Vista

IBM Engineer ဆီက Report ယူ ၊ လက်မှတ်ထိုး ၊ သူ့ ကို တံခါးဝလိုက်ပို့ ၊
နုတ်ဆက် အပြီး မှာမှ နာရီကြည့်မိသည်။ ညနေ ၇ နာရီခွဲ။
IBM က Teo က ဒီကိုလာနေကြမို့ ဓါတ်လှေကားနားအထိလိုက်ပို့ ရန်မလို ။ သူ ဘာသာသွားတတ်သည်။ Server Room ထဲမှာက power supply လာ လဲသူများကျန်သေးသည် ။
ပြဿနာဆိုတာ တစ်ခုတည်းမလာဘူးဆိုတဲ့စကားပုံများတော့ သိပ်မှန်။
ဒီ System က ဒါဖြစ်ပြီဆို ၊ နောက် တစ်ခုကလည်း ဖြစ်သေးတာ။
အနည်းဆုံး ၂ ခုလောက်မှ မြိုင်မြိုင်ဆိုင်ဆိုင် ။ power supply သမားတွေပြန်သွားတော့ ၈ နာရီနီးပါး။
ကျနော့်မှာ အဲဒီတော့မှ ခုံမှာခြေပစ်လက်ပစ် ထိုင်မိသည်။
မောတာ ၊ မနက်စာ breakfast တောင်မှ မစားရသေး ခုဟာက ညစာအချိန်တောင်လွန်တော့မယ် ။
သိမ်းစရာတွေ သိမ်း အပြီး ၊ ပြန်ခါနီးမှာ Server Rack တွေ သော့ခတ်
ဖို့ အသွား ၊ တွေ့ လိုက်ရတာတစ်ခုကြောင့် မျက်လုံးတွေ ပြူးကျယ်သွားသည်။
ကျနော် တို့ Server Room ရဲ့ အတွင်း မှာ နောက်ထပ် တစ်ခန်းရှိသေးသည်။
အဲ အခန်းကို ကျနော်တို့ အခန်းက နေ ဖြတ်ပြီးမှ ဝင်သွားရသည်။
အဲအခန်းမှာ Francis တစ်ယောက်ပဲ သူ့ စက်တွေနဲ့ နေလေ့ရှိသည် ။
ပြီးတော့ ဘယ်တော့မှလည်း တံခါးပိတ်လေ့မရှိ ။
ကျနော်တို့ အခန်းအတွင်းက အခန်းလို ဖြစ်နေတာမို့  တံခါးပိတ်လိုက်တာနဲ့  ဖုန်းလိုင်းမမိတော့လို့ လေ။

ဒါပေမယ့် ခုတွေ့ လိုက်တာက အဲဒီ တံခါးက ပိတ်ရက်သား ပြီးတော့ တလှုပ်လှုပ်နဲ့ ။
ကိုယ်တိုင် က ဗန္ဓုလသွေးပါ သူမို့  သတ္တိကကောင်းပြီးသား။
မျက်လုံး ပြူးသွား ပြီး စစ ချင်းခေါင်းထဲ ဝင်လာတဲ့ အတွေးက အရင် Security ဦးလေးကြီးပြောဖူးတဲ့ ၊
နင်တို့ level မှာ သရဲ ရှိတယ် ဆိုတာပဲ။ နောက်တော့ ရွတ်ဖတ် ပြီးမောင်းထုတ်ရတယ် ဆိုလားတဲ့ ။

ဒါပေမယ့် တံခါး တလှုပ်လှုပ်နဲ့ က မရပ် တာ မို့  အရဲစွန့်  သွား card နဲ့ ကပ် ခါ ဖွင့်လိုက်တော့ ၊
တစ်မျက်နှာလုံး ရဲရဲ နီနေပြီး တစ်ကိုယ်လုံး တုန်နေသော အမျိုးသမီးလေးတစ်ယောက်။
ထိုအမျိုးသမီးလေး ပြောလိုက်တာက အထွေးထွေးအရောရော
“ ကျေးဇူးတင်လိုက်တာရှင် ၊ ဖုန်းလည်း လိုင်းမမိဘူး“ တဲ့။
ကြိုးပျောက် ဂါဝန် အနက် ခပ်တိုတို အပေါ်မှာ ပဝါ အနက်ပါးပါးလေး ပတ်လို့ ၊ ၆ လက်မ နီးပါးမြင့်သော ထိပ်ချွန်ဒေါက်မြင့် ၊ ထို ဝတ်စားပုံ အရ ဒီရုံးကို တစ်ခါမှ မလာဖူးသူဟုသတ်မှတ်လိုက်သည်။


