Vista


မိန်းကလေး တကယ်တော့ ကိုယ်ဟာ အရူးတယောက်ပါ။
အရူးမှ တော်တော့ကို ရူးနေတဲ့ လူ။
မင်းက ဒီစာကိုဖတ်ရင်း ဖတ်ရင်းနဲ့  ကျောင်းမှာ ကိုယ်ယူခဲ့တဲ့ computer sciences မှာ literature writing တွဲယူလို့ ရော ရသလားလို့ တွေးပြီး ရယ်နေအုံးမှာလား။ မင်းမှာကတော့ အားလုံးရယ်စရာတွေ ချည်းပဲနော် ။ ဒါ့ကြောင့်လည်း ever smiling girl နာမည်ရထားတာနေမယ်။
ကိုယ်လည်း အရင်ကတော့ မင်းနဲ့တွေ့ တိုင်းရယ်ခဲ့မိတာပဲ။ဒါပေမယ့် ကိုယ်ရူးလို့ သာ ရယ်ခဲ့တယ် ဆိုတာ သဘောပေါက်စပြုလာပါပီ။ကိုယ်သာ စိတ်မှန်တဲ့လူဆို စောစော ထဲက အရာရာ အားလုံးကို သဘောပေါက်သင့်ပါတယ်လေ။

ကိုယ်ရူးတဲ့ အကြောင်းပြန်ဆက်ရအောင်။ ကိုယ်ရူးတာကို ဘာတွေနဲ့ တိုင်းသလဲဆိုတော့ ပထမအချက်က
မြင်မြင်ချင်း ချစ်တယ် love at first sight ဆိုတဲ့ ခံစားချက်ဟာ နှစ်ဘက်လုံး က ချစ်ကြမှ ဖြစ်ပေါ်လာတဲ့ခံစားချက် လို့ ယူဆခဲ့မိတဲ့ အဖြစ်။
တဖက်သတ် ကိုယ့်ဖက် တဖက်တည်းလည်း မြင်မြင်ချင်း ချစ်သွားတတ်တယ်လို့ လုံးဝ မသိခဲ့မိတဲ့ အဖြစ်ပါ။

ကိုယ်ရူးနေတယ်ဆိုတာ သက်သေပြမယ့် နောက်အဆိုးဆုံး အချက်ကတော့ မင်း အမှန်အတိုင်းပြောတာတွေ အကုန်လုံးကို လိမ်ညာနေတယ် လို့ ထင်ခဲ့မိတာပေါ့။
အကုန်လုံး ကိုယ့်အပြစ်နဲ့ ကိုယ်ပါ မိန်းကလေး။
မင်း အပြစ်လုံးဝ ၀% တောင် မပါပါဘူးလေ။ ဒါဆိုဘာလို့ များပြောနေသေးလည်းဆိုတော့ လောကမှာ ကိုယ့်လို အရူးမျိုး ရှိပါသေးလား ဆိုတာ မင်းသိအောင် ရော ၊ ကိုယ်လည်း မင်း အဝေးမှာ ရောက်နေပြီ မို့ မင်း စိတ်အနှောက်အယှက်မဖြစ်တန်ရာဘူးဆိုတာရော၊
အမှန်ကတော့ ခုValentine Day မှာ အသေကောင်လို ထိုင်နေရင်းက ထရေးမိတဲ့စာပါ။


