Vista


ဟိုးရှေးရှေးတုံးကပေါ့ ....
အမျိုးသမီးကြီးတစ်ဦးဟာ သူမအိမ်သားတွေအတွက် ချပါတီဖုတ်တိုင်းမှာ တစ်ခုအပိုထည့်ပြီးဖုတ်လေ့ရှိသတဲ့။ အဲဒီအပိုတစ်ခုက တော့ ဖြတ်သွားဖြတ်လာလူတွေထဲမှာ ငတ်ပြတ်သူပါရင် စားနိုင်အောင်အလှူသဘောပေါ့။

သူမ ဟာ အဲဒီ အပိုချပါတီချပ်ကို အိမ်ပြတင်းပေါက်ဘောင်ပေါ်မှာ တင်ထားလေ့ရှိတယ်တဲ့ ၊
ဘယ်သူဖြစ်ဖြစ် ယူသွားနိုင်အောင်လေ။

နေ့ တိုင်းလိုလိုပဲ အဲဒီ ချပါတီ ကို ခါးကုန်းအဖိုးအိုတစ်ယောက်ကလာယူသွားလေ့ရှိသတဲ့။
ကျေးဇူးတင်စကားပြောရမယ့်အစား
အဲဒီခါးကုန်းကြီးက စကားတစ်ခွန်းကို ခပ်တိုးတိုး ရေရွတ်သွားတတ်တယ်တဲ့။

အဲဒီ စကားကတော့ “ မကောင်းမှုလုပ်လျှင် ဒဏ်ပြန်ခံ ၊ ကောင်းမှုလုပ်လျှင် ကောင်းကျိုးပြန် “။

ဒီလိုနဲ့ နေ့ တွေ တစ်နေ့ ပြီးတစ်နေ့ ကြာသွားပါလေရောတဲ့။
နေ့ တိုင်းပဲ ခါးကုန်းကြီးဟာ ချပါတီချပ်ကို ယူပြီး
“ မကောင်းမှုလုပ်လျှင် ဒဏ်ပြန်ခံ ၊ ကောင်းမှုလုပ်လျှင် ကောင်းကျိုးပြန် “လို့ ရေရွတ်သွားသတဲ့လေ။

အမျိုးသမီးကြီးက ကြာတော့ စိတ်တိုလာပါရောတဲ့။
“ အမလေးတော် ၊ ကျေးဇူးတင်စကားလေးများတစ်ခွန်းတောင်မပြောဘူး “ ၊
နေ့ တိုင်း ဒီ သံပေါက် လိုဟာပဲရွတ်နေတာပဲ ၊
ဘာအဓိပ္ပါယ်မှန်းလည်းမသိ “ လို့ သူ့ ကိုယ်သူပြောမိသတဲ့။

ဒီလိုနဲ့ တစ်နေ့ မှာတော့ သူမဟာ သည်းခံနိုင်စွမ်းကုန်လွန်လာပြီး
ခါးကုန်းကြီးကို ရှင်းပစ်ဖို့ အထိစိတ်ရိုင်းတွေဝင်လာသတဲ့လေ။
“ ငါ ဒါကြီးကို ရှင်းပြစ်မှ အေးမယ် “ သူမက ပြောပြီးတော့ ဘာများလုပ်သလဲဆိုတော့
အဲဒီအလှူ ချပါတီ ထဲမှာ အဆိပ်ခပ်ထားလိုက်သတဲ့လေ။

အဲဒီ အဆိပ်ပါတဲ့ ချပါတီကို ပြတင်းပေါက်ဘောင်ပေါ်တင်မယ်လုပ်နေတုံးမှာပဲ
သူမ လက်တွေ တစ်ဆတ်ဆတ် တုန်လာတယ်တဲ့ ။
“ ဘုရားရေ ၊ ငါဘာများလုပ်မိနေပါလိမ့် “ ။
သူမက အဲဒီ အဆိပ်ချပါတီကို လွှင့်ပြစ်ပြီးတော့ ၊ အကောင်းတစ်ခုအမြန်လုပ်ကာ ပြတင်းပေါက်ဘောင်ပေါ်တင်ထားလိုက်ပါတော့တယ်။

ထုံးစံအတိုင်းပဲ ခါးကုန်းကြီးက ပြတင်းပေါက်ဘောင်ပေါ်က ချပါတီကို ယူပြီး ၊
ရွတ်နေကြအတိုင်း “ မကောင်းမှုလုပ်လျှင် ဒဏ်ပြန်ခံ ၊ ကောင်းမှုလုပ်လျှင် ကောင်းကျိုးပြန် “
လို့ ရေရွတ်ပြီးတော့ ၊ အမျိုးသမီးကြီးရဲ့ ကြောက်စရာကောင်းလှတဲ့ အကြံအစည်ကို
လုံးဝမရိပ်မိလိုက်ဘဲ ၊ထွက်ခွာသွားသတဲ့။

