Vista


“ မေကြီး မေ့ပုံကို ဒီနေ့ အမေများနေ့ မှာ ဘလော့တင်မလို့ “
“ဟဲ့ ဘယ်ပုံတုံး “
“ ဟို စံပါယ်ပန်းတွေနဲ့ ပုံလေ ၊ အမီးသိမ်းထားတဲ့ ဟာလေ “
“ဟယ် ဟုတ်မှလည်းလုပ်ပါ အငယ်လေးရယ် ၊ ရှက်စရာ သူများတွေလာပြောနေအုံးမယ်“
“ ပြောပြောပေါ့ မေ့ ပုံတင်တာပဲဟာ ၊ တင်မယ်နော် “
“အေး အေး ပြီးရော တင်စေ တင်စေ “
...........................................

ခုလေးတင်ဖုန်းဆက်ပြီး ခွင့်တောင်းလိုက်တော့ ပြောဖြစ်တဲ့စကားတွေပါ။
ဒီပုံက မေမေအပျိုတုံးကပုံတဲ့ ၊ ကျနော်နဲ့ များတစ်ခြားစီ။
နွဲ့ နွဲ့ နောင်းနောင်း မေမေက ယောက်ျားလေးလိုလိုပုံစံ ကို ဘယ်လိုများမွေးထုတ်ထားလည်းမှတ်ရ။
သနပ်ခါးခြေဆုံးခေါင်းဆုံးလိမ်းတတ်တဲ့ ၊ ပန်းကြိုက်တဲ့ မေမေ ၊
မျက်နှာပြောင်နဲ့ နေတတ်တဲ့ ကျနော်နဲ့ တစ်ဘာသာ ။
ဘယ်အချိန်ဖြစ်ဖြစ် သနပ်ခါးနံ့လေးဟာ မေမေ့ကိုယ်လုံးမှာ အမြဲတမ်း ယဉ်ယဉ်လေးမွေးပျံ နေတတ်တာ။
မေမေ ခွံ့ကျွေးတဲ့ ထမင်းဆိုပိုစားကောင်းလို့ ငယ်ငယ်က မေမေအားချိန်ကိုစောင့်ပြီးစားခဲ့တာ။
ကြီးလာတော့ မေမေ့ နောက်ကသွားလေရာ အမြဲပါလို့ 
မေမေ့ မိတ်ဆွေတွေက ဟိုမှာလာပါပီ မမနဲ့ ဒရိုင်ဘာလေးတဲ့ ။
ငယ်ငယ်က မေမေ့က စောင့်ရှောက်။
ကြီးလာတော့ ကျနော်ကပြန်စောင့်ရှောက်။
တစ်ခုခု အရေးကြီးတာလုပ်မယ်ဆို မေမေ့ကို ဆုတောင်းခိုင်းနေကြ ဘာရယ်မဟုတ်ဘူး အားရှိလို့ ။
မေမေက ဆုတောင်းပြီးပြီ အငယ်လေး စိတ်မပူနဲ့ ဆို အကုန်အဆင်ပြေမယ် ယုံကြည်တာ။
အဟုတ်လည်း အဆင်ပြေခဲ့တယ်။
..........
............

ရေးမယ်ဆို မပြီးနိုင်တာမို့ လို့ တော်ပါတော့မယ်။

မေမေကျန်းမာပါစေ ။


14 Responses
  1. chit Says:

    ငါလည်း အမေ့ကိုသတိရတယ်ဟာ.... ဘာပဲဖြစ်ဖြစ်တို့တွေ အမေများနေ့မှာ အလှူတစ်ခုလုပ်နိုင်ခဲ့တယ်လေ .... ပျော်ရွှင်ပါစေ


  2. ဗစ် မေမေက ချောလိုက်တာ..။ ယဉ်ယဉ်လေးနဲ့ လှတယ်။ အမေတူ သမီး ထင်ပါရဲ့..။ :)


  3. ပန်တုန်းကတော့ သားဆုပဲ...

    ဗစ်စတာက အတင်းတောင်းပန်လို့ ပေးဝင်လိုက်တာတဲ့...