မင်း မသိသေးတဲ့ တချက် ကိုယ်ဝန်ခံရအုံးမယ် ၊ ကိုယ်တို့ ရုံးကို မင်းလာမယ်ဆိုတော့ မိန်းကလေးမှန်း သိတော့ ကန့် ကွက်ကြတဲ့ အထဲမှာ ကိုယ်လည်း ပါတယ် သိလား။
မင်းသိရင် ပြောနေကြထုံးစံ I kill you လို့ ပြောနေအုံးမှာလား။အရင်တခါတုံးက လည်း မိန်းကလေး IT Engineer ထားခဲ့ဖူးပြီး သူမက အကြောင်းပြချက်မျိုးစုံနဲ့  urgent leave တွေ ယူနေတာမို့ ကိုယ်တို့ တွေ အတော်အလုပ်ဖင့်ခဲ့ရတာကိုး။
မင်းကို စတွေ့ တော့ မြင်မြင်ချင်း သဘောတွေကျနေခဲ့တဲ့ ကိုယ်ဟာ အရင်တုံးက ကန့် ကွက်မိတဲ့ ကိုယ့်ကိုယ်ကို ကျိန်ဆဲမိလိုက်သေးတော့။
တကယ်တော့ အဲဒီနေ့ မှာ ကိုယ့်အရူးရောဂါ စတာပဲလေ။ ကိုယ့်ကို လက်ဆွဲနုတ်ဆက်တဲ့ မင်းလက်တွေရဲ့ နွေးထွေးမှု ပြုံးပြ မိတ်ဆက်တဲ့ မင်း အပြုံးတွေချိုမြမှု ဟာ တခြားသော သူတွေ အပေါ်မှာလည်း ဒီစကေး ဒီနှုန်းအတိုင်းပဲ အတူတူဆို တာ အဲဒီတုံးက ကိုယ်မမြင်ခဲ့မိဘူး။ ကိုယ့်ကျမှ ပိုသယောင် ထင်ခဲ့မိတယ် ။
Oh God ! လို့ ခေါင်းခါပြီး မျက်လုံးအပေါ်ကပ် မပြောလိုက်ပါနဲ့ ၊ ကိုယ်ရူးနေခဲ့တာမို့ ပါ။

နောက်ဆုံးတော့ ယောကျာ်းလေးတယောက်လို အားကိုးရပြီး ပြုံးရွှင်ချိုသာတဲ့မင်းကို ကိုယ်တို့ အားလုံးက ချစ်ခင်ကြတာပါပဲ ။ မင်းရှိနေမှ system တွေ ငြိမ်တယ်လို့ တောင် ပြောယူရတယ်။ ကိုယ်ကတော့ ဘဘောတွေကျ နေတော့တာလေ။
မင်းလည်း ကိုယ့်ကို စိတ်ဝင်စားတယ်လို့  အရေးပေးတယ်လို့ ထင်ခဲ့မိတာကိုး ၊
ဗွေမယူပါနဲ့ ကိုယ်ဟာ အရူးပါ။ အခုမှ ပြန်ဆန်းစစ်တော့ မင်းမျက်လုံးအကြည့်၊ မင်းစကား မင်း အမူအရာတွေ ဘာတခုမှာမှ ကိုယ့်အပေါ် စိတ်ဝင်စားတယ်ဆိုတာ ပြတဲ့ အချက်တချက်မှ မရှိခဲ့တာပဲ။
အဲဒါတွေကို အမှန်အတိုင်းမမြင်နိုင်လောက်အောင် အဲဒီ တုန်းက ကိုယ်ဟာစုံလုံးကန်းသူပါ။
မင်း အမှန်အတိုင်းပြောတာတွေ အကုန်လုံးကို ညာနေတယ်လို့ ထင်မိလောက်အောင် ရူးသွပ်နေမှ တော့ ကိုယ့်အတွက် အတော့်ကိုဆိုးနေခဲ့ပါပြီ။
မင်းနဲ့ အလုပ်ကိစ္စကြုံတိုင်း မှာတခြားစကားလေးတွေ လမ်းကြောင်းပြောင်းပြီး ခဏလောက်သာ စကားပြော ဖြစ်ပေမယ့် ၊ မင်းနဲ့ က ကိုယ်ဝါဿနာပါတဲ့ အရာအားလုံး ပြောလို့ ဆွေးနွေးလို့ ရခဲ့တယ်လေ။ ကိုယ်ရဲ့  lens တွေယူလာ ပြတုံးက မင်းက ငကြွား လို့ ခေါ်ခဲ့သေးတာမှလား။ မင်းရှိတဲ့ NOC နားကို တနေ့ တခါ လောက်တော့ ရောက်ဖို့ ကိုယ်လာ ခဲ့ပါတယ်။ ခဏလေးတွေ့ ရပေမယ် ပျော်ရွှင်ခဲ့တာပဲ။
ကိုယ်ဟာ တမင်မင်းဆီက မုန့် တွေ လာလာ နိုက်စားရတာကို လည်းဘဘောကျခဲ့သေးတယ်။
မင်းက သဘောကောင်းတာကို ကိုယ့်ကို ပစားပေးတယ်လို့ ထင်ခဲ့မိသေးတာ။

မိုးချိန်းသံစကြားရတဲ့နေ့ ....

