Vista
ဒီတယောက်တော့ အစားအစာတွေချည့် တင်နေတယ်ဆို ဆဲကြတော့မယ် ဟီး။
ဒါတွေကတော့ စားဖြစ်ခဲ့တဲ့ မြန်မာ ထမင်းဟင်းတွေပါ။


 ရေချိုပုစွန်ထုပ် ကြိုက်လှတယ်လည်းမဟုတ်ဘူး မစားဖြစ်တာကြာလို့ စားတဲ့သဘောပါ။

ဒါတွေကမှ အကြိုက် ၊အတို့ အမြှပ်တွေ 

ကတက်ချဉ်၊ ဥသျှစ်ရွက် (စာလုံးပေါင်း မသိ )၊ ရှောက်ရွက်၊ သရက်သီးစိမ်း၊ ဟင်းကလာချဉ်

ဒါက ခိုင်ခိုင်ကျော်က ငါးပိ အတို့ ၊ တချို့ ပြုတ်ထားတဲ့အရွက်တွေ နာမည်မသိဘူး


သခွပ်ပွင့်တဲ့ ပြုတ်တို့ ရတာတဲ့ ၊ တခါမှမစားဖူးဘူး ပထမဆုံးပဲ ( ခါးသက်သက် အရသာရှိတယ် )


မန်ကျည်းရွက်သုပ် ( ခုတခေါက်ပြန်တော့ မန်ကျည်းရွက်နုတွေ သိပ်ပေါနေတယ်  တရက်ခြားတခါသုပ်စားဖြစ်တယ် )

အဒေါ်ကြီး လက်ရာ ဖရုံသီး ပဲသီးစိမ်း ပဲရွက် ပုစွန်ပိစိကွေး  ပင်စိမ်းအုပ်ဟင်း 
( ဖယုံသီးမုန်းတဲ့ ကျနော်တောင် ၂ခွက်သောက်ဖြစ်တယ် )

ခြံထဲက ပိန္နဲသီး ရခိုင်ချက်  ( စပ်လန်ထွက် )

ငါးမွေထိုး ဘဲဥ ကုလားဟင်း(  ကောင်းမှ ကောင်း )

အတို့ အမြှုပ် again :P

ငါးနီတူသုပ် ..

ငါးရံ့ စပါးလင်ဟင်း

င ငါးပုဏား ကြော်လို့ စား .. :P
21 Responses
  1. ကိုယ်မစားဖူးတဲ့ဟင်းတွေ တော်တော်များပါလား...း(
    ဖရုံသီးဟင်း... ပိန္နဲသီးချက်... ငါးမွေထိုးဟင်း... ငါးနီတူသုပ်... ... ... ...


  2. Vista Says:

    ဟယ် ဂယ်မစားဖူးဘူးလား သိပ်ကောင်းတာ မသက်ဝေရ ဟိ


  3. Thinzar Says:

    ငါးနီတူးသုပ်နဲ့ မန်ကျည်းရွက်သုပ်ကို သေချာ zoom ပြီး ကြည့်သွားတယ်.. ဗိုက်ဆာလိုက်တာနော်..


  4. NSA Says:

    ဆာလိုက်ထှာ..ဗျစ်ရယ်...


  5. ဟင်းပွဲတွေကို ခံနိုင်ရည် ရှိရှိနဲ့ ကြည့်နိုင်အောင် သတ္တိ မွေးထားတာတောင် ဒီပို့စ်မှာ knockout ပဲ၊း) စပ်လန်ထွက် ဆိုတဲ့ ပိန္နဲသီး ရခိုင်ချက်ရယ်၊ ငါးနီတူသုပ် ရယ်ကို အစားချင်ဆုံးပဲ..၊ အပေါ်ဆုံးပုံက ပုဇွန်ထုပ်ရဲ့ caption ကိုလည်း ကြိုက်တယ်၊ ဆိုင်တွေမှာတော့ ‘အားနာလို့ လိုက်လျောတာ ‘အ’ တယ်လို့ မထင်နဲ့’ လို့ ရေးကြတယ်၊ ဒီမှာတော့ ‘အားနာလို့ စားလိုက်ရတာ၊ သိပ်ကြိုက်တယ် လို့ မထင်နဲ့’ ပေါ့...။းP


  6. Anonymous Says:

    တို့ စရာအားလုံး၊ ပိန္နဲသီးစပ်လန်ထွက်း)၊ မန်ကျည်းရွက်သုပ် နဲ့  ငါးနီတူသုပ်တွေ စားပစ်လိုက်ချင်တယ်။
    သခွပ်ပွင့်ကကိုယ်သိတာက အဖြူရောင်ပွင့်၊ ဒီလိုဝတ်ဆံတံတွေလည်းပါဘူး။ ဒီပန်းကြည့်ရတာမြင်ဘူးသလိုလို ခွာညိုလိုလိုဘာလိုလို။
    ပုဇွန်ထုတ်ကြီးကိုအားနာစရာဗစ်ရယ်။ လူတကာကြိုက်တာဗစ်နဲ့ ကျမှခံလိုက်ရတယ်လို့ ..း)
    အိုင်အိုရာ


  7. Vista Says:

    ဒီ ပန်းနာမည်လည်း မသိဘူး သိသူများပြောသွားပေးကြပါ ..း)


  8. ငါးမွေထိုး ဘဲဥ ကုလားဟင်း( ကောင်းမှ ကောင်း )
    အရောက်မှာ အငိုက်မိ တိုက်ပွဲကျခဲ့သူ

    စီကေအေး)))


  9. ကြိုက်မှကြိုက်...အားလုံးကြိုက်


  10. Anonymous Says:

    အရမ်းတော်တယ်


  11. Anonymous Says:

    အရမ်းတော်တယ်


  12. Anonymous Says:

    အရမ်းတော်တယ်


  13. Anonymous Says:

    အရမ်းတော်တယ်


  14. Anonymous Says:

    အရမ်းတော်တယ်


  15. Anonymous Says:

    အရမ်းတော်တယ်


  16. Anonymous Says:

    အရမ်းတော်တယ်


  17. Anonymous Says:

    အရမ်းတော်တယ်


  18. Anonymous Says:

    အရမ်းတော်တယ်


  19. Anonymous Says:

    အရမ်းတော်တယ်


  20. Anonymous Says:

    အရမ်းတော်တယ်


  21. Anonymous Says:

    အရမ်းတော်တယ်