Vista

ဘတ်စ်ကားပေါ်မှာ သူမနှင့် နောက်ထပ်ခရီးသည် ၁ ဦးပဲကျန်တော့ တာသတိပြုမိချိန်မှာ
အိမ်ရောက်ဖို့ ၎ မှတ်တိုင်လောက် လိုသေးသည်။
သူမက ဘတ်စကားစီးရင် စာဖတ်နေတတ်တာမို့ မှတ်တိုင်ကျော်မသွားစေရန်သတိထားပြီး
မကြာမကြာ အပြင်ကို ကြည့်ပေးရသည်။
ရှေ့ တမှတ်တိုင်မှာ နောက်ဆုံး အဖော်ခရီးသည် ဆင်းသွားပြန်သည် ။
အိမ်ရောက်ဖို့  ၂ မှတ်တိုင်အလိုမှာ ခရီးသည်ဟူ၍ သူမတယောက်တည်း ၊သူမ ပြုံးလိုက်မိသည် ။
ဘတ်စ်ကား ကြီးတစ်စီးလုံး ကိုယ်တယောက်တည်းစီးလာရတာ ရယ်စရာ။ဘတ်စ်ကား လုံးချင်းငှားတာပေါ့ ။ အပြင်မှာက မိုးမှောင်ကျနေသည် ။
စာအုပ်ကို သိမ်းရန် ကတ်ပြားလေးကို ဖတ်လက်စစာမျက်နှာမှာ ညှပ်လိုက်သည်။
သူမက စာရွက်ကိုခေါက်ပြီးမှတ်တာလုံးဝမကြိုက်သူမို့  ဖတ်လက်စ စာမျက်နှာမှတ်ရန် ကတ်ပြားလှလှလေးတွေဆောင်ထားတတ်သည်။
စာအုပ်ကိုပေါင်ပေါ်က ဘေးလွယ်အိတ်ထဲ ထည့်သိမ်းအပြီးမှာဘယ်ဘက်မျက်နှာနား အေးခနဲ ဖြစ်သွားတာ ခံစားလိုက်ရသည်။ aircon ကအေးသလိုမျိုးမဟုတ်ဘဲ မျက်နှာတဝိုက်မှာပဲ စိမ့်ကနဲ ဖြစ်သွားကာ လည်ဂုတ်တွေမှာပါ ကြက်သီးများထသွားသည်။ သူမကရှေ့ သို့ ပုံကျနေသော ဆံပင်အခွေများကို
နောက်သို့ စုတင်လိုက်ရင်း ဘေးဘီကိုလှည့်ကြည့်သည် ။ သူမနားမှာ မြူတွေ ဆိုင်းနေသလိုလို ။
သူမထိုင်ရာမှ ထလိုက်ကာ အရှေ့ ဘက် တံခါးပေါက်နား ကထိုင်ခုံကို ပြောင်းထိုင်လိုက်သည် ။ ဆင်းရတော့မှာပဲလေ ။ ခဏနေတော့ကြက်သီးတွေ ထသလိုဖြစ်လာပြန်သည် ။ အေးလိုက်တာ ။
ရုတ်တရက် ကျောပေါ်မှ သူမဆံပင်ခွေတခွေက အရှေ့ ကို ကျလာသည် ။ သူမလန့် သွားသည် ၊ ဘေးနားမှာမြူတွေလိုလို အငွေ့ တွေ ဝိုင်းနေပြန်ပြီ ၊
သူမ မနေနိင်တော့ ချက်ခြင်းထ ကာ ကားမောင်းသူ နားလျှောက်သွားလိုက်သည် ။

Bus Captain တရုတ်ဦးလေး ကြီး နားရောက်တော့ နောက်လှည့်အကြည့်လိုက်မှာ ရင်ထဲကျဉ်ခနဲဖြစ်သွားရသည် ။ သူမထိုင်ခဲ့ သော နေရာနားမှာ ရပ်နေသော ပုံရိပ၊်
မြူတွေလိုပဲ မကွဲပြား ဒါပေမယ့် သူမကို လှမ်းကြည့်နေသည့် လူလိုလို သဏ္ဌာန်
ဆိုတာ ကတော့ အသေအချာပင်။

“ ဘာလည်း မိန်းကလေး “ ကားမောင်းသူ ဦးလေးက မေးသည်။

“ အန်ကယ် အနောက်မှာ တခုခုပဲ “

“ ဘာလည်း ဟင် “ ထိုစဉ် ကားက မီးပွိုင့်မှာ ရပ်လိုက်သည် မို့ ကားမောင်းသူ ဦးလေးက
နောက်ကို လှည့်ကြည့်သည် ။