တနေ့ တော့ ကိုယ်တို့ တွေ smoker's corner မှာ ဆေးလိပ်ထွက်သောက်ရင်း မင်းအကြောင်းစကားစပ်မိကြတော့ HR က မိန်းကလေးတယောက်က မင်းဟာ
လက်ထပ်ထားသူလို့ သတင်းကြားတယ်ဆိုပြီး ပြောလာတယ် ။ အဲဒီနေ့ က ကိုယ်ယောင်ပြီး သောက်လက်စ စီးကရက်ကို လွင့်ပစ်လိုက်မိသေးတယ်။ ကိုယ်မယုံဘူး မယုံပါဘူး ။ မင်းမှ လက်ထပ်လက်စွပ်မဝတ်ဘဲ။
ဒါပေမယ့် သူများတွေ ရှေ့ မှာတော့ ကိုယ်က မထူးခြားတဲ့ပုံနဲ့  သူမှာ လက်ထပ် လက်စွပ်မရှိဘူး မဖြစ်နိုင်ပါဘူး
လို့ ပြောခဲ့သေးတယ် ။ ဟိုကောင်မလေးက လက်ထပ်ပြီးတိုင်း လက်စွပ်ဝတ်ရမလား ငါဆိုလည်း လက်ထပ်ပြီးရင် မဝတ်ဘူး လို့ ပြောတာကို အဲနေ့ လည်း ရောက်မလာဘူး စောင့်မနေနဲ့ လို့  ပြန်တွယ်လိုက်သေးတယ်။

ဒါပေမယ့်ကိုယ် နေလို့ မရတော့ ဘူး ။ နောက်တပတ်ကျတော့ ကိုယ်စကားမရှိစကားရှာပြီး မင်းကို မေးခဲ့သေးတယ်လေ မှတ်မိမှာပေါ့ ။ အလုပ်အကြောင်း ပြောရင်းက ဓါတ်ပုံအကြောင်းပြော၊ ခရီးသွားတဲ့ အကြောင်းရာက်သွားရင်း အသာလေး လှစ်ခနဲ မင်း bf ရှိလား ရှိရင် သူနဲ့ သွားပါလားဆို မေးတော့မင်းက ရီပြီး မင်း လက်ထပ်ပြီးပြီ လို့ ပြောခဲ့တယ်လေ။ မင်းမှ လက်ထပ်လက်စွပ် မဝတ်ဘဲ မဖြီးနဲ့ ဆိုတော့ ၊ လက်စွပ်က ဝတ်ရမယ် ဥပဒေရှိသလား ဆိုပြောရင်း ရီနေတဲ့မင်းမျက်လုံးတွေ ကို ကိုယ်ကြည့်ပြီး မင်းဖြီးတာ လို့ ကိုယ် တထစ်ချ ယူဆလိုက်တယ် ။ ကိုယ်ရူးတာလေ ၊ အမှန် အမှား မဆင်ခြင်နိုင်လောက်အောင် ရူးတဲ့ ကိုယ်ပေါ့။

နောက်တပတ်ကျတော့ မင်းက လက်စွပ် ဝတ်လာပါရောလား ။
ကိုယ့် ကို တမင်လုပ်တာဘဲလို့ ထင်ခဲ့မိပြန်တာလေ။ ယောကျာ်းလေး ဝန်ထမ်းတွေ များတဲ့ အလုပ်မှာ နေ့ နေ့ ည ည လာလုပ်ရလို့ လက်ထပ်ထားတဲ့ သူလို့ ထင်ရင် ပို လုံခြုံတယ် မလိုအပ်တာတွေ မဖြစ်နိုင်တော့ဘူးဆိုပြီး တမင်ဝတ်လာတယ်လို့ ထင်ခဲ့မိတယ်။အဲဒါတော့ ကိုယ်တယောက်တည်းမှ မဟုတ်ဘူး တခြားကောင်တွေရော အဲလိုပဲ ထင်တာပါ။ ကိုယ်တို့ တွေ ဆေးလိပ်သောက်တော့ မင်းအကြောင်း ပြောဖြစ်ကြသေးတယ်။ အိမ်ထောင်သည် တယောက်ကဆို မင်းတို့ တွေ ကို ကြောက်လို့ စွပ်လာတာနေမယ် လို့ နောက်နေသေးတယ် ။ကိုယ်တို့ တွေကလည်း မင်းကို ခင်မင်ကြတဲ့ အလျှောက် နေ့ လည်စာ စား တူတူ လိုက်မလား ၊ ညနေပြန်ကြုံရင် ပို့ ပေးမယ်နဲ့ ပြောတတ်ကြတယ်လေ။ မင်းကအကုန်လုံးကို ယဉ်ကျေးစွာ ငြင်းတာပဲ မဟုတ်လား ။
မင်းရုံးက ပြန်တဲ့ အချိန်က နောက်ကျတတ်တာမို့  တမင်ပို့ ပေးချင်လို့ ကို ကိုယ်လည်းမဆင်းသေးဘဲ Gym မှာ အားကစားလုပ်ရင်းစောင့်နေရက်က မင်းပြန်ခါနီးမှ ရေချိုးပြီး ခုပဲပြန်တော့မှာ လမ်းကြုံတယ် ပို့ ပေးမယ်ဆို ပြောခဲ့ဖူးတိုင်း ဒင်နာစားဖို့ ယောကျာ်းနဲ့  ဒိတ်လုပ်ထားတယ်ဆို ပြောတတ်တယ်လေ။
ဒါကလည်း ယဉ်ကျေးစွာ ငြင်းပယ်နည်းတနည်းလို့ ထင်ခဲ့သေးတာ။

