Vista


ဖျားခါနီးလို့ နားလိုက်တယ်၊ အနားရပြီဆိုမှ ဖျားတော့တယ်း)။
ဒီတစ်လမှာတော့ ပင်ပန်းတာ ဆက်တိုက်ဆိုသလိုကိုပဲ ..မနားရဘူး ။
ပြီးတော့ကိုယ်က on call တာဝန်ယူရတဲ့လ ။ ပိတ်ရက်လည်း အရေးကြီးရင်ပြန်သွားရသေးတယ်။
Sunday တောင်ညကြီး အလုပ်ပြန်သွားရသေးတယ်။ ညမအိပ်ရတာလည်း ရက်ဆက်နေတော့ ၊ နိုးပြီးရင်ပြန်မအိပ်တတ်တော့ဘူးဖြစ်နေတယ်။ အရင်ကဆို ပြဿနာမရှိဘူး on call လည်းအေးဆေးပဲ။
ဖုန်းလာလို့ ပြောဆိုရှင်းလင်းပြီးတာနဲ့ ပြန်အိပ်တာပဲ။
ခုက မအိပ်ရတာများတော့ ဖုန်းပြောပြီးရင် ပြန်အိပ်မပျော်တော့ဘူး ၊ မျက်စိကအကြောင်လိုက်ဖြစ်နေတယ်။ ပြန်အိပ်ဖို့ ကြိုးစားရင်းနဲ့ မိုးလင်းခါနီးတော့ အိပ်ချင်သလိုဖြစ် ၊ နောက်တစ်call ဝင်လာပြန် သေရော ။
ဒီလိုနဲ့  ၂ ပတ်လောက်ဆိုတော့မနေနိုင်တော့ဘူး ။
မနက်အလုပ်ကလည်းမသွားလို့ မရဘူး ။ အရေးကြီးနေတာကိုး။
စိတ်ကလည်း ပင်ပန်းသေး ။လူပင်ပန်းတာတော်သေးတယ် ၊ စိတ်ပင်ပန်းမခံနိုင်ဘူး။
ကျနော်က customer office မှာနေရတဲ့လူ ၊ အကုန်လုံးနဲ့ တည့်အောင်ပေါင်းပါတယ် အဆင်လည်းပြေပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း တခြားဌာနကနေ ကျနော်တာဝန်ယူရတဲ့ဘက်ကို အသစ်ပြောင်း
လာတဲ့ သူက လူညစ်။ သူက ရစ်သလားမမေးနဲ့  ၊ ဒါလုပ်နေ ဟိုဟာရော မပြီးသေးဘူးလား ။
အရေးကြီးတာတွေလုပ်နေရလို့  ညမအိပ်ရတာ အိပ်ရတာ သူဂရုမစိုက်ဘူး ။
သူ့ ရဲ့ အရေးသိပ်မကြီးတဲ့ backup တို့  ၊ ဗိုင်းရပ်စ် update တို့  နည်းနည်းနောက်ကျလို့ မရဘူး။
paper work တွေလည်း လုပ်ခိုင်းသေးတယ် ၊ အရေးမပါတာတွေ ။ ဘယ်တော့တင်တင်ရတဲ့ဟာတွေကို။
ကျနော့် ကိုများပြောဖို့ လိုက်ကြည့်နေသလားမှတ်ရတယ် ။ သူကလည်း စိတ်ဒုက္ခပေးတာတစ်မျိုး။
စိတ်မထင်ရင် ကျနော့်မန်နေဂျာသွားတိုင်သေးတယ် ။

( လေပါဒယ် )

ကျနော့်မန်နေဂျာက အရမ်းကောင်းတာ သူ့ တပည့်တွေ ဆိုရင်ဝယ်သား ဆိုသလိုပဲ ။
ကျနော် အရမ်းပင်ပန်းနေပြီဆိုတာသိလို့မန်နေဂျာက သူငယ်ချင်းတစ်ယောက်ကို on call လွှဲပေးလိုက်တယ်။
နောက်တစ်ပတ်မှာမှ ကျနော်ပြန်ယူမယ် ။
တစ်ယောက်ကို အလုပ်မှာ လာကူခိုင်းတယ် ။
နည်းနည်း အနားရတာပေါ့လေ ၊ အနားလည်းရရော ဖျားတော့တာပဲး)။
ဖျားတော့မှ အိပ်ရတော့တယ်။ ဆေးသောက်အိပ်လိုက်တာ တစ်ချိုးတည်း။ ကောင်းမှကောင်းပါလား ဖျားရတာ။
(ဒီလိုလေး အိပ်ရတယ် )

images from internet

Labels: edit post
9 Responses
  1. chit Says:

    ကျန်းမာရေးတော့ဂရုစိုက်ကွ... နို့မို့ ငါတို့မျှော်လင့်နေတဲ့ ဂျူနီယာဗစ်နဲ့ဝေးနေမယ် ဟိ...


  2. သိပ်ကဲချစ် အဲလေ တိတ်ကဲချစ်
    ဂုစိုက်ပါအေ့


  3. :P Says:

    ဗျစ် ဂရုစိုက်...... ။
    ဖျားနေရင် ဘလော့ဂ်ရေးနေပေါ့... :P


  4. ဂရုစိုက်ပါ ညီမရေ... ကိုယ်လဲ ပြီးခဲ့တဲ့ တပတ်က ဖျားလိုက်တာ ချာချာလည်နေတာပဲ... အတော်ခံလိုက်ရတယ်...

    ကြောင်ကလေး အိပ်နေတဲ့ပုံ သိပ်ချစ်စရာကောင်းတယ်...း))


  5. tz Says:

    *ကျနော့်မန်နေဂျာက အရမ်းကောင်းတာ သူ့ တပည့်တွေ ဆိုရင်ဝယ်သား ဆိုသလိုပဲ ။*

    ဝယ်သားဆိုတာ ဘာပါလိမ့်လို့ :D

    ဗစ် တိတ်ကဲ



  6. မဗစ်စ်ရေ
    အဖျားပျောက်ပြီလားဗျို့


  7. Vista Says:

    အဖျားပျောက်ပါပီ ဗျို့  ဂုစိုက်သူများအားလုံး မွမွ
    အာဘွား အခါ ၁၀၀၀၀၀၀၀


  8. T T Sweet Says:

    လာတာနဲနဲနောက်ကျသွားတယ်။ ဖျားတာ မမီလိုက်ဘူး။ ဟီးဟီးး)) ... တစ်ခါတစ်လေ နဲနဲဖျားချင်တယ်။ MC ယူပြီး နှပ်ချင်လို့ ။