အမျိုးသမီးကြီးဟာ နေ့ တိုင်း ချပါတီကို ပြတင်းပေါက်ဘောင်မှာ တင်ရင်းနဲ့ 
စီးပွားအရှာထွက်သွားတဲ့ ၊ သူမရဲ့ သားအတွက်ဆုတောင်းလေ့ရှိပါသတဲ့။
သူမရဲ့ သားထံမှ သတင်းမကြားရတာ လပေါင်းများစွာရှိပြီမို့ အမျိုးသမီးကြီးက အရမ်းကို စိတ်ပူနေပြီးတော့ သားဖြစ်သူ ချောမွေ့ စွာပြန်လည်ရောက်ရှိရေးအတွက် ဆုတောင်းနေရတာပေါ့။

အဲဒီနေ့ ညနေမှာပဲ တံခါးခေါက်သံကြားလို့  သူမ တံခါးဖွင့်လိုက်တော့
သူမရဲ့ သားဖြစ်သူကို တံခါးဝမှာတွေ့ ရသတဲ့။
သူမသားဟာ ပိန်ချုံးပြီး အဝတ်အစားတွေ စုတ်ပြတ် ၊ လူကလည်းငတ်ပြတ် လို့ လေ။
သားက ပြောပြသတဲ့ ” အမေရယ် ၊ ကံကောင်းပေလို့ ဗျာ ၊
ကျနော်ပြန်လာလို့  ဒီနားမရောက်ခင် ၁မိုင်လောက်မှာ ဘယ်လိုမှ မဟန်နိုင်တော့တာဗျာ ။
ငတ်လွန်းလို့ ၊ ပစ်လဲပါလေရောအမေရယ်။
သေများတောင်သေတော့မလိုဖြစ်နေတုံး ၊
ခါးကုန်းအဘိုးအိုကြီးတစ်ယောက်ကိုတွေ့ လို့  အစားလေးများပါရင် စွန့် ခဲ့ပါလို့ တောင်းတော့
သူက ကျနော့်ကို ချပါတီ တစ်ချပ်လုံးပေးတယ်ဗျာ။ “
“ ပြောလည်းပြောသေးတယ် သိလား ၊ ဒါဟာ ငါနေ့ တိုင်းစားနေရတဲ့ ဟာပဲတဲ့ ၊
ဒါပေမယ့် အခုမင်းဒုက္ခက ငါ့ထက်ပိုဆိုးနေလို့ မင်းကို လှူပါတယ်တဲ့လေ “။

အမျိုးသမီးကြီးဟာ ၊ထိုစကားကိုကြားတော့ မျက်နှာတစ်ခုလုံးသွေးဆုတ်ဖြူရော်ပြီး မတ်တတ်တောင်မရပ်နိုင်ဖြစ်သွားရှာလို တံခါးကို မှီလိုက်ရသတဲ့။

သူမသာ အဲဒီနေ့ မနက်က အဆိပ်ခပ်ထားတဲ့ ချပါတီကို
မလွှင့်ပစ်ပဲ အဘိုးကြီးကို စားစေခဲ့ရင် အခုလောက်အချိန်မှာ သေဆုံးရမယ့် သူဟာ
သူမရဲ့ သားအရင်းပဲဖြစ်တော့တယ် ဆိုတာကို တွေးမိလိုက်လို ပေါ့။

တစ်ချိန်ထဲမှာပဲ သူမ သဘောပေါက်သွားတာက ခါးကုန်းကြီး ရွတ်လေ့ရှိတဲ့
“ မကောင်းမှုလုပ်လျှင် ဒဏ်ပြန်ခံ ၊ ကောင်းမှုလုပ်လျှင် ကောင်းကျိုးပြန် “ ဆိုတဲ့ သံပေါက်ကလေးပဲဖြစ်တော့တယ်။

ဒါ့ကြောင့် ကုသိုလ်ကောင်းမှုလုပ်တာကိုဘယ်တော့မှ မရပ်ကြပါနဲ့ ၊
စိတ်ထားကောင်းလေးမွေးပြီး ကောင်းမှုကုသိုလ်ကို ဆက်လုပ်ကြပါ ၊
ဒေါသအလျှောက် အကုသိုလ် အလုပ်ကိုမလုပ်မိကြပါနဲ့ ။
ကိုယ်လုပ်တဲ့ ကောင်းမှုကို သူတပါး အသိအမှတ်မပြုသေးဘူးဆိုရင်တောင်မှ
မရပ်ဘဲ ဆက်လုပ်ကြပါလို့  ။