အမျိုးသမီးလေးက သူမနောက်ကလိုက်ထွက်အလာမှာ ထိပ်ချွန်ဒေါက်မြင့်က
အောက်က Raised Floor အပေါက်ကြားမှာညပ်နေပြန်လို့ ထုပ်ရပြန်သည်။
သူမကို ထိုင်ခိုင်းပြီး စိတ်အေးအေးထား ခိုင်းရသည်။
ဖုန်းတစ်ခါ နှစ်ခါ ခေါ်အပြီးမှာမှ ဇတ်လမ်းက ရှင်းတော့တာ။

သူမက အပေါ်ထပ် က Server Room မှာ ထိုင် တဲ့ ပြင်သစ် Francis ထံကို အလုပ်ကိစ္စနဲ့ လာသူ။
ပရိုဂရမ်မာ။အောက်က Security အသစ်က က သူမပြောတဲ့ Francis ကို ၊
ကျနော်တို့ အထပ်က စလုံး Francis နဲ့ မှားပြီး လိုက်ပို့ ပေးလိုက်တာ။
တစ်ကယ်က ပြင်သစ်လိုက ဖရွန်ဆီ လိုမျိုးဆန်ဆန် အသံထွက်တာပါ ။
English လို ဆိုတော့ ဖရန့် စစ် ဆို တူတူ ဖြစ်နေတာ မို့  Security က လည်း တစ်ယောက်ထဲပဲမှတ်တော့တာ။ သူမတို့  ကျနော့်နားက ဖြတ်ပြီး ဝင်သွားတာ ကို အဲဒီတော့မှ ပြန်မှတ်မိလာသည်။
အလုပ်ရှုပ်နေတာမို့ မျက်လုံးထောင့်က မြင်လိုက်ပေမယ့် အမှတ်မထင်။

အပေါ်ထပ်က Francis က ကျနော့်လိုပဲ နောက်ကျလာ နောက်ကျပြန်သူ ။
ကျနော်တို့  အထပ်က Francis က ၈ ဆို လာ ၅ နာရီ တိတိဆိုပြန်သူ။ သူမလာတော့ ၆နာရီ မို့ မရှိတော့ ။ Security က လည်း အသစ်ဆိုတော့ မသိ ၊ ဒီမှာ ထိုင်လေ့ရှိတယ် စောင့်နေပါဆို ထားပစ်ခဲ့တာ။
တစ်ကယ်က အဲလို ဧည့်သည်ကို အထဲသို့  မပို့ ရ ။
ဧည့်ခန်းမှာပဲ နေစေရတာ ။နောက်နေ့ မှာပြဿနာကြီးကျယ် ဖြစ်သွားသေးတယ်။

