Vista
၁။ ပိုက်ဆံ
ဒီတခေါက်ပြန်တော့ သယ်ရလွယ် ၊ သုံးရလွယ်တဲ့ ၅၀၀၀ တန်လေးတွေ နဲ့ အဆင်ပြေတယ်။
သစ်လည်း သစ်သေးတယ် ။

သုံးရလွယ်သလားမမေးနဲ့  ၁ သိန်းကို ၂ ရက်သုံးလို့ တောင်မခံဘူး။
ဘာမှ ဝယ်တာလည်းမဟုတ်ဘူး။
City Mart မှာ ၁ ခါဝယ်လိုက် ၄ သောင်း။
အိမ်အတွက် စားဖို့ သောက်ဖို့ ဝယ်တာ။ဆန် မပါသေးဘူး။ ဆီ နဲ့  ကော်ဖီမစ် ၊နွားနို့ ဘာညာဝယ်တာ။
ကြည့်မြင်တိုင်ညဈေး ဟင်းစား ၄ ရက်စာလောက်ဝယ်တာ ၅သောင်း။
ကြက်သား၊ ပုစွန် ၊ငါးဖယ် ၊ ငါးခူ၊ ငါးကျည်း။ ဒါပဲ ကျန်တာအရွက်အသီးနည်းနည်း။ အဲဒါလည်းအဲလောက်ကုန်တာပဲ။လက်ထဲက ထွက်သွားတော့ ဘာမှန်းမသိဘူး ။
စာရင်းစစ်လိုက်တော့ အဲလောက်ကုန်သွားတာ။

၂။ ဓါတ်ဆီ

ဒီတခါပြန်တော့ အရင်လို ဓါတ်ဆီကို ဆီစာအုပ်နဲ့ တနေ့ ၂ ဂါလံ ပေးတာမဟုတ်တော့ဘူးတဲ့။
အရင်ဆို ၁ နေ့ ၂ဂါလံစာကို ၃ရက်စာပေါင်းပြီး ၆ ဂါလံစာအုပ်ပြထုတ်တာမျိုးလေ။
အခုပုဂ္ဂလိက ဖြစ်သွားပြီတဲ့။
ဒါဆိုကြိုက်သလောက် ထုတ်လို့ ရလားဆိုတော့လည်းမဟုတ်ဘူး။
တဂါလံ ၂၅၀၀ကျပ်နဲ့  တခါထုထ်မှ ၂ဂါလံတဲ့။ဟမ်။
အဲဒီတော့ ၁၀ ဂါလံလိုချင်သူက ၅ ခေါက်ပြန်တန်းစီ ။ သေပီ။
ဘာတွေ ဖြစ်လာလည်းဆိုတော့ ဆီဆိုင်တွေမှာ ကားတန်းရှည်ကြီးတွေဖြစ်လာတယ်။ အပြင်မှောင်ခိုဆိုင်ကလည်းရှိတုန်းပဲ ။ တစ်ဂါလံကို ၃၅၀၀ကျပ်နဲ့ ရောင်းတယ်။
အဲဒီတော့ ဆီထုပ်စားချင်တဲ့ ကားစုတ်၊ ကားပြတ်ပိုင်ရှင်တွေက အဖန်ဖန်လှည့်ပြီးတန်းစီတယ် ။
ရလဒ်က အိမ်သုံးကားတွေ ဒုက္ခရောက်တာပဲ။


အမေက မနက် ၆ နာရီနိုးတယ် ၊ ဘာလုပ်ဖို့ လည်းဆိုတော့ ၆နာရီခွဲ ဆိုင်မဖွင့်ခင်သွားတန်းစီရမှာတဲ့ ။
ဆိုင်ဖွင့်ရင် ကားတွေ အရမ်းများလာပြီးတော့ မစီနိုင်ဘူးတဲ့။
(ကားနည်းနည်းရှင်းတဲ့ ဆိုင်ကိုမှတ်ထားရသေးသတဲ့ ) ။
တချို့ ဆိုင်တွေက မနက် ၄နာရီလောက်တည်းက တန်းစီထားတဲ့ တက်စီတွေနဲ့ လို့ ဆိုတယ်။
ပထမ ဆုံးနေ့ ဆိုတော့ မသိဘူးလေ။ အမေနဲ့ သွားတန်းစီလိုက်တယ်။ မြတ်စွာဘုရားရေ။
၆နာရီက ကားတန်းကိုကြည့်ပါ ကိုယ့်ရှေ့ မှာ အစီး ၃၀ လောက်ရှိသေးတယ်။


ဒါဆိုင်ဖွင့်နေပီ အစီး ၂၀ လောက်ကျန်သေးတယ် ။ ၂ ဂါလံရဖို့ အရေး တန်းရတာ။
နောက်တော့ အပြင်သွားရင်းနဲ့  ကားရှင်းတဲ့ ဆိုင်တွေ့ တော့ ဝင်မေးကြည့်မှ Octane 92 ဆိုင်တဲ့။
၃၃၀၀ ကျပ်တဲ့ ။
( FEC ဈေးအတက်အကျပေါ်တည်ပီး ၃၄၀၀ ဖြစ်ချင်ဖြစ်တယ် ၃၅၀၀ ဖြစ်တဲ့အခါဖြစ်ပါတယ် )။
အလိုလေးလေး ဒီလိုမှန်းသိဒီမှာဝယ်တာပေါ့ ။
အပြင်ဆိုင်မှာ ဓါတ်ဆီ ရေရောတော့ ၃၅၀၀ကျပ်နဲ့ မဝယ်ဘူး။
Octane 92 ပဲထည့်မှာပေါ့ကွယ်။