“ ဘာမှလည်း မရှိပါလား ဘာလို့ လည်း Miss ရဲ့ “

ဟင် ၊ ဘုရားရေ သူမကို စိုက်ကြည့်နေသော ထိုဖြုဖြူ အငွေ့ သဏ္ဌာန်ကို ထိုဦးလေး မတွေ့ ဘူးလား ။

“ ဟိုမှာလေ ၊ အန်ကယ် ၊ အနောက်မှာလေ .. အငွေ့ တွေ သရဲလို ပဲ .. “

သူမက ပြောရင်း ထိုသဏ္ဌာန် ကို ကြည့်မိပြန်သည်။ သူမကို စိုက်ကြည့်နေတဲ့ အငွေ့ တွေက ပျောက်ပျယ်မသွားပါ။ပိုတောင်ပီပြင်လာသလို လို။

“ သရဲလိုပဲ ဟုတ်လား ၊သရဲလိုပဲတဲ့ ၊ သရဲလိုပဲတဲ့ .. ဟားဟား “

“ ဟင်“ သူမက ထိုအငွေ့ သဏ္ဌာန်ကို စိုက်ကြည့်နေရာမှာ Bus Captain ၏ ထူးခြားသောရယ်သံကြောင့်
သူ့ ကို ပြန်လှည့်ကြည့်မိသည် ။

“ ဘုရား ရေ“ ၊ Bus Captain လူကြီးက ဟားတိုက်ရယ်မောနေပါလား ။

သူ့ ကိုလှည့် ကြည့်လိုက် မှ ထူးခြားမှုတခုကြောင့် သူမ ရင်တွေပွင့်ထွက်တော့မည့်အတိုင်း နှလုံးခုန်သံအလွန်မြန်လာသည်။
သူမက နှလုံးသား ပါးစပ်ကခုန်ထွက်သွားမှာစိုးသည့်အတိုင်း သွားကို တင်းတင်းစေ့ထားမိလိုက်သည်။

Bus Captain ဦးလေးက ခွက်ထိုးခွက်လှန်ရယ်မောနေရင်းမှ တရုတ်ကြီးကနေ၊ မလေးလူကြီး ဖြစ်သွားသည် ။ နောက်တရုတ်လူငယ်ဖြစ်သွားပြန်သည် ၊ နောက် ကုလားလူငယ်ဖြစ်သွားလိုက် ၊ အစောက တရုတ်ဦးလေးပြန်ဖြစ်သွားလိုက်နှင့် အမျိုးမျိုးပြောင်းနေတော့သည်။

