Vista
ရန်ကုန်မြို့ ၏ နာမည်ကျော် ဗိုလ်ချုပ်ဈေး



ယောင်းယောင်း မမ အကူအညီနဲ့ ဗိုလ်ချုပ်ဈေး ပတ်ခဲ့တယ်။
ကိုယ့်ဘာသာဆို ဘယ်နားဘာရှိမှန်းမသိဘူး ။
ဗိုလ်ချုပ်ဈေးကို ၁၀ခေါက်ပြည့်အောင် ရောက်ဖူးတာမဟုတ်ဘူး ။
ကားထားရတာကလည်းခက်လိုက်တာမှ။
ကိုယ့်ဘာကိုယ်ကားမောင်းကတည်းက မသွားတော့တာ ။
အမေတို့ သွားချင်ရင် ဒရိုင်ဘာနဲ့ သွားကြတယ်။


ပန်းချီကားတွေ ၊ အတော်သဘောကျတယ်။



ရတနာ စိန်ကျောက် ဇယ်တောက် တမ်း ကစားမလား။ ဟဲဟဲ။
ဘာတွေမှန်း မသိ အရော့တွက် ၊ လက်ခ ၊ ပဲ ၊ ရွေး ။ ရှုပ်နေတာပဲ။
ယောင်းယောင်းမမ ကကိုယ့်အကြောင်းသိပါတယ် ရှင်းပြဖို့ မကြိုးစားရှာဘူး ဟိ။


ကင်မရာ တလုံးနဲ့  လျှောက်ရိုက်နေလိုက်တယ်။

ကလေးလေးနဲ့ အန်တီကြီးနဲ့ ပန်းရောင်ဆင်တူနော် ။
ရွှေဈေးကလည်း ကြီးတာပဲ ၊ ဝယ်လည်းနေကြတာပါပဲ။

ပိုးထည်တွေ ။လှမှလှ ။
ကျနော့်မှ တော်တဲ့လုံချည်မရှိတော့လို့  ဘောင်းဘီပဲဝတ်နေရတယ်။
မဝဘူး ဆိုပေမယ့် အရင်တုံးက ထက်တော့ ဝလာပါသေးတယ် ငှဲငှဲ။
ကိုကိုက ကျနော့်ကိုလုံချည်ဆင်ဖို့ ယောင်းယောင်းကို တာဝန်ပေးလိုက်တယ် ။
မမကြည့်ကျက် လုပ်လိုက်စမ်းဘာတဲ့။ နေရာတကာ ဘောင်းဘီ တကားကားနဲ့ တဲ့။
ဟိုကလည်း ပေးအပ်တဲ့ တာဝန်ကျေပွန်စွာထမ်းဆောင်တယ်။
အထည်ဆိုင်ထဲခေါ်သွား သူ့ ကိုယ်လုံးလေးဆို လုံချည်ချုပ်ရင် ဘယ်လောက် ကုန်မလည်း
ဆိုတော့ ၃ တောင့်ထွာတဲ့ ။ ယောင်းယောင်းက အံ့သြလို့  ဆိုင်ကို သေချာလား
မမတို့ဆို ၄ တောင်မိုက်လျှော့မှတဲ့ ။ ဘာတွေ မှန်းမသိဘူးရှုပ်ပြန်ရော။
ဆိုင်က ပိုဝယ်မှာတောင် လက်မခံဘူး မလိုဘူးမမ ၊ သူကသေးသေးလေးတဲ့ ဟင့်။
ဘာလိုချင်လည်း မမဝယ်ပေးမယ် ဆို ကိုယ်ကြိုက်တဲ့ ( အမည်းရောင်များများပါတဲ့ )
၃ စ ၊၄ စ လက်ညိုးထိုး လို့ ဖြတ်အပြီးမှာ အစဖိုးတင် ၇သောင်း နီးပါးကျသွားတယ် ။
သေချင်တယ် ပြန်ဆက်လို့ လည်းမရတော့ဘူး ။
မမ အနော် ပေးပါ့ရစေဆိုပြောမိတော့ မျက်စောင်း ၁ ချက်ရတယ်။
အသာငြိမ်နေလိုက်ရတယ် ။ အငယ်ဆုံးဖြစ်ရတာ သိပ်ကောင်းတာပဲ ဟိ။