ဒီလိုဆိုင်တွေမှာ ဈေးကိုကြည့် ။ဝင်ထည့်ရုံပဲ ။
ကြိုက်သလောက်ထည့်စမ်း။ တိုင်ကီ ဆန့် သလောက်ထည့်စမ်း။
ဓါတ်ဆီ သမားကတော့ တန်းစီရတယ် ။ Octane သမားက မစီရဘူး။
ဘယ်စီမလည်း ၊ မစီဘူး မစီဘူး ။ မနက်တိုင်း ၆နာရီထ မနေနိုင်ဘူး ။



Octane သုံးတော့ ကားက ပိုမောင်းလို့ ကောင်းတယ် ။ အဲကွန်းလည်း နိုင်တယ်။
ဆီကတော့ ကုန်တယ် ။ဟီး။
ပိုက်ဆံ ၁ သိန်း ၂ရက်မခံတဲ့အထဲမှာ အဲဒါလည်းပါတယ်။
8 Responses
  1. ပိုက်ဆံ ၁ သိန်း ၂ရက်တဲ့လား...
    ဗဟုသုတတွေ တိုးရပါလား ဗစ်ရေ...း))

    ဟိုးအရင်က Octane ကို FEC နဲ့ရောင်းတဲ့ အချိန်ရှိဘူးတယ်... ဈေးကြီးပေမယ့် Octane က ပိုမောင်းလို့ကောင်းတာတော့ အမှန်ပဲ...း))


  2. Vista Says:

ွှအခုအဲဒီ ဆိုင်က မြန်မာငွေနဲ့ ရောင်းနေပီမသက်ဝေ


  3. Octane 92 ဆိုလို့ ဒီမှာ 95 နဲ့ 98 ပဲရှိတယ်။ USA မှာတော့ 87, 88, 89, 90, 91 တွေရှိတယ်လို့ မှတ်သားဘူးတယ်.

    အဲမှာ တချို့ Ford ကား အင်ဂျင်တွေက ၉၀ အောက်ထည့်ဖို့ ထုတ်ထားတာလို့ သိရတယ်။


  4. rose of sharon Says:

    ဟုတ်တယ်နော်... ရန်ကုန်ပြန်ရင် ပိုက်ဆံက တကယ်ကို အသုံးမခံတာ...


  5. ညီလင်းသစ် Says:

    ပိုက်ဆံ အကုန်မြန်တာ ကြောက်ခမန်းလိလိ ပါပဲလား..၊ ဓါတ်ဆီရဲ့ မှောင်ခိုဈေးက octane နဲ့ သိပ်မကွာဘူးဆို octane ပဲထည့်ရတာ ပိုအဆင်ပြေမယ် ထင်တယ်နော်၊ အမြဲတမ်း ရနေဖို့တော့ လိုမယ်၊ မဟုတ်လို့ ဓါတ်ဆီပြန်ထည့်ရရင်တော့ မလွယ်ဘူး...။


  6. iora Says:

    ပြန်လာလည်ပါတယ်။
    ပိုက်ဆံ ၅၀၀၀ တန်ခုမှမြင်ဘူးတယ်။ ကျေးဇူးပါ။
    အိုင်အိုရာ


  7. Zephyr Says:

    ဓာတ်ဆီက ပထမ လိုသလောက်ပေးလိုက်သေးတယ်။ နောက်တော့ ကားအဟောင်းဝယ်ထားတဲ့လူတွေရဲ့ စီးပွားရေးကို မျှော်မြင်တဲ့ အကြီးအကဲရဲ့ စေတနာနဲ့ ပြန်ပြီး ပြောင်းလိုက်ရတာပါ။ များများမရောင်းချင်တဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင် ဆိုတော့ ပထမ ဘုရားလောင်းတောင်ထင်မိတာ။


  8. တော်သေးတာပေါ့ စိတ်ညစ်စရာတွေ နှစ်ခု ပဲရေးလို့
    မြန်မာပြည် က လူငယ်တွေမြန်မာပြည်မပြန်ချင်တာလဲမပြောနဲ့လေ ပြန်ချင်စရာမှမရှိတာ

    ခုနောက်ပိုင်းပိုဆိုးတယ် ကျန်တာတွေမပြောသေးဘူး

    အစားအသောက်တင် ဘန်ကောက်ထက် ဈေးကြီးနေပြီ ယှဉ်ကြည့်ရင်ပြောတာ

    ရွှေလီ အကင်ဆိုင်သွားတာ အမေ နဲ့ညီ နဲ့ ဘာမှတောင်မမှာဘူး ၄သောင်း ၈ ထောင်
    မတန်တာပြောပါတယ် မင်းလမ်း မုန့်တီကလဲ တခါစားရင် သောင်းဂဏန်းအောက်ထစ်ပဲ မုန့်တီနော်
    ငယ်ငယ်က ၃ ကျပ် နဲ့ ကျောင်းမုန့်ဈေးတန်းမှာ ဝယ်စားတာ သတိရမိတယ်
    ဘာမှ မှမကြာသေးတာ
    အလွန်ဆုံးရှိလှ ၁၅ နှစ်ပေါ့