မိုးကြိုးပစ်ချတဲ့နေ့ ......

ဒီနေ့ ကိုတော့ ကိုယ်မမေ့နိုင်ဘူး ၊ မမေ့နိုင်သေးဘူး။ မေ့သွားပါ့မလားလည်း မသေချာဘူး။
အဲဒီနေ့ အကြောင်းပြန်စဉ်းစား မိရင် စိတ်မလှုပ်ရှားဘဲ နေနိုင်ပြီ ဆိုရင် တော်ပါပြီ။
ထုံးစံအတိုင်း ဆေးလိပ်သောက် နေကြတဲ့ အချိန်မှာ ကိုယ်တို့  programming manager က မင်း နာမည်ကိုပြောပြီး မင်းနဲ့ မင်းခင်ပွန်းနဲ့ ကို Vivo city မှာတွေ့ ခဲ့တယ်လို့ ပြောလာတယ်လေ။
ကိုယ်လေ အငယ်တွေပြောရင် ယုံမှာ မဟုတ်သေးဘူး manager က လူကြီးလည်း ဖြစ်
တည်တည်တံ့တံ့နေသူမို့ မစ လောက်ဘူးထင်လိုက်မိတယ်။တကယ်လည်း စ စရာ ဘာအကြောင်းမှ မရှိဘဲ ။
ငါနဲ့ တောင် မိတ်ဆက်ပေးလိုက်သေးတယ် လို့ ထပ်ပြောလိုက်ပြန်တော့ ဒီ့ အပြင်သေချာတာမရှိတော့ဘူးလေ။

မင်းက လည်း အဲဒီနေ့ ကအလုပ်များနေလိုက်တာ ကိုယ်အနားလာတာတောင် မသိဘူး။ နောက်တပတ်လုံး မင်းကမလာပြန်ဘူး ၊ တခြား project မှာ သွားကူနေတယ်ဆိုလား ။ ဒါဟာလည်း ကိုယ့်အတွက် ကံကောင်းဖို့ များဖြစ်လာတာလား။ မင်းပြန်လာတဲ့ အချိန်ကြတော့ ရုပ်ပျက်ဆင်းပျက်မဖြစ်ဘဲ ရီမောရင်းနဲ
့အဲဒီအကြောင်းကို စကားစ နိုင်ခဲ့တာကိုး။
ပထမ အပတ်တုံးက ဆို ရင် ကိုယ့်မျက်နှာပျက်နေတာဟာ အတော် ဆိုးတာမို့  မင်းရိပ်မိသွားနိုင်တာပေါ့။
မင်းကတော့ မင်းခင်ပွန်းပုံကို ဖုန်းထဲကနေ ပြသေးတယ်နော်။ တွေ့ လားချောတယ်မှလား လို့ မေးတော့ ခေါင်းညိမ့်လိုက်မိ ပေမယ့် အဲဒီပုံကို ကိုယ်အခုထိ သေချာမမှတ်မိပါဘူး။

