်တာက ဟိုတယ်ခထဲမှာ ကားလာကြိုဖို့ မပါဘူး။ ကြိုစေချင်ရင် သပ်သပ်မှာရပါတယ်။ ကျနော်တို့ ကပထမဆုံးနေ့ ဆိုတော့ အဆင်မပြေဖြစ်မှာစိုးတာကြောင့် ဟိုတယ်ကို လာကြိုခိုင်းတော့  ဘတ် ၉၅၀ ပေးရပါတယ် ၊ ဟိုတယ်ကနေ ဆလွန်းကားနဲ့ လာကြိုပါတယ်။
 လေဆိပ်ရောက်တော့မှာ တွေ့ ရတာက လေဆိပ်မှာလည်းတက်စိ ဆားဗစ်ရှိပါတယ် .. ၇၀၀ကျော်ပဲ ပေးရတာပါ ။တန်ပါတယ် ။ ဒါ့ကြောင့် နောက်တခါဆို ဟိုတယ်ကနေ လာကြိုခိုင်းဖို့  မလိုတော့ပါဘူး။

လေဆိပ်ကနေ patong ကမ်းခြေ ရောက်အောင် အတော်လေးမောင်းရပါတယ် မြေပုံကိုကြည့်ပါ။


လမ်းတလျှောက်က အိမ်ကလေးတွေ
 
ဟိုတယ်ရှိတဲ့ နေရာကို ရောက်တော့မယ် ....

ဟိုတယ်ရောက်တော့ ၁၂ တောင်မရှိသေးပါဘူး ။ check in က ထုံးစံအတိုင်း ၂ နာရီမှ ဝင်လို့ ရမှာပါ ။ နေ့ လည်စာ ကို ဟိုတယ်က စားသောက်ဆိုင်မှာပဲ စားလိုက်ပါတယ် ။

  
အေးချမ်းတဲ့ ဟိုတယ်က စားသောက်ဆိုင်လေး

 သဘောင်္သီးထောင်း .. အလွန်ကောင်း

စားပီးတော့ ၂ နာရီထိုး တဲ့အထိ အခန်းက မလွတ်သေးပါဘူး။ အရှေ့ ကလူက ထွက်တာနောက်ကျသွားလို့ ပါ ။ ထွက်ပြီးတော့လည်း Room service လုပ်ရအုံးမှာမို့ ၃: ၃၀ လောက်မှ အခန်းကရ မယ်လို့ ပြောလာပါတယ်။ဒီမှာကံကောင်းတာက ကျနော်တို့ တည်းတဲ့ ဟိုတယ်မှာ စလုံးက ကောင်လေး၊ ကောင်မလေး ပိုလီကျောင်းကကလေးတွေ intern ဆင်းနေကြပါတယ်။ အင်္ဂလိပ်လို ပြောလို့အဆင်ပြေပါတယ်။ သူတို့ ထိုင်းဝန်ထမ်းလေးတွေ က ပြောတတ်ပေမယ့်  အသံထွက်က နည်းနည်း နားလည်ရ ခက်ပါတယ်။ မတိုင်ခင်မှာ တခြား လွတ်နေတဲ့ အခန်းတခန်းမှာ နားနေဖို့ ပြင်ပေးပါတယ် ။ ဒီမှာ ရီစရာကအိပ်ရာပေါ်မှာ ခေါင်ရမ်းပန်းတွေ အလှတင်ထားပါတယ် ဟီးဟီး ။ 
 ဒီမှာကြည့် . ပန်းတွေ တင်ထားတာ ခိခိ

 အရုပ်တွေက ပုဂံခေတ်ကလိုလိုပဲ...

ဆက်ရန်  :P
7 Responses
  1. Aungnyc Says:

    Phuket ကို ခရီး သွား တာကို အရမ်း သဘော ကျ တယ်။ ဓါတ်ပုံ တွေ ထဲ က ယိုးဒယား အစား အသောက် တွေ ကို လည်း သရေကျ သွား တယ်။ Phuket က Fantasea ကို ရောက် ခဲ့ သေး လား။ တခေါက် ရောက် ပြီး ရင် နောက် တခေါက် သွား ချင် လောက် အောင် ပျော် စရာ တွေ ပေါ တဲ့ နေ ရာ ပါ။
    ခရီး များ များ သွား နိုင်ပါ စေ..


  2. Anonymous Says:

    ဖတ်ရတာ ခပ်သွက်သွက်ကလေး really nice post! (y)
    ဆက်ရန်ကို မျှော်နေပါသည်
    ညန်ညန်ရေးပါ

    <3 poko


  3. Vista Says:

    မရောက်ဖြစ်ဘူး ကိုအောင် နောက်တခေါက်တော့ patong မှာပဲနေပြီး လျှောက်သွားအုံးမယ်လို့ တွေးထားတယ် သိပ်ပျော်ဖို့ ကောင်းတယ်။
    မှိုမ ဆက်ရေးနေပါတယ်ဟ ပုံတွေရောစာတွေရောအရမ်းများနေလို့ ။


  4. Anonymous Says:

    ဗစ်ရေ..
    လိုက်လည်တယ်။
    နောက်ပို့ စ်လေးမျှော်နေတယ်နော်။
    အိုင်အိုရာ


  5. Anonymous Says:

    kaww: ခေါင်ရမ်းပန်းတွေကြားမှာ စောင်လေးခေါင်းမြီးခြုံအိပ်နေလိုက်တာမှုတ်ဘူး ဟိ
    ပဒိုင်းသီး: -င်တောင် တွန့် တယ်ခေါင်ရမ်းပန်းတွေ မြင်တော့
    သစ်သစ်အမ: 2 ပွင့်ထဲဟာ
    kaww: နင်က အခွေလိုက်ထားစေချင်တာလား

    အမှတ်တရ lol
    pk


  6. ဖတ်သွားတယ်.. နောက်ထပ် ပုံတွေနဲ့စာတွေကို မျှော်နေသည် :)


  7. Vista Says:

    အိုင်အိုရာ ၊ မစူးနွယ်လေး နောက်တပိုင်းတင်ထားပါပီနော်
    PK LOL