သူမသိလိုက်ပြီ တခုခုမက မှားယွင်းနေလေပြီ ။
သူမစိတ်ကို ထိန်းကာ နောက်မှတ်တိုင်မှာ ဆင်းမည့် ခလုတ် နှိပ်လိုက်သည်။
Bus Captain ကို ကျောခိုင်းပြီး ရှေ့ ပေါက်မှ မဆင်းရဲတော့ သည်မို့  အလည်ပေါက်ကို ဘေးတိုက် အတိုင်း အသာလေးလျှောက်သွားသည် ။ အနောက်က အငွေ့ သဏ္ဌာန် ကလည်း ထိုအတိုင်းပဲရှိနေသည်။
ကားက မှတ်တိုင်မှာရပ်လိုက်သည် ။ သူမ အိမ်နားလည်းမဟုတ်ပါချေ ။ ဘယ်ကိုရောက် နေပြီလည်း ဘယ်ကိုရောက်ရောက် .. အခုနေ ထို ဘတ်စ် ကားပေါ်မှဆင်းရင် ပင်လယ်ပြင်ထဲရောက်မည် ဆိုတောင် သူမဆင်းဖြစ်မည် ထင်သည် ( သူမရေကူးမကျွမ်းကျင်ပါ )။ ဘတ်စ်ကားကမှတ်တိုင်မှာ ရပ်ပေမယ့် တံခါးဖွင့်မပေးပါ ။ သူမတံခါးကို တွန်းလိုက်သည် ။တံခါးပွင့်မသွား ။
ကားမောင်းသူဖက်လှည့်ကြည့်လိုက်တော့ နေရာမှာ ဘယ်သူမှမရှိတော့ပေ။
ကားတခုလုံး အငွေ့ တွေဖုံးနေပီ .. အနောက်ဖက်က အငွေ့  က သူမနားရောက်လာပြီလား ..
အရှေ့ က ရော အနောက်ကရော မြူုခိုးတွေ ပြည့်သိပ်လာသည် ။
သူမဘာကို မှ သဲသဲကွဲကွဲ မမြင်ရတော့ပါ တံခါးကို ဆောင့်ကန်သော်လည်းမပွင့်
နှာခေါင်းထဲမှာ အငွေ့ တွေ ရှုရှိုက်မိသလို ...
လေတွေက အေးစက်နေသည်၊ အသက်ရှုရအလွန်ကြပ်လာသည် ၊
ငါ့ကို သေအောင်သတ်တော့ မှာလား ၊ သရဲခြောက်နေပြီ။
ငါဘယ်ကို ပြေးရမှာလည်း ၊ ဘတ်စ်ကားသည်အလုံပိတ်လျှက် ။
သူမအားနှင့် မှန်ကိုလည်းမခွဲ နိုင်ပါချေ။
နောက်ဆုံးတော့ သူမလုပ် နိုင်တာကဘုရားစာရွတ်ဖို့ ဖြစ်သည်။
ဘုရားစာ.. ဟင် .. ဘုရားရေ ..သူမ ဘယ်ဘုရားစာမှ မရတော့ ပါလား ။
အမြဲလို ရွတ်နေကြ ပုရိတ်ကြီး ၁၁ သုတ် .. မေတ္တာသုတ် ၊ ဂုဏ်တော်ကွန်ချာ ၊ ပဋ္ဌာန်းပစ္စယုဒ္ဒေသ
ဘာဆိုဘာမှ မရတော့ပါလား .. အစလေးတောင်မသိတော့ ..။
သေချာပြီ။ သူမအကြောက်လွန်နေလေပြီ။
ကြောင်တွေ အကြောက်လွန် လျှင် ကန်းသလိုပဲ သူမလည်း ကန်းနေလေပြီ။
သူမစိတ်မထိန်းနိုင်ရင် အရှူံးနှင့်ရင်ဆိုင်ရတော့မည်။
ရုန်းရင်းဆန်းခတ် တံခါးကို ကန်နေတာရပ်၍ စိတ်ထိန်းပြီး
သူမ ဘတ်စ်ကားကြမ်းပြင်ပေါ်ချက်ခြင်းထိုင်ချလိုက်သည်။
မျက်စိကို စုံမှိတ်လိုက်သည် ။ အသက်ကိုမှန်အောင်ရှူသည် ၊အေးစက်သော အငွေ့ တွေ
နှာခေါင်းထဲသို့ ဝင်လာပြန်သည် ဝင်ပစေ ..ဝင်ပစေ။ သူမ နားမှာ မြူခိုးအေးစက်တွေဖိကြပ်လာသည် ။
စိတ်ထိန်းထား .. စိတ်ထိန်းထား မဟုတ်ရင်နင်ရူးလိမ့်မယ် .. ထိန်းထား ..
နောက်ဆုံးမှာတော့ သူမ နေ့ တိုင်းရွတ်နေကြ ပဋ္ဌာန်းကို သတိရလာပြီ။
အသံကိုထိန်းကာ .. တံခါးကို အာရုံပြုကာ ရွတ်လိုက်သည် ။

“ ဟေတုပစ္စယော တိ ဟေတူ ဟေတု သမ္ပယုတ္တကာနံ ဓမ္မာနံ
တံသမ္ပယုတ္တကာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော“

ထိုစဉ် .. ဘတ်စ်ကား တံခါးက ကျွီခနဲ ပွင့်သွား ..။

“ အငယ်လေး .. အငယ်လေး .. အိမ်မက်ဆိုးမက်နေတာလား .. မလန့် နဲ့ လေ “

(based on true story)
25 Responses
  1. chit Says:

    “ အငယ်လေး .. အငယ်လေး .. အိမ်မက်ဆိုးမက်နေတာလား .. မလန့် နဲ့ လေ<<<< ဘကြီးရှိတယ်မလန့်နဲ့ တနေ့တနေ့ချယ်ရီကိုပဲချက်နေတာကို ဒီလိုတွေမက်မှာပေါ့ ကဲ ရော့ရော လီရှန်လုံးရဲ့ ကမ်မီကယ်လ် ရေ အေးအေးလေးသောက်လိုက်နော်... ဂလု

    တွေးတောဆင်ခြင်မိသူ သစ်သစ်


  2. ThuHninSee Says:

    အခုပဲ ပဌာန်းအကျဉ်းတင်နေတာ..
း)


  3. စိတ်လှုပ်ရှားစရာ ကောင်းအောင်ရေးတတ်တယ်...ဖတ်ရတာ အသည်းတအေးအေးနဲ့ ကြောက်လိုက်တာ...
    မီးမီးက ကြောက်တတ်တယ်.. အဟင့်...


  4. Vista Says:

    ဟုတ်တယ် မသက်ဝေ .. ကျနော်တယောက်တည်းကြောက်နေရလို့  ဘလော့ပေါ်တင်ပီး အဖော်နဲ့ ကြောက်တာ ဟိဟိ


  5. ကြောက်စရာကောင်းလိုက်တာ ။ပြောင်မြောက်ပါပေ့ ညီမလေးရယ်။ နောက်တစ်ခါ မမက်နဲ့တော့နော်း)



  6. ဟိုးတစ်နှစ်က Incredible Tales က ပြသွားတဲ့ ဘတ်စ်ကားပေါ်မှာ တစ္တေမနဲ့တွေ့ပြီး ကြိုက်မိသွားတဲ့ ကောင်လေးအကြောင်း သွားသတိရတယ်။

    ဗစ်က တကယ်မက်ခဲ့တာလား?

