Vista



အများသိပြီးသား Sky Park ကိုသွားခဲ့တဲ့ ပုံတွေပါ ။
တီဆွိ ကသေချာတင်ထားတာမို့  ကျန်တာတွေမပြောတော့ဘူးနော်။
ပုံတွေလည်းတီဆွိနဲ့ မတူတာတွေပဲ တင်လိုက်ပါတယ်။

ကျနော့် လိုဓါတ်ပုံရိုက်ချင်သူများအတွက်တော့ တစ်ယောက် ၂၀ တန်ပါတယ်။
ကိုကို့ လို လေသလပ်ခံလိုသူများအတွက်လည်း တန်တာပေါ့လေ ။
ကျနော်က အပေါ်မရောက်ခင်ရော ၊ ရောက်ပြီးတော့ရော တစ်ချိန်လုံး ဓါတ်ပုံရိုက်နေပါတယ် ၊
သူကလည်း တစ်ချိန်လုံးလေသလပ်ခံနေပါတယ်။

လက်မှတ်တန်းစီရတာတစ်ခုပဲ စိတ်အတော်ရှည်ရပါတယ်။
လူတွေအများကြီးပါ တစ်ယောက် ၂၀ နဲ့  တစ်နေ့ တစ်နေ့ ကိုမနည်းရမှာပါ။

တစ်ကယ့်ကိုနေလို့ လည်းကောင်းတဲ့ နေရာပါ။အကြာကြီးကို နေခဲ့ပါတယ် ညအထိပေါ့
( တန်အောင်နေတာမဟုတ်ပါဘူး .. ဟမ် ) ။

ဓါတ်ပုံ အလှရိုက်လိုသူများကတော့ သုံးချောင်းထောက်အရှည်ယူသွားဖို့ အကြံပြုပါရစေ။
မဟုတ်ရင် သိပ်အဆင်မပြေဘူး ၊
မှန်အပြင်ဘက်ကိုကင်မရာ ထုတ်ရိုက်ရတာမို့ ဘယ်လိုထိမ်းပေမယ့် ၊လက်တုန်ပါတယ် ။း)
ဒါတွေက ပုံအများကြီးထဲကမှ နည်းနည်းကောင်းတာရွေးထားတာပါ။

ကောက်ကလိမ်လမ်းရဲ့ ညမြင်ကွင်း



ကောင်မလေးတွေ ရေကူးတာ စောင့်နေပါသေးတယ်၊ သိလို့ လားမသိဘူး။
ဘယ်သူမှမကူးလာဘူး အဲလူဝတုတ်ကြီးပဲကူးနေတယ် ။ စိတ်မဆိုးကြနဲ့ နော် ။း)
ဟော်တယ် မှာလာတည်းသူတွေပဲ ကူးရတယ့်နေရာပေမယ့် ကျနော်တော့ မကြိုက်ပါဘူး privacy မရှိဘူး ။
လူပေါင်းစုံလာပြီး ဓါတ်ပုံရိုက်နေကြတဲ့ နေရာကြီးကို။


အဝေးက ရှုခင်း



အဲဒီပေါ်မှာ ဖျော်ဖြေရေးရှိပါတယ် ။ အဲဒီအဖွဲ့ က အဆိုတော်မလေးပါ ။
ဘာလူမျိုးလည်းမသိဘူး ချစ်စရာကောင်းတယ်နော်။



ဒါက အောက်ထပ်က Shopping center ထဲက ဖျော်ဖြေရေး တယောအဖွဲ့ ပါ။
လူလေးတွေချောသလို ဂီတကလည်း နားထောင်လို့  အင်မတန်သာယာပါတယ်။


ကောက်ကလိမ်လမ်းနဲ့  Sky Park ၊ ရှင်းရှင်းလင်းလင်းရိုက်ရင်ရရဲ့ သားနဲ့း)


------------------------
10 Responses
  1. T T Sweet Says:

    လာဖတ်ပြီး ပုံတွေကြည့်သွားပါပြီ။ ညဘက်ဆိုလဲ လှမယ်နော်။ နေ့ခင်းကနဲနဲပူတယ်။ ညနေ၆နာရီလောက်သွားရင် နေ့ရှုခင်းကော ညရှုခင်းပါ မြင်ရမှာ ... တို့သွားတုံးက အဆိုတော်ကောင်မလေးတွေ့ခဲ့ဘူး။ တိုတိုနဲ့ လှေမစီးခဲ့ဘူးလား ...


  2. Vista Says:

    ကျနော်တို့ သွားတာလည်း ညနေ ၆ နာရီလောက်ပဲလေ ၊ နေပူလို့ စောမသွားတာ။
    လှေမစီးဘူး တီဆွိ အဲလှေကြည့်ပီးရယ်ချင်လို့  ။
    မြောင်းထဲမှာ လှေစီးသလိုပဲနော် ဟိဟိ။


  3. juli Says:

    ကောင်မလေးပုံတွေရိုက်ရလို့ ဗျစ်တို့ပျော်နေတာဆိုတာ..
    ဟုတ်တယ် ရေကူးကန်ကို အဲလိုဓါတ်ပုံတွေလိုက်ရိုက်နေရင် ဘယ်လိုလုပ်မလဲ နာတော့သွားမတည်းတော့ဘူး အဲ့ဟိုတယ်
    တော်ကြာရေကူးနေတဲ့ပုံတွေ ဟိုဘလော့ပါ ဒီဘလော့ပါဖြစ်ကုန်မယ်.. :P


  4. Unknown Says:

    i like 2nd pic.It looks so nice... so singapore.


  5. Libratun Says:

    That'd be so nice. I will go there and swim; it would be so nice to swim on top. ho hooo..


  6. ပုံတွေ လှလိုက်တာ ဗစ်စ်ရယ်.... ဓါတ်ပုံရိုက်တော်လိုက်တာ....ထရိုင်ပေါ့ မဝယ်ရသေးလို့ မသွားသေးပါ...
    ဗစ်စ် စာမရေးရင် နောက်ကို ဘယ်မှာ လာအော်ရမယ် ဆိုတာ အမ သိပြီ....ဟ ဟ ဟ :P


  7. ဗစ်ရိုက်ပြမှပဲ စင်ကာပူက မြို့ကြီးပြကြီးနဲ့ တူလာတော့တယ် ကျေးဇူး


  8. ဓါတ်ပုံတွေ လှတယ် ညီမ...
    အမက အမြင့်ကြီးပေါ်တက်ရမှာကို နဲနဲကြောက်နေလို့ သွားရကောင်းနိုး မသွားရကောင်းနိုးနဲ့ ဖြစ်နေတာ...

    ညီမနဲ့ တီတီဆွိ တို့ဆီမှာ ကြည့်ရသလောက်တော့ သိပ်ကြောက်စရာမကောင်းလှဘူးပဲ... နေသာတဲ့ တညနေမှ သွားကြည့်လိုက်အုံးမယ်...

    ကျေးဇူး ညီမ...း))


  9. ဓာတ်ပုံတွေအားလုံး အဆင်ပြေတယ်
    စိတ်ဝင်စားဖို့ကောင်းတယ်.


  10. ဓါတ်ပုံတွေ လှတယ် ညီမလေးရေ ...
    မရောက်ဖူးသေးဘူး။
    လေသလပ်ခံတယ် ဆိုတာ ကြိုက်သွားပြီ ...

    မချို