အဲဒီပုံက ကိုယ်တို့ တွေ ဓါတ်ပုံရိုက်တဲ့ bokeh effect လို ပဲ ကိုယ့်မျက်လုံးထဲ ဝါးနေခဲ့တယ်။


ရူးခြင်း ၊ ရူးမှန်းသိလို့ ရှက်ခြင်း ၊ ရှက်ရမ်းရမ်းခြင်းနှင့် ပေါက်ကွဲခြင်း

အဲဒီနောက်ပိုင်း ကိုယ်မင်းကို ပြဿနာတွေဆက်တိုက် ရှာခဲ့မိတာ ။ အဲဒီ အခိုက်အတန့် မှာ ကိုယ်ဟာ ယောကျာ်းမဆန်ဘူး ၊ စိတ်ဓါတ်မမြင့်သူရယ်ပါ။ မင်းက တော့ သတိမထားမိရှာဘူးထင်ရဲ့  ၊ ဘာဖြစ်နေသလဲဆိုတဲ့ပုံနဲ့ တော့ကြည့်တတ်ပါတယ်။ ကိုယ့် ဘာကိုယ် ထလုပ်လိုက်ရင်လည်း ရတဲ့ ကိစ္စလေးကိုလည်း မင်းကိုခေါ်ပြော။ Fault အနေနဲ့ လုပ် Report တွေတင်နဲ့ မင်းအလုပ်များစေခဲ့တယ်။
Down time ကို လည်း တိုနိုင်သလောက်တိုအောင်ပေးပြီး မင်းကို ခေါင်းခြောက်စေခဲ့တယ်။
ကိုယ် သွက်သွက်ခါအောင် ရူးတဲ့အချိန်ဟာ တပတ်ပဲရှိလို့ အဲဒီ အတွက် ဘုရားသခင်ကို ကျေးဇူးတင်မိပါတယ်။ ကိုယ်က customer ပဲ ဆိုပြီး လုပ်ခဲ့မိတာတွေ ခုပြန်စဉ်းစား ရင်ခု ရှက်မိပါတယ်။

တပတ်လွန်မြောက်တော့ ကိုယ်မခံစား နိုင်တော့ပါဘူး ရူးခဲ့မိတာကို ရှက်တတ်ပြီဆိုတော့ ကိုယ်ကောင်းလာပြီပေါ့။ long leave ယူပြီး resign တင်လိုက်တော့ လည်း မင်းက သတိတောင်မပြုမိသလိုပါပဲ။ အမှန်တော့ ကိုယ့်အပေါ်မင်းက သာမာန်မိတ်ဆွေ အဆင့်တောင်ထားရဲ့ လားလို့ မသေချာပါ။
customer မို့ လို့ အလိုက်အထိုက် ဆက်ဆံတာပဲ ဆိုတာ သိလေလေ ရှက်လေလေပါပဲ။
Long leave က ပြန်လာတော့ ၂ လ တင်းတင်းရှိပြီး ကိုယ့် ရုံးက လူတွေ နုတ်ဆက်ပြီး ပစ္စည်းတွေ အပြီးလာသိမ်းတော့ မင်းက ကိုယ့်ကို တွေ့ မသွာ့း ဖို့ ဆုတောင်းမိပါတယ်။
ကိုယ်ကတော့ မင်းကို အသာလေး နောက်ဆုံးတခေါက် လာကြည့်ဖို့ မင်းအလုပ်များတဲ့
အချိန်ရွေးပြီး NOC ဘက်လာခဲ့လိုက်တယ်။
ကိုယ့်ဆုတောင်းမပြည့်ဘူး မင်းမရှိနေတဲ့ အပြင် အသာလေး လှည့်အထွက်မှာ ကော်ဖီခွက် ကိုင်ထားတဲ့
မင်းနဲ့ အဝမှာ တန်းတိုးပါရောလား။