မန်နေဂျာ ပို့ ထားတဲ့ မေးလ်မှ ပုံပြင်ကို နားလည်သလိုဘာသာပြန်သည်။
(Image from Internet)


13 Responses
  1. ကောင်းတယ်ပုံပြင်လေး
    တခါတခါအဲလိုစိတ်ဆိုးတွေဝင်ဝင်လာတတ်တယ်
    ဖတ်ရအောင်ဘာသာပြန်ပေးတဲ့ဗစ်ကိုကျေးဇူး
    အာဘွားး
    မွမွ


  2. Ko Boyz Says:

    သူ့သားက အဲဒီ အဖိုးတစ်ယောက်တည်းကိုပဲ တွေ့ချင်မှ တွေ့မှာပါ..။
    ခုခေတ်က ဖုန်းဆက်ပြီးအိမ်ကို ပိုက်ဆံ မှာလို့လဲ ရတာပဲကို...။


  3. ပုံပြင်လေးကို ဖတ်ဖူးသလိုပဲ ဒါပေမယ့် ဘယ်လိုပဲ ဖတ်ရဖတ်ရ ကြိုက်တယ်း)


  4. စိတ်ဆိုတာ သိတ်မြန်၊ သိတ်ကြောက်စရာကောင်းပဲ... ဝှူး...တော်သေးတာပေါ့...


  5. ZT Says:

    ဖတ်လို့ ကောင်းတယ်။


  6. ပုံပြောကောင်းတယ်
    အိမ်မှာချပါတီလုပ်စားနေကျမို့
    အိမ်ကိုပါလွမ်းပြီးပြန်သွားရတယ်
    အိ(ပ်)


  7. Vista Says:

    မွမွ ထောလေး။
    ကိုဘ ရှေးရှေးတုံးကပါဆိုနေ ...။
    မမယ်ကိုး ကျနော်က ခုမှ ဖတ်ဖူးတာ ။
    မချစ်ကြည် ဟုတ်တယ်လူ့ စိတ်ကြောက်ဖို့ ကောင်းတယ်နော်။
    ကိုဇက်တီ ကျေးဇွန်းပါ။
    မနှင်းဆီ အနော်ကတော့ ချပါတီမလုပ်တတ် ဟိ။


  8. အစ်မ ပုံပြင်လေး သိပ်ကောင်းတာဘဲ
    ညီမအတွက်ခွန်အားတစ်ခုလို ဖြစ်စေတယ်
    သူများ မကောင်းကြံလဲ ကိုယ်က အနေမှန်ရင် စိတ်ထားမှန်ရင် ၊ ကံအမြဲကောင်းမယ်လို့ ညီမတော့ ယုံကြည်မိတယ်..
    ပုံပြင်လေးအတွက်ကျေးဇူးပါနော်။


  9. ကောင်းတာလုပ်ရင် ကောင်းတာ ပြန်ရမယ်...
    မကောင်းတာလုပ်ရင် မကောင်းတာ ပြန်ရမယ်ဆိုတဲ့
    စိတ်ကို ဆုံးမတဲ့ ပုံပြင်လေး... လှတယ်...။


  10. တူသောအကျိုး ပေးတာပေါ့ ညီမရယ်။ အခုလို မျှဝေတာ ကျေးဇူးပဲ။ ကောင်းတဲ့စိတ်ကို ပိုပိုပြီး ထားဖို့ ခွန်အား ဖြစ်စေတာပေါ့။

    ဒါပေမဲ့ တို့ ရွှေပြည်ကြီးမှာတော့ ဒီအဆို မှန်မှ မှန်ရဲ့လား လို့ စိတ်ထဲ ဖြစ်မိတယ်။ မှန်တော့ မှန်မယ်၊ ဒါပေမဲ့ ကြာမယ် ဆိုတာများလားးး


  11. Vista Says:

    ဟုတ်ပ မမိုးချိုရယ် ရွှေပြည်ကြီးက
    တစ်ချို့ လူတွေအပေါ်ကတော့ ဥပေက္ခာ
    ပြုထားရတယ် .. မကောင်းစိတ်တွေဝင်လာမှာစိုးလို့ ဟိ။


  12. ပုံပြင်လာနားထောင်တယ်....အဲ....လာဖတ်သွား တယ် :P


  13. Zephyr Says:

    I think the manager trys to acknowledge the lesson from the story will be applied in the performance appraisal .