အရမ်းမီးသတ်တွေ လား စည်ပင်တွေလားမသိ။



ဟယ် ဘယ်နိုင်ငံရောက်သွားပြီ ထင်နေလည်း ။
ဗိုလ်ချုပ်ဈေးမှ ဗိုလ်ချုပ်ဈေး ထဲမှာပဲရှိသေးတယ်။
မိုက်ဒယ်နော် ။ အဖြူမတွေ တောင်မှ လည်ပြန်ငေးသွားတယ်။
ဒီလောက်ပူကျွပ်နေတဲ့ အထဲမှာ သားမွေးတပ်ထားတဲ့ ဘောင်းဘီ တိုကြောင့်လားတော့မသိ။

သူတို့ ထပ်မရိုက်ပါဘူး ပန်းကားကို ရိုက်တာ လှလို့ ။

အတုပေမယ့် အစစ်အတိုင်းပဲ လှချက်။


မုန့် စိမ်းပေါင်း ၊ ငါးဖယ်အစာသွပ်၊ မုန့် လင်မယား အစုံပဲ အသည်တွေ။

ဒါမျိုးတွေ ချစ်တယ်။ ဒီက မန်နေဂျာတွေ လက်ဆောင်ပေးလို့ ကောင်းတယ်။


Labels: , edit post
10 Responses
  1. Ko Boyz Says:

    ဘယ်တုန်းက ပြန်သွားတာလဲ...
    ဘောင်းဘီသားမွေးလေးပဲ သဘောကျတယ်


  2. Anonymous Says:

    ဈေးထဲမှာ ကင်မလာခွန်မဆောင်ရဘူးမှတ်လားး ရိုက်သာရိုက် ဟိ

    nm


  3. Vista Says:

    ကိုဘ နှစ်စက ပြန်တာပါ ပုံတွေ များလို့ ဖြည်းဖြည်းပြန်တင်နေတာ ။ သိသားပဲ သားမွေးပဲသဘောကျမယ်လို့
    နိုမို မဆောင်ရဘူး ရိုက်တာပေါ့ ဟဲဟဲ။


  4. Anonymous Says:

    အိမ်ကတယောက် ဗိုယ်ချုပ်ဈေးသွားမယ် ဆိုရင် သိပ်စိတ်ညစ်တာပဲ။ ကြည့်ချင်တာ မကြည့်ရလို့။ ဒီအထဲက တချို့ပုံလေးတွေ က ပုံအကြီးကြီးသာဆိုကောင်းမှာပဲ။ နီးတုန်းရိုက်ပါအေ..
    N/A


  5. Shinlay Says:

    ဈေးရောက်ရင်ဈေးဆစ်ရတာစိတ်ညစ်မိတယ်။
    ဒါပေမဲ့ အခေါက်တိုင်းတော့ရောက်ဖြစ်ပါတယ်။


  6. မရောက်ဖြစ်တာကြာတဲ့ ဗိုလ်ချုပ်ဈေးကို လာငေးသွားပါတယ်။
    ဟုတ်သား သားမွေးဘောင်းဘီလေးက လှချက်း)


  7. တော်သေးတာပေါ့ ၃တောင့်ထွာမို့..
    အဲလိုမမတယောက်လိုချင်တယ်မဗစ်စ်ရဲ့
    ဂျပန်ကိုလည်းပို့ပေးပါ :D


  8. Anonymous Says:

း) ငေးလို့ကောင်းတယ်။



    Naunt


  9. Anonymous Says:

    Is that the shop called "Su Myat Min" Jewellery shop in the photo? Thanks for sharing Scott Market Photos :D


  10. Iora Says:

    ဗိုလ်ချုပ်ဈေးကိုတောင်လွမ်းသွားပြီ။ ဗမာပြည်မှာ အားလုံးရနိုင်တာဒီတခုဘဲရှိတော့ တချိန်လုံးရောက်နေခဲ့ရတာ။ ကျေးဇူးနော်။