မင်းရဲ့ အမှတ်မဲ့ “ ဟေ့ William မတွေ့ တာကြာပေါ့ အပေါ်ထပ်ပြောင်းသွားသလား “ လို့ ထုံးစံအတိုင်းပြုံး ပြောပြီး ကဒ်ကို reader မှာ တပ်လို့ မှန်တံခါးနောက် ဝင်သွားတဲ့ မင်းကိုကြည့်ရင်း ကိုယ်ပိုလို့ ရှက်မိတယ်။
မင်းဟာ ကိုယ့်ကို စိတ်မဝင်စားလိုက်တာမှ အလုပ်ထွက်တာတောင် မသိဘူး ။
ကိုယ့်သူငယ်ချင်းတယောက်ကို William မတွေ့ ပါလားလို့  မေးလိုက်တာနဲ့ 
ကိုယ် ရုတ်တရက်ကြီး ခွင့်ယူ ၊ အလုပ်ထွက်သွားပြီ ဆိုတာ တန်းသိနိုင်ပေမယ့် မင်းက စိတ်မှမဝင်စားဘဲ ။ ကိုယ်ကသာ ရှက်စရာကောင်းအောင် အထင်တွေ မှားနေခဲ့တာ။ဖြစ်သင့်တာကတော့ မင်းဆီ မလာသင့်ပါဘူးလေ ။ မသိလက်စနဲ့ မသိဘဲ ထားလိုက်တာ ကောင်းတယ် မဟုတ်လား။ ဒါပေမယ့် ကိုယ်ဟာ အရူးကိုး ။ သတိဝင်လာခါစပေမယ့် အရှင်း မပျောက်ကင်းနိုင်သေးသူမို့ ပါ။

----------------------------------------------------


မင်းကို ဒီစာ ပို့ဖြစ်တယ် ဆိုရင် ကိုယ့်ကိုယ်ကိုအတော် ထိန်းနိုင်လို့ အရှက်ကို ဝန်ခံနိုင်ရဲတဲ့ အချိန်မှာ ပို့ ဖြစ်မှာပါ။
ပို့ြ့ဖစ်ဖို့ လည်း ကြိုးစားပါမယ်။ ကိုယ့် သဘောထား သေးသိမ်ခဲ့တာကို ခွင့်လွှတ်ပါ ။
တနေ့ မှာတော့ ကိုယ်မင်းကို ဆက်သွယ်ပါအုံးမယ် ။
ကိုယ့်မှာ မင်းမပေးတဲ့ မင်းရဲ့ ဖုန်းနံပါတ်ရှိပါတယ် ။
( မင်းဖုန်းကို ထားခဲ့ ပီး အလုပ်လုပ်နေတုံး ကိုယ့်ဖုန်းကို miss call ပေး log ကို ဖျက်ပလိုက်လို့ မင်းမသိတာပါ )။


ဒီစာ ကို မင်းကြိုက်သလို လုပ်နိုင်ပါတယ်။ ကိုယ့်ကို မပေးတဲ့ မအက်ချင်တဲ့ မင်းရဲ့ facebook ပေါ်မှာ Notes အဖြစ်လည်း တင်နိုင်ပါတယ်။ ကိုယ်လို အရူး တယောက်ရှိခဲ့ဖူးကြောင်း လူသိပါစေ။


မင်းရဲ့
William
14.02.2011


I cant believe that I wrote this email a year ago and leave it stuck in my draft items.
Now I am totally recovered so I sent this mail to you.
You can read it as a short story or a note.
As I mentioned above you can post it too.
But don't LOL after reading this .
SERIOUSLY !! I KILL U !!

ur's
William
14.02.2012

P.S. Don't ask me how I got your email. I wont answer :P




Vista




ပန်းချီကိုလည်း ဝါဿနာပါတယ် ၊ ဓါတ်ပုံလည်း ဝါဿနာပါတယ် ။
ဘယ်တခုမှတော့ မထူးချွန်ဘူးသေးဘူး။ဝါဿနာပါတိုင်း ထူးချွန်ရမယ်လို့ တော့
ပုံသေနည်းမှ မရှိတာနော( ဖြေသိမ့်တာလေ ကွကို )။
ဒါကတော့ ကိုယ်ရိုက်ထားတဲ့ပုံလေးတွေကို ပန်းချီအဖြစ်ပြောင်းထားတာ။
နောက်ပိုင်း ပန်းချီမဆွဲဖြစ်တော့ဘူး အတော်ကြာခဲ့ပြီ။ ဆေးတွေ အစတွေ စုတ်တံတွေနဲ့ မလုပ်နိုင်တော့ဘူး။
ဓါတ်ပုံပဲရိုက်ဖြစ်တော့တယ်။
ဒါပေမယ့် စိတ်ထဲမှာ တန်ဖိုးထားတာခြင်းကတော့ အတူတူပါပဲ။