သူမက စောင့်နေ မလာတဲ့အဆုံးဖုန်းဆက်မယ်ဆို ဖုန်းထုတ်တော့ မမိ ။
တံခါးကို ထုနေတာ လည်းအတော်ကြာပြီတဲ့  ၊
ကျနော်တို့ ကလည်း အလုပ်များနေတော့ မကြားကြဘူးလေ။
နောက်ဆုံး အကုန်ပြန်လို့  တစ်ယောက်တည်း ကျန်တော့မှတောင် တံခါးလှုပ်တာမြင်လို့  ။
တံခါးက အထူကြီးတွေ မို့ သူမထုနေတာလည်း အသံမကြား ၊ လှုပ်ရုံလေးပဲရှိတာ ။
ကျနော်သာမတွေ့ ရင် မနက် ထိ အဲဒီအခန်းထဲမှာ နေရမယ့် သူမဘဝ မတွေးရဲပါတဲ့ ။
ဝတ်စားထားတဲ့ ပုံနဲ့  အအေးပတ် ပြီးသေမလား လေ ဖြတ်မလားပဲ ။
ကျနော့်ကလည်းအဲဒီနေ့ ကအလုပ်များလို့ ၊ ပုံမှန်ဆို အဲဒီအခန်းထောင့်လည်းမရောက် ၊
၆ နာရီ ကျော်ဆိုပြန်နေပြီ။
နောက်တော့ တုန်ရီရီ သူမကို ဓါတ်လှေကား အထိ လိုက်ပို့ ပြီး အိမ်ပြန်တော့ ၉ နာရီနီးပါးရှိနေပါပေါ့လား။
ဗိုက္ဆာလိုက္ထွာမွ ဂြီ။

(image from Google)


13 Responses
  1. chit Says:

    ကယ်တယ်ရှင်လေးဗစ်...အာဝါး

    ချစ်သစ်


  2. juli Says:

    ငါးပြေမ: ဖတ်ပြီးပြီ ဟိုရက်ကပြောတဲ့ ဇတ်လမ်းပဲ သိပြီးသားမို့
    ငါးပြေမ: တော်သေးတာပေါ့ နာသာဆိုချမ်းလို့ သေသွားနိုင်တယ်
    Vista: အေးအဲဒါရေးထားပီး မတင်ရသေးတာ
    သူလည်း သေမှာပဲ မနက် ၈ နာရီဟိုကရောက်တော့မှ သိမှာဆို
    ငါးပြေမ: အဲ့ စစ်ကျူရတီမှာ တာဝန်ရှိတယ် ဘုမသိဘမသိနဲ့ သေရဦးမယ်

    (ဟူး တော်သေးတယ် ဗန္ဓုလအမျိုး ဗစ်နဲ့ တွေ့ပေလို့)


  3. Unknown Says:

    So you saw lovely GosT wearing black! Now i am hungry too.lolz

    Sincerely Yours,

    Ant


  4. အဲဒီစက်တွေက ဘာလို့စိတ်မချရတာလဲ မသိဘူးနော်။ လေယဉ်ပြန်တွေကားတွေသာ အဲလို ခဏခဏဖောက်နေရင်တော့ ဒွတ်ခပဲ။ ဒါတ်ပုံထဲက စက်တွေကလဲ ရှုပ်နေတာပဲ ယက်ကန်းစင်တွေလိုပဲ။ အဲဒါတွေနဲ့ စင်ကာပူမှာ ဘာလုပ်ကြတာလဲ။


  5. ဗစ်စ်လေး သတ္တိ ရှိပေလို့ပေါ့...နို့မို့ ဟိုတယောက် အတောင့်လိုက် ကောက်ရမှာ...:P


  6. သနားစရာ ကြိုးပျောက်ဂါဝန်အနက်နဲ့တစ်ယောက်
    ဖြစ်မှဖြစ်ရလေ


  7. T T Sweet Says:

    တော်သေးတာပေါ့ကွယ်။ ဗစ်တာသာ သရဲဆို လန့်လို့သွားမကြည့်ရင် အဲဒီတစ်ယောက်တော့ ဒုက္ခ။


  8. T T Sweet Says:

    စီဘောက်မှာ ရေးလို့မရလို့ ဒီမှာပဲရေးလိုက်တော့မယ်။ လင့်လေးယူပြီး feed roll မှာ တင်ထားတယ်။ ခွင့်ပြုပါနော်။


  9. khin oo may Says:

    သနားလိုက်တာ.


  10. khin oo may Says:

    အာဘွား မွမွ..


  11. သနားလိုက်တာ.


  12. PAUK Says:

    ပိတ်မိနေသူ.ကိုယ်တိုင်ဖြစ်နေမယ်ဆို..
    ဘယ်လို လုပ်မှာလဲ..လို့ တွေးမိတယ်..။


  13. ဗစ်စ်ရေ
    နှစ်ယောက်လုံးသနားစရာ
    :D