    ရေးသွားလိုက်တာ ဖတ်ရသူတောင် ကြောက်စိတ်နဲနဲ ၀င်သွားသလိုပဲ။ :D


  7. ကြုံရ ဆုံရ ဖတ်ပြီးကထဲက မရောက်ဖြစ်တာ ကြောက်စရာလေးတွေ ဖတ်သွားတယ်နော်... စားစရာလေးတွေလဲ ငေးသွားတယ်..... :D


  8. တကယ်ဘဲ ဖတ်နေရင်းနဲ့ လန့်လာတယ်
    ဘာများဖြစ်တော့မှာပါလိမ့်လို..
    ပြီးတော့မှ အိပ်မက်ဆိုတော့
    တော်သေးးး


  9. Vista Says:

    အတူတူကူကြောက်သွားသူများကျေးဇူးပါ တကယ့်ကိုမက်ခဲ့တာပါ အပိုမပါဘူးး(


  10. မဗစ်စ်ဒီတခါရေးတာအပီမိုက်တယ်
    စာအုပ်တွေအဖတ်ကောင်းတဲ့တန်ခိုးပဲဖြစ်မယ်
    :)))


  11. PhyoPhyo Says:

    ❤♫❤♫❤.•*¨`*•..¸♥☼♥ ¸.•*¨`*•.♫❤♫❤♫❤
    ╔═════════ ೋღ❤ღೋ ═════════╗
    * ░H░A░P░P░Y░* ░N░E░W░ * ░Y░E░A░R░ *
    ╚═════════ ೋღ❤ღೋ ═════════╝
    ❤♫❤♫❤.•*¨`*•..¸♥☼♥ ¸.•*¨`*•.♫❤♫❤♫❤

    ♫♫♫♥♥♥♥Wish you Happy, healthy, peaceful, successful and prosperous new year 2011.......


  12. ညီမလေး ရေ ... ဖတ်ရင်းနဲ့ ကျောချမ်းလာတယ်။
    ရုံးပိတ်ရက် ညတွေဆို အလည်လွန်နေတာ .... ရထား မရှိတော့လို့ အဲဒီလိုပဲ ညကားတွေ စီးပြန်နေကျလေ ....။


  13. Lorem Ipsum Says:

    ဟမ်း လန့်တွားတာပဲ..ရုံးမှာ တစ်ယောက်တည်း...တကယ်လားဟင်...ဘာဖြစ်လဲမသိဘူး ညီမလည်း ခုတလောအိပ်မက်ဆိုးတွေမက်နေတယ်... :(


  14. ဘလော့ပေါ်တင်ပြီး အဖော်နဲ့ ကြောက်တာဆိုပဲ။
    ဒီည အိပ်မပျော်ရင် vista ပဲ။ :)



  15. အစကတော့ ဟုတ်ပီဟုတ်ရဲ့ ဘတ်လာလိုက်တာ
    ဘုရားစာရွတ်တာမှာ ဂွမ်းတော့တာပဲ


  16. Vista Says:

    အရှိအရှိ အတိုင်းရေးထားတာကို တီချမ်းရဲ့  ဇာတ်လမ်းမှ မဟုတ်တာ တကယ့်အိမ်မက်ကိုး


  17. NangNyi Says:

    လာတော့ဝူး.. ချင်ကာပိုး ကို.. :{


  18. ကြောက်စရာကြီးပါလား ညီမရေ..
    အိပ်မက်က တကယ့်အဖြစ်အပျက်နဲ့ တူလွန်းလို့..
    မမkom တယောက်တည်း ညနက်မိုးချုပ်မှ လည်ရာက ပြန်တတ်တာ ဒီစာ ပေးဖတ်လိုက်စမ်းပါ။

    Happy Birthday ပါ ညီမလေးရေ.. အိပ်မက်ဆိုးတွေမှလဲ ကင်းဝေးပါစေ
    (၁-၁၁-၁၁)


  19. khin oo may Says:

    ဖတပြီးပြီ မိုးချိုသင်း.


  20. khin oo may Says:

    ပျော်စရာမွေးနေ့ကလေးတွေ နဲ့အမြဲဆုံပါစေ။


  21. khin oo may Says:

    happy birthday ပါ
    11/1/2011


  22. Happy birthday nyima vista! Wish you all the best and happiness. :)


  23. Vista Says:

    မွေးနေ့ ဆုတောင်းပေးတဲ့ မမကွန် ၊ မမိုးချို၊ မဇွန်
    တို့ ကျေးဇူးပါနော်။