းဝ)


  4. ဗစ် ညီမ ရဲ့ မေမေက ချစ်စရာကောင်းလိုက်တာ...
    ငယ်ငယ်တုန်းက ကိုယ့်ကို မေမေ့က စောင့်ရှောက်
    ကြီးလာတော့ ကိုယ်က မေမေ့ကို ပြန်စောင့်ရှောက်... ဆိုတဲ့စကားလေးကြားရတာ ကြည်နူးသွားတယ်...
    အတူတူပဲလေ.. နော်...း))


  5. ပန်းကို ကိုယ်တိုင် အဲလောက် မကြိုက်ပေမဲ့ ပန်းပန်ထားတဲ့ အမျိုးသမီးတွေကို သိတ်သဘောကျတယ် ၊ ဗစ်စ မေမေက ကျက်သရေရှိရှိနဲ့ ချောတဲ့ မြန်မာ အမျိုးသမီးပဲ....။ ဗစ်စ် ပုံလည်းတင်အုံးလေ အမေတူလား ဆိုတာ သိချင်လို့...

    ဒါမှမဟုတ် e-mail နဲ့ တိတ်တိတ်လေး ပို့လိုက်လေ


  6. Vista Says:

    သစ် ဟုတ်တယ်.. မေမေ့ကိုတောင်ပြောရသေးတယ် သာဓုခေါ်တယ်လေ။
    မမိုးချို အမေတူသမီးတော့ဟုတ်လောက်ဘူးထင်တယ် ဟိ။
    ကလူထွေးဖြစ်နိုင်တယ် ၊ ယောကျာ်းလေးဖြစ်ဖို့ ဟာကိုလွဲသွားတာနေမယ်။
    မသက်ဝေ ..မေမေ့ငယ်ငယ်ကလှတယ် အနော့်လိုမဟုတ်ဘူး။ ဟက်ဟက်။ မချစ်ကြည် ...အနော့်ပုံတွေ့ ရင်၊ အမေ့သိက္ခာကျတော့မယ် ..ဟိဟိ။
    မေမေကပန်းလည်းအရမ်းကြိုက်တယ်။


  7. ဗစ် မေမေက ယဉ်ကျေးသိမ့်မွေ့တဲ့ အလှ
    ဗစ်က ခောတ်ရဲ့ သမီးပျိုအလှတဲ့
    တို့ထဲကအသက်ကြီးကြီးမမကမှတ်ချက်ပေးတာ
    အဲလိုဘဲဖြစ်မှာ


  8. ညီမလေး မေမေ အလှက ကျက်သရေရှိလိုက်တာ။


  9. juli Says:

    ဗျစ်..နာ ဒီနေ့မှတွေ့တယ် ဒီပို့စ်..
    ဗျစ်မေမေက ချောထှာ


  10. tz Says:

    ဗစ် မေမေ တစ်ယောက် ကျန်းမာပါစေ။
    သေချာကြည့်ရင် ဗစ်က ဗစ်မေမေနဲ့ ဆင်ပါတယ်။


  11. အမေကလဲ လှပြီးကျက်သရေရှိ။ သမီးကလဲ အမြဲတမ်းချိုသာတဲ့စကားတွေ ပြောတယ်နော်။ ကောင်းလိုက်တဲ့ မိသားစု။


  12. ShwunMi- Says:

    အန်တီက ယဉ်ယဉ်လေးနဲ့ ကျက်သရေရှိရှိလှတယ်နော်


  13. mabaydar Says:

    ဟုတ်တယ် မဗေဒါလဲ တစ်ခုခုလုပ်မယ်ဆို မေမေ့ကို ဆုတောင်းခိုင်းတာ ဘာရယ်ညာရယ်မဟုတ်ဘူး... အားရှိတာပဲရှိတယ်... အဲဒိခေတ်က ဓာတ်ပုံပညာကတော်တယ်နော်... အလင်းအမှောင်ကို ရိုက်ထားတာ အတော်မိုက်တယ်.. black and white ဆိုပေမဲ့ smooth ဖြစ်နေတာပဲ... ကောင်းလိုက်တာ... မဗေဒါတောင် အဲလိုလေး ရိုက်ချင်လာပြီ... ဗစ်ဗစ် မေမေက ချောတယ်နော်... ဗစ်ဗစ်လဲ ချောမယ်ထင်တယ်...


  14. Vista Says:

    မေမေ့ကို ချောကြောင်းလှကြောင်းပြောသူများအားလုံး ကျေးဇူးပါ ..
    အမေတူ သမီးလို့ ထင်သူများအားလုံးလည်းကျေးဇူးပါ ဟိ