Vista

ကျနော့် ကဖေဖေနဲ့ ရုပ်ကလွဲရင်ကျန်တာတွေ တူတာများတယ်။
မွေးနေ့ လည်းတူတယ် ။ စကားအပိုတွေသိပ်မပြောချင်တာလည်းတူတယ်။
စာဖတ်တာ ပန်းချီဆွဲတာ၊ဓါတ်ပုံဝါဿနာပါတာ ၊ စစ်ကားတွေ ကြည့်ရတာသဘောကျတာ၊ လေယာဉ်တွေစိတ်ဝင်စားတာ အကုန်တူတယ်။ခြေချောင်းလေးတွေရဲ့ပုံစံကအစတူတယ်။ ဆံပင်ညိုတိုတိုလည်းတူတာပဲ။
မေမေ နဲ့ မမကတော့ ပိတုန်းရောင်ကေသာတွေလေ။ကျနော်တို့ နှစ်ယောက်ကို ပြောင်းဖူးမွေးတွေ
လို့ စတတ်တယ်။ ဖေဖေက အမြဲခေါင်းလိမ်းဆီလိမ်းတာမို့ မသိသာဘူး။ရေချိုးပီးကစဆိုရင်တော့ ညိုနေတာ အရမ်းသိသာတယ်။
ကျနော့် ခေတ်ကျတော့ ကျနော်ကတော့အကြိုက်ပေါ့ ကာလာဆိုးထားရင် အကြာကြီးခံတာ၊ပြန်ဆိုးရတာတောင်သက်သာသေး ။
ဖေဖေ့ဆီက အမွေရလိုက်တဲ့ ဝါဿနာတွေမှာကျနော်အခုတစ်ထိလုပ်ဖြစ်နေတာက စာဖတ်တာပဲ။
စာအုပ်မြင်ဝယ်ချင် တာ ရောက်ရာ အရပ်မှာစာဖတ်နေတာ တွေက အတူဆုံးပေါ့။ ကြိုက်တဲ့စာအုပ်တွေစုစုထားတတ်တာလည်းတူတယ်။

ဖေဖေငယ်ငယ်ကတည်းက စုထားတဲ့ စာအုပ်တွေ အများကြီး ရှိတယ်။
နယ်က အဘိုးတို့ အိမ်မှာ ထားထားတာ။ မြန်မာစာအုပ်တွေကို ကျွန်းသေတ္တာတွေ၊ အင်္ဂလိပ်စာအုပ်တွေကို သံသေတ္တာတွေနဲ့ ထည့်ထားတယ်။
ကျနော်တို့ မိသားစုက အပြောင်းအရွေ့ များတာမို့ လို့ ၊ အဘိုးအိမ်ပို့ ထားရတာ။
အဘိုးကလည်း စာအုပ်သမားကိုး။
ကျနော်က နယ်က အဘိုးအိမ်အလည်သွားတိုင်း ဖေဖေ့စာအုပ်တွေ သွားမွှေလေ့ရှိတယ်၊
ကြိုက်တာ တွေ့ ရင်သယ်လာတာပေါ့လေ။ တစ်နေ့ ကြတော့ မြန်မာစာအုပ်တွေ ထားတဲ့ ကျွန်းသေတ္တာတွေကို ဖွင့်လိုက်တာ အထဲမှာ စာအုပ်တွေက အမွအမွအထပ်လိုက်တွေဖြစ်နေတာ ၊
သေချာကြည့်မှ ကိုရွှေကြွက်တွေက သေတ္တာတွေကိုနောက်ကဖောက်ပီး အထဲမှာ စာအုပ်တွေကိုကိုက်ဖြတ်၊ အိမ်လုပ်နေတာကိုး။
အနောက်ကအပေါက်ကသေးတော့ အခန်းရှင်းတဲ့သူတွေကလည်းသတိမထားမိကြဘူးလေ။
ဒီလိုနဲ့ ဖေဖေ့မြန်မာစာအုပ်တွေ တော်တော်များများ ဘဝဆုံးပီးတော့
ကျနော် ကြိုက်လို့ ရန်ကုန်အိမ်သယ်သယ်လာတာတွေပဲကျန်ခဲ့တော့တယ်။
ကံကောင်းထောက်မစွာနဲ့ သံသေတ္တာတွေနဲ့ ထည့်တဲ့ အင်္ဂလိပ်စာအုပ်တွေတော့ကျန်ခဲ့ရှာတယ်။
ဒါတောက်ရိုဘော့ကြွက်တွေမဟုတ်ပေလို့ ။

