Vista


Western Park က ဘဲကင်


ဘဲကင် တကောင်လုံးကိုအဲလို လွှာလိုက်တာ ၂ ပန်းကန်ပဲရတယ်


အဲဒီကောင်မလေး တော်တော်ပါးပါးလှီးကျွမ်းကျင်တယ် :P



စီချွမ် ဝက်သားသုံးထပ်သား ငံစပ် ဆိုပဲ


ကြံမဆိုင်ဟင်းချို စောင့်ဆိုင်းနေပုံ ။
ဟင်းချိုတော့ မရိုက်လာမိဘူး။

ဘဲကင်က ရွှေဘဲက ဘဲကင်လောက်မကောင်းသလိုပဲ ။
ရွှေဘဲက ဘဲကင်က ပိုဝတယ် ။အဲဒီမှာစားတာတော့မရိုက်လာမိဘူး ။
လူကြီးတွေနဲ့ မိုလို့ ။ အခုတောင် တော်တော်ပြောခံခဲ့ရတယ်။
ဒီ ဝဏ္ဏခွာနီး လက်သစ်ကလည်း ကင်မလာတကားကားနဲ့ မျက်စိနောက်တယ်တဲ့။
8 Responses
  1. Anonymous Says:

    အင်း ဘဲကင် ဘဲကင်
    ပုံပြပြီးနှိပ်စက်ပ


  2. စီချွမ် ဝက်သားသုံးထပ်သား ငံစပ်
    အရမ်းကြိုက်..ချားချင်ဒယ်


  3. ZT Says:

    ရွှေဘဲမှာ စားခဲ့တယ်။ ငှက် ငှက် ( စားခဲ့တာက ငှက်မဟုတ်ပါ။ ဘဲ ဖြစ်ပါတယ်။ )


  4. MrDBA Says:

    western park က ချွန်ကျိတဲ့ ဘဲကင်က ပိုကောင်းတယ်ထင်တယ်။


  5. ချော(အစိမ်းရောင်လွင်ပြင်) Says:

    စင်္ကာပူက ဘဲတွေ နည်းနည်းပိန်ပုံရတယ်နော်
    ကြည့်ရတာာ အစာကောင်းကောင်းမစားရဘူးထင်တယ်
    ဒီက ဘဲတွေက ၀၀ဖြိုးဖြိုးနဲ့ အဆီယစ်နေတာ စားလို့လည်းကောင်းတယ်း)


  6. T T Sweet Says:

    ဘဲကင် ... ဘဲကင် ကြိုက်တယ် ...တစ်ခါတစ်လေ ရက်စ်တောရန့်စ်တွေမှာ အရေခွံပဲစားရတာနော်။


  7. မဟုတ်တာအေ ဝက်စတန်ပတ်ခ် က ပိုကောင်းပါတယ်အေ့ ကျုပ် ပီကင်းမှာ စားတာထက်တောင် ကောင်းသေး

    ဒီလိုပဲ ဒံပေါက်တုန်းကလဲ ဒေလီထက် နီလာ က ပိုကောင်းတယ် ထင်တာပဲ
    လက်ဘက်ရည်လဲဒီလိုပဲ ဟောင်ကောင် မလေးရှားထက် စိုးသိမ်း က ပိုကောင်းတာပဲ ငါကွ ရွှေ


  8. Vista Says:

    နီလာ မကောင်းတော့ဘူး တီချမ်းရဲ့  ရွှေညောင်ပင်နဲ့ ကြက်လျှာစွန်းက တော်သေး ။ လဘက်ရည်တော့ ကျနော် အရသာမခံတတ်လို့ မသိဘူး။