ဖေဖေက ကျနော်တို့ ငယ်ငယ်တည်းက စာဖတ်ဖို့ အားပေးတယ်။
အထူးသဖြင့်အင်္ဂလိပ်စာ ၊ဝတ္ထုတိုလေးတွေက စဖတ်ခိုင်းတယ် ၊ မသိတဲ့စာလုံးတွေလိုင်းတား Dictionary ကြည့် ၊ အဲနားမှာပဲရေးမှတ်ခိုင်းတယ်။နောက်တစ်ခေါက်ပြန်ဖတ်ရင် အကုန်သိသွားမှာတဲ့။မြန်မာစာအုပ်ကတော့ တိုက်တွန်းစရာကို မလိုတာလေ။ အင်္ဂလိပ်စာအုပ်ကျတော့ ကိုယ့်ဘာသာမဟုတ်တော့နားမလည်တာများရင် မဖတ်ချင်ကြဘူးကိုး။ တစ်နေ့ ၂မျက်နှာတော့အနည်းဆုံးဖတ်ရတယ် ၊ပြန်ပြောပြရတယ်။





ဒီတစ်ခေါက်မြန်မာပြည်ပြန်တော့ စာအုပ်ဟောင်းတွေပြန်ဖွရင်း ကျနော်ငယ်ငယ်က ဖတ်ခဲ့တဲ့စာအုပ်လေးတွေ သယ်လာခဲ့တယ်။မဖတ်ရတာကြာတော့ အသစ်လိုပဲ။ စာအုပ်တွေဖတ်ရင်းငယ်ငယ်က လိုင်းတားမှတ်ထားတဲ့ စာလုံးလေးတွေမြင်တော့ပြုံးမိတယ် ။ အကျင့်လုပ်ပေးခဲ့တဲ့ ဖေဖေ့ကို အရမ်းကိုကျေးဇူးတင်မိပါတယ်။
ငယ်ငယ်ကတော့ အဲလိုဖတ်ရတာတော်တော်လေတာ ၊
မမဆိုပိုဆိုးတယ် သူက Time တို့ Newsweek တို့ novels
တို့ ဖတ်ပြရတာ ။မသိတဲ့စာလုံးတွေက အများကြီးလေ ၊
ကျနော်က ကလေးမိုလို့ Short stories လောက်နဲ့ ပြီးတာ။
အဲဒီက ဖေဖေအကျင့်လုပ်ခဲ့တာတွေ အခုဆို မမကိုလည်းအရမ်းအကျိုးပြုတာပေါ့။
အဆင့်အတန်းမှီမှီ အင်္ဂလိပ်စာ နဲ့ စကားကို ဖေဖေ guide လုပ် ပေးခဲ့လို့ အခုဆို
သူ့ အလုပ်မှာအရမ်းအဆင်ပြေတာပေါ့။အဲတုံးကတော့ မျက်ရည်တစ်ရွဲရွဲလေ ။ဟိဟိ။



ကျနော့်အတွက်အဲဒီတုံးက မှတ်ရတာ တော်တော်ရှည်ပြီး သဘောကျခဲ့ တဲ့ စာလုံးတစ်လုံးရှိတယ် ၊
Archipelago တဲ့ ။
အဲစာလုံးကို W. Somerset Maugham ရဲ့ The Narrow Corner မှာပြန်တွေ့ လို့ 
သတိရသွားရင်း နဲ့ ဒီပိုစ့်ကိုရေးမိတာပါ။

စာဖတ်အောင် ၊ စာမှတ်တတ်အောင် ကျင့်ပေးခဲ့တဲ့ ဖေဖေ့ကို ဦးချပါတယ်။
12 Responses
  1. chit Says:

    ဗစ် နဲ့ အတူတူ ဦးချလိုက်ပါတယ်နော်...


  2. Unknown Says:

    အင်း ငါးရှဥ့် ပိုစ့်ဖတ်ပြီး စာဖတ်တဲ့အကျင့် ပြန်လုပ်တော့မယ်


  3. Unknown Says:

    ခုလောလောဆယ်တော့ ၃၈ ဖြာ မင်္ဂလာ ကာတွန်းပဒေသာစာအုပ်ကို ကလေးတွေနဲ့ အပြိုင် ပြန်ဖတ်နေမိတယ်


  4. ကိုယ်တို့မိသားစုနဲ့တူလိုက်တာ။ ကိုယ်အငယ်ကလဲ အဖိုးနေခဲ့တဲ့အိမ်ပြန်ရင် စာအုပ် သေတ္တာတွေ မွှေလေ့ရှိတယ်။ Life magazine တို့ Readers digest တို့ ကို သတိရမိတယ်။ ရှေးတုန်းက ထုတ်ခဲ့တဲ့ အိုးဝေမဂ္ဂဇင်းကိုလဲ ဖတ်ဖြစ်တာ မှတ်မိတယ်။ မိဘတွေ အငယ်ကဖတ်တဲ့ စာအုပ်တွေအပြင် ဦးလေးတွေရဲ့ စာအုပ်တွေပါ ရှိတယ်လေ။ ရီစရာကောင်းတာက အဖွားက သူ့သားအငယ်ရဲ့ ငယ်ငယ်က ရီးစားစာတွေပါ သိမ်းထားတာပဲ


  5. ညီမလေးရဲ့ စာဖတ်ပြီး ဆရာမြသန်းတင့်ရဲ့ လူကလေးသို့ ပေးစာ စာအုပ်ထဲက စာကြောင်းတစ်ခု သွားသတိရမိတယ်။
    လမ်းညွှန်မြေပုံရှိတဲ့သူဟာ မရှိတဲ့သူထက် ပိုခရီးရောက် ဘေးကင်းတယ်ဆိုလား။ ဆိုလိုရင်းလေးကလေ။
    ညီမလေးက ဘဝခရီးအတွက် အရမ်းကောင်းတဲ့ လမ်းညွှန်မြေပုံရခဲ့သူပါ။
    ညီမလေး အရမ်းကံကောင်းပါတယ်။


  6. Vista Says:

    သစ်း)။
    ပိုး ဘာစာပြန်ဖတ်မှာလည်း သမိန်ပေါသွပ်လား ၊
    ရေမြင်းလေးနဲ့ နှင်းနှင်းလေးလား။
    စတိ ဖေဖေ့ရည်းစားစာတွေတော့ မဖတ်ဖူးဘူး ၊ ငယ်ငယ်က ဒိုင်ယာရီတော့ သိမ်းထားတယ်။
    မမယ်ကိုး ကျေးဇူးပါနော်။ ဟုတ်တယ်ကျနော် ကံကောင်းခဲ့ပါတယ်။း)


  7. NangNyi Says:

    မမဗျစ်.. ဒါဆို နည ကြော်ငြာထားတဲ့ စာအုပ်တွေ ယူမလား..


  8. ယူဝူးးးတဲ့


  9. ငါကိုအပျင်းတစ်ပီးမရေးတာပြောတယ်နော်
    မြန်မြန်ရေးးးးးး
    ch2 ဘာလဲသိဒယ်နော်
    ဟွမ်းးးးးးးး

    အဲလိုအဖေမျိုးရထားတာ ကံကောင်းလိုက်တာ
    အဖေကတော်သလောက် သာမီးးးးးးလေးးးးးက.......................
    လဲ
    တော်ရှာသား (ပြောမလို့ပါ) အဟက်


  10. Vista Says:

    ဘာမြန်မြန်ရေးရမှာတုံး မေလေးမ ...


  11. စာဖတ်တဲ့အလေ့ကျင့်ပြန်လုပ်ပြီး နောက်မျိုးဆက်လေးတွေရခဲ့ရင် ဂလိုပြုစုပျိုးထောင